သံ​လွင်​မြစ်​ပေါ်​ရှိ ​နောင်​ဖ​ရေ​ကာ​တာ ​အ​တွက် ​စိုး​ရိမ်​စ​ရာ​များ

​သံ​လွင်​မြစ်​ပေါ်​ရှိ ​နောင်​ဖ​ရေ​ကာ​တာ ​အ​တွက် ​စိုး​ရိမ်​စ​ရာ​များ

နောင်​ဖ ​ရေ​ကာ​တာ​၏ ​နောက်​ခံ ​အ​ချက်​အ​ခက်​များ

​ရှမ်း​လူ​ထု ​အ​ဖွဲ့​အ​စည်း​များ

​ရက်​စွဲ – ​ဩ​ဂုတ် ၂၃၊ ၂၀၁၆။

 

​တည်​နေ​ရာ       ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း ​လား​ရှိုး​နှင့် ​ဟို​ပန် ​မြို့​နယ်​အ​ကြား​ရှိ ​သံ​လွင်​မြစ်​ပေါ်​တွင်​ရှိ​သည်။

အ​မြင့်   ၉၀ ​မီ​တာ

လျှပ်​စစ်​ထုတ်​စွမ်း​ရည်   ၁၂၀၀ ​မီ​ဂါ​ဝပ် ( ၉၀% ​တ​ရုပ်​ပြည် ​ပို့​ရန်​အ​တွက်)

ရေ​သို​လှောင် ​ရ​ပ​ဝန်း​ဧ​ရိ​ယာ       ၃၁. ၂၈ ​စ​တု​ရန်း​ကီ​လို​မီ​တာ ( ​ရေ​သို​လှောင်​ရပ်​ဝန်း ​အ​လျှား ၁၁၀ ​ကီ​လို​မီ​တာ)

ပါ​ဝင်​သည့် ​ကု​ပ္မ​ဏီ​များ  Hydrochina Corporation ( ​တ​ရုပ်​ပြည်​ပိုင်)

International Group of Enterpreneurs ( ​မြန်​မာ​ပြည်)

အ​သိ​အ​မှတ်​ပြု ​စာ​ချွန်​လွှာ ​လက်​မှတ်​ရေ​ထိုး​ချိန်   ​ဒီ​ဇင်​ဘာ ၂၀၀၉ ( ​နောင် ​တ​ရုတ်​သ​မ္မ​တ ​ဖြစ်​လာ​မည့် ​လီ ​ဇင်​ပင်း ​ရှေ့​မှောက်)

​သ​ဘော​တူ​စာ​ချွန်​လွှာ ​လက်​မှတ်​ထိုး​ချိန်   မတ်​လ – ၂၀၁၄။

​သ​ဘာ၀​ပတ်​ဝန်း​ကျင်​နှင့် ​လူ​မှု​ရေး ​ထိ​ခိုက်​မှု ​ဆန်း​စစ်​သည့် ​လုပ်​ငန်း(ESIA) ​ကို ​ဩ​စ​တေး​လီး​ယား​နိုင်​ငံ ​စ​နိုး​ဝီး​တောင် ​အင်​ဂျင်​နီ​ယာ ​ကော်​ပို​ရေး​ရှင်း ( SMEC) ​မှ ​လုပ်​ဆောင်​နေ​သည်။

​နောင်​ဖ ​ရေ​ကာ​တာ​နှင့်​ပတ်​သက်​၍ ​အ​ဓိ​က ​စိုး​ရိမ်​စ​ရာ​များ

​သံ​လွင် ​မြစ်​သည် ​မြန်​မာ​ပြည် ​အ​ရှေ့​ပိုင်း​ရှိ ​သန်း​ပေါင်း​များ​စွာ​သော ​တိုင်း​ရင်း​သား​များ ​မီ​ခို​အား​ထား​ရာ ​အ​ဓိ​က ​သွေး​ကြော ​ဖြစ်​သော​ကြောင့် ​သံ​လွင်​မြစ် ​လွတ်​လပ်​စွာ​စီ​ဆင်း​မှု​ကို ​တား​ဆီး​သည် ​မည်​သည့်​ရေ​ကာ​တာ​ကို ​မ​ဆို ​ကျွန်ုပ်​တို့ ​ပြင်း​ပြင်း​ထန်​ထန် ​ဆန့်​ကျင်​ပါ​သည်။​သံ​လွင် ​မြစ်​ရေ ​စီး​ဆင်း​မှု​ကို ​တား​ဆီး​မှု ​မှန်​သ​မျှ​သည် ​သ​ဘာ၀​ပတ်​ဝန်း​ကျင်​နျင့် ​လူ​မှု​ဘ၀​တို့​ကို ​မ​ခန့်​မှန်း​နိုင်​လောက်​အောင် ​အ​ကြီး​အ​ကျယ် ​ထိ​ခိုက် ​စေ​နိုင်​သည်။ ​မြန်​မာ​ပြည်​အ​လယ်​ပိုင်း​ရှိ ​သူ​များ​က ​သံ​လွင်​မြစ်​သည် ​နိုင်​ငံ​၏ ​အ​စွန်​အ​ဖျား ​လူ​ခေါင်​သော ​ဒေ​သ​တွင်​ရှိ​ပြီး ​ရေ​ကာ​တာ​က ​သိပ် ​မ​ထိ​ခိုက်​နိုင်​ဟု ​ယေ​ဘု​ယျ ​ယူ​ဆ​ကြ​သည်။ ​အ​ထူး​သ​ဖြင့် ​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​ရှိ ​ဝေး​လံ​သည့် ​သံ​လွင်​မြစ် ​အ​ကြောင်း​ကို ​လူ​အ​များ​က ​အ​သိ​နည်း​ကြ​သည်။ ​ထို​ကြောင့် ​ကျွန်ုပ်​တို့​သည် ​နောင်​ဖ ​ရေ​ကာ​တာ​နှင့် ​ပတ်​သက်​၍ ​စိုး​ရိပ်​ပူ​ပန်​မှု​များ​ကို ​အ​လေး​ထား ​တင်​ပြ ​လိုက်​ပါ​သည်။

​ပ​ဋိ​ပ​က္ခ​များ​ကို ​တိုး​ပွါး​စေ​ခြင်း။

​နောင်​ဖ ​ရေ​ကာ​တာ​သည် ​လက်​နက်​ကိုင်​တိုက်​ပွဲ​များ​ဖြစ်​ပွါး​ရာ ​ဒေ​သ​တွင် ​တည်​ရှိ​သည်။ ​ရေ​ကာ​တာ​၏ ​အ​နောက်​ဘက် ​ရေ​သို​လှောင်​ရာ ​ဒေ​သ​တွင် ​အ​စိုး​ရ ​စစ်​တပ််​နှင့် ​ပြည်​သူ့​စစ်​တို့​က ​ရှမ်း​ပြည် ​တိုး​တက်​ရေး ​ပါ​တီ/ ​ရှမ်း​ပြည်​တပ်​မ​တော် ( SSPP/ SSA)၊ ​က​ချင်​လွတ်​လပ်​ရေး ​တပ်​မ​တော် (KIA) ​တ​အန်း​အ​မျိုး​သား​လွတ်​မြောက်​ရေး ​တပ်​မ​တော် ( TNLA)​တို့​အား ​သူ​တို့​နယ်​မြေ ​နှင့် ​သ​ဘာ၀ ​သံ​ယံ​ဇာ​တ ​များ​ကို​ချုပ်​ကိုင်​နိုင်​ရေး ​အ​တွက် ​ထိုး​စစ်​ဆင်​တိုက်​ခိုက်​ရာ ​နေ​ရာ​ဖြစ်​နေ​သည်။​ထို ​အ​ဖွဲ့​များ​သည် ၂၀၁၅ ​အောက်​တို​ဘာ​လ ၁၅ ​ရက်​နေ့​တွင် ​ချုပ်​ဆို​သော ​တ​နိုင်​ငံ​လုံး ​အ​ပစ်​ရပ်​စဲ​ရေး ​စာ​ချုပ် ( NCA) ​ကို ​လက်​မှတ်​ထိုး​ထား​သော  ​အ​ဖွဲ့ ​မ​ဟုတ်​ပေ။

​ရေ​ကာ​တာ​၏ ​အ​ရှေ့​ဘက် ​အ​ပိုင်း​တွင် ၀​ကိုယ်​ပိုင် ​အုပ်​ချုပ်​ရေး ​ဒေ​သ​ရှိ​သည်။ ​လက်​နက်​အ​ပြည့် ​တပ်​ဆင်​ထား​သော ၀​တပ်​မ​တော် ( UWSA) ​က​ထိန်း​ချုပ်​ထား​သည်။ ​ဤ​အ​ဖွဲ့​သည်​လည်း NCA ​ကို ​လက်​မှတ်​မ​ထိုး​ထား​ပေ။ ၀ ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ ​နယ်​မြေ​တ​ချို့​ကို​သာ ၂၀၀၈ ​ဥ​ပ​ဒေ​က ​အ​သိ​အ​မှတ်​ပြု ​သ​ဖြင့် ​နယ်​မြေ​နှင့် ​ပတ်​သက်​၍ UWSA ​နှင့် ​အ​စိုး​ရ​စစ်​တပ်​တို့ ​ဆက်​ဆံ​ရေး ​တင်း​မာ​လျှက်​ရှိ​သည်။ ​မြန်​မာ့​တပ်​မ​တော်​က ​တောင်​ပိုင်း ​ထိုင်း​နိုင်​ငံ​နယ်​စပ် ​တ​လျှောက်​ရှိ ၀​တပ်​မ​တော်​ကို ​ဆုတ်​ပေး​ရန် ​အ​ကြိမ်​ကြိမ် ​အ​မိန့်​ပေး​ခဲ့​သည်။ ၀​တပ်​မ​တော်​က​လည်း​ငြင်း​ပယ်​ခဲ့​သည်။ ​နှစ်​ဘက် ​စစ်​အင်​အား​များ ​တည်​ဆောက်​လာ​သော​ကြောင့် ၂၀၁၅ ​ခု ​ဂျွန်​လ​တွင် ​တိုက်​ပွဲ​ဖြစ်​ရ​သည်။

​နောင်​ဖ ​ရေ​ကာ​တာ ​စ​ဆောက်​သည်​နှင့်​အ​စိုး​ရ​စစ်​တပ်​သည် ​ရေ​ကာ​တာ​လုံ​ခြုံ​ရေး ​အ​တွက် ​အင်​အား​ဖြည့်​တင်း​မည်​မှာ ​သေ​ချာ​ပါ​သည်။ ​၎င်း​ဒေ​သ​ရှိ ​တိုင်း​ရင်း​သား​လက်​နက်​ကိုင်​များ​ကို​လည်း ​ရှင်း​လင်း​ရန် ​ထိုး​စစ်​ဆင်​ပါ​လိမ့်​မည်။​တိုက်​ပွဲ​များ ​ပို​ဖြစ်​လာ​ပါ​မည်၊ ​ဒေ​သ​ခံ​ရွာ​သား​များ​ကို​လည်း ​တိုင်း​ရင်း​သား ​လက်​နက် ​ကိုင်​အ​ဖွဲ့​များ​ကို ​အား​ပေး​သည်​ဟု ​သံ​သ​ယ​ဖြင့် ​အ​စိုး​ရ​စစ်​တပ်​က ​ဆက်​လက် ​နှိပ်​စက်​ပါ​လိမ့်​မည်။

​ပို​၍​ဆိုး​သည်​မှာ ​သံ​လွင် ​မြစ်​ပေါ်​ရှိ ​ရေ​ကာ​တာ​များ​ကို ​ဆက်​လုပ်​ရန် ​နေ​ပြည်​တော်​အ​စိုး​ရ​က ​တ​ဖက်​သတ် ​ဆုံး​ဖြတ် ​ချ​လိုက်​ခြင်း​ဖြစ်​သည်။ ​နောင်​ဖ ​ရေ​ကာ​တာ​လည်း​ပါ​ဝင်​နေ​သည်။ ​မြစ်​ကြောင်း​တ​လျှောက် ​နေ​ထိုင်​ကြ​သေ ​တိုင်း​ရင်း​သား​များ​က ​ပြင်း​ပြင်း​ထန်​ထန်​ဆန့်​ကျင်​ကန့်​ကွက်​နေ​သည့် ​တိုင် ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြစ် ​သည်။ ​ထို​ဆုံ​ဖြတ် ​ချက်​သည် ​အ​စိုး​ရ​က ​ကြွေး​ကြော်​နေ​သော ​ငြိမ်း​ချမ်း​ရေး​ရည်​မှန်း​ချက် ​နှင့်​လည်း ​တိုက်​ရိုက် ​ဆန့်​ကျင်​နေ​ပေ​သည်။ ​တိုက်​ပွဲ​များ​ဖြစ်​ရ​ခြင်း​၏ ​အ​ဓိ​က ​ပြ​ဿ​နာ​မှာ  ​တိုင်း​ရင်း​သား​ဒေ​သ​တွင်း​ရှိ ​သံ​ယံ​ဇ​ယ​တ​များ​ကို ​ဗ​ဟို​အ​စိုး​ရ​က ​သွေး​စုတ်​အ​မြတ်​ထုတ်​ခြင်း​ကို ​တိုင်း​ရင်း​သား​တို့ ​က ​မ​ကျေ​နပ်​ခြင်း​ကြောင့် ​ဖြစ်​သည်။ ​ဖက်​ဒ​ရာယ်​စံ​နစ်​အ​ရ ​အာ​ဏ​ခြွဲ​ဝေ​ရေး​အ​တွက် ​နိုင်​ငံ​ရေး ​အ​ရ​စ​မ​ဆွေး​နွေး​ရ​သေး​မှီ   ​သံ​လွင်​မြစ်​ကို​လည်း ​နိုင်​ငံ​ခြား ​အ​ရင်း​အ​နှီး​မြုတ်​နှံ ​သူ​တို့​ထံ ​ရောင်း​စား​ခြင်း​တို့​သည် ​တိုင်း​ရင်း​သား​တို့ ​တောင်း​ဆို​သည် ​တန်း​တူ​အ​ခွင့်​အ​ရေး ​ရ​ရှိ​ရေး​ကို ​အ​သိ​အ​မှတ်​ပြု​ရန် ​အ​စိုး​ရ​မှ ​လို​လား​ခြင်း ​ရှိ​မ​ရှိ ​သံ​သ​ယ ​ဝင်​စေ​ပြီး ​ငြိမ်း​ချမ်း​ရေး​လုပ်​ငန်း​စဉ်​ကို ​အ​ယုံ​အ​ကြည်​ပျက်​စေ​သည်။

​သံ​လွင်​မြစ်​ပေါ်​တည်​ဆောက်​ရန်​လျှာ​ထား​သည် ​ရေ​ကာ​တာ​ငါး​ခု​မှ ​ရ​ရှိ​သော ​ဓါတ်​အား​အ​များ​စု​ကို ​အိမ်း​နီး​ချင်း ​နိုင်​ငံ​တို့​ကို ​တင်​ပို့​ရန်​သာ​ဖြစ်​၍ ​မြန်​မာ့​စွမ်း​အင် ​လို​အပ်​ချက်​အ​ရ ​သံ​လွင်​မြစ်​ပေါ်​တွင် ​ရေ​ကာ​တာ​များ ​တည် ​ဆောက်​ရ​သည်​ဟု ​မြန်​မာ​အ​စိုး​ရ ​ပြော​ဆို​မှု​သည် ​လိမ်​ညာ​မှု ​ဖြစ်​သည်။ ​နောင်​ဖ ​ရေ​ကာ​တာ​မှာ ​ဓါတ်​အား ​မီ​ဂါ​ဝပ် ၁၂၀၀ ​၏ ၉၀% ​ကို ​တ​ရုတ်​ပြည်​သို့ ​ပို့​မည်​ဖြစ်​ပြီး ​ဒေ​သ​ခံ ​ပြည်​သူ​များ​မှာ ​ဒု​က္ခ​အား​လုံး​ကို ​ခံ​စား​ရန်​သာ​ရှိ​သည်။

​တ​ရုတ်​ပြည်​၏ ​စွမ်း​အင်​လို​အပ်​ချက်​အ​တွက် ​သံ​လွင်​မြစ်​ပေါ် ​လူ​ထု​မ​ကြိုက်​သည့်​ရေ​ကာ​တာ​များ ​ဆောက်​ရန်  ​တ​ရုတ်​က ​မြန်​မာ​အ​စိုး​ရ ​အ​ပေါ် ​ဖိ​အား​ပေး​မှု​ကို​လည်း ​အ​ပြစ်​တင်​သင့်​သည်။ ​ရေ​ကာ​တာ​တည် ​ဆောက်​ပါ​က ​တိုက်​ပွဲ​များ​ပို​ဖြစ်​လာ​၍ ​မြန်​မာ့​ပြည်​တွင်း​ရေး​ကို ​တိုက်​ရိုက် ​စွက်​ဖက်​ရာ​ကျ​သည်။  ​တ​ရုတ်​က ​အား​ပေး​မည် ​ဆို​သည့်​မြန်​မာ့​ငြိမ်း​ချမ်း​ရေး ​လုပ်​ငန်း​စဉ်​ကို​လည်း ​ထိ​ခိုက်​စေ​ပါ​သည်။

​ဒေ​သ​ခံ​လူ​ထု​တွေ​ကို ​ထိ​ခိုက်​စေ​သည့်​တိုင် ​နောင်​ဖ​ရေ​ကာ​တာ​ကို ​လက်​ခံ​ရန် UWSA ​အား ​တ​ရုတ်​၏ ​ဖိ​အား​ပေး​မှု​ကို​လည်း ​ဝေ​ဖန်​သင့်​သော​အ​ချက်​ဖြစ်​ပါ​သည်။ UWSA ​အ​နေ​ဖြင့် ​အောက်​ခြေ​လူ​ထု ​အ​ဖွဲ့​အ​စည်း ​များ ​ဆန့်​ကျင်​စေ​ခါ  ​သံ​လွင်​ရေ​ကာ​တာ​များ​ကို ​ဆန့်​ကျင်​သည့် ​တ​ခြား ​လက်​နက်​ကိုင်​လူ​မျိုး​စု​များ ​ကို​လည်း ​ဆန့်​ကျင်​ရာ​ရောက်​စေ​သည်။​တိုင်း​ရင်း​သား​တွေ​ကြား ​သွေး​ကွဲ​စေ​သ​ဖြင့် ​ငြိမ်း​ချမ်း​ရေး ​ရ​ရန် ​မ​ရှိ​နိုင်​ပေ။

​င​လျှင်​ကြောင့် ​ရေ​ကာ​တာ​ပြို​ကျ ​နိုင်​သည့် ​အ​န္တ​ရာယ်

​တ​ရုတ်​နိုင်​ငံ​တွင် ​ယူ​နန်​ပြည်​နယ်​သည် ​မြေ​လျှင် ​အ​လှုပ်​ဆုံး ​ဒေ​သ​ဖြစ်​သည်။ ​သံ​လွင်/ ​နု​မြစ်​စီ ​ဆင်း​ရာ​လမ်း​တ​လျှောက် ​သည် ​နု​မြစ် ​ပြတ်​ရွှေ့​ကြော​တည်​ရှိ​ရာ​ဖြစ်​သည်။​ထို​အ​ကြောင်း​ကြောင့် ​တ​ရုတ် ​အ​စိုး​ရ​က ​သူ​တို့​ပြည်​တွင်း​ထဲ​တွင် ​ရေ​ကာ​တာ​တည်​ဆောက်​မှု​ကို ​ရပ်​စဲ​လိုက်​ခြင်း​ဖြစ်​သည်။ ​တ​ရုတ်​မြေ​င​လျှင် ​ကျွန်း​ကျင်​သူ​တို့​အ​ဆို​အ​ရ ​ပြတ်​ရွှေ့​ကြော​ပေါ်​ရှိ ​ရေ​ကာ​တာ​လှောင်​ကန်​၏ ​ရေ​ဖိ​အား​ကြောင့် ​မြေ​င​လျှင်​ကို ​ဖြစ်​စေ​နိုင်​သည် ​ဟု ​ဆို​သည်။ ​တ​ရုတ်​နိုင်​ငံ​နှင့် ​ထိပ်​နေ​သော ​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်းေး​သ​သည်​လည်း ​င​လျှင် ​ထူ​သည့်​ဒေ​သ​ဖြစ်​သည်။ ​နောက်​ဖ ​ရေ​ကာ​တာ​သည် ​နမ့်​ပေါင် ​ပြတ်​ရွှေ့​ကြော​နှင့်​အ​နီး​တွင် ​တည်​ရှိ​သည်။ ​ရေ​လှောင်​ရာ​နေ​ရာ​သည် ​နမ့်​တင် ​ပြတ်​ရွှေ့​ကြော ​အ​ထိ​ရောက်​မည်။ ​ဇူ​လိုင်​နှင့် ​ဩ​ဂုတ်​လ​တွင် ​နမ့်​တင်​ပြတ်​ရွှေ့​ကြော ​တ​လျှောက်​ရှိ ​ဟို​ဟန်​မြို့​နယ်​တွင် ​င​လျှင် ​သုံး​ခါ​လှုပ်​ခဲ့​သည်။

​နောင်​ဖ ​ရေ​ကာ​တာ​အောက်​ပိုင်း ​မြစ်​ကြောင်း​ပေါ်​နေ ​ရွာ​သား​တို့​သည် ​နောင်​ဖ​ရေ​ကာ​တာ ​ကျိုး​ပေါက်​မှာ​ကို ​အ​ထူး​စိုး​ရိမ်​ကြ​သည်။ ​ရေ​ကာ​တာ​မှ ​ရေ​ပေါက်​ကျ​သ​ဖြင့် ​ရုတ်​တ​ရက် ​ရေ​ကြီး​လာ​ပြီး ​အ​သက်​အိုး​အိမ်​စည်း​စိမ်​များ ​အ​ကြီး​အ​ကျယ် ​ဆုံး​ရံှုး ​နိုင်​သော​ကြောင့်​ဖြစ်​သည်။

​နမ့်​တင်း ​ပြတ်​ရွှေ့​ကြော ​မြောက်​ဘက် ​သံ​လွင် ​မြစ်​ပေါ်​တွင် ​တ​ရုတ် ​ဟန်​အ​နာ​ဂျီ​က ​ဆောက်​လုပ်​ရန် ​စီ​စဉ်​ထား​သည့် ​မီ​ဂါ​ဝပ် 1,400 ​ရှိ​သော ​ကွန်​လုံ ​ရေ​ကာ​တာ​သည်​လည်း ​အ​လား​တု ​စိုး​ရိမ်​စ​ရာ​ဖြစ်​နေ ​သည်။​မြေ​င​လျှင်​သာ​လှုပ်​ပါ​က ​ကွန်​လုံ​ရေ​ကာ​တာ​ကျိုး​ပြီး ​တောင်​ဘက်​အ​နီး​တွင်​ရှိ ​ကွန်​လုံ​မြို့​တ​မြို့​လုံး ​ရေ​အား​ကြောင့် ​ပျက်​စီး​သွား​နိုင်​သည်။

​ရေ​လွှမ်း​မည့် ​အ​န္တ​ရယ် ​ပို​ရှိ​လာ​ခြင်း

​နောင်​ဖ ​ရေ​ကာ​တာ​၏ ​ရေ​သို​လှောင်​ရာ ​ဒေ​သ​သည် ၁၁၀ ​ကီ​လို​မီး​တာ​ရှိ​မည်။ ​နမ့်​တင်း​မြစ်၀ ​အ​ထိ​ရောက်​မည်။ ​နမ့်​တင်း​မြစ်​သည် ​ရာ​သီ​အ​လိုက်​ရေ​ကြီး​သည်။ ​ပြီး​ခဲ့​သည်​လ​က ​လယ်​မြေ ​ထောင်​ချီ ​ရေ​လွှမ်း​ခံ​ရ​သည်။ ​ဟို​ပန်​မြို့​ထဲ​ရှိ ​အိုး​အိမ်​များ ​လွန်​ခဲ့​သည် ​အ​ပတ်​က ​ပျက်​စီး​ခဲ့​သည်။ ​နောင်​ဖ​ရေ​ကာ ​တာ​သာ​ဆောက်​ပါ​က ​နမ့်​တင်း​ချောင်း​ရေ​စီး​အား​လျှော့​သွား​မည်၊ ​ဆို​လို​သည်​မှာ ​နမ့်​တင်း​မြစ်​ဘေး​ရှိ ​မြေ​နိမ့်​ရာ​သို ​ရေ​လျှံ​ခါ  ​လယ်​ယာ​နှင့် ​အိမ်​ယာ​များ​ပျက်​စီး​လိမ့်​မည်။

 

​မို​သည်း​ထန်​စွာ​ရွာ​သွန်း​ပါ​က ​ရေ​ကာ​တာ​မှ ​ရေ​ကို ​ဖေါက်​ချ​ရန်​လို​လာ​တတ်​ပါ​သည်။ ​ရေ​အား​ကြီး​စွာ ​လွှတ်​ချ​သ​ဖြင့် ​မြစ်​အောက်​ပိုင်း​တွင် ​ရေ​ကြီး​မည့် ​အ​န္တ​ရာယ် ​ကြုံ​နိုင်​သည်။

​နောင်​ဖ ​ရေ​ကာ​တာ​အ​တွက် SMEC ​၏ ESIA ​လုပ်​ငန်း​အ​ပေါ် ​စိုး​ရိမ်​မှု

​ရှမ်း​ပြည်​နယ်​တောင်​ပိုင်း​ရှိ ​သံ​လွင်​မြစ်​ပေါ်​တွင် ​မီ​ဂါ​ဝပ် ၇၀၀၀ ​ရှိ​သော ​မိုင်း​တွန် ​ရေ​ကာ​တာ​ကို SMEC ​က ESIA ​လုပ်​ငန်း ၂၀၁၅ ​ခု​နှစ်​က ​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သည်။ ​မြို့​နယ်​များ​စွာ​မှ ​ရေ​ကာ​တာ​ဆန့်​ကျင်​ရေး ​လူ​ထု ​ဆ​န္ဒ​ပြ​ပွဲ​များ​က SMEC ​၏ ESIA ​လုပ်​ငန်း​ကို ​တား​ဆီး​ခဲ့​ကြ​သည်။

​ထို​သို့ှ​ဆ​န္ဒ​ပြ​ပွဲ​များ ​ထပ်​မ​ဖြေစ်​စေ​ရန် SMEC ​သည် ​နောင်​ဖ ​ရေ​ကာ​တာ​အ​တွက် ESIA ​လုပ်​ငန်း​ကို ​လျှို​ဝှက်​စွာ ​လုပ်​ဆောင်​နေ​ခဲ့​သည်။ ​ယ​ခင် ​မိုင်း​တုံ ​ရေ​ကာ​တာ​အ​တွက် ESIA ​လုပ်​ငန်း​စ​တင်​ရန် ​လူ​ထု​အ​စည်း ​အ​ဝေး​ကြီး​ကို ​ရှမ်း​ပြည်​နယ်​မြို့​တော် ​တောင်​ကြီး​တွင် ​လုပ်​သ​ကဲ့​သို့ ​မ​လုပ်​ပေ။ ​နောင်​ဖာ​ရေ​ကာ​တာ ​အ​နီး​ရှိ​မြို့​များ​တွင်​ရှိ​သော ​လူ​ထု​များ​ကို​သာ​ဖိတ်​၍ ​စည်း​ဝေး​သည်။ ​ကွန်​လုံ​နှင့် ​ဟို​ပန်​မှ ​လူ​များ​ကို ​အ​စည်း​အ​ဝေး ​နီး​မှ ​အ​ကြောင်း​ကြား​သည်။

​ဆွေး​နွေး​ပွဲ​တွင် ​တက်​ရောက်​သူ​တို့​က ​နောင်​ဖ​ရေ​ကာ​တာ​အ​တွက် ​စိုး​ရိမ်ော​ကာင်း ​ပြော​ကြ​သည်။ ​ဟို​ပန်​မှ ​အ​ရာ​ရှိ​တ​ရောက်​က ​သူ့​ဒေ​သ​တွင် ​ရေ​ကြီး​မှာ​စိုး​၍ ​ရေ​ကာ​တာ​ကို​ဆန့်​ကျင်​ကြောင်း   ​ပြော​သည်။ ​သို့​သော် ​နောင်​ဖ​ရေ​ကာ​တာ​ကို ​အား​ပေး​သည့် ( naopha.com) ​ဝက်ဖ် ​ဆိုက်​တွင် ​လူ​ထု ​အ​စည်း​အ​ဝေး​သည် “​အောင်​မြင် ​ကြောင်း” ​နှင့် “ ​လူ​ထု​က ​စီ​မံ​ကိန်း​ကို ​ဖြစ်​နိုင်​သ​မျှ ​အ​မြန်​အ​ကောင်​အ​ထည်​ဖေါ်​ရန် ​ကု​ပ္မ​ဏီ​ကို ​တောင်း​ဆို​သည်” ​ဟု​ဖေါ်​ပြ​သည်။

​ထို​ဖြစ်​ရပ်​ကြောင့် ​ဒေ​သ​ခံ​လူ​ထု​အ​ဖွဲ့​အ​စည်း​များ​က ​နောင်​ဖ​ရေ​ကာ​တာ​ကို ​ဆန့်​ကျင်​ကြောင်း ​ဆ​န္ဒ​ပြ​ပွဲ​များ​လုပ်​နေ​ကြ​သည်။ ၂၀၁၅ ​ခု ​ဩ​ဂုတ်​လ ၅ ​ရက်​နေ့​တွင် SNLD ​တန့်​ယန်း ​လွှတ်​တော်​ကိုယ်​စား​လှယ်  ​အ​ပါ​အ​ဝင် ​တန့်​ယန်း ​ကျေး​ရွာ ​အုပ်​စု ၉ ​စု​မှ ​လူ​ပေါင်း ၂၅၀ ​ခန့်​သည် ​ရေ​ဂါ​တာ​ကို ​ဆန့်​ကျင် ​ဆ​န္ဒ​ပြ​ခဲ့​ကြ ​သည်။​ဩ​ဂုတ်​လ ၂၁ ​ရက်​နေ့​တွင် ​ဟို​ပန်၊​ကွန်​လုံ၊ ​တန့်​ယန်း၊​လား​ရှိုး၊ ​သိ​န္ပီ ​မှ ​လူ​ထု ၆၀ ​ခန့် ​နှင့်​အ​တူ SNLD ​လွှတ်​တော်​ကိုယ်​စား​လှယ်  ​သုံး​ဦး ​တို့​သည် ​နောင်​ဖ​ရေ​ကာ​တာ​ဆန့်​ကျင်​ရေး ​ဆ​န္ဒ​ပြ​ခဲ့​ကြ​သည်။

တန့်ယန်း ကျေးရွာအုပ်စု ၉ စုမှ ရွာသား ၂၅၀ ခန့် နောင်ဖ ရေကာတာကို ဆန့်ကျင် ဆန္ဒပြနေပုံ၊ ဩဂုတ် ၅။ ၂၀၁၆။
ဟိုပန်၊ကွန်လုံ၊ တန့်ယန်း၊လားရှိုး၊ သိန္ပီ မှ လူထု ၆၀ ခန့် နောင်ဖရေကာတာဆန့်ကျင်ရေး ဆန္ဒပြနေပုံ

ဆက်​သွယ်​ရန်

​စိုင်း​ခေး​ဆိုင်       +668 1672 2031 ​နှင့်+959 264 362973

​နန်း​စမ်​သောင်း    +668 1630 6655

​စိုင်း​ဟော်​ရှဲန် +668 2941 9600

​PDF files: Briefing paper on Naung Pha dam:

Shan Burmese English Thai

PDF files: Presss release:

Shan Burmese English Thai

ထုတ်ပြန်ချက်