ကျောက်မီးသွေးသုံး ဓါတ်အားပေးစက် နှင့် ပတ်သက်ပြီး ဒေသခံနယ် သူနယ်သားများက အင်အားရာ‌ချီ၍ ဆန့်ကျင့်ကန့်ကွက်ခြင်းအနေဖြင့် ဆုတောင်း ပွဲတရပ်ပြုလုပ်

ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားအဖွဲ့မှ ထုတ်ပြန်ချက်

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက် နှင့် ပတ် သက်ပြီး ဒေသခံနယ် သူနယ်သားများက အင်အားရာ‌ချီ၍ ဆန့်ကျင့်ကန့်ကွက်ခြင်းအနေဖြင့် ဆု တောင်း ပွဲတရပ်ပြုလုပ်

၂၂.၁၀.၂၀၁၉

ရှမ်းပြည်နယ်အ ​ေရှ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်ဒေသတွင်း၌ ထိုင်း မြန်မာကုမ္ပဏီတွေပူးပေါင်း ပြီး ‌ေကျာက် မီးတူးဖော်ကြမည့်ကိစ္စနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေ မည့် လုပ် ရပ်ဖြစ်သည့်အတွက် ၄င်းနှင့်ပတ်သက်ပြီး မတူးဖော်ပါရန် ဒေသခံနယ်သူနယ်သားများက မိုင်းခုတ် နယ်တွင် ရှိမိုင်း ဖုန်းဆရာတော်ဘုရား ဦးဆောင်တည်ထားသော စိုင်မိန်းဓာတ်တော်စေတီ တော် တွင် စုပေါင်း၍ ဆုတောင်းခြင်းတရပ် ပြုလုပ်ခဲ့ကြသည်။

၁၁.၇.၂၀၁၉တွင်ထိုင်းငံနိုင်ငံရှိ SAHAKOL EQUIPMENT (SQ) Co. Ltdနှင့်၊ မြန်မာနိုင်ငံရှိ GOLDEN LAKE Co.Ltd ကုမ္ပဏီတို့ကပူးပေါင်းပြီး မိုင်းခုတ်တွင် တူဖော်ကြမည့် ကျောက်မီးသွေးနှင့်ပတ်သက်ပြီး အချိန်ကာလအားဖြင့်၂၈ နှစ်ရှိ MOUလုပ်ငန်းဆိုင်ရာစာချုပ်ကို ချုပ်ဆိုကြကာ ၄င်းလုပ်ငန်းမှ အောင်မြင် လျင် ထိုင်းဘတ်၂၇ဘီလီယံ (အမေရိကန်ဒေါ် လာ 890သန်း) အမြတ်ရရှိကြမည်ဟု မျှော်မှန်းထားသည်။

ထိုင်းနိုင်းငံ(SQ)ကုမ္ပဏီနှင့်၊ မြန်မာနိုင်ငံ (GOLDEN LAKE)ကုမ္ပဏီ ၂ခုတို့ပူးပေါင်းကြပြီး ကျောက်မီး သွေးတူးဖော်ရေးအတွက် ပထမ ဦးဆုံး ထိုင်းဘတ်သန်း၃၀၀ဖြင့် ရင်းနှီးမြုတ်ခဲ့ကြကြောင်း။ (SQ)ကုမ္ပဏီမှ ၇၀ရာခိုင်းနှုန်း၊ (Golden Lake)ရွှေရေကန်ကုမ္ပဏီက ၃၀ ရာခိုင်းနှုန်းဖြင့် ရယူကြပြီး တနှစ်ကို ကျောက်မီးသွေး တန်ပေါင်း ၃၀၀,၀၀၀ ရရှိအောင် တူဖော် ကြမည် ဖြစ်ပြီး အများအားဖြင့် ထိုင်းနိုင်ငံသို့ ပို့ရန်ဖြစ်သည်။ မဂ္ဂါဝပ်အား(၆၀၀)ထွက်ရှိသော ကျောက်မီး သွေး သုံး လျှပ်စစ်စက်ရုံ ကိုလည်းတည်ဆောက်ရန်အတွက်ဖြစ်သည်။ ၄င်းမှ ထွက်ရှိလာသော လျှပ်စစ် များ ကို ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ဖြန့်ဖြူးကြမည်ဖြစ်သည်။

၈.၉.၂၀၁၉ တွင် ထိုင်းနိုင်ငံမှ ကျောက်မီးသွေးတူးဖော်ကြမည့်အလုပ်သမား(၈)ဦးတို့သည် မိုင်းကွတ်း ဒေသ သို့ ရောက်ရှိလာကြပြီး ကျောက်မီးသွေး စတင်တူးဖော်မည့်နေရာ လာရောက်ရွေးခြယ် နေကြသည်ဟုသတင်းရရှိသဖြင့် နယ်ဒေသခံပြည်သူများက သွားရောက်တားဆီးခဲ့ကြကြောင်း၊ ကျောက် မီး သွေး တူးဖော်ခြင်းအားဖြင့် မိမိတို့မှီတင်းနေထိုင်ရာ ရေ ​မြေ တောတောင်နှင့် သဘာဝပတ် ဝန်းကျင် ကို ဆိုးရွား စွာ ထိခိုက်မှာစေမှာဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း ၄င်း တို့အားရှင်းပြခဲ့ကြ​သည်ဟုသိရသည်။ ၄င်းနောက်တရက်တွင်ထိုင်းနိုင်ငံမှ ရောက်လာကြသော ကျောက် မီး သွေး တူးဖော်ရေးအလုပ်သမား(၈)ဦးတို့သည် တာချီလိတ်သို့ ပြန်လည်ထွက်ခွာသွား ခဲ့ကြ သည်။

၁၇.၁၀.၂၀၁၉တွင် ကျောက်မီးသွေးတူးဖော်ကြမည့် ကုမ္ပဏီမှ တာဝန်ရှိကိုယ်စားလှယ်များက မိုင်းခုတ် ဒေသသို့ ရောက်ရှိလာကြပြီး မွန်းလွဲ ၃နာရီမှ ၅နာရီအချိန်ထိ နယ်ခံရှိ ရွာများမှဒေသ ခံပြည် သူများ တို့နှင့်တွေ့ဆုံကာ အစည်းအဝေးတရပ် ပြုလုပ်ခဲ့ကြသည်။

ထိုအစည်းအဝေးတွင် ၄င်းကုမ္ပဏီများမှ တာဝန်ရှိ ကိုယ်စားလှယ်ဆိုသူများက“ဒီနယ်အတွင်း မိမိတို့ ကျောက်မီးသွေးတူးဖော်ကြမည်ဆိုသည့်ကိစ္စမှာ အစမ်းသဘော တူးဖော်ကြည့်ရန်သာဖြစ်ကြောင်း၊ လာ မည့်၂၅.၁၀.၂၀၁၉ ရက်တွင်လည်း(၃၂၀၀)ဧကခန့် ထပ်မံပြီး လာရောက်တူးဖော်ကြည့်ကြ ဦး မည်ဖြစ် ကြောင်း´´ ဒေသခံပြည်သူများကို ပြောကြားခဲ့သည်ဟု သိရသည်။

ထိုသို့ မိုင်းခုတ်ရွာသားများက ဆုတောင်းပွဲပြုလုပ်ပြီး ကျောက်မီးသွေးနှင့်စပ်လျဥ်းနေသော လှုပ်ရှား ဆောင် ရွက်မှုများအားလုံး ရပ်တန့်ပေးရန် အဆိုပါကုမ္ပဏီတို့အား တောင်းဆိုကြပါသည်။ ၎င်းဘုန်းကြီး ကျောင်းသည် 2016 ခုနှစ်တွင် တည်ဆောက်ခဲ့၍ မိုင်းခုတ်မြစ်နံဘေးတွင်တည်ရှိပြီး အများပြည် ပူဇော်ဖူး မျော်နိုင်ရန်သော်လည်းကောင်း၊ ၎င်းဧရိယာတွင် ဘေးအန္တရာယ်အဖြာဖြာမှ ကင်းလွှတ်စေရန် သော်လည်းကောင်းလည်ပြန်မွမ်းမံတည်ဆောက်ရန် ဒေသခံများနှင့်တကွ မိုင်းဖုန်းဆရာတော်အရှင် မြတ် က ဦးဆောင်နေပါသည်။

မိုင်းခုတ်သည် ထိုင်းနိုင်ငံနှင့် ကီလိုမီတာ(၄၀)သာကွားဝေးပြီး သစ်ပင် လျိူမြောင် တော တောင်ထူ ထပ် ပြီး ရှမ်းပြည်အရှေ့ပိုင်းတွင် တည်ရှိပါသည်။ နမ့်ကုတ်မြစ်ဝကျွန်းပေါ်တွင် တည်ရှိနေသဖြင့် တော ရိုင်း တိရစ္ဆန်များနှင့်ရေနေသတ္တဝါးများအပါအ၀◌င် တိုင်းရင်းသားပေါင်းစုံတို့ မှီတင်း အားထားနေရ သော မြစ်စင်း တခုဖြစ်သလို မြစ်၏အောက်ဘက်ပိုင်းတွင် တည်ရှိသော ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်းမှ ဒေသ ခံတို့က လည်း ဤမြစ်ကို အားကိုးအားထားပြုနေရကြရပါသည်။

မိုင်းခုတ် တွင် နေထိုင်ကြသော ဒေသခံများဦးရေမှာ(၂၅၀၀) ဦးရှိပြီး ရှမ်းလူမျိုး၊ လားဟူလူမျိုး၊ အားခါလူ မျိုးတို့သည် အတူတကွ ရောနှောနေထိုင်ကြသော ဒေသတခုဖြစ်သည်။ အကယ်၍ ဤကျောက် မီး သွေးလုပ်ငန်းများ တူးဖော်လုပ်ဆောင်ကြမည်ဆိုပါလျင် ဒေသခံများကအိုးအိမ်များကိုစွန့်ပစ်ပြီး ထွက် ခွာ ပေး ရတော့မည်ဖြစ်သည်။ ယခုအခါမှာ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းလုံခြုံရေး အတွက် ဟု ဆိုကာ ၄င်းနယ်တဝိုက်ပတ်လည်ကို မြန်မာအစိုးရစစ်တပ်မှ အခြေစိုက်စခန်း(၃) ခုကိုလည်း အား အများ အပြားဖြင့် တပ်စွဲထားပြီးဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ကျောက်မီးသွေးညို (lignite) တူးဖော်ရန်အတွက် အီတာလီယံထိုင်းကုမ္ပဏီလည်း တူး ဖော် ခွင့် ရထားကြပြီး ထိုင်းနိုင်ငံရှိ ပြည်သူများနှင့်ရှမ်းပြည်ရှိပြည်သူများက ပြင်းပြင်းထန်ထန် ဆန့် ကျင် ကန့်ကွက်ကြသည့်အတွက် ၂၀၁၁ခုနှစ်တွင် ရပ်ဆိုင်းထားလိုက်ရသည်။

” ဒီကနေ့ ကျွန်တော်တို့ ဆုတောင်းပွဲပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ဘေးဘယာ‌ေ၀◌းကွာပြီး ကျောက် မီးသွေးတွေကို မူလအတိုင်းထားဖို့ ဖြစ်ပါတယ်။ တကယ်လို့ ဒီကျောက်မီးသွေး တူးဖြစ် မယ်ဆို ရင် ကျွန်တော်တို့ရဲ့ လုပ်ကိုင်စားသောက်မယ့်မြေနေရာ၊ သစ်တောနှင့် မြစ်ရေတွေကို ဖျက်ဆီးမှာပါ” ဟု မိုင်းခုတ်ရွာသား တ‌ယောက်က ပြောပါတယ်။

ဆက်သွယ်ရန်

စိုင်းခေးဆိုင်                 +95 98-893-712-91                 (ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်)

နန်းချမ်တောင်း            +66 87 658 9551                     (ရှမ်း၊ အင်္ဂလိပ် ၊ ထိုင်း)

နန်းဟွမ်                       +66 82 189 0684                     (ထိုင်း၊ ရှမ်း)

စိုင်းဟော်ရှဲန်                +66 63-389-5088                    (ရှမ်း၊ အင်္ဂလိပ်)

PDF files:>>> Shan Burmese English Thai

ထုတ်ပြန်ချက်