UWSA ထိန်းချုပ်ထားသော oမြောက်ပိုင်းဒေသ မြေရှားသတ္တုတွင်းများ၏ အောက်ဘက်တွင်ရှိသော မိုင်းခတ် မြို့နယ် တွင် နှုန်းတင်ရေကြီးများမှုကြောင့် လယ်ယာမြေများပျက်စီး

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်

Download PDF >>  Thai | Shan | Burmese | English 

UWSA ထိန်းချုပ်ထားသော oမြောက်ပိုင်းဒေသ မြေရှားသတ္တုတွင်းများ၏ အောက်ဘက်တွင်ရှိသော မိုင်းခတ် မြို့နယ် တွင် နှုန်းတင်ရေကြီးများမှုကြောင့် လယ်ယာမြေများပျက်စီး

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ရှိ နမ့်လွေမြစ်တစ်လျှောက်မှ လယ်ယာမြေ ဧကပေါင်းများစွာသည် ၂၀၂၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းမှစ၍ မကြုံစဖူး နှုန်းမြေများပါဝင်သော ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည်။ အဆိုပါဒေသသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ မိုင်းပေါက် ဒေသ ရှိ မြေရှားသတ္တုတွင်းများ ၏ အောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိပါသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လွေမြစ်ရေလျှံတက်ခဲ့ပြီး မြစ်ကမ်းနှစ် ဘက်ရှိ လယ်ကွင်း များကို နှစ်မီတာအနက်အထိ ရေလွှမ်းမိုးခဲ့သည်။ သုံးရက်အကြာ ရေပြန်ကျသွားသောအခါ ရေလွှမ်းမိုးခဲ့သော လယ်ကွင်းများ၏ ထက်ဝက်ခန့်တွင် စင်တီမီတာ ၆၀ အနက်ရှိသော နှုန်းမြေများ ကျန်ရစ်ခဲ့ပြီး ဒေသထွက်သီးနှံများဖြစ်သည့် အဓိကအားဖြင့် စပါး၊ ပြောင်း၊ မြေပဲနှင့် ပဲပုပ်တို့ကို ပျက်စီးစေ ခဲ့သည်။

မိုင်းခတ်မြို့အနီး လွေမြစ်ရေကြီးမှု (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)
မိုင်းခတ်မြို့အနီး လွေမြစ်ရေကြီးမှု (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)

တောင်သူများက ရွှံ့နွံဖုံးလွှမ်းခြင်းမရှိသော လယ်ကွင်းများတွင် သီးနှံများကို ပြန်လည်စိုက်ပျိုး ခဲ့ကြ သော် လည်း ဩဂုတ်လ ၅ ရက်နေ့တွင် နမ့်လွေမြစ်သည် ထပ်မံရေကြီးခဲ့ပြီး နှုန်းမြေအသစ်များကို သယ်ဆောင်လာခဲ့သည်။ အသစ်စိုက်ပျိုးထားသော သီးနှံများသည် သုံးရက်ကြာမြင့်သည့် ရေကြီးမှုကြောင့် ထပ်မံပျက် စီးခဲ့ရသည်။

တောင်သူများက ၎င်းတို့၏သီးနှံများကို ထပ်မံ၍ ပြန်လည်စိုက်ပျိုးရန် ကြိုးစားခဲ့ကြသော်လည်း ဩဂုတ်လ ၁၀ ရက်နေ့တွင် နမ့်လွေမြစ်ရေ ထပ်မံကြီးခဲ့ကာ အသစ်စိုက်ပျိုးထားသော လယ်ကွင်းများမှာ နောက်တစ်ကြိမ်ပျက်စီး သွားခဲ့သည်။

ဒေသခံများ၏ ပြောကြားချက်အရ ယခုနှစ်ကဲ့သို့ နှုန်းမြေများကြောင့်ဖြစ်သော ပျက်စီးမှုများကို ယခင်ကမ ကြုံဖူး ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် အောက်တိုဘာလကြားတွင် နမ့်လွေမြစ်ရေကြီးမှု ဆိုးရွားခဲ့ပြီး မိုင်း ခတ်မြို့တွင် ရေအနက် နှစ်မီတာအထိ ရေလွှမ်းမိုးခဲ့သော်လည်း ရွှံ့နွံအကြွင်းအကျန်များ မရှိခဲ့သောကြောင့် သီးနှံများ ပျက်စီးမှုမရှိခဲ့ပေ။

လွေမြစ်ရေကြီးပြီးနောက် လယ်ကွင်းများတွင် ကျန်နေသည့် နုန်းအနည်အနှစ်များ (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
လွေမြစ်ရေကြီးပြီးနောက် လယ်ကွင်းများတွင် ကျန်နေသည့် နုန်းအနည်အနှစ်များ (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

မိုင်းပေါက်ဒေသတွင် မကြာသေးမီက မြေရှားသတ္တုတွင်းများ တိုးချဲ့လာခြင်းနှင့် ၎င်းသတ္တုတွင်းများ မှ စွန့်ပစ် ရေ များသည် မိုင်းခတ်မြို့အထက်ပိုင်းရှိ နမ့်လွေမြစ်ထဲသို့ စီးဝင်သော ချောင်းများထဲသို့ အဓိကစီးဆင်း နေသည်ကို ကြည့်ခြင်း အားဖြင့်နမ့်လွေမြစ်အတွင်း အနည်အနှစ်ပမာဏ မြင့်တက်လာရခြင်းမှာ အဆိုပါသတ္တုတွင်း များ ကြောင့် ဖြစ်သည်ဟု ယူဆရသည်။

မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်းများသည် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော in-situ leaching နည်းဖြင့် ဓာတ်သတ္တုရည်ဖျော်ထုတ်သည့် နည်းလမ်းများကို အသုံးပြုနေပြီး၊ ၎င်းတွင် တောင်စောင်းများ၏ နေရာအနှံ့ အပြား သို့ ဓာတုပစ္စည်းများ ထိုးသွင်းခြင်း ပါဝင်သောကြောင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးမှု နှင့် မြေပြိုကျမှု များကို ဖြစ်ပေါ်စေသည်။

မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်း မြေပြိုမှု (Wa News Land ၏ ဗီဒီယိုမှမြင်ကွင်းများ)

ဝ သတင်းဌာန (Wa News Land) ၏ သတင်းတစ်ပုဒ်အရ ဩဂုတ်လ ၉ ရက်နေ့က မိုင်းပေါက်ရှိ မြေရှား သတ္တု တွင်း တစ်ခုတွင် သတ္တုတွင်းအလုပ်သမားတစ်ဦး မြေပြိုမှုတွင် သေဆုံးခဲ့ကာ သူ၏ရုပ်အလောင်းကို မြေပြိုပြီး နောက် တစ် နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်။

မိုင်းခတ်မြို့၏ မူလနေထိုင်သူအများစုမှာ ရှမ်းလူမျိုးများဖြစ်ကြပြီး စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်း ကျောင်း လုပ်ငန်းအဖြစ် အားထားကြသည်။

မိုင်းခတ်မြို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး မြို့အနီးတွင် တြိဂံတိုင်းစစ်ဌာနချုပ် လက် အောက်ခံ ဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဗျူဟာတပ်တစ်ခု၊ ခြေမြန်တပ်ရင်း (ခမရ) ၂၂၇၊ ခြေလျင်တပ်ရင်း (ခလရ) ၃၂၇၊ ခြေ လျင်တပ်ရင်း (ခလရ) ၃၂၈ နှင့် အမြောက်တပ်တို့ တပ်စွဲထားသည်။

လွေမြစ်သည် မိုင်းခတ်မြို့ကို ဖြတ်သန်းစီးဆင်းပြီးနောက် ကျိုင်းတုံမြို့နယ်နှင့် မိုင်းလားမြို့နယ်ကြားမှ ဆက်လက် စီးဆင်းသည်။ ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့) ထိန်းချုပ်ရာ မိုင်းယောင်း မြို့ နယ်ကို ဖြတ်သန်းကာ ဆွပ်လွေတွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သွားသည်။ မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်း များအပြင်၊ NDAA (မိုင်းလားအဖွဲ့) ထိန်းချုပ်နယ်မြေအတွင်း လွေမြစ်ထဲ သို့ စီးဝင်နေသည့် အခြား မြေရှားသတ္တု တွင်း ၁၉ ခု ရှိနေသေးသည်။

 

ဆက်သွယ်ရန်

စိုင်ဟတ်စစ်                    +1 343 304 5332           Signal  (အင်္ဂလိပ်၊ ရှမ်း)

ယိင်းလျန်းဟန်                +1 825 425 4099           Signal (မြန်မာ)

ယိင်းဟွမ်                       +44 7418 602 464          Signal (ထိုင်း)

ထုတ်ပြန်ချက်