ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့တွင် စစ်ထောက်လှမ်းရေးမှ မှားယွင်းမှုကြောင့်ဟုဆိုကာ စစ်ရှောင်ဒုက္ခ သည် တောင်သူလယ်သမားတစ်ဦးအား နှိပ်စက်သတ်ဖြတ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့တွင် စစ်ထောက်လှမ်းရေးမှ မှားယွင်းမှုကြောင့်ဟုဆိုကာ စစ်ရှောင်ဒုက္ခ သည် တောင်သူလယ်သမားတစ်ဦးအား နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် ၂၀၂၂ ခုနစ် ဖေဖော်၀ါရီလ ၃ ရက်နေ့၌ အသက် ၄၄ နှစ်အရွယ် စစ်ရှောင် ဒုက္ခသည် တစ်ဦးဖြစ်သူ စိုင်းထွန်း၀င်းအား စစ်ထောက်လှမ်းရေးအရာရှိများမှ နှိပ်စက်သတ်ဖြတ် မှုဖြစ် ပွားခဲ့သည်။

စိုင်းထွန်း၀င်းသည် ကျောက်မဲမြို့၏မြောက်ဘက် ကီလိုမီတာ ၄၀ ခန့်ကွာ၀ေးသော တော့ဆန်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည်။ ၎င်းနေထိုင်ရာကျေးရွာတွင်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ၂၀၂၁ မတ်လ ကတည်းက ကျောက်မဲမြို့ရပ်ကွက် ၉ ရှိ ၎င်းညီ၏အိမ်သို့ရွေ့ပြောင်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး ထိုအိမ်၀င်းအတွင်းတဲထိုးနေ ထိုင်ခဲ့ သည်။

ဖေဖော်၀ါရီလ ၃ ရက်နေ့မနက် ၁နာရီခန့်တွင် အရပ်၀တ်၀တ်ဆင်ထားသော စစ်ထောက်လှမ်းရေး အရာ ရှိနှင့်အဖွဲ့၀င် ၁၆ ဦးသည် စိုင်းထွန်း၀င်းညီ၏နေအိမ်သို့ရောက်ရှိလာခဲ့သည်။၎င်းတို့သည် ၀င်းတံခါးသော့ကိုရိုက် ချိုးကာ ခြံစည်းရိုးကိုဖျက်စီးထုရိုက်ပြီး ခြံ၀င်းထဲသို့အတင်းအဓမ္မ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် စိုင်း သိန်း၀င်း ၏တဲနှင်. သူ့ညီ၏အိမ်အတွင်းသို့၀င်ရောက်ခဲ့သည်။ စိုင်းထွန်း၀င်းသည်မုဆိုးဖိုတစ်ဦးဖြစ်ကာ ၎င်း ၏သား မှာ လည်း အခြားနေရာတွင်နေထိုင်သောကြောင့် တစ်ဦးတည်းနေထိုင်ကာ ၎င်း၏ခန္ဓာကိုယ် မသန်စွမ်း သောညီမှာ သူ့ဇနီးနှင့်အတူအိမ်အတွင်းနေထိုင်သည်။

စစ်သားများမှ ၎င်းတို့သည်စရဖများဖြစ်ကျပြီး မူးယစ်ဆေးသတင်းရသဖြင့် လာရောက်ရှာ ဖွေခြင်း ဖြစ်ကြောင်း ပြောသည်။ ပြီးနောက်စိုင်းထွန်း၀င်းအားလက်ထိပ်ခတ်ကာ စောင်ဖြင့်ခေါင်းကိုအုပ်ပြီး ရိုက်နှက်ကန် ကျောက်ပါသည်။ စိုင်းထွန်း၀င်းညီနှင့် ခယ်မဖြစ်သူအားလည်း ရိုက်နှက်နှိပ်ကန်ကျောက်ပြီး အိမ်အတွင်းနေရာ အနှံ့ရှာဖွေခဲ့ပါသည်။ စစ်သားများသည် သူ့ခယ်မအား ဆံပင်ဆွဲကာ ခန္ဓာကိုယ်တွင်ရှာဖွေပြီး ပိုက်ဆံနှင့် တန်ဖိုး ရှိပစ္စည်းများဖြစ်သည့် ကျောက်နီနှင်.ရွေတို့ဖြင့်ပြုလုပ်ထားသောနားကပ်ကိုနားမှအဓမ္မဖြုတ်ယူ ခြင်း၊ အတွင်း ခံ အိပ်ကပ်ထဲမှငွေသား ၃ သောင်းအား ယူဆောင်သွားခြင်းများပြုလုပ်ခဲ့ပါသည်။

ထို့နောက် ၎င်းတို့သည် စိုင်းထွန်း၀င်းအားနေအိမ်အပြင်ဘက်သို့ဆွဲခေါ်သွားကာကားပေါ်တင်ပြီး မောင်း မထွက် သွားခင်အချိန်အထိ ထပ်မံရိုက်နှက်ခဲ့ကြသည်။

နာရီ၀က်အကြာတွင် အခြားစစ်ထောက်လှမ်းရေး ၆ ဦးထပ်မံရောက်လာပြီး အိမ်တွင်ထပ်မံရှာ ဖွေပါသည်။ ထိုအချိန်တွင်မူ ၎င်းတို့ကစိုင်းထွန်း၀င်းအား ပစ္စတိုသေနတ်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ (PDF)နှင့်ပတ် သက်သည်ဟု ထပ်မံစွပ်စွဲပါသည်။၎င်းတို့မှာမည်သည့်သေနတ် ကိုမှရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ဆန်၊ ဆီ၊ အ၀တ်အထည်များနှင့် စောင်များကိုသိမ်းဆည်းကာထွက်ခွာသွား ခဲ့ပါသည်။

နောက်ထပ်နာရီ၀က်အကြာတွင်နောက်ထပ် စရဖ ၃ ဦးရောက်လာပြီး အိမ်ကိုလာရောက်စစ်ဆေးပြီးနောက်ပြန်ထွက်သွားခဲ့သည်။

နောက်တနေ့မနက် ၈နာရီတွင် စိုင်းထွန်း၀င်း၏ ဆွေမျိုးအချို့က ကျောက်မဲမြို့ရဲစခန်းသို့သွားရောက်ကာ ၎င်းအားရှာဖွေခဲ့သော်လည်း တာ၀န်ကျရဲအရာရှိက ၎င်းမှာထိုနေရာတွင်မရှိကြောင်းပြောပါသည်။

နေ့လည် ၂ နာရီခန့်တွင် စိုင်းထွန်း၀င်းသတင်းအားစုံစမ်းရန် ဆွေမျိုးများမှ ရပ်ကွက် ၉ အုပ်ချုပ်ရေးမှူးရုံးမှ အတွင်းရေးမှူးအားသွားရောက်တွေ့ဆုံခဲ့သည်။ ထိုအတွင်းရေးမှူးမှစိုင်းထွန်း၀င်းကိုဆေးရုံတွင်ခေါ်ဆောင်ထား ရှိပြီး မှားယွင်းဖမ်းဆီးမိခြင်းဖြစ်ကြောင်းပြောပါသည်။ ၎င်းမှစိုင်းထွန်း၀င်းအားငွေကြေးတစုံတရာ လျော်ပေးမည်ဖြစ် ကြောင်းသို့သော်လည်းစိုင်းထွန်း၀င်းမှာဆိုင်ကယ်မတော်တဆမှုကြောင့်ဒဏ်ရာရသည်ဟူ၍ စာချုပ်တွင် လက်မှတ် ထိုးပေးရမည်ဖြစ်ကြောင်း ခယ်မဖြစ်သူအား လက်မှတ်ထိုးပေးရန်မေးမြန်းခဲ့ပါသည်။ သူမမှ လက်မှတ်ထိုး ရန်ငြင်း ဆန်ခဲ့ပြီး ဆွေမျိုးများမှဆေးရုံသို့လိုက်သွားခဲ့သည်။

စိုင်းထွန်းဝင်း

ဆွေမျိုးများကျောက်မဲဆေးရုံသို့ရောက်သွားသည့် အချိန် တွင်စိုင်း ထွန်း၀င်း၏ဆေးရုံခန်းအပြင်ဘက်တွင် လက်နက်ကိုင် ထားသည့်စစ် သား ဆယ်ဦးခန့် စောင့်ကြပ်နေသည် ကိုတွေ့ကြ ရသည်။ ၎င်းမှာကုတင်ပေါ်တွင် သတိလစ်နေပြီး ပါးစပ်မှသွေး များ ထွက်ကာ ခေါင်းတွင်ဒဏ်ရာ များရရှိ ထားသည်။ ထိုအချိန်ထိ၎င်း ၏ဘယ်ဘက်လက်အားလက်ထိပ်ခတ် ထားဆဲ ဖြစ်သည်။

စိုင်းထွန်း၀င်းမှာ ည၈ နာရီတွင် ကွယ်လွန်သွားခဲ့သည်။ နောက်တစ်နေ့မနက်တွင်၎င်း၏ဆွေမျိုးများမှ ဆေးရုံအား အလောင်းကိုရင်ခွဲစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ထိုစစ်ဆေးချက်တွင် အရိုးများကျိုးနေသည်ကို တွေ့ရပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများလဲထိခိုက်ထားသည်ဟု သိရသည်။ ထို့နောက် ဖေဖော်၀ါရီလ ၅ ရက်နေ့ နေ့လည် ၂နာရီတွင် သင်္ဂြိုလ်ခဲ့သည်။

စစ်ကောင်စီတပ်မှ စိုင်းထွန်း၀င်းမိသားစုအားမည်သည့်ထောက်ပံ့ကြေးမှပေးအပ်ခြင်းမရှိပါ။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်   +66: 88 680 4913                    (ရှမ်း၊ မြန်မာ)

PDF files: English Burmese Shan

ထုတ်ပြန်ချက်