ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တအာန်းကျေးရွာကို ဗမာအစိုးရစစ်တပ်မှမီးရှိူ့၊ လယ်သမားတဦးကို စစ်တပ်ကအတင်းအဓမ္မလမ်း ပြအဖြစ်စေခိုင်းပြီးတိုက်ပွဲတွင် ပစ်သတ်
နိုဝင်ဘာလ အလယ်ပိုင်း၂၀၁၅ ခုနှစ်တွင် ဗမာအစိုးရစစ်သားမှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်းရှိ နမ္မတူမြို့နယ်၊တအာန်းရွာ အတွင်းရှိ အိမ်ခြေပေါင်း တစ်ဝက်နီးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အားထောက်ပံ့သည် ဟုဆိုကာ မီးရှိူ့ဖျက်ဆီးသည်။ စစ်ပြေးဒုက္ခသည် တစ်ဦးဖြစ်သောလယ်သမား တစ်ယောက်မှာ ဗမာစစ်အစိုးရစစ်တပ်မှ လမ်းပြပေးခိုင်းပြီး တိုက်ပွဲတွင်ပစ်သတ်ခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် လားရှိုးဘက်မှလာသောစစ်ကြောင်း ဗမာအစိုးရစစ်တပ်မှ တပ်မ (၈၈) စစ်သား (၁၅၀)ခန့်တို့ သည်နမ္မတူ အရှေ့မြောက်ဘက် မိုင် (၃၀) အကွာရှိ ပန်ကန်းရွာသို့ ရောက်လာသည်။ ဗမာအစိုးရစစ်တပ်များသည် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေ တွင်းလာရောက်တိုက်ခိုက်မည်ကို ကြားသိသဖြင့် ထိုရွာတွင်နေထိုင်သူ ဗုဒ္ဓဘာသာ ဘုန်းကြီးမှအပ ရွာသူ ရွာသား (၁၇၀)ကျော် တို့သည် ရွာအနီးရှိ တောတောင် ထဲသို့ ပြေးပုန်း နေကြသည်။
ဗမာအစိုးရစစ်တပ်သားတို့ ရွာအရှေ့ဘက်သို့ရောက်ရှိချိန်တွင် အသက် ၃၇ ရှိ လယ်သမား တစ်ဦး ဖြစ်သူ မိုင်အိုက်လှ ကိုတွေ့သည်။မိုင်အိုက်လှနှင့်သူ၏မိသားစုတို့မှာ ပုန်းရှောင်နေတွေဖြစ်ပြီး ဗမာအစိုးရ စစ်တပ်သားများ သူ၏ရွာကိုမရောက်မှီ သူ၏ လယ်နှင့်ဝက်ကို ပြန်ကြည့်ရှု့ရန်သွားခြင်းဖြစ်သည်။ ဗမာစစ်တပ်ကမိုင်စိုင်းလှကို ဖမ်း၍အတင်းအဓမ္မသူတို့နှင့်အတူလိုက်ပါစေပြီးလမ်းပြအဖြစ်စေခိုင်းခဲ့သည်။
ဗမာအစိုးရစစ်သားတို့သည် ရွာအတွင်းသို့ ရှာဖွေမွေနှောက်ပြီး အနောက်ဘက်သို့ ဦးတည်ထွက်ခဲ့သည်။ညနေပိုင်း (၅) နာရီအချိန်တွင် ရွာအပြင်ဘက်ရှိ သင်္ချိုင်း ကုန်းသို့ရောက်ရှိချိန််တွင် ဗမာစစ်အစိုး ရစစ်တပ်နှင့် တအာန်း ( TNLA )တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ဗမာစစ်အစိုးရစစ်သား များက ရွာကို လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် ပန်ကန်း ရွာမှာ ထိခိုက် ပျက်စီးခဲ့သည်။ ရွာဘုန်းကြီးမှာ ကျောင်းအနီးရှိ တူးထားသည့် ဗုံးခိုကျင်းတွင် နေသဖြင့် ကံကောင်းစွာ ထိခိုက်မှုမရှိခဲ့ပေ။
ပစ်ခတ်မှုငြိမ်သက်ပြီးနောက် ဗမာအစိုးရစစ်သားများသည် ရွာတွင်းနှင့် ရွာအနီးနားတစ်ဝိုက်ပတ်ဝန်းကျင်တို့တွင်နေထိုင်ပြီး ဘုန်းကြီးကျောင်းအနီးရှိ ဗမာစစ်စခန်း ဟောင်းနားတွင်နေ နေကြသည်။နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗမာအစိုးရစစ်သားများသည် ရွာတွင်းရှိအိမ်များကို စတင်မီးရှိူ့သည်။ဗမာအစိုးရစစ်သားက တအာန်း (TNLA) အား အားပေးထောက်ခံသူ ရွာသား တွေကိုအပြစ်ပေးခြင်း ဖြစ်သည်ဟုရွာ ဘုန်းကြီးအားပြောသည်။ဗမာအစိုးရစစ်သားအား ဘုန်းကြီး ကရွာတွင်းရှိ အိမ်ကို မီးမရှိူ့ရန်တောင်းပန်သည်။ထိုနေ့တွင်ရွာတွင်းရှိ (၃၅) အနက်(၁၄)အိမ်ကို မီးရှိူ့ရာ လုံးစံ ခေါ်ရွာသူကြီးအိမ်နှင့်အတူဆန်နှင့်ပြောင်းဖူး သိုလှောင်ခန်း၊မော်တော်ဆိုင်ကယ်(၆)စီးတို့ပါ ပါသွားသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ရွာအနီးတွင် ဗမာစစ်အစိုးရစစ်တပ်နှင့် တအာန်း(TNLA) တို့ အပြင်း အထန်ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်။
အဆိုပါ ဗမာအစိုးရစစ်တပ်က ရွာထဲတွင် နိုဝင်ဘာ ၂၉ ရက်နေ့အထိ နှစ်ပတ် နေခဲ့ သည်။ ဗမာအစိုးရစစ်တပ်တို့ထွက်သွားသောနံက် ၄ နာရီအချိန်ခန့်တွင် ရွာတွင်းရှိ ဆန်အများ ဆုံးသိုလှောင်ထားရှိ သည့် အခြားအိမ်ကို ထပ်မံ ၍မီးရှိူ့ပြန်သည်။
ထိုအချိန်တွင် ရွာသူ၊ရွာသားများ သူတို့၏ ပန်ကန်းရွာကိုမပြန်ရဲ တော့ပေ။ ဒီဇင်ဘာလ ၄ ရက်ကျမှသာ ရွာသားအချို့မှာ သူတို့ရွာထဲတွင် စစ်သားတွေ မရှိတော့ကြောင်းသေချာမှ သူတို့၏ ပိုင်ဆိုင်ရာပစ္စည်း မည်မျှကျန်သည်ကို ပြန်ကြည့်ရန်ရွာသို့ပြန်ခဲ့သည်။ ရွာအပြင်ဘက်ရှိ သင်္ချိုင်းကုန်း နားတွင် သေနတ်ကျည်ဆန်ဒဏ်ရာနှင့် သေဆုံးနေသော မိုင်အိုက်လှ အလောင်းနှင့်သူ၏ အနီးနား တွင် ဗမာစစ်အစိုးရစစ်သား အလောင်း(၄) ခု တို့ ကို ရွာသားတို့တွေ့ကြရသည်။ မိုင်အိုက်လှသည် နိုဝင်ဘာလ ၁၃ ရက်နေ့ ၎င်းနေရာ၌ တိုက်ပွဲဖြစ်ချိန်တွင်အသတ်ခံခဲ့ရသည်ဟု ရွာသားများက ယူဆသည်။သူ၏အလောင်းကို ရွာသားတို့ကမီးသင်္ဂြိလ်ခဲ့ကြသည်။
ဗမာအစိုးရစစ်သားများ ပန်ကန်းရွာမှ ထွက်ခွာသွားပြီဆိုသော်လည်း ရွာသူ၊သားများ မှာ ဤ နိမိတ်မကောင်းသောရွာထံသို့ မပြန်ချင်ပဲရှိနေကြသည်။ထိုကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ ရွာသူ၊သား တို့သည် တမိုင်ခန့် ဝေးသည့် နေရာသစ်တွင် ရွာသစ် ပြန်လည်တည်ဆောက်ကြသည်။
မိုင်အိုက်လှ၏ ဇနီးသည် နှင့် (၃) နှစ်သား သားတစ်ယောက်နှင့် (၁) နှစ်အရွယ်သမီးတစ် ယောက်တို့ကျန်ရစ်ခဲ့သည်။
အရပ်သား ဖြစ်သော သေဆုံးသူ မိုင်အိုက်လှကို ဗမာအစိုးရစစ်တပ်က သူတို့၏ စစ်ကြောင်း လမ်းပြ အဖြစ်၎င်း၊ ပေါ်တာ အဖြစ်၎င်း၊အကာအကွယ်အဖြစ်၎င်း အတင်း အဓမ္မခိုင်းစေခြင်းလုပ်ရပ်တို့၏ တိုက်ရိုက်အကျိုးဆက်ပင််ဖြစ်သည်။ထိုကြောင့် ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှဗမာအစိုးရစစ်တပ်က ဤသို့သော လုပ်ရပ်ကို ချက်ချင်း ရပ်ရန် တောင်းဆိုလိုက်ပြီး တိုင်းရင်းသား များနေထိုင်ရာ ဒေသများ အတွင်း မြေလှန် မီးရှို့တိုက်ခိုက်သည့် ဗမာ အစိုးရ၏နည်းဗျူဟာ ကိုပါချက်ချင်း ရပ်ရန် တောင်းဆို လိုက်သည်။
နိုဝင်ဘာလအလယ်ပိုင်း၂၀၁၅ခုနှစ်မှစ၍နမ္မတူမြို့နယ်ပန်ကန်းရွာတွင်းမှ မိသားစုများမှ ထွက်ပြေးတိမ်းရှောင်သူ ဇယား
မှတ်ချက်။ရွာအတွင်းအိမ်ခြေပေါင်း(၃၅)အိမ်မှ(၃၃)အိမ်ခန့်၏သတင်းအချက်အလက်ကိုသာပါဝင်တင်ပြထား ဗမာအစိုးရစစ်သားများရွာတွင်းရှိ ရွာသူကြီးအိမ် လုံးစံအိမ်ကိုမီးရှိူ့ဖျက်ဆီး
သတင်းအသေးစိတ်အချက်လက်သိလိုပါကဆက်သွယ်ရန်။
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း/ အင်္ဂလိပ်)
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ/ အင်္ဂလိပ်)