ရှမ်းပြည်နယ်အတွင်း ပဋိပက္ခအကြား၌ရှိ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ်တွင် IFCအနေဖြင့် ရေကာတာ များ တိုးမြှင့်ဆောက်လုပ်ခြင်းမှ ရပ်တန့်ရမည်။

ရှမ်းပြည်မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပြန်ချက်

စက်တင်ဘာလ 12 ရက်နေ့ 2019 ခုနှစ်

ရှမ်းပြည်နယ်အတွင်း ပဋိပက္ခအကြား၌ရှိ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ်တွင် IFCအနေဖြင့် ရေကာတာ များ တိုးမြှင့်ဆောက်လုပ်ခြင်းမှ ရပ်တန့်ရမည်။

နမ္မတူမြစ် (ခေါ် ) မြစ်ငယ်မြစ်ဝှမ်းအတွင်း ရေကာတာဆောက်လုပ်ခြင်း ကို မြှင့်တင်သော IFC ၏ စုပေါင်း ထပ် ဆင့် ထိခိုက်မှု အကဲဖြတ် ဆန်းစစ်ခြင်း နှင့် စီမံခန့်ခွဲခြင်း နှင့် ယနေ့ တောင်ကြီး၌ ကျင်းပသော သက် ဆိုင်သူအစည်းအဝေးသို့ တက်ရောက်ခြင်းကို ကျွန်တော်တို့ ရှမ်းပြည်မြစ်ချောင်းများအတွက် လှုပ်ရှား မှု အဖွဲ့မှ ငြင်းပယ်ကန့်ကွက်ပါသည်။

IFC က ၎င်းအစည်းအဝေးကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ကန်ရှေ့ရပ်ကွက် Mountain Star Hotel တွင် ပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) သို့မဟုတ် သဘာဝအရင်းအမြစ် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန MONREC) မှ ပြည်နယ်အဆင့်ဖြစ်သော ကိုယ်စားလှယ်တစ်ဦး က သဘာပတိအဖြစ်တက်ရောက်ပါမည်။

မြစ်တစ်လျှောက်တွင် စစ်ပွဲများ တဟုန်းဟုန်း ဖြစ်ပွားနေပြီး ဒေသခံ အသိုင်းအဝိုင်းများကလည်း မည် သည့်ရေကာတာမျိုးကို မဆို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်မှု များ ရှိနေပါသော်လည်း၊ နမ္မတူမြစ် (ခေါ် ) မြစ်ငယ်မြစ် အား မြန်မာနိုင်ငံ ရေအား လျှပ်စစ် အခန်း ကဏ္ဍ တွင် “ဦးစားပေးမှု”တစ်ခု အဖြစ် IFC ကယင်းတို့၏ မြန်မာ့လျှပ်စစ် ကဏ္ဍ အပေါ် မဟာဗျူဟာအရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချင့်ချိန် ဆုံး ဖြတ်ခြင်း တွင် ၂၀၁၈ က အတိအလင်း ကြေညာထားပါသည်။

“တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ IFCအစည်းအဝေးဟာ နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ် ရေကာတာ ဆောက် လုပ်ခြင်းအတွက် ပြင်ဆင်ခြင်းမှာ မလုပ်မဖြစ်လို့သာ လုပ်ရတဲ့ စည်းဝေးပွဲ တစ်ခု ဖြစ်ကြောင်း ထင်ရှား နေ တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ မပါဝင်ဆောင်ရွက်ချင်ဘူး” လို့ ရှမ်းသဘာဝ ပတ်ဝန်း ကျင် အဖွဲ့ အ စည်း မှ စိုင်းခေးဆိုင် က ပြောပါသည်။

IFC ၏ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ဝှမ်း ဆန်းစစ်အကဲဖြတ်ခြင်း အစည်းအဝေးအခမ်းအနားကို Australian Aid က ငွေကြေးကူညီထောက်ပံထားပြီး ဆွီဒင် အင်ဂျင်နီယာ အတိုင်ပင်ခံလုပ်ငန်း SWECO ကုမ္ပဏီက အကောင်အထည်ဖော် ခဲ့ခြင်း ဖြစ်ပါသည်။

အထက်ရဲရွာရေကာတာအပါအဝင် ရေကာတာကြီး (၄) ခုသည် နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ် ၏ ပင်မမြစ် ကြောင်းပေါ်တွင် အစီအစဉ်ဆွဲထားပြီးဖြစ်၍ အထက်ရဲရွာရေကာတာသည် ကျောက်မဲမြို့နယ်တွင် တည် ရှိပြီး ဆွစ်ဇာလန်, ဂျပန်နှင့်တရုတ်ကုမ္ပဏီတို့က ပါဝင်ရင်နှီးမြုပ်နှ ကာ ယခုလက်ရှိတွင်လည်း ဆောက် လုပ်နေဆဲဖြစ်သည်။

နောက်ထပထပ်မံစီစဉ်ထားသောရေကာတာသည် နောင်ချိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား 735 မဂ္ဂါဝပ် ထွက်သည့် အလယ်ရဲရွာရေကာတာဖြစ်ပြီး နော်ဝေးအစိုးရပိုင် SN Power၏ စီမံကိန်း တစ်ခုလည်း ဖြစ် ပါသည်။ လွန်ခဲ့သော သြဂုတ်လ 29 ရက်နေ့တွင် SN Power ၏ဥက္ကဋ္ဌ Mr. Oystein Oyehaugက မြန်မာနိုင် ငံသို့ လာရောက်ပြီး ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပြည်တွင်းစစ်အဆုံးမသတ်နိုင်သည်သရွေ့ တိုင်းရင်းသားဒေသအတွင်းရှိ ရေကာတာများဆောက်လုပ် ခြင်း ကို ဆိုင်းငံ့ထားရန် နှင့် တိုင်းရင်းသားလူမျိုးများအတွက် မြစ်များအပါအဝင် ဒေသခံတို့၏ သဘာဝသ ယံဇာတများအား ကာကွယ်ထိန်းသိမ်းနိုင်ရန် အခွင့်အရေး ကို အာမခံသော ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥ ပဒေပေါ်ပေါက်လာသည်အထိ ကျွန်တော်တို့ ထပ်တလဲလဲတောင်းဆိုသွားမည်ဖြစ်ပါသည်။

•         တည်ဆောက်လျက်ရှိသည်ဖြစ်စေ သို့မဟုတ် ကွင်းဆင်းစမ်းသပ်နေသည်ဖြစ်စေ နမ္မတူမြစ်(ခေါ် ) မြစ် ငယ်မြစ်ပေါ် ရှိ ရေကာတာများအားလုံး ချက်ချင်း ရပ်တန့်ရန်။

•         ဆွစ်ဇာလန်, ဂျပန်, တရုတ်, နော်ဝေနှင့် သြစတြီးလျား စသော နိုင်ငံမှ ကုမ္ပဏီများ နမ္မတူမြစ်(ခေါ် ) မြစ်ငယ်မြစ်ပေါ် ရေကာတာဆောက်လုပ်ရင်းနှီးမြုပ် နှံ ခြင်းမှ အဆုံးသတ်ရန်။

•         IFC အနေနဲ့ နမ္မတူမြစ်(ခေါ် ) မြစ်ငယ်မြစ်ပေါ် ရှိ ရေကာတာများအား မြှင့်တင်ဆောက်လုပ်ခြင်းမှ ရပ်တန့်ရန်။

ဆက်သွယ်ရန်                  

စိုင်းခေးဆိုင်                           +95 (0) 926 436 2973

နန်းချမ်တောင်း                         +66 (0) 87-658-9551

စိုင်းဟော်ရှဲန်                        +66: (0) 63-389-5088

စိုင်းရွက်လွင်                            +66 (0) 97-173-1530

ရှမ်းပြည်မြစ်ချောင်းများလှုပ်ရှားမှုအဖွဲ့အစည်းသည်ရှမ်းပြည်နယ်တွင်းရှိ မြစ်ချောင်းများကာကွယ်ရန် လူ အခြေပြုအဖွဲ့အစည်းများမှ စုပေါင်းလုပ်ဆောင်ကြသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။

ASSR Statetement PDF files: >>> Shan Burmese English

Open Letter PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်