မိုင်းကိုင်မြို့နယ်ရှိကျောက်မီးသွေးကိုဆက်လက်တူးဖော်ခြင်းသည်ရှမ်းပြည်နယ်တောင်ပိုင်း၏ရေအရင်းအမြစ်အပေါ်ဆိုးကျိုးများသက်ရောက်စေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှနောက်ဆုံးရသတင်းစာအမှတ်( ၄/၁၇ )

မေလ၂၅ရက်နေ့၂၀၁၇ခု

မိုင်းကိုင်မြို့နယ်ရှိကျောက်မီးသွေးကိုဆက်လက်တူးဖော်ခြင်းသည်ရှမ်းပြည်နယ်တောင်ပိုင်း၏ရေအရင်းအမြစ်အပေါ်ဆိုးကျိုးများသက်ရောက်စေ

ပြည်သူလူထုတွေဆန္ဒပြနေသည့်ကြားကမိုင်းကိုင်မြို့နယ်ရှိကျောက်မီးသွေးကိုကုမ္ပဏီနှစ်ခုဆက်လက်တူးဖော်ဖို့ဆုံးဖြတ်ချက်ချခြင်းသည်ထောင်ချီသောလယ်သမားများမှီခိုအားထားနေရသောရှမ်းပြည်နယ်တောင်ပိုင်းရှိနမ့်တိန်းမြစ်ဖြားကိုဖျက်ဆီးရာရောက်သည်။

ပြည့်အောင်ဟိန်းနှင့်ဟိန်းမေတ္တာကုမ္ပဏီနှစ်ခုကို 2014 ခုနှစ်တွင်နေပြည်တော်မှ  မိုင်းကိုင်မြို့အရှေ့တောင်ဖက်၂မိုင်အကွာမှာကျောက်မီးတွေးတူးဖော်ခွင့်နေရာပေးထားခဲ့ခြင်းဖြစ်သည်။ကျောက်မီးတွေးတူးဖော်သည့်နေရာသည်နမ့်တိန်းမြစ်ဖျားအနီးတွင်ဖြစ်ပြီးအဆိုပါမြစ်သည်မိုင်းကိုင်မြို့နယ်မှလဲချား၊နမ့်စန်၊ကျိုင်းတောင်း၊လင်းခေးမြို့နယ်တို့ကိုဖြတ်သန်းစီးဆင်းသွားပြီးသံလွင်မြစ်ထဲသို့စီးဝင်သည်။

အရေးပါသောမြစ်ချောင်းကိုထိခိုက်မည်ဆိုသောကြောင့်မိုင်းကိုင်မြို့ဒေသခံများက  ကျောက်မီးသွေးတူးမည့်အစီအစဉ်အစကတည်းကဆန့်ကျင်လာခဲ့ခြင်းဖြစ်ပါသည်။ကျောက်မီးသွေးတူးဖော်နေသည့်ကုမ္ပဏီ၊ RCSS/SSA ၊သစ်တောဦးစီးဌာန၊ရဲနှင့်မိုင်းကိုင်မြို့ရှိတပ်ရင်းတို့ထံစာရေးတင်ပြခြင်းဖြင့်ကျောက်မီးသွေးတူးဖော်ခြင်းရပ်တန့်ဖို့နိုးဆော်ခဲ့သည်။ သို့သော်၂၀၁၅ဒီဇင်ဘာလတွင်အဆိုပါကုမ္ပဏီနှစ်ခုသည်နေပြည်တော်မှ၅နှစ်တာတူးဖော်ခွင့်ဧက၂၀၀ချပေးခဲ့သည်။၂၀၁၇ဇန်နဝါရီမှစတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။

ကျောက်မီးသွေးတူးဖော်သည့်နေရာသည်သစ်တောထူထပ်သောတောတောင်နှင့်နမ့်ဟွေသိမ်၊နမ့်ဟွေမာ၊နမ့်ကုန်းလွန်းစသောစမ်းချောင်းတို့သည်နမ့်ခီစန်ချောင်းထံစီးဝင်ပြီးနမ်းတိန်းဆီသို့စီးဆင်းသည်။အဆိုပါနမ့်ခီစန်ချောင်းတစ်လျောက်နှင့်အနီးနားရှိတောင်ကုန်းများပေါ်တွင်ဒေသခံများ၏စပါးများ၊ပြောင်းဖူး၊မြေပဲ၊ဖရဲသီးနှင့်နာနတ်သီးစိုက်ခင်းများစွာရှိသည်။နာနတ်သီးစိုက်ခင်းမှတစ်ဆင့်အိမ်ထောင်စုတစ်စုလျှင်၁၅သိန်းခန့်ကိုနှစ်စဉ်ရရှိနေသည်။

ကျောက်မီးသွေးတူးဖော်နေသည့်ထင်းရှုးတောသည်ဒေသခံများဆွေစဉ်မျိုးဆက်သွားလာရှာဖွေစားသောက်ကာထိန်းသိမ်းစောင့်ရှောက်နေသည့်တောတောင်ဖြစ်သည်။ထိုထင်းရှုးတောတွင်တောဟင်းသီးဟင်းရွက်နှင့်မှိုများစွာရှိသည်။သစ်ကိုင်းခြောက်များကိုယူဆောင်ခြင်းသာခွင့်ပြုပြီးသစ်ပင်ခုတ်ခြင်းကိုတားမြစ်ထားသည်။သို့သော်ယခုနှစ်ဖေဖော်ဝါရီလအတွင်းကုမ္ပဏီသည်၆.၆ဧကခန့်ကိုခုတ်ဖြတ်ပြီးသူတို့အလုပ်သမားများနေထိုင်ရန်အသုံးပြုသည်။လက်ကျန်ကိုဒေသခံထံဈေးပေါပေါဖြင့်ပြန်ရောင်းခဲ့သေးသည်။

တန်ချိန်ထောင်ချီသောကျောက်မီးသွေးများကိုတူးဖော်လျက်ရှိပြီးသတ္တုတွင်းနေရာမှာတင်စုပုံထားရာနမ့်ခီစန်ချောင်းထဲသို့စီးဝင်မည့်ရေချောင်းကိုုပိတ်ဆို့စေခဲ့သည်။မိုးရွာသည့်ချိန်တွင်ထိုစွန့်ပစ်မြေစာများကိုမိုးရေတိုက်စားလာပြီးတောင်သူလယ်သမားများ၏လယ်ယာမြေနှင့်ကောက်ပဲသီးနှံစိုက်ပျိုးနေသောမြေနေရာများထိခိုက်လာလိမ့်မည်ကိုစိုးရိမ်နေကြသည်။

မိုင်းကိုင်မြို့နယ်ရပ်ကွက်၇မှလယ်သမားက “ကျောက်မီးသွေးကနေထွက်လာတဲ့မြေစာပုံတွေကဒီနမ့်ဟွေသိမ်ချောင်းဘေးစီးပုံထားတယ်။ပြီးတော့ချောင်းဘေးမှာလဲသူတို့စွန့်ပစ်ပစ္စည်းတွေပုံထားတယ်။ဒါတွေကကျွန်တော်တို့လယ်တွေဆီထိခိုက်လာမည့်ဆိုးကျိုးဖြစ်စေတယ်။ပြီးတော့ဒီလယ်မှာလုပ်ကိုင်လာတာဆွေစင်မျိုးဆက်၅ဆက်ရှိပြီ” ဟုပြောပါသည်။ကျောက်မီးသွေးတူးဖော်နေသည့်နေရာအနီးတွင်အောက်ပါရွာမှလယ်သမားများ၏လယ်ယာများရှိရာဖြစ်သည်။ဖောင်းမိန်း (အိမ်ထောင်စု၅၀)၊မက်လန်း(အိမ်ထောင်စု၄၀)၊ဝမ်ဒီး(အိမ်ထောင်စု၄၀)၊ကုန်းဆုံ (အိမ်ထောင်စု၂၀)၊ဝိန်းငင်း(အိမ်ထောင်စု၇၀) လွယ်ရှို့(အိမ်ထောင်စု၄၀)၊လွယ်ပူတောက်(အိမ်ထောင်စု၈၀)၊ကွန်ပန် (အိမ်ထောင်စု၅၀)နှင့်ဝမ်ကွေ့ (အိမ်ထောင်စု၃၀) တို့ဖြစ်သည်။အများစုမှာ၁၉၉၆-၇တွင်အစိုးရစစ်တပ်ကရှမ်းစစ်သားတွေကိုရိက္ခာဖြတ်လိုသည့်အနေဖြင့်မိုင်းကိုင်မြို့ရပ်ကွက်၇ကိုအတင်းအကျပ်ရွှေ့ပြောင်းစေခဲ့သည်။မိုင်းကိုင်မြို့သို့ပြောင်းရွှေ့လာရသော်လည်းမူလလယ်ယာဖြစ်သည့်ယခုကျောက်မီးသွေးလုပ်ငန်းခွင်နှင့်နီးသောနေရာမှာသာလုပ်ကိုင်ခဲ့ကြသည်။ဒေသခံများကကျောက်မီးသွေးအညစ်အကြေးများကြောင့်မြစ်ချောင်းများညစ်ညမ်းသွားသည့်အပြင်နမ့်တိန်းချာင်းအတွင်းရှိငါးများနှင့်အခြားရေနေသတ္တဝါများပျောက်ကွယ်သွားမှာကိုလည်းစိုးရိမ်နေသည်။ဒေသခံများဝမ်းစာအတွက်ဤချောင်းမှတစ်ဆင့်ရရှိခြင်းဖြစ်သည်။

နမ့်တိန်းချောင်း

ကျောက်မီးသွေးများကိုတင်ပို့သွားလာခြင်းမရှိသေးသော်လည်းအစီးရေ၁၀၀ကျော်သော၁၀ဘီးကားများရွာထဲသို့ဖြတ်သန်းသွားလာ၍လေထုညစ်ညမ်းခြင်း၊လမ်းများပျက်စီးခြင်း၊လမ်းလုံခြုံမှုမရှိခြင်းတို့ဖြစ်မှာကိုစိုးရိမ်နေကြသည်။ကျောက်မီးသွေးများကိုဘယ်နေရာသို့သယ်ယူပို့ဆောင်မည်ကိုအတိအကျမသိသေးသော်လဲရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးနှင့်ကျောက်မဲဘက်သို့ပို့မည်ဟုကောလဟာလထွက်ပေါ်နေသည်။

လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုုင်ရာအကျိုးသက်ရောက်မှုအပေါ်စိုးရိမ်သောကြောင့်ဒေသခံရပ်ရွာလူထုခေါင်းဆောင်ကဦးဆောင်၍သတ္ထုတူးဖော်ရေးကုမ္ပဏီကိုဧပြီလ၁၁၊၂၀၁၇တွင်အကြီးအကျယ်ဆန္ဒပြရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ဆန္ဒပြမည့်ရက်မတိုင်ခင်တွင်ဆန္ဒပြမည်ကိုလော်စပီကာမှတစ်ဆင့်နိူးဆော်ခဲ့ပြီးလက်ကမ်းစာဆောင်များကိုလည်းမိုင်းကိုင်မြို့ရပ်ကွက်၇၊ဝမ်ယတ်၊ကတ်ဖွီး၊ဝိန်ငင်းလမ်းတစ်လျောက်တွင်လည်းဝေခဲ့သည်။

ဧပြီလ၁၁၊၂၀၁၇တွင်ဒေသခံရွာသူရွာသား၊ဘုန်းကြီး၊ဒေသခံအာဏာပိုင်နှင့်လုင်းစိုင်းလုင် SNLD လွတ်တော်ကိုယ်စားလှယ်အမတ်တို့ပါဝင်သောလူအင်အား၄၀၀၀ခန့်ဖြင့်ဆန္ဒပြသည်။မိုင်းကိုင်မြို့ရှိမွေတော်စေတီတော်ကျောင်းတွင်ဦးစွာစုစည်းပြီးကျောက်မီးသွေးလုပ်ငန်းခွင်နှင့်နီးသောဝမ်လွယ်ရှို့၊ဝမ်ယတ်မြောက်ဘက်ရှိနတ်နန်းဆီသို့ဦးတည်ခဲ့သည်။ထိုနတ်နန်းတွင်ဒေသခံများ၏ဆန့်ကျင်မှုကိုမနားထောင်သောသူတို့ကိုကျိန်ဆဲသည့်အခမ်းအနားကျင်းပခဲ့သည်။ပြီးတော့ကျောင်းမီးသွေးလုပ်ငန်းခွင်သို့ဦးတည်ခဲ့သည်။ဆန္ဒပြပွဲဦးဆောင်သူကအကြမ်းမဖက်ပဲဆန္ဒပြဖို့သတိပေးထားသော်လဲထိုလုပ်ငန်းခွင်သို့ရောက်သွားသည်နှင့်အချို့သောဆန္ဒပြသူများကကုမ္ပဏီပိုင်ကားများကိုရိုက်ခွဲဖျက်စီးခြင်းများပြုလုပ်ခဲ့သည်။

နောက်နှစ်ရက်အကြာဧပြီလ၁၃၊မွန်းလွဲ၅:၃၀တွင်ပြည့်အောင်ဟိန်းနှင့်ဟိန်းမေတ္တာမှကိုယ်စားလှယ်နှစ်ယောက် ( နန်းဟန်နှင့်လုင်းထွန်း) တို့သည်ဒေသခံအယောက်၅၀၊ဘုန်းကြီး၊လုင်းစိုင်းလုင်၊ရပ်ကွက်၃ဥက္ကဌ၊ရွာသူကြီးနှင့်လုင်းတေဝိင်တို့သည်မိုင်းကိုင်မြို့ရပ်ကွက်၄ရှိပန်ကတ်တွင်အစည်းအဝေးပြုလုပ်ခဲ့ပါသည်။အစည်းအဝေးအရတစ်လအတွင်းမေလ၁၃၊၂၀၁၇တွင်ကျောက်မီးသွေးတူးဖော်မှုရပ်ဆိုင်းမည်ဟု  ကတိပေးခဲ့သည်သို့သော်ကုမ္ပဏီသည်ဒေသခံထံပေးထားသောကတိကိုချိုးဖောက်ခဲ့သည်။မထွက်ခွာသည့်အပြင်ခြံစည်းရိုးခတ်ခြင်း၊စစ်ဆေးရေးဂိတ်များထားရှိခြင်းများပြုလုပ်ပြီးဆက်လက်တူးဖော်ကာနမ့်ခီစန်ရဲ့ရေဝေကုန်းတန်းကိုဖျက်စီးနေသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်သည်ပြည်သူလူထူဒီလောက်ထိဆန္ဒပြသည့်ကြားကဆက်လက်တူးဖော်နေသောကုမ္ပဏီသည်  ပြည်သူလူထုကိုအရေးမလုပ်သည်သာမကသဘာဝပတ်ဝန်းကျင်ကိုဂရုမစိုက်သောကြောင့်ကျနုပ်တို့ရှုတ်ချသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကကျောက်မီးသွေးတူးဖော်သည့်စီမံကိန်းကိုချက်ချင်းရပ်ရန်တောင်းဆိုသည်။ပဋိပက္ခတွေကိုစေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့်ဖက်ဒရယ်စနစ်အရတိုင်းရင်းသားဒေသများ၌သဘာဝသယံဇာတများအားကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ထိန်းသိမ်းပိုင်ခွင့်မရှိသည့်ကာလတွင်သဘာဝသယံဇာတများထုတ်ယူခြင်းအားလုံးကိုဆိုင်းငံ့ထားရန်ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင်မှတောင်းဆိုသည်။

 

ဆက်သွယ်ရန်လိပ်စာ

စိုင်းဟော်ရှဲန်             +၆၆(ဝ) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း၊အင်္ဂလိပ်)

စိုင်းကွန်းလောဝ်း        +၆၆(ဝ) ၆၅-၀၂၆-၆၁၀၄ ( ဗမာ၊အင်္ဂလိပ်)

နန်းလွန့်လှိုင်း            +၆၆(ဝ) ၉၃-၂၉၇-၇၇၅၄ ( ဗမာ၊အင်္ဂလိပ်)

 

pdf files>>Shan Burmese English

ထုတ်ပြန်ချက်