နိုင်ငံတကာမှရေကာတာတည်ဆောက်သူများအနေနှင့် လူသတ်စစ်အစိုးရနှင့်ပူးပေါင်းမှုကိုရပ်တန့်ပြီး ရှမ်းပြည်မှထွက်ခွာပေးပါရန်

ရှမ်းပြည်မြစ်ချောင်းများအတွက်လှုပ်ရှားမှုအဖွဲ့၏သတင်းထုတ်ပြန်ချက်

March 14, 2022

နိုင်ငံတကာမှရေကာတာတည်ဆောက်သူများအနေနှင့် လူသတ်စစ်အစိုးရနှင့်ပူးပေါင်းမှုကိုရပ်တန့်ပြီး ရှမ်းပြည်မှထွက်ခွာပေးပါရန်

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တလွှားမှ ဒေသခံ ပြည်သူ တို့သည် မြစ်ကမ်းဘေးများတွင်  ကြွေးကြော်သံများကိုထုတ်ဖော်တင်ပြကာ စစ်ကောင်စီ၏ ၀င်ငွေရလမ်း ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့်စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မြဲစေသော ရေကာတာ စီမံ ကိန်း သစ်များကိုရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သောလများတွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ် ချက်ကိုဖြည့်တင်းရန် ရှမ်းပြည်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန် ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ်ရှိမြစ်များပေါ်တွင် ရေကာတာကြီး ၁၀ ခုရှိနှင့်နေပြီး မြန်မာပြည် ရေအားလျှပ်စစ် ထုတ်လုပ် မှု၏ ထက်၀က်ကျော်ခန့်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။ တည်ဆောက်နေဆဲစီမံကိန်းများ လည်း များလည်းရှိပြီ စီမံကိန်းသစ် ၂၀ ကိုလည်း တည်ဆောက်ရန် စီစဥ်နေသည်။ ထိုစီစဥ်ထားသည့် အထဲတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အားတင်ပို့မည့် သံလွင်မြစ်ပေါ်မှ ဧရာမ ရေကာ တာစီမံကိန်း သုံးခုလည်း ပါ၀င်သည်။ ထိုအသစ်တည်ဆောက်မည့် ရေကာတာစီမံကိန်းများကို ဒေသခံ ပြည်သူများမှ ပြင်းထန်စွာကန့်ကွက်ထားသည်။

နမ့်ပန်မြစ်ဝှမ်းနေ ဒေသခံပြည်သူများမှ သံလွင်ရေကာတာကိုကန့်ကွက်ခြင်း

ရှမ်းပြည်မြစ်ချောင်းများအတွက်လှုပ်ရှားမှုအဖွဲ့မှ အဖွဲ့၀င်များနှင့် ၎င်း၏ကွန်ယက် အဖွဲ့၀င် များ သည် သံလွင်မြစ်နှင့် ရှမ်းပြည်အတွင်းရှိအဓိကမြစ်များ၏ ကမ်းဘေး သဲသောင်ပြင်များပေါ်တွင် “ကျွန်ုပ် တို့ ၏မြစ်များပေါ်တွင်ရေကာတာတည်ဆောက်မှုများကိုရပ်တန့် ပေးပါ”၊“ကျွန်ုပ်တို့၏မြစ်များ ကိုကယ် တင်ပါ”ဟူသောကြွေးကြော်သံများကိုရေးသားထုတ်ဖော်ခဲ့ကြသည်။

တန့်ယန်းမြို့နယ်မှဒေသခံပြည်သူတစ်ဦးက ”မြစ်ချောင်းများသည် အနာဂတ်မျိုးဆက်သစ်များအတွက်  ထိန်းသိမ်းစောင့်ရှောက်ရမည့် ကျွန်ုပ်တို့၏အသက်သွေးကြောဖြစ်သည်”ဟုပြောဆိုခဲ့သည်။

ယခင်နှစ်စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ စစ်ကောင်စီသည်နိုင်ငံတ၀န်းလုံးတွင် အရပ်သား များကို ရက်စက်စွာ နှိမ်နင်းဖိနှိပ်ခဲ့ရာ ပြည်သူ ၁၆၀၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ၁၂၀၀၀ ကျော် ဖမ်းဆီး ခံထားရသည်။ပြီးခဲ့သောအပတ်များတွင် အရပ်သားပြည်သူများကိုသေကြေပျက်စီးစေနိုင်သော လေ ကြောင်း တိုက်ခိုက်မှုများများပြားလာပြီး ထိုကဲ့သို့တိုက်ခိုက်သည့်ဒေသများထဲတွင်ကရင်ပြည်နယ် သံ လွင် မြစ်၀ှမ်း ဒေသလဲပါ၀င်သည်။

စစ်အစိုးရ၏ရက်စက်ယုတ်မာမှုများကို တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတကာကုမ္ပဏီ အချို့ တို့ သည် ရင်းနှီးမြုပ်နှံမှုများကိုရပ်ဆိုင်းခဲ့ရာ ၂၀၂၁ခုနစ် မတ်လ ၌ ရွှေ လီ ၃ ရေကာတာစီမံကိန်းတွင် ရင်းနှီး မြုပ်နှံမှုများကိုရပ်တန့်ခဲ့ သောပြင်သစ်အစိုးရပိုင် EDF လဲပါ၀င်သည်။

သို.သော်လည်း ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်သော Razel-Bec သည် ရှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်ပေါ်ရှိ အငြင်းပွားဖွယ်ရာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို တိုက်ပွဲများနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ရမှုများကြားတွင် ဆက်လက်တည်ဆောက်လျက်ရှိသည်။ Razel-Bec သည် အဆိုပါ စီမံကိန်းကို စစ်အစိုးရနှင့်ပတ်သက်နေသဖြင့်လွန်ခဲ့သည့်လက ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့ ထား သော IGE Group လက်အောက်ခံ IPG နှင့်ဖက်ဆက်လုပ်ကိုင်နေသည်။

ကွန်ဟိန်းဒေသခံပြည်သူများမှသံလွင်ရေကာတာကိုကန့်ခြင်း

နော်၀ေးကုမ္ပဏီ Scatec သည်လည်းမကြာသေးမီကမ ပဋိပက္ခဒဏ်ခံနေရသော နမ္မတူ မြစ်၀ှမ်း ပေါ်ရှိ အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည့် ရည်ရွယ်ချက် ကိုထုတ်ဖော် ခဲ့သည်။

“နိုင်ငံတကာကုမ္ပဏီများတွေအနေနဲ့ ရေကာတာစီမံကိန်းတွေကနေ အမြန်စွာနှုတ်ထွက်ဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်“ ဟု သီပေါဒေသမှ ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်သည့် စိုင်းခမ်းဟန်ကပြောသည်။ “ရေကာတာ စီမံကိန်းများသည် စစ်အုပ်စု၏ ၀င်ငွေ အကျိုးအမြတ်ကိုသာ တိုးပွားစေပြီ အပြစ်မဲ့ ပြည် သူများကို ဖိနှိပ် သတ်ဖြတ်ရန် လောင်စာ များ ဖြစ်သည်”။

ဆက်သွယ်ရန်:

စိုင်းဟော်ရှဲန်-             +66: 9-4728-6696       (ရှမ်း၊ အင်္ဂလိပ်)

နန်းဟွမ်-                   +66: 6-1545-0655       (ထိုင်း)

စိုင်းစင်-                    +66: 6-2569-5220      (မြန်မာ)

PDF Files:Shan Burmese English Thai 

 

ထုတ်ပြန်ချက်