မြေဧရိယာ ၅၄၅၉ ဧကကို သံမဏိစက်ရုံ(ပင်းပက်)သို့ လွှဲပြောင်းသည့်အပေါ် ကျေးသီးရပ်သူရွာသား များက ကန့်ကွက်စာပေးပို့

ကျေးသီးရပ်သူရွာသားများ၏ ထုတ်ပြန်ချက်

အောက်တိုဘာလ ၂၂ ရက် ၊ ၂၀၁၈ခုနှစ်

မြေဧရိယာ ၅၄၅၉ ဧကကို သံမဏိစက်ရုံ(ပင်းပက်)သို့ လွှဲပြောင်းသည့်အပေါ် ကျေးသီးရပ်သူရွာသား များက ကန့်ကွက်စာပေးပို့

စက်မှုဝန်ကြီးဌာနအောက် ကျောက်မီးသွေးတူးဖော်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးရှိ အမှတ် (၂) သံမ ဏိစက်ရုံ (ပင်းပက်) သို့ လွှဲပြောင်းပေးသည့် မြေဧရိယာ ၅၄၅၉ ဧကအပေါ်ကို မြို့နယ် နှင့် ပြည်နယ် အာဏာ ပိုင် များထံသို့ ယနေ့ ကျေးသီးမြို့နယ် မိုင်းနင်နှင့် မိုင်းကောင်ကျေးရွာ အုပ်စုမှ ဒေသ ခံများက ကန့်ကွက်စာ ပေးပို့ မည်ဖြစ်သည်။

အောက်တိုဘာလ ၁၁ ရက် ၂၀၁၈ခုနှစ် မိုင်းနင်နှင့် မိုင်းကောင်ရပ်သူရွာသားများက မြေလွှဲလျှောက် ထားချက် အပေါ် မည်သည့်ကန့်ကွက်လွှာမဆို သတ်မှတ်ရက်(၁၅)ရက်အတွင်း တင်သွင်းသင့်ကြောင်း ကျေးသီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေးကြေငြာစာတစ်စောင်ကို လက်ခံရရှိ ခဲ့ သည်။

လွှဲပြောင်းမည့်မြေကွက်မှာ လယ်ယာမြေများ၊ စားကျက်မြေများ၊ နတ်စင်ရေကန်များ၊ သစ်တောများ၊ ရေထိန်းတောမြေ၊ ဘုန်းတော်ကြီးကျောင်းများ၊ သင်္ချိုင်းမြေများ၊ စာသင်ကျောင်းနှင့် ကျေးလက် ကျန်းမာ ရေးဌာနခွဲဆေးခန်းတို့ပါဝင်ပါသည်။

“ကျွန်တော်တို့ ဒီမြေနေရာကို မှီဝဲနေထိုင်လာနေခဲ့ကြတာ သားစဉ်မြေးဆက်ကပါ။ အရပ်သားအစိုးရ အနေနဲ့ ဒီမြေနေရာတွေကို မသိမ်းယူသင့်ဘူး” ဟု ရပ်ရွာဦးဆောင်သူ စိုင်းအောင်ထွန်းက ဆိုပါသည်။

အဆိုပါအငြင်းပွားနေသည့်၄င်းမြေနေရာမှာ ရှမ်းပြည်အလယ်ပိုင်းတွင် ၁၉၉၆ ခုနှစ်ကအကြီးစားအတင်း အဓမ္မ ရွှေ့ပြောင်းခိုင်းမှု၏ အပိုင်းထဲမှ တခုအဖြစ်သည်။ အကြီးစားအတင်းအဓမ္မရွှေ့ပြောင်းခိုင်း မှု ကြောင့် ပြည်သူလူထု ၃၀၀,၀၀၀ ကျော်ရပ်ရွာများရွှေ့ပြောင်းခဲ့ကြရသည်။ ကျေးသီးမြို့ပတ်လည်တ ဝိုက် တွင် မြို့စောင့်တပ်ရင်း(၃)ရင်းနှင့် ခမရ ( ၁၃၁)စစ်တပ်အပါအဝင်တို့ တည်ရှိလျက်ရှိပါသည်။

၂၀၀၉ခုနှစ်က ခမရ (၁၃၁)စစ်တပ်သည် မိုင်းကောင်ကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ ၅၄၅၉ ဧကကို ကျောက်မီးသွေးတူးဖော်ရေးအတွက် စစ်အစိုးရထံမှ ခွင့်ပြုချက်ပါမစ်ရရှိခဲ့သည်။ ယင်းကျောက်မီးသွေး သိုက်တွင်းသည် ကျေးသီးမြို့နယ်ရှိ ရပ်ရွာ(၅၀)ရွာကျော်၏ လယ်ယာများကို ရေပေးသွယ်သွင်း နေသည့် နမ့်ဟင် ရေစီးကြောင်းအတွင်း (၆)ကီလိုမီတာခန့် တိုက်ရိုက်တည်နေပါသည်။ ယင်းမြစ် ချောင်းသည် ကျေးသီး ပြည်သူ(၁၈၀၀၀)ကျော်အတွက် အဓိက အရေးပါသော မြစ်ချောင်း တစ်စင်းဖြစ်ပါသည်။

ကျေးသီးမြို့နယ် အတွင်းတူးဖော်ရန် စီစဉ်ထားသည့် ကျောက်မီးသွေးသတ္တုတွင်းဧရိယာမြေပုံ

၂၀၁ဝခုနှစ်တွင် ကျောက်မီးသွေးတူးဖော်ရေး ခွင့်ပြုချက်ရရှိသော မြေဧရိယာအတွင်း လယ်ယာ စိုက်ပျိုး ရေးလုပ်နေသည့် ရပ်သူရွာသား(၅၅)ဦးကို လျော်ကြေးအဖြစ် မြေတစ်ဧကလျှင် ၂၄ဝဝဝကျပ် ဖြင့်သာ ဇွတ်အဓမ္မ ငွေပေးသိမ်းဆည်းယူခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင်လည်းဦးပိုင်ကုမ္ပဏီသည် မိုင်းကောင်ခွင့်ပြုချက်ဧရိယာအတွင်း အခြားသောကုမ္ပဏီ များ တူးဖော်နိုင်ရန် အတွက် လိုင်စင်များရောင်းချပေးခဲ့ပါသည်။ ၄င်းခွင့်ပြုချက်ပါမစ်တစ်စောင်လျှင် သိန်း ၁၀၀၀ ကျပ်ဖြစ်ပြီး ထိုသို့စတင်တူးဖော်ခဲ့မည်ဆိုပါလျှင် ဦးပိုင် ကုမ္ပဏီသည် ၁ရ ရာခိုင်း နှုန်းအ ကျိုး အမြတ်ထွက်မည်ဖြစ်ပါသည်။

မိုင်းကောင်တွင် ပါဝင်စီစဉ်တူးဖော်သည့် ကုမ္ပဏီများမှာ – ကမ္ဘောဇ ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ စိုးလွင်အောင် ကုမ္ပဏီ ၊ စိန်နဂါး ကုမ္ပဏီ ၊ ယုဝေယံ ကုမ္ပဏီ နှင့် ငွေရည်ပုလဲ ကုမ္ပဏီတို့ဖြစ်ကြသည်။

အဆိုပါ မိုင်းကောင်မှတူးဖော်ထုတ်ခဲ့သောကျောက်မီးသွေးကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ တစ်နေ့လျှင် ကျောက်မီးသွေးတန် (၁၅၀၀) ပို့ဆောင်ရမည် ဟု ရွာသားများက သတင်းရရှိကြောင်း သိရှိရပါသည်။

ကျောက်မီးသွေးတူးဖော်နေခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့ကြောင့် နမ့်ဟင် မြစ်ချောင်းနှင့် လေထုညစ် ညမ်းမှု ဆိုးကျိုးများကို စိုးရိမ်ပူပန်ခြင်းအနေဖြင့် ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် (၃၃) ကျေးရွာမှ ဒေသခံပြည်သူ (၁၆၄၈) ဦး ၊ ဘုန်းတော်ကြီးကျောင်း( ၂၂) ကျောင်းမှ ကျောင်းတိုက်ဆရာတော်(၇)ပါးနှင့် ရဟန်းသံဃာတော်(၂၃)ပါး အပါအဝင် မိုင်းကောင်အတွင်းရှိ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်ရန် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ခြင်းနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ် မဲခွဲဆုံးဖြတ် ခဲ့ခြင်းများပြုလုပ်ခဲ့ကြသည်။

ဆက်သွယ်ရန်

စိုင်းအောင်ထွန်း                        + 95 978-2178-809

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်