ရှမ်းလူ့အခွင့် အရေးဏ္ဍိုင်မှ ထုတ်ပြန်ကြေငြာချက်
၂၀၁၄ ခုနှစ်ဇွန်လိုင်၁၀ ရက်
မြန်မာအစိုးရမှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ငြိမ်းချမ်းရေး လက်နက်ကိုင် အင်အားဦးတည်သည့်စစ်ဆင်ရေး သစ်ပြုလုပ်နေခြင်းကို ရပ်ရန်
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ဇွန်လမှစ ၍ ငြိမ်းချမ်းရေးလက်နက်ကိုင် အင်အားစုတစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) သို့ (SSA-N ရှမ်းပြည်မြောက်ပိုင်းတပ်မတော်)
အားဦးတည်သည့်စစ်ဆင်ရေးပြုလုပ်ရာ တပ်ရင်း ၁၀ ရင်းမှစစ်အင်အားပေါင်း ၂၀၀၀ ကျော်ခန့်ကို မြန်မာ စစ်တပ်မှ ကျေးသီးမြို ့နယ်နှင့် မိုင်းရှုးုမြို ့နယ်များအတွင်း တပ်ဖြန့် ချထားလျက်ရှိသည်။ ယင်းစစ်ဆင်ရေးကြောင့် ရာနှင့်ချီသည့် ဒေသခံ ပြည်သူလူထုများသည် အခွင့်အရေးချိ်ုးဖောက်ခံ ရမှုများ ဖြင့်ကြုံတွေ့နေရသည်။
ပထမဦးဆုံးသော တိုက်ခိုက်မှုမှာ ကျောက်တူးဖော်ရာနေရာ အနီးရှိရှမ်းပြည်နယ်မြောက်ပိုင်းတပ်မတော် တပ်စွဲရာစခန်းဆီ်သို့ ဦးတည်ပြီးမြန်မာစစ်တပ်မှ ရာချီသည့် စစ်အင်အား ဖြင့်ချီတက်စဉ်က ဖြစ်ပြီး၊ တိုက်ပွဲမှာ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှ ၁၄ ရက်ထိ မိုင်းရှူးမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ လူနေရွာအတွင်းစခန်းချ တပ်စွဲကာရွာထဲမှနေ၍ မော်တာသေနတ်များဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ရွာနေဒေသခံပြည်သူလူများ၏ အသက်အိုးအိမ်များအားအန္တရယ် တွင်းထဲကျရောက်စေ ခဲ့သည်။ ထိုမျှမကစစ်တပ်မှ ဒေသခံ ရွာသားများအားစစ်ပွဲအတွင်းလမ်းပြ အဖြစ်လုပ်ဆောင်ခိုင်းခြင်းနှင့် တပ်သားများအတွက် ကားမောင်းခို်င်းခြင်းစသည်တို့ကို အဓမ္မခိုင်းစေခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်မှ စစ်ကားထရပ်ကားအစီး၅၀စာစစ်အင်အားနှင့်၊ လက်နက်များနှင့် ကျည်များအားမန္တလေးမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ဒေသအတွင်းသို့ တပ်ဖြည့်ခဲ့သည်။ ဇွန်လ ၂၆ ရက် နေ့တွင် မြန်မာစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတပ်မတော် (SSA-N) ဌာန ချုပ်၏အနောက်မြောက် ဘက် ၂၀ ကီလိုမီတာ အကွာရိှ SSA-N ၏တပ်စခန်းအား အမြောက်လက်နက်များဖြင့်ပစ်ခတ်ခဲ့သည်။ ယင်းနောက် ရက်အနည်းငယ်ခန့် ကြာသည်အထိ ပြည်သူလူထု များထူတပ်စွာ နေသည့်နေရာများ အတွင်းမော်တာလက်နက်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုချိန်မှစ၍ မြန််မာစစ်တပ်တပ်ရင်း ၇ ရင်းမှစစ်အင်အား ၈၀၀ ကျော်ခန့် တို့မှာ လူနေရွာများအတွင်းစခန်းချ တပ်စွဲထားခဲ့သည်။ ရွာနေပြည်သူလူထု များ၏သွားလာရေးနှင့် စားနပ်ရိက္ခာများ ဆန်များအားရွာအတွင်းအပြင်သယ်ယူ ပို့ဆောင်ခြင်း စသည်တို့ကို တားမြစ်ထားသည်။ ထို့အပြင် ့မြန်မာတပ်သားများသည် ရွာသားများ၏လယ်ယာများ အတွင်းကင်းလှည့်ခြင်း၊ ရွာသားများ၏စိုက်ပျိုးပင်များ ခြံစည်းရိုးများအားဖျက်စီးပစ်ခြင်းနှင့် ရွာသားပိုင်ဥစ္စာပစ္စည်းများ လုယူခြင်းစသည် တို့ကို ပြုလုပ်လျက်ရိှသည်။ ဤကဲ့သို့လုပ်ဆောင်ရခြင်းကြောင့် ဒေသခံရွာသားပေါင်း ၂၀၀ ခန့်တို့မှာ ၎င်းတို့၏ နေအိ်မ်များမှ တိမ်းရှောင်ကာဒေသ အတွင်းရှိ ဘုန်းကြီးကျောင်း အတွင်းခိုလုံနေ ကြရသည်။
ပြီးခဲ့သည့်ဇွန်လို်င်လ ၂ ရက်နေ့တွင် မြန်မာစစ်တပ်မှ အနီးတစ်ဝိုုက် ရှိတပ်ရင်းများမှ စစ်ကား ၁၈ စီးစာစစ်အင်အား ကိုတိုက်ပွဲ ဖြစ်ပွားရာနေရာအတွင်းဖြည့်စွက် ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အနီးမန်ကတ်ရွာအတွင်းမြန်မာစစ်တပ်မှ လက်နက်ကြီးစစ်သင်တန်းကျောင်းအသစ်တည်ဆောက်ရန် စစ်တန်းလျား များဆောက်လုပ် ရာတွင် လိုအပ်သည်များအတွက် ဒေသခံရွာနေပြည်သူလူထု များအား မြန်မာစစ်တပ်မှ ဝါးချောင်း ၁၀၀၀၀ ခန့်ခုတ်ပေးရန်ခိုင်းစေခဲ့သည်။ ယင်းသို့ စစ်သင်တန်းစခန်းများ ဆောက်လုပ်နေခြင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်ကိုဦးတည်တိုက်ခိုက်ရန်အတွက် အဓိက ထားပြင်ဆင်နေခြင်းဖြစ်သည် ဟုယင်းဒေသ အတွင်းရှိမြန်မာ စစ်တပ်အာဏာပိုင်တစ်ဦးမှ ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာ အစိုးရမှ ပဋ္ဋိပက္ခ များပြဿနာများအား ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဂတိကဝတ် ပြုပြောဆိုနေသော်လည်း ယင်းကဲ့သို့ ပြောဆိုနေခြင်း နှင့် ဆန့်ကျင်သည့်လုပ်ရပ်များ ဖြစ်သည့်စစ်စခန်းများအားတိုးချဲ ့ ဆောက်လုပ်ခြင်း၊ စစ်တပ်အင်အားများတို့ချဲ ့ ဖြည့်စွက်နေခြင်း စသည်တို့ကို မြန်မာ စစ်တပ်မှပြုလုပ်နေခြင်းအပေါ် ကျွနု်ပ်တို့ ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ လွန်စွာစိုးရိမ် ပူပန်လျက်ရှိသည်။
ဤကဲ့သို့ သောစစ်ဆင်ရေးများပြုလုပ်နေခြင်း၏ မြင်သာလာသောရည်ရွယ်ချက်တစ်ရပ်မှာယင်း ဒေသ အတွင်းပေါကြွယ်ဝ သည့်သဘာဝ သယံဇာတ အရင်းအမြစ်များအား ( ရေအားလျပ်စစ် ထုတ်လွှတ်နိူင်မှု အရင်းအမြစ် အပါအဝင်) ထုတ်ယူမှုရင်းနှီးမြှပ်နှံမှု များ အားလုပ်ဆောင်ရန် အစိုးရမှ ထိန်းချုပ်လိုသော ကြောင့် ယင်းဒေသတွင်းရှိ လက်နက်ကိုင် အင်အားစု များအားရှင်းလင်းပစ်လိုခြင်းဖြစ်သည်။ ဤကဲ့သို့သောလက်ရှိ တွင်ပဋိပက္ခဖြစ်ပွားနေချိန် သဘာဝ သယံဇာတ အရင်းအမြစ်ခွဲဝေ မှုပြဿနာများ ကိုနိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်နေမှု အားလျစ်လျူရှုကာ၊ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံလျှပ်စစ်စွမ်းအင် ဝန်ကြီးနှင့် Hydrochina Corporation တို့မှ တန့်ယန်း မြို ့ အနီးပဋိပက္ခ ဖြစ်ပွားရာဒေသတွင်းသံလွင်မြစ်ပေါ်ရှိ နောင်ဖာရေကာတာဆောက်လုပ်ရေး စီမံကိန်းအားပြန်လည်အကောင်အထည် ဖော်ရန်နားလည်မှုသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းစီမံကိန်းအား ကန်ထရိုက် စွဲထားသည့်ပြည်တွင်းကုမၸဏီမှ စစ်ဝန်ထမ်းဟောင်းဖြစ် သူ ၂၀၁၂ ခုနှစ်တွင်းရှမ်းပြည်နယ် မြောက်ပိုင်းတပ်မတော်အား အပစ်ခတ်ရပ်ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ် အသစ်ပြန်လည်ရေးထိုး ရန်စားပွဲ အနေဖြင့် ဖော်ဆောင်ခဲ့သူဦးအောင်သောင်း ၏ မိသားစုပိုင်ဆိုင်သည့် International Group Of Entrepreneurs ( IGE ) ဖြစ်သည်။
စစ်မှန်သောငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျွနု်ပ်တို့ ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ မြန်မာ အစိုးရထံ ယခုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်အားပစ်မှတ််ထားကာ စစ်ဆင်ရေးများပြုလုပ်နေခြင်းကို ရပ်ဆိုင်းရန်၊ စစ်လေ့ကျင့်ရေးစခန်း အသစ်ဆောက်လုပ်နေခြင်းကို လည်းရပ်ဆိုင်းရန်နှင့် လက်ရှိတွင် ဒေသအတွင်းတိုးချဲ ့ထားသော ၎င်းတို့၏စစ်တပ်များအားပြန်လည်ရုပ်သိမ်း ဆုတ်ခွာပေးရန်ပြင်းထန်စွာတိုက်တွန်းတောင်းဆိုလိုက်ပါသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ မြန်မာအစိုးရနှင့်တကွ တရုတ်နှင့် ထိုင်းရင်းနှီးမြှပ်နှံသူ ကုမၸဏီများအားလုံး အပါအဝင် ပဋိပက္ခ များကိုပိုမိုတောက်လောင်စေသည့်သံလွင်မြစ်ပေါ်ရေကာတာ စီမံကိန်းများ အားလုံး ကိုချက်ချင်းရပ်ဆိုင်းပေးရန်အတွက် ကိုလည်တောင်းဆိုလိုက်ပါသည်။
ဖြည့်စွက်ချက်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၄ ခုနှစ်ဇွန်လိုင်လ အစပိုင်းအထိ စစ်ဆင်ရေးပြုလုပ်နေသည့် အချိန်ကာလ အတောအတွင်းမြန်မာစစ်တပ်မှ လူ့အခွင့်အရေးခိျုးဖောက်မှု ပြုလုပ်ခဲ့သည်များအကျဉ်းချုပ်
ရက်စွဲ | ချိုးဖောက်မှု | နေရာ | အသေးစိပ် |
၂၀၁၄ ခုနှစ်ဇွန်လ ၁၂ ရက်နေ့ | ရွာသားအားစစ်တပ်များအတွက်
လမ်းပြအဖြစ် အဓမ္မခိုင်းစေခြင်း |
မိုင်းရှူးမြို ့နယ်၊ ကိန်လိန်ရွာ | မြန်မာစစ်တပ်တပ်ရင်း ၁၄၉ မှ ကိန်းလိန်ရွာသားတစ်ဦး ဖြစ်သူအိုက်ကမ်အား၎င်း တို့ကို ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ( SSA-N ) တပ်စခန်းရှိရာ လွယ်ဆိုင်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် အဓမ္မ ခိုင်းစေခဲ့သည်။ |
၂၀၁၄ ခုနှစ်ဇွန်လ ၁၄ ရက်နေ့ | ရွာသားတစ်ဦးအား မြန်မာစစ်တပ်သားများကို စစ်မြေပြင်အတွင်းသို့ကားမောင်းပို့ဆောင်ရန် အဓမ္မ ခိုင်းစေခြင်း | မိုင်းရှူးမြို ့နယ်၊ ဝမ်နမ့်တောင်ရွာ | မြန်မာစစ်တပ််တပ်ရင်း ၁၄၉ ဝမ်နမ့်တောင်ရွာသားဖြစ်သူ လုံးစင်းဆန်းအား SSA ကိုတိုက်ခိုက်ရန်အတွက် ၎င်းရွာသား၏ ကိုယ်ပိုင် ကုန်တင်ထော်လာဂျီ ကြီးအားမြန်မာစစ်တပ်တပ်သားများကိုအတင်းအဓမ္မတင်ဆောင်ခိုင်းတင်ဆောင်ခိုင်းကာကိုယ်တိုုင်မောင်း နှင်စေခဲ့သည်။ ယင်းသိုု့ မောင်းနှင်နေစဉ်စစ်ယာဉ် တန်းမှ တိုက်ခိုက်မှုခံရ ချိန်တွင် လုံးစင်းဆန်းမှာ ၎င်းကိုယ်ပိုင်ထော်လာဂျီအားပစ် ထားပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ |
၂၀၁၄ခုနှစ် ဇွန်လ ၁၄ ရက်နေ့ | မော်တာလက်နက်ဖြင့် ရွာသားများနေထိုင်သည့် နေရာများ အတွင်းပစ်ခတ်ခြင်း | မိုင်းရှူးမြို ့နယ်၊ ဝမ်နမ့်တောင်ရွာ | မြန်မာစစ်တပ်တပ်ရင်း ၁၄၉ သည်ဝမ်နမ့် တောင်ရွာအတွင်း မှ နေ၍မော်တာလက်နက် များဖြင့်ပစ်ခတ်ခဲ့သည်။ ယင်းသို့ ပစ်ခတ် ရာမော်တာ လက်နက် များဖြင့်ပစ်ခတ်ခဲ့သည်။ ယင်းသို့ပစ်ခတ်ရာမော်တာ ကျည်များမှာ ရွာများနှင့် အလွန်နီး ကပ်လှသည့် နေရာများသို့ ကျရောက်ကာ ရွာသားလုံးဆန်းဂျာ ပိုင်ဆိုင်သည့် လယ်ကွက်အပါ အဝင် ဒေသခံရွာသားများပိုင်လယ်ယာမြေ များအားထိကာ ပျက်ဆီးစေခဲ့သည်။ |
၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ | မော်တာလက်နက်များ ဖြင့်ရွာသားများနေထိုင်သည့် နေရာများ အတွင်းသို့ ပစ်ခတ်ခြင်း | ကျေးသီးမြို ့နယ်၊ ဝမ်ဝပ်ရွာ | မြန်မာစစ်တပ်တပ်ရင်း ၂၄၇ သည်ဝမ်ဝပ် ရွာအတွင်းမှနေ၍ မော်တာလက်နက်များဖြင့်ပစ်ခတ်ခဲ့သည်။ |
၂၀၁၄ ခုနှစ်ဇွန်လ ၂၆ ရက်နေ့မှ ဇွန်လိုင်လ အစောပိုင်း အထိ | ရွာသားများ၏ သွားလာရေးနှင့် စားနပ်ရိက္ခာ များဆန်များ အားရွာအတွင်းအပြင် သယ်ယူပို့ဆောင်ခြင်းများကို တားမြစ်ပိတ်ပင်ထား ခြင်း၊ စိုက်ပျိုးပင်များနှင့် ခြံစည်ရိုးများအားဖျက်ဆီး ပစ်ခြင်း၊ ရွာသားပိုင်ဥစ္စာပစ္စည်း များအားလုယူုခြင်း။ | ကျေးသီးမြို ့နယ်အတွင်းရှိသည့် ရွာများဖြစ်သော ပန်ကျယ်ရွာ၊ လွယ်ရွဲရွာ၊ ဝမ်ဝပ်ရွာ၊ ဖာဆောင်ရွာနှင့် ကောင်းလန်းရွာ | မြန်မာစစ်တပ်တပ်ရင်း ၅၁၆၊ ၂၄၇၊ ၂၄၈၊ ၂၉၄၊ ၂၈၇၊ ၉၊ ၁၂ မှ စစ်အင်အား ၈၀၀ ကျော်ခန့်တို့သည် ကျေးသီမြို ့နယ် အတွင်းရှိ ယင်းရွာများအတွင်း တွင် စခန်းချ နေရာယူထားကြသည်။ ၎င်းမြန်မာစစ်တပ် တို့မှ ရွာသားများအားတစ်အိမ်နှင့်တစ်အိမ်လည် ပတ်ခြင်းဝင်ထွက်သွားလာခြင်းနှင့် ရွာတွင်းရွာပြင်စားနှပ်ရိက္ခာများ သယ်ဆောင်ခြင်းများအားပိတ်ပင် တားမြစ် ထားခဲ့သည်။ ထို့အပြင် ယင်းတပ်သားများမှာ ရွာသားများ၏လယ်ကွက်များ ယာကွက်များ အားဖြတ်နှင်းကာ စစ်ကင်းလှည့်ခြင်း၊ ရွာသားများ၏ သီးနှံ စို်က်ပျိုးပင်များ နှင့် ခြံစည်းရိုးများအားဖျက်ဆီး ပစ်ခြင်း၊ ရွာသားပိုင်ပစ္စည်းဥစ္စာများအားလုယူ ခြင်းစားသောက်ခြင်းများကိုပြုလုပ်ခဲ့သည်။ |
၂၀၁၄ ခု နှစ်ဇွန်လ နှောင်းပိုင်းမှ ဇွန်လ အစောပိုင်း အထိ | ရွာစာသင်ကျောင်းအတွင်း စစ်စခန်းချ ထားခြင်း | ကျေးသီးမြို ့နယ်၊ ဝမ်ဝပ်ရွာ | မြန်မာစစ်တပ်များမှ ဝမ်ဝပ်ရွာအတွင်း ရှိစာ သင်ကျောင်းအတွင်းစစ်စခန်းလာရောက်ချထားခြင်းကြောင့်၊ရွာတွင်းရိှကျောင်းနေသည့် ကလေးပေါင်း ၁၂၅ယောက်မှာကျောင်းသို့ မသွားနိုင်ဖြစ်ခဲ့သည်။ |
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ | လက်နက်ကြီးစစ်သင်တန်းကျောင်းအသစ်ဆောက်လုပ်ရန် အတွက်ရွာသားများ အားဝါးများခုတ်ခိုင်းခြင်း | တန့်ယန်းမြို ့နယ်၊ မန်ကတ်ကျေးရွာအုပ်စု | မန်ကတ်ကျေးရွာအုပ်စုအတွင်းရှိ ဖာပိန်းရွာ နှင့်တန့်ယန်းမြို ့နယ်ကြားစစ်လေ့ကျင့်ရေးတပ်စခန်းတည်ဆောက်ရန် အတွက်မြန်မာစစ်တပ် တပ်ရင်းမှူးတစ်ဦးမှ မန်ကတ် ကျေးရွာအုပ်စု သို့လာရောက်ပြီး၊ နားဟုတ်ရွာနှင့် ခိုယောင်းရွာမှ ရွာသားများအားဝါချောင်း ၁၀၀၀၀ ခန့်ကိုစုဆောင်းထားပေးရန် အမိန့်ပေးခဲ့သည်။ |
၂၀၁၄ ဇွန်လ ၂၆ ရက်နေ့မှစ၍ မြန်မာစစ်တပ်တပ် သားများကြောင့် ၎င်းတို့၏ ဥစ္စာပစ္စည်းများပျက်စီးဆုံးရှံူးသွား သောဝမ်ဝပ်ကျေးရွာအုပ်စုရှိ ဝမ်ဖာဆောင်ရွာအတွင်းနေထိုင်သည်ရွာသားများ၏ စားရင်း
စဉ် | အမည် | ပျက်စီးဆုံးရှူံး | သွားသော၊ | လုယက်ခံ | ရသည်.ဥစ္စာ | ပစ္စည်းများ |
ကြက်ကောင်ရေ | ပြောင်းဖူးခြံ | မြေပဲခြံ | စပါးကွက် | အခြား | ||
၁ | အိုက်မွန် | ၃ | ||||
၂ | လုံးစောလုံ | ၆ | ၆ | |||
၃ | လုံးထွန်း | ၅ | ၅ | |||
၄ | လုံးကောင် | ၁ | ||||
၅ | အိုက်ပီးနှင့်အေးညွန့် | ၄ | ၂ | |||
၆ | စိုင်းသား | ၆ | ၃ | |||
၇ | ပူယွန်း | ၃ | ||||
၈ | ဆန်အော | ၃ | ||||
၉ | ကောလင် | ၆ | ||||
၁၀ | စောသား | ၃ | ||||
၁၁ | စောအွန် | ၁၀ | ||||
၁၂ | ဆန်ညွန့် | ၂ | ၄ | |||
၁၃ | ဆန်အွန်း | ၆ | ၁ | |||
၁၄ | နာလင် | ၆ | ၄ | |||
၁၅ | လုံးလိှုင်နှင့်ပါနန်း | ၃ | ၂ | |||
၁၆ | ပါအင် | ၄ | ၂ | |||
၁၇ | နန်ဒါ | ၄ | ||||
၁၈ | လုံးယွန်း | ၄ | ||||
၁၉ | လုံးကျော်လိှုင် | ၃ | ||||
၂၀ | လုံးအောင်ယန်း | ၁၀ | ||||
၂၁ | ကျော်လူ | ၂ | ||||
၂၂ | အေးဝါ | ၂ | ||||
၂၃ | စိုင်းကမ် | ၁ | ||||
၂၄ | ကောကော် | ၃ | ||||
၂၅ | စိုင်းမှုး | ၆ | ||||
၂၆ | ပါခမ်းလီ | ၁၀ | ||||
၂၇ | ပါနွန်း | ၁၀ | ||||
၂၈ | မီးလင် | ၃ | ||||
၂၉ | စံသိန်း | ၆ | ဆိုလာပြား | |||
၃၀ | နိုင်းနု | ၄ | ||||
၃၁ | စောဂ | ၂ | ||||
စုစုပေါင်း | ၂၉ | ၁၀၆ | ၂၆ | ၁၃ | ဆိုလာပြား ၃ ချပ် | |
စုစုပေါင်းဧက | ၁၄၁.၃၃ | ၃၄.၆ | ၁၇.၂ |
ဝမ်ဖာဆောင်ရွာမှ IDP စစ်ပြေးဒုက္ခသည်အမျိုးသမီးအားမေးမြန်ချက်။
“ အခုဆိုရင် ကျွန်မတို့ရဲ ့မြေပဲခြံရောပြောင်းဖူးခြံတွေ ရောဘာမှမကျန်တော့ဘူး။ မြန်မာစစ်သားတွေက ကျွန်မတို့ ခြံစည်းရိုးတွေကိုဖျက်ဆီးပြီးခြံထဲက စိုက်ပျိုးပင်တွေ အပေါ်ဒီတိုင်း တက်နင်းသွားကြတယ်။ ကျွန်မရဲ ့ပြောင်းဖူးနဲ့မြေပဲပင်တွေ ဆိုရင်ပွင့်စပဲရှိသေးတယ်။ အခုတော့ ကျွန်မတို့ အဓိက မှီခိုအားထားစရာ စိုက်ပျိုးခြံတွေ အကုန်လုံးပျက်ဆီးကုန်ပြီ။ ကျွန်မလည်း ဘာဆက်လုပ်ရမယ် မသိတော့ဘူး။ ပြီးတော့ ဗမာစစ်သားတွေက ရွာသားတွေရဲ့ ကြက်တွေကိုလဲဒီတိုင်းဘဲသတ်စားကြတယ်။ ကျွန်မတို့ လည်းလဆုတ်ရက် ( ၂၀၁၄ ခုဇွန်လ ၁၆ ရက်နေ့ ) ကတည်းကထွက်ပြေးလာခဲ့တာဘဲ”။
PDF File >>>