ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက် စာအမှတ် (၁/၂၀၁၆)
ဇန်နဝါရီလ ၁၈ ရက်၂၀၁၆
လွတ်လပ်ရေးနေ့တွင် မြန်မာအစိုးရစစ်တပ်က လားရှိုးမြို့နယ်တွင်းရှိ တအောင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ရာတွင် ရွာသားနှစ်ဦးအသတ်ခံရ တစ်ဦးမှာ စိတ်ရောဂါသည်ဖြစ်သည်။
ဇန်နဝါရီလ ၄ ရက်၂၀၁၆မြန်မာနိုင်ငံလွတ်လပ်ရေးနေ့တွင်ရန်ကုန်နှင့်နေပြည်တော်တွင်စစ်ရေး ပြကျင်းပခဲ့သည်။ ထိုနေ့တွင်အစိုးရစစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးဲမြို့နယ်တွင်းရှိတအောင်း ကျေးရွာကိုဝင် ရောက်တိုက်ခိုက်ရာ တွင်ရွာသားနှစ်ဦးအသတ်ခံရကာသေဆုံးသူနှစ်ဦး အနက် တစ်ဦးမှာစိတ်ရောဂါသည်ဖြစ်သည်။
ဇန်နဝါရီလ၄ရက်၂၀၁၆ညနေ၅နာရီခန့်တွင်မြန်မာအစိုးရစစ်တပ်အမှတ်၂၁၃နှင့်၂၁၇မိုင်းကစ်ခြေလျင်တပ်မှ အင်အား (၂၀) ခန့်နားနန်းကျေးရွာအုပ်စုပန်လုံးရွာရှိတောင်ပေါ်တွင်ရောက်ရှိစခန်းချ ခဲ့သည်။ ပန်လုံးရွာ သည်အိမ်ခြေ၄၀ရှိပြီးတအောင်းလူမျိုး၂၀၀ခန့်နေထိုင်သည့်ရွာဖြစ်သည်။
အစိုးရစစ်သားများရွာတွင်းဝင််ခါသေနတ်များဖြင့်ပစ်ခတ်ခဲ့သည်၊တချို့ကရွာသားများကို တည့်တည့်ပစ်ပြီး တချို့မှာမိုးပေါ်ထောင်ပစ်ကြသည်။
ရွာသားနှစ်ဦးမှာ၄င်းတို့အိမ်ရှေ့တွင်အ သတ်ခံခဲ့ရသည်။ထိုရွာသားများမှာ
(၁) အိုက်ဆမ်အသက်၃၀နှစ်စိတ်ရောဂါသည်ဖြစ်ပြီးသူကြီး၏သားဖြစ်သည်။
(၂) အိုက်လှအသက်၃၈နှစ်
အိုက်ဆမ်၏ရင်ဘတ်နှင့်နောက်ကြောတွင်ကျည်များထွင်းဖေါက်သွားသည်ကိုသူ၏အစ်ကိုဖြစ်သူ ကအိမ်အတွင်းမှ လှမ်းမြင်ရပါသည်။
စစ်သားများရွာတွင်းကလူပျိုပေါက်နှစ်ဦးကိုလည်းဖမ်းဆီးသွားပြီးရှင်ပြုနေသည့်ဘုန်းကြီး ကျောင်းတွင်သွား ရောက်ချုပ်ထား ပါသည်။ ထိုဘုန်းကြီးကျောင်းတွင်အသက် (၇၀) နှစ်ရှိရွာသူကြီး လုံးထွေးနှင့်အခြားရွာ သူရွာသားအမြောက်အများရှိနေပါသည်။အစိုးရစစ်သားဖမ်းလာသည့် လူပျိုပေါက်နှစ်ဦးကိုသူကြီး တွေ့သော အခါ၄င်းတို့နှစ်ဦး သည်စစ်သားမဟုတ်ကြောင်းပြောပြသောအခါထိုလူပျိုပေါက်နှစ်ဦးကိုလွတ် ပေးပါသည်။ ထို့နောက်သူကြီးနှင့်အခြားရွာသားတစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားပါသည်။
အဖမ်းအဆီးခံရသူနှစ်ဦးမှာ
(၁) လုံးထွေး အသက်၇၀နှစ်ရွာသူကြီး
(၂) အိုက်စမ်အသက်၄၀နှစ်
ထို့အတူအစိုးရစစ်သားများကမော်တာလက်နက်ကြီးလေးလုံးရွာပတ်လည်တွင်ပစ်ခတ်ခဲ့ကြသည်။
ရွာတွင်းဝင်ရောက်ပစ်ခတ်ရာတွင်ရွာသားများအခြားနေရာသို့ထွက်ပြေးကြသလိုအချို့ရွာသားများမှာရွာ တွင်းတွင်ဆက်လက်နေကြပါသည်။ထိုနေ့ညနေပိုင်းတွင်အစိုးရစစ်သားများက၄င်းတို့ပစ်သတ်ခဲံသည့်ရွာ သားနှစ်ဦး၏အလောင်းကိုအိုက်ဆမ်အိမ်ရှေ့တွင်မြုပ်နှံသဂြိုလ်ခဲ့သည်။ဇန်န ဝါရီလ၆ရက်နေ့တွင်ထိုရွာမှမြန်မာ စစ်တပ်များ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဇန်နဝါရီလ၇ရက်နေ့တွင်မိုင်းကြတ်ရှိအစိုးရစစ်တပ်မှစစ်ကား၄စီးအပြင်နမ့်ပေါင်ကအမှတ် ၂၉၁ခြေလျင်တပ်၊ ဝမ်ပန်က စစ်သားအချို့၊ပြည်သူ့စစ်နှင့်ဝမ်တော်နေအုပ်ချုပ်ရေးမှုးစိုင်းမြထွန်း သူတို့ ပန်လုံးရွာတွင်းရောက်ရှိ လာပါသည်။ဇန်နဝါရီလ၈ရက်တွင်အိုက်ဆမ်အိမ်ရှေ့တွင်မြူပ်ထားသောရွာသားနှစ်ဦး၏အလောင်းများ အားပြန်လည်တူးယူပြီးရွာပြင်သို့ရွေ့ပြောင်းသဂြိုလ်ခဲ့သည်။ထိုနေ့တွင်ပင်၄င်းတို့ပြန်လည်ထွက်ခွာသွားသည်။ ပြန်ခါနီးတွင်ပြည်သူ့စစ်အဖွဲ့မှရွာပြင်သို့ထွက်ပြေးပုန်းအောင်းနေကြသောရွာသားများအားရွာတွင်းပြန်လာနေထိုင်ရန်အမိန့်ပေးခဲ့သည်။
ဇန်နဝါရီလ၄ရက်နေ့တွင်ဖမ်းဆီးထားသောရွာသားနှစ်ဦးလည်းပျောက်ဆုံးနေပါသည်၊ဘယ်မှာရှိနေသည်ကိုမည်သူမျှမသိပါ။
အမျိုးသားငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေစဉ်ကာလအတွင်း အစိုးရ စစ်တပ်က တိုင်း ရင်းသားဒေသများ တွင် စစ်ဆင်ရေးလုပ်ခါ ရပ်သူရွာသားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေမှုများအား ရှမ်းလူ့ အခွင့်အရေး မဏ္ဍိုုင်မှ စက်စုတ်ရွံရှာစွာ ဆန့်ကျင်ပါသည်။
အစိုးရစစ်တပ်မစစ်ဆင်ခြင်းသည်ျသံလွင်မြစ်အပေါ်တည်ဆောက်မည့်နောင်ဖာရေကာတာအစီအစဉ်ကြောင့်လည်းဖြစ်နိုင်ပါသည်။နောင်ဖာရေကာတာသည်လားရှိုးမြို့အရှေ့ဘက်ပိုင်းတွင်တည်ရှိပြီး ထိုဒေသ ကိုထိန်း ချုပ်ထားချင်သည့်သဘောလည်းပါပါသည်။ဟိုက်တရိုချိုင်းနား(တရုတ်ကုမၸဏီ) နှင့်ပူးတွဲစီမံကိန်းဖြစ်သည် ့နောင်ဖာ ရေကာတာမှထွက်ရှိမည့်၁၂၀၀မီဂါဝပ်လျှပ်စစ်စွမ်းအင်ကိုတရုတ်နိုင်ငံက၉၀% ယူသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း | အင်္ဂလိပ်)
စိုင်းခွန်းမိုင် + ၉၅ (၀) ၉၂-၆၃၉-၀၀၈၀၇ (ဗမာ| အင်္ဂလိပ်)
PDF File >>>