ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက်
ဒီဇင်ဘာလ ၂၈ ရက်နေ့ ၂၀၁၅ ခုနှစ်
ဗမာအစိုးရစစ်တပ်တို့၏ တိုက်ခိုက်မှုကြောင့်ရှမ်းပြည်နယ် အလယ်ပိုင်းရှိ အရပ်သူအရပ်သားများ ပျောက်ဆုံးခြင်းထိခိုက်ဒဏ်ရာရခြင်း နှင့် သတ်ဖြတ်ခံရခြင်းများ ဖြစ်သည်။
ဤနောက်ဆုံးရဖြစ််ရပ် မှတ်တမ်းသည် ရှမ်းပြည်နယ်အလယ်ပိုင်း အောက်တိုဘာလ ၂၀၁၅ ခုနှစ် အစော ပိုင်းကတည်းမှစ၍ ဗမာအစိုးရစစ်တပ်မ ထိုးစစ်ဆင်နေချိန်အတွင်း အရပ်သူ၊ သား များ၏ လူ့အခွင့်ရေးတို့ ကိုချိုးဖောက်နေကြသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်း စစ်ဘေးရှောင်လယ်သမား တစ်ဦးသည် မိုင်းရှူး မြို့နယ်၊မိုင်းအတ် အနီးတွင််အသတ်ခံ ရသည်၊တဦးမှာပျောက်ဆုံးနေသည်ကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ထို့ပြင် နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၅ ခုနှစ်တွင်း မိုင်းနောင်မြို့ အနီး ဗမာ အစိုးရတပ်မှ ထောင်ထားသော မြေမြှပ်မိုင်းပေါက်ကွဲပြီး ဦးဇင်းတစ်ပါးသေဆုံးပြီး ကျန် ကိုရင် ၃ ပါးထိခိုက် ဒဏ်ရာရမှုတွေပါ ကျနော်တို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ မှတ်တမ်းတင် ဖေါ်ပြပါ
သည်။
မိိုင်းအတ် တွင် လယ်သမားတစ်ဦးအား ဗမာအစိုးရစစ်သားများ ပစ်သတ်၊ တစ်ဦးမှာ ခုချိန်ထိ ပျောက်ဆုံး လျှက်ရှိ ပြီး သေမည်ကိုစိုးရိမ်နေကြရပါသည်။
နိုဝင်ဘာလ ၂၀၁၅ ခုနှစ်တွင် စစ်ပြေးဒုက္ခသည် လယ်သမားတစ်ဦးသည် မို်င်းအတ်သို့ ပြန်လာချိန်တွင် ဗမာအစိုးရစစ်တပ်သားများပစ်သတ်လိုက်သည်။ ထိုလယ်သမားသည် ရက်အနည်းငယ်က သူ၏သားမက် လယ်တဲပြန်သွားသူကိုကြိုးစားရှာဖွေခဲ့သည်။ သို့သော်လည်း မတွေ့ပျောက်ဆုံးနေသည်။
အသက် ၅၂ နှစ်ရှိ လုုံးဆု သည် အောက်တိုဘာလ အလယ်ပိုင်းက သူ၏ မိသားစုနှင့် ဝမ်ဆော့ ရွာတွင် စစ်ဘေးရှောင်နေခဲ့သည်။ထိုနေရာဒေသကို ဗမာအစိုးရစစ်တပ်တို့က (SSPP) ရှမ်းပြည်တိုးတက်ရေးပါတီ ကိုပစ်ခတ်တိုက်ခိုက်သည်။တိုက်ပွဲသည်မိုင်းအတ်အနီးတွင် ပြင်းထန်ခဲ့ပြီးရွာတွင်းရှိ ၅၄ အိမ်ထောင်တို့ သည် စစ်ပြေးအဖြစ်ရှောင်ပုန်းနေရသည်။ရွာသူ၊ရွာသား အများစုမှာ(၃) မိုင်ခန့်ဝေး သော ဝမ်ဆော့ကို ထွက်ပြေးရှောင်ပုန်းကြသည်။
လုံးဆုသည် အိမ်ထောင်သည်ဖြစ်ပြီး သားသမီး (၆) ယောက်ရှိသည်။နိုဝင်ဘာလ ၉ ရက်နေ့တွင် လုံးဆု ၏သမက် (၂၉) နှစ်ရှိ အာဇေယျ သည်မိုင်းအတ် ကိုပြန်ပြီးသူ၏ပြောင်ဖုူးကို ပြန်လည် ရိတ်သိမ်းရန်သွားခဲ့ ပေမဲ့ ပြန်လည်မရောက်ရှိလာခဲ့ပေ။
ထိုအကြောင်းနှင့်ပတ်သက်၍ စိတ်ပူသဖြင့် လုံးဆု နှင့် သူ၏အမျုုိး ဖြစ်သူ လုင်းရင် တို့ ဒီနေ့ နံက်ပိုင်းတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ပျောက်ဆုံးသူ အာဇေယျ အား ရှာရန်လျှောက် ခဲ့သည်။လယ်သမား (၂)ယောက်မှာ သူတို့၏ ရွာလမ်းကြောင်းအတိုင်း တောလမ်းအတိုင်း လျှေက်ခဲ့သည်။ ၈ နာရီ အချိန်လောက်တွင်မိုင်းအတ် နှင့် (၁) မိုင်ခန့်အကွာရှိိ ဟွေ့နမ့်အွန် ကိုရောက်ရှိချိန် ဟွေ့မီတိုင်း တောင်အပေါ်ရှိ ဗမာအစိုးရစစ်သားများ ကို မြင်လိုက်သည်။
ရုတ်တစ်ရက် ဗမာအစိုးရစစ် သားမှသူတို့ရှိရာသို့စတင်ပစ်ခတ်သည်။လုံးညဏ်သည် လုံးဆု၏နောက်မှ လျှောက်လိုက်ခဲ့သည်။ မြန်မာစစ်သားများပစ်ခတ်သဖြင့် လုံးဆုသေနတ်ကျည်ဆန် များထိမှန်ပြီး မြေပေါ် သို့လဲ ကျသေဆုံးခဲ့သည် ကိုတွေ့လိုက်သည်။လုင်းညဏ်သည်ကြောက်လန့့််ပြီးသူလာရာလမ်းကြောင်းတိုင်း ပြန်လှည့်ပြေး သည်။ ရွာသို့ပြန်လည်ရောက်ရှိချိန်တွင်သူကြုံတွေ့နေရသည်ကို ရွာသူ၊သားတို့အားပြောပြ သည်။
အဲ့ဒီအချိန်တွင် ဝမ်ဆော့ အနီးတွင်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေသဖြင့်၊ ဝမ်ဆော့ ရွာသူ၊ရွာသား များနှင့် ဝမ်ဆော့တွင်းနေထို်င်သူ စစ်ပြေးဒုက္ခသည် အများစုတို့မှာ အခြားသောနေရာသို့ ထွက်ပြေး တိမ်းရှောင် နေကြသည်။သေဆုံးသူ လုံးဆု၏ မိသားစုလည်း ဝမ်ဆော့ မှထွက်ခွာပြီးကျေးသီးမြို့နယ် တွင်းရှိ ဝမ်ဝ သို့ပြောင်းရွှေ့တိမ်းရှောင်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ဝမ်ဝ တွင် သေဆုံးသူ လုံးဆု၏ ဇနီးဖြစ်သူ ပါကျွိင် (၄၈)နှစ်အား (ရှမ်းလူ့ အခွင့်ရေးမဏ္ဍိုင်)မှ မေးမြန်းခဲ့သည်။သူမသည်အလွန်စိတ်ထိခိုက်ခံစားနေရသည်။ သူမ၏ ဆုံးရှူးံမှုတွေ သာမက လက်တွေ့တွင်လည်းခုချိ်န်ထိတိုက်ပွဲတွေကြောင့် အသုဘကိစ္စ အခန်းအနားလုပ်ပေးရန်ှသူမ၏ ယောင်္ကျား အလောင်းကို မည်သူမျှ သွားရောက် သယ်ဆောင်ပေးနိုင်ခြင်းမရှိပေ။သူမ၏ မိသားစုအနာဂတ် အတွက် ဘယ်လိုရှေ့ဆက်ရှာဖွေကျွေးမွေး ရုန်းကန် ရမည်မသိပေ။
ကျမရဲ့ယောင်္ကျားကဘာအမှားမှမလုပ်ခဲ့ဘူး။သူ့အားမသတ်သင့်ဘူး ဟုသူမကဆိုသည်။ ရွာသားဖြစ်သည် ကိုဗမာအစိုးရစစ်သားများကကောင်းစွာမြင်တွေ့နိုင်တာပဲ။ကျမယောင်္ကျားနဲ့ ကျမရဲ့ဝမ်းကွဲက အရပ်ဝတ်ပဲ ဝတ်တာကို တမင်သူတို့ကိုပစ်သတ်တယ်။
ထိုအချိန်တွင် ဒီဇင်ဘာလ တွင်ဗမာအစိုးရစစ်သားများ မိုင်းအတ်အနီးတွင်စခန်းချသဖြင့် မည်သူမှ လုင်းဆု ၏အလောင်းကိုသွားရောက်ရှာဖွေသယ်ဆောင်နို်င်ခြင်းမရှိခဲ့ပေ။လုံးဆု၏ သမက်လည်း ပျောက်ဆုံးလျှက် ရှိ ပြီး သူ့အားသတ်ဖြတ်လိုက်ပြီလား ဟူ၍ စိုးရိမ်ပူပန်နေကြသည်။
မိုင်းနောင် အနီးတွင်ထောင်ထားသောမြေမြှပ်မိုင်းကြောင့် ဦးဇင်း(၁)ပါးပျံလွန်ပြီး ကိုရင်တပါးမှာ ခြေထောက် ဖြတ်ရပြီး ကျန် ကိုရင် (၂) ပါးမှာ
ထိခိုက်ဒဏ်ရာရခဲ့သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၅ ခုနှစ် ၅ နာရီအချိန်တွင် ကုန်းတော်ဘုန်းကြီးကျောင်းမှ ဥူးဇင်း (၁)ပါး နှင့် ကိုရင်(၄)ပါးတို့မှာ မိုင်းနောင်မြို့ဆင်ခြေဖုံးရပ်ကွက် ဘုန်းကြီးကျောင်းအနီးတွင်ရှိသော ရေချောင်းတွင် ရေ သွားသပ္ပါယ်ခဲ့ရာမိုင်းဗုံးနင်းမိခဲ့သည်။ပေါက်ကွဲမှုမှာ ဥူးဇင်နှင့်ကိုရင်တပါး၏ ညာခြေကိုထိမှန်ခဲ့ပြီး ကိုရင် နှစ်ပါးကိုထိခိုက်ဒဏ်ရာရခဲ့သည်။ထိုထဲမှ ဥူးဇင်း မှာမကြာခင်သူ၏ဒဏ်ရာကြောင့် ပျံလွန် ခဲ့သည်။
၎င်းတို့၏ နံမည်များ –
၁။ ရှင်သာမဏေ ကောသာရ အသက် (၁၃) နှစ် (မိဘ လုံးအော နှင့် ပါလျဲန်) ထိခိုက်မှုမရှိ
၂။ ရှင်သာမဏေ စာလိန္ဒ အသက် (၁ရ) နှစ် (မိဘ လုံးအောင် နှင့် ပါနွံ)
၃။ ရှင်သာမဏေ ဇဝန အသက် (၂၀) နှစ် (မိဘ လုံးဆု နှင့် ပါအောင်)
၄။ ဥူးဇင်း သီဟနာတ အသက် (၂၅) နှစ် (မိဘ လုံးဆု နှင့် ပါဆာ)
ထိခိုက်ဒဏ်ရာမရသော ကိုရင်လေး တစ်ပါးမှာ ရွာသူ၊သား တို့ကိုပြေးအကူညီတောင်းပြီး ဒဏ်ရာရသော သူတို့ကို မိုင်းနောင်ဆေးရုံသို့ တင်ပို့သည်။ ဒဏ်ရာ မပြင်းထန်သူ အရှင်ကောသာရ ၏ ဒဏ်ရာကိုသာ ချုပ်ခဲ့သည်။ကျန်ဒဏ်ရာရသူတို့မှာ လွိုင်လင်ဆေးရုံ သို့ အရင်ဆုံးပို့ခဲ့ပြီး နောက်အောင်ပန်း စစ်ဆေးရုံသို့ ထိုနေ့ ညနေပိုင်းတွင်ပို့ဆောင်ခဲ့သည်။
အောင်ပန်း စစ်ဆေးရုံတွင် ဥူးဇင်း နှင့်ကိုရင်တစ်ပါးတို့၏ ညာဘက်ခြေထောက်ကို ဖြတ်လိုက်ရသည်။ ပထမဦးစွာ ကိုရင်ဇဝန ၏ ဒူးအောက်တွင်ဖြတ်ပြီး နောက်ပိုင်းတွင် ဒူး အထက်ပိုင်းကိုဖြတ်ပစ်ရသည်။ ယု္ခချိန်ထိ ထိုကိုရင်မှာ အောင်ပန်းစစ်ဆေးရုံ တွင်ဆက်လျှက် ဆေးကုသမှုခံယူနေသည်။
ဥူးဇင်း သီဟနာတ ခြေထောက်ဖြတ်ပြီးနောက်တွင် ပြန်လည်ကောင်းမွန်မလာခဲ့ပေ။ထိုဥူးဇင်းသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အောင်ပန်းဆေးရုံတွင် ပျံလွန်တော်မူခဲ့သည်။
ခုလိုဖြစ်ပျက်မှုနောက်ပိုင်းတွင် ဗမာအစိုးရစစ်သား မည်သူတစ်ဦးတစ်ရောက်မှ ဘုန်းကြီးကျောင်းတွင်လာ ရောက်ကြည့်ရှူကူညီခြင်း၊တာဝန်ယူခြင်း၊တောင်းပန်ခြင်းမရှိခဲ့ပေ။ အောက်တိုဘာလ စောပိုင်းတွင်းက (SSPP/SSA) ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် တို့အား တိုက်ခိုက် ပြီးနောက် ဗမာအစိုးရ စစ်သားတို့ မြေမြှပ်ဗုံးကို သူတို့၏ အခြေစုုိက်စခန်း ဝန်းကျင်တွင် ထောင်ထား သည်ကိုသိ သာထင်ရှား နေသည်။ထိုဗုံးပေါက်ကွဲမှုသည် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စခန်း၏ တောင်ခြေတွင် ပေါက်ကွဲခဲ့သည်။
အောက်ပိုင်းတွင်ဖော်ပြထားသော မိုင်းနောင်မြို့ ဗမာအစိုးရစစ်တပ် ပတ်ဝန်းကျင်အနီးနားတဝိုက် တွင်များ မကြာမီက ထောင်ထားသောမြေမြှပ်ဗုံးအကြောင်းကို သက်သေနှင့်တကွ အရပ်သား၊ ရွာသားတစ်ဦးအား မေးမြန်းထားသည်။
မိုင်းနောင်မြို့၊ရပ်ကွက်(၁)တွင်နေထိုင်သူ လုံးဆန်အွန် (၅၂ နှစ်)နှင့် မေးမြန်းထားသည်။
နိုဝင်ဘာလ ၃ ရက်နေ့ ၂၀၁၅ ခုနှစ် တွင် ကျနော်၊ကျနော်မိန်းမ နှင့် သား(၂)ယောက်တို့ အပြင် ရွာသား (၁၁)ယောက်တို့ လယ်ရိတ်ကူရန် မိုင်း နောင်မြို့အနောက်ပိုင်းကိုသွားခဲ့တယ်။ကျနော်တို့ ၈ နာရီအချိန်မှာ လယ် စရိတ်ပြီး နေ့လည်မှာ နေ့လယ်စာစားကြတယ်။နေ့လယ် ၁ နာရီမှာအချိန်မှာ ပြန်လည် စပါးရိတ် ကြတယ် အဲ့ဒီအချိန်မှာပဲ ရုတ်တရက် ဗမာအစိုးရစစ်တပ် (ခလရ) (၉) စစ်သား(၂၀) ယောက်တို့မှာ ကျနော့်ရဲ့လယ်ဘက်ကိုရောက်လာတယ်။သူတို့ပြောတာတော့ သူတို့ရဲ့လယ်ထဲမှာ စစ်ဖိနပ် ခြေရာတွေ့ တယ် အဲ့ပြီး ရှမ်းစစ်သားတွေ ရှိမရှိမေးတယ်။ အမှန်တစ်ကယ်ကျနော်တို့ ဘယ်သူ့ခြေရာ မှန်းမသိဘူး။ ဗမာစစ်သားတို့သူတို့ကိုယ်တို်င် လုပ်တာ လည်းဖြစ်နိုင်တယ်။
သူတို့ကကျနော်တို့ကိုအဲ့ဒီအကြောင်းနဲ့ပါတ်သက်ပြီး (၂)နာရီလောက်မေးတယ်။သူတို့က ကျနော်တို့အဖွဲ့ ထဲမှ စိုင်းဆိုင်ဟန်ဆိုသူကို အင်္ကျီဂုတ်ကိုဆွဲပြီး သေနတ်နဲ့ခြိမ်းခြောက်ခဲ့တယ်။ ပြီးတော့ ဒီခြေရာဟာ ဘယ်သူ့ခြေရာလည်းလို့ဝန်ခံခိုင်းတယ်။
နောက်ဆုံးတော့ ကျနော်တို့ကိုပြန်ခိုင်းတယ် သူတို့ရဲ့အခြေစိုက်စခန်းပတ်ဝန်းကျင်တစ်ဝိုက်မှာ ဗုံးထောင် မယ်ဆိုပြီး လယ်ထဲကိုပြန်မလာရန်လဲကျနော်တို့ကိုပြောတယ်။ အကယ်၍ နင်တို့ပြန်လာရင် နင်တို့ကို ငါတို့ကပစ်မယ်လို့ပြောတယ်။ သေမှာမကြောက်ရင် ပြန်လာခဲ့လို့ပြောဆိုတယ်။
ကျနော်ရဲ့ မရိတ်သိမ်းလိုက်တဲ့ စပါးနဲ့ပြောင်းကိုဒီတိုင်းထားခဲ့ရသည်။ကျနော် (၈၀၀၀၀၀)ကျပ် ဝင်ငွေဆုံးရှူံး လိုက်ရတယ်။
ကျနော်အိမ်မိုင်းနောင်မြို့တွင်းရောက်ရှိချိန် ထိုညနေ ၅ နာရီလောက်အချိန်လောက်မှာ (ခလရ) (၉) အခြားနောက်တစ်ဖွဲ့ရောက်ရှိလာပြီး ကျနော်ကို မိုင်းနောင်မြို့တွင်းရှိ ဆိုင်လျဲန်အစိုးရ စာသင်ကျောင်းကို သွားရန်ပြောသည်။အဲ့ဒီကျောင်းမှာဗမာအစိုးရစစ်သားတွေအများကြီးရှိနေသည်။ဗမာအစိုးရစစ်သားတွေ ဟာသူကိုလက်ပြန် ကြိုးတုတ်ပြီး ဘာလို့ဒီနေ့မင်းရဲ့လယ်တောထဲသွားခဲ့လဲလို့မေးတယ်။ဘာကြောင့်စပါး သွားရိတ်သလဲလို့ သူတို့ကမေးတယ်။ရှမ်းစစ်သားတွေကိုကျွေးဖို့မင်းကစပါးသွားရိတ်သလား? သူတို့ကျနော့် ကို ၁ နာရီလောက်အဲ့ဒီအကြောင်းတွေမေးတယ်။
ကျနော့်ကိုမေးခွန်းမေးနေချိန်အတွင်း မိုင်းနောင်ထဲမှ ၂ ယောက်ကိုထပ်တွေ့သည်။တစ်ယောက်မှာ လုံးထွန်း ဖြစ်ပြီး ရှမ်းစစ်သားတွေအတွက်ချက်ပြုတ်ပေးသူဟု စွပ်စွဲခံရသည်။ကျန်တစ်ယောက်မှာ ဆရာဝန် လုံးထွေး ဖြစ်ပြီး (ဝ) စစ်သားတွေကိုဆေးကုသပေးနေသည်ဟုစွပ်စွဲခံရသည်။
ကျနော့်တို့ကို မလွှတ်ခင် ၁ နာရီကျော်လောက်မေးခွန်းတွေမေးခဲ့တယ်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း | အင်္ဂလိပ်)
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ| အင်္ဂလိပ်)
PDF File >>>