ကမ္ဘာ့ကပ်ရောဂါ Covid-19 ဆိုက်ရောက်နေချိန် အစိုးရတပ်များ လားရှိုးအရှေ့တွင် စစ်ရေးအရှိန်မြှင့်၊ လယ် သမားအား ညှဥ်းပမ်းနှိပ်စက် သတ်ဖြတ်၊ ရွာသားများ အတင်းအဓမ္မခိုင်းစေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

မေလ ၁၁ ရက်၊ ၂၀၂၀ ခုနှစ်

ကမ္ဘာ့ကပ်ရောဂါ Covid-19 ဆိုက်ရောက်နေချိန် အစိုးရတပ်များ လားရှိုးအရှေ့တွင် စစ်ရေးအရှိန်မြှင့်၊ လယ် သမားအား ညှဥ်းပမ်းနှိပ်စက် သတ်ဖြတ်၊ ရွာသားများ အတင်းအဓမ္မခိုင်းစေ

 

Covid-19 (ကိုဗစ်-၁၉) ကမ္ဘာ့ကပ်ရောဂါ မြန်မာပြည်တဝှမ်း စတင်ဆိုက်ရောက်ချိန်မှာ အစိုးရတပ် မတော် သည် ရှမ်းပြည်မြောက်ပိုင်း လားရှိုးအရှေ့ဘက်ခြမ်းတွင်တည်ရှိသော တိုင်းရင်းသား တော်လှန်ရေး အင် အားစု များအား စစ်ရေးအရှိန်မြှင့် တိုက်ခိုက်လျက်ရှိပြီး၊ ဧပြီလအတွင်းတွင် လယ်သမားတ ယောက်အား ညှဥ်းပမ်းနှိပ်စက် အသတ်ခံရပြီး၊ ရာပေါင်းများစွာသော ရွာသားများအားလည်း အတင်း အဓမ္မ ခိုင်းစေ ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

မတ်လနောက်ဆုံးပတ်အတွင်း အစိုးရတပ်များသည် ၎င်းတို့ ကျောထောက်နောက်ခံရှိသည့် ကွတ်ခိုင်မြို့ နယ်တွင်လှုပ်ရှားသော ကောင်းခါးပြည်သူ့စစ် စခန်းကို သိမ်းပိုက်ပြီးနောက်၊ ယင်းစခန်းများအား အခိုင် အမာ တပ်စွဲထိန်းချုပ်နိုင်ရန်အတွက် အစိုးရတပ်များက တပ်အင်အားပိုမို ဖြည့်တင်းလျက်ရှိသည်။ အစိုးရ တပ်မ -99 မှ အထူးလေ့ကျင့်ထားသော တပ်သားများအား လားရှိုးအရှေ့ဘက် ကီလိုမီတာ 50 အကွာအ ဝေးရှိ ကချင်ကျေးရွာ ပန်ဟျောင်သို့ စေလွှတ်ပြီး ကောင်းခါးပြည်သူ့စစ်စခန်းကို အခိုင်အမာ ချေကုတ် ယူစေပါသည်။

ဧပြီလ ၂၁ ရက်နေ့ နှင့် ၂၈ ရက်နေ့များတွင် တဖန် အစိုးရ တပ်မ-99 နှင့် ခမရ-365 တို့ ပူးပေါင်း၍ လားရှိုး မြို့နှင့် 60 ကီလိုမီတာခန့် အကွာအဝေးရှိ မိုင်းကျက် မှ မော်တော်ယာဥ် ပိုင်ရှင်များ ၎င်းတို့စစ်သုံး ထောက် ပို့ ပစ္စည်းများ ကောင်းခါးတပ်စခန်း (ပြည်သူ့စစ် စခန်းဟောင်း) သို့ သယ်ဆောင်ပေးရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။

ခုနှစ် 2020 ဖေဖေါ်ဝါရီလ တုန်းကလည်း အစိုးရစစ်တပ်သည် ၎င်းတို့ဗျူဟာစစ်ဌာချုပ်တခု တည် ဆောက်ရန်ဆိုပြီး ရာပေါင်းများစွာသော ရွာသားများအား ဝါးပိုးဝါးများ၊ သစ်များ စုဆောင်းရှာပေးကြရန် အတင်းအကြပ်ခိုင်းစေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အလားတူ ဧပြီလ 8-ရက် နေ့ နှင့် 21-ရက်နေ့များတွင်လည်း အစိုးရတပ်ခမရ-365 သည် ၎င်းတို့တပ်စခန်းသစ် တည်ဆောက် ရန်အတွက် ဝါးပိုးဝါးတိုင် အလုံး-100 ယူဆောင်လာစေရန် မိုင်းကျက်ရွာသားများအား အဓမ္မခိုင်းစေခဲ့သည်။

ဧပြီလ 24-ရက်နေ့တွင် အစိုးရ တပ်မ-99 မှ တပ်သားများသည် လားရှိုး နှင့် 40-ကီလိုမီတာ အကွာရှိသည့် မိုင်းယော် တဝိုက်တွင် တပ်သားများဖြန့်ကျက်လျက်ရှိသည်။ ညီနောင်များမဟာမိတ် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ထိတွေ့ပြီးနောက် ကျွဲနွားများ ကျောင်းရာမှ ပြန်လာသူ ဝမ်ဟိုဆေကျေးရွာသား (သက် ၂၇ ခန့်) နှင့် ရွာ၏အရှေ့တောင်ဘက် 2 ကီလိုမီတာခန့်တွင် တွေ့ရာ သူ့အားဖမ်းဆီးပြီး ရိုက်နှက်ကာ သေနတ် ဖြင့်ပစ်သတ်လိုက်သည်။ သူ့ကို ဧပြီလ 26 ရက်၊ ၎င်း၏ကိုယ် ဘေးပတ်ပတ်လည်တွင် ဒဏ်ရာဒဏ်ချက်များ၊ ဝမ်းဗိုက်တွင်လည်း သေနတ်ဒဏ်ရာများစွာဖြင့် ချောင်းနံဘေးတွင် သေလျက် မိသားစုဝင်များက ရှာတွေ့ခဲ့ သည်။

မိုင်းယော် မှာ 2016 ဇွန်လတုန်းက အစိုးရစစ်တပ်မှ အပြစ်မဲ့ရွာသား (၇) ဦးကို သတ်ဖြတ်ခဲ့သည့်အမှု ဖြစ်ပေါ်ခဲ့သည်။ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ အစိုးရတပ်ခမရ-362 မှ အယောက် 100-ခန့် အင်အားရှိ အစိုးရတပ်သားများရောက်လာပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သော လယ်သမား ၂-ယောက်ကို သေ နတ်ဖြင့်ပစ်သတ်ခြင်း၊ ကျန်သည့် ၅-ယောက်ကိုတော့ ဖမ်းဆီးကာ ပစ်သတ်ပြီး၊ ၃-ယောက်တိုတော့ တော် လှန်ရေး တပ်ဖွဲ့ဝင်များ၏ ယူနီဖေါင်းကိုဝတ်ဆင်ပေးပြီး သူပုန်များဟုဆိုကာ လိမ်လည်ခဲ့သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အနေဖြင့် အစိုးရစစ်တပ်၏ အပြစ်မဲ့ ပြည်သူများအား ဆက်တိုက်နှိပ်စက် ညှဥ်းပမ်းခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ခိုင်းစေမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေခြင်း စသည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ အထူးသဖြင့် Covid-19 လောက်ဒေါင်း၏ဒဏ် အလူး အလဲခံနေရသည့် အချိန်၊ ကမ္ဘာ့ကပ်ရောဂါ ဘေးမှ လွတ်မြောက်နိုင်ရန် ရွာသူရွာသားများက အပြင်းအထန် ရုံးကန်နေရသည့်အချိန်အခါမျိုးမှာ အစိုးရ စစ်တပ်အနေဖြင့် ဒီကပ်ရောဂါ အန္တရာယ်မှ လွန်မြောက် ရန်/ ကာကွယ်ရန် ပြည်သူများကို ပံ့ပိုး အကူအညီ ပေးသင့်သည်။ နိုင်ငံတော်ဘတ်ဂျက် သုံးပြီး၎င်းတို့ စစ်အာ ဏာ တည်မြဲရေးကိုသာ လုပ်ဆောင်မနေသင့်ပါ။

ဧပြီလ 2020 အတွင်း အစိုးရစစ်တပ်မှ လားရှိုးမြို့နယ်တွင် လူ့အခွင့်အရေး ချိုးဖေါက်မှု အသေးစိတ် အစီ အရင်ခံစာ

အစိုးရစစ်တပ် တပ်မ-99 နှင့် ခမရ-365 ပူးပေါင်းတပ်ဖွဲ့ ကျေးရွာသားများပိုင် မော်တော်ယဥ်များအား စစ် တပ်ထောက်ပို့ပစ္စည်းများ သယ်ဆောင်ရန် အတင်းအကြပ် ခိုင်းစေ

ဧပြီလ 21-ရက်၊ 2020 အစိုးရတပ် တပ်မ -၉၉ မှစစ်ကြောင်း မှ တပ်သားအင်အား 200-ခန့်သည် မိုင်းကျက် ကျေးရွာအုပ်စုနေ ရွာသားများပိုင် မော်တော်ယာဥ် ၄-စီးကို မိုင်းကျက်ဘုန်းကြီးကျောင်းရှိရာသို့ မောင်းနှင် စေပြီး စစ်တပ်ထောက်ပို့ပစ္စည်းများ ရောက်လာမည်ကို အဆင်သင့် စောင့်ဆိုင်းရန် စေခိုင်းခြင်းဖြစ်သည်။ ကားပိုင်ရှင်များအားလည်း အနီးအနားရွာမှ ဆွေမျိုးများအိမ်တွင် ညအိပ်ရန် အမိန့်ချမှတ်သည်။ နေ့ပိုင်း တွင်လည်း ၎င်းတို့ စစ်သားများနှင့်အတူ မိုင်းကျက်ဇရပ်တွင် စောင့်ဆိုင်းရသည်။

ဧပြီလ 23-ရက်နေ့တွင် မိုင်းကျက်နှင့် 12-ကီလိုမီတာ ခန့်ဝေးသော ပန်ဟျောင်ကျေးရွာ ကောင်းခါး ပြည်သူ့စစ်စခန်းသို့ စစ်တပ်ပိုင် ထောက်ပို့ပစ္စည်းများ သယ်ဆောင်ပေးရန် ကားပိုင်ရှင်များအား စေခိုင်းခဲ့ သည်။ ပစ္စည်းပို့ပေးပြီးလျှင် ကားသမားတို့ အိမ်ပြန်နိုင်ကြပါသည်။ ၎င်းတို့ အကျိုးဆောင်အတွက် အခ ကြေးငွေ မရပါ၊ ဓာတ်ဆီဖိုးလည်း မပေးပါ။ ကားသမား တယောက်က စက်နှိုးမရ၍ သူ့ကားကို မီးရှို့ပစ် မည် ဟု ကျိန်းဝါးခံရသည်။

ဧပြီလ 28-ရက်နေ့မှာတော့ အစိုးရတပ် တပ်မ-99 လက်အောက်ခံ ခမရ-365 မှ တပ်သားများသည် မိုင်း ကျက်ကျေးရွာ အုပ်စုသို့ ထော်လာ-ဂျီ ၂-စီး ပို့ပေးရန် ညွှန်ကြားလာသည်။ စစ်တပ် ရိက္ခာများအပြင် တပ် သားများကိုလည်း ၎င်းတို့ ပန်ဟျောင်တပ်စခန်းအသစ်ဆီသို့ သယ်ပို့ပေးရသည်။

2020-ခုနှစ် နှစ်ဦးပိုင်းကတည်းက စပြီး မိုင်းကျက်‌ကျေးရွာ ကားပိုင်ရှင်များသည် မကြာခဏဆိုသလို အစိုးရ တပ်သားများ၊ ရိက္ခာများ၊ လက်နက်ခဲယမ်းများ သူတို့လိုအပ်ရာ အရပ်ဘက်ဆီသို့ ပို့ဆောင် ပေး နေခဲ့ရပါသည်။ ဥပမာ — ပန်ဟျောင်အနောက်ဘက် နှင့် မိုင်းယော်၊ ကန်မိန်း မြောက်ဘက်၊ သံလွင် မြစ်ဘေးနားရှိ နမ့်လုတ်ကျေးရွာ အရှေ့ဘက်ခြမ်း၊ တောင်ဘက်ပိုင်းတွင် ဝမ်မတ်ကျေးရွာတို့ ပါဝင်သည်။

အစိုးရစစ်တပ် ခမရ-365 တပ်သားများက ရွာသားများအား ၎င်းတို့ဆောက်လုပ်ဆဲ နည်းဗျူဟာတပ် စခန်းသစ်အတွက် ဝါးပိးဝါးတိုင်များ ပံ့ပိုးပေးရန် အတင်းအကြပ်ခိုင်းစေ

ဧပြီလ 21-ရက်နေ့ အစိုးရတပ် ခမရ-365 မှ တပ်သားများက မိုင်းကျက်ကျေးရွာအုပ်စု ရွာသားများအား ၎င်း တို့ ဆောက်လုပ်ဆဲ နည်းဗျူဟာတပ်စခန်းသစ်အတွက် ဝါးပိုးဝါးတိုင်များ ပံ့ပိုးပေးရန် အတင်းအကြပ် ခိုင်း စေခဲ့သည်။

မိုင်းကျက်ကျေးရွာအုပ်စုမှ ရွာပေါင်း 11 ရွာ ရှိပြီး၊ တရွာလျင် 7-မီတာရှည်လျားသည့် ဝါးပိုးဝါးတိုင် 10-လုံးစီ ယူဆောင်လာရန် ညွှန်ကြားသည်။ ရွာသားများကိုယ်တိုင် ပခုံးထမ်းပြီး ခြေကျင်ခရီးဖြင့် တပ်စခန်းအရောက် ပို့ပေးရပါသည်။

ဧပြီလ 8-ရက်နေ့တုန်းကလည်း ယခုလို ဝါးပိုးဝါးတိုင်များ ပို့ဆောင်ပေးရန် မိုင်းကျက်ကျေးရွာအုပ်စုသို့ တောင်း ဆိုခဲ့ဘူးပြီ။

အစိုးရစစ်တပ်သည် ၎င်းတို့ နည်းဗျူဟာတပ်စခန်းသစ်တည်ဆောက်နေခဲ့ခြင်းဟာ 2019 နှစ်နှောင်းပိုင်း ကတည်းကပင် ဖြစ်သည်။ ‌ဒေသခံ ရွာသားများလည်း အဲ့ဒီအချိန်ကစပြီး ဝါးပိုးဝါးများ အစီးပေါင်းများစွာ ယူဆောင်ပေးနေခဲ့တာ ယနေ့ထိတိုင်ဖြစ်သည်။

တပ်မ-99 နှင့် ခလရ -79 အစိုးရတပ်သားများ လယ်သမားအား ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း

ဧပြီလ 24-ရက်နေ့တွင် တပ်မ-99 မှ တပ်သားများက လားရှိုးမြို့၏ အရှေ့ဘက် မိုင်းယော်ကျေးရွာအုပ်စု ဝမ်မတ်ကျေးရွာ တဝိုက်တွင် တပ်များဖြန့်ကျက်လျက်ရှိရာ ညီနောင်များမဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များတို့ မိုင်းယော်၏ အရှေ့တောင်ဘက် တိုင်းချိုကျေးရွာ နှင့် ပန်နွဲ့ကျေးရွာ အကြားတွင် တိုက်ပွဲ ဖြစ်ခဲ့သည်။ မနက် 6.00 မှ 7.00 နာရီ ခန့်တွင် စစ်တပ်မှ လက်နက်ကြီးများဖြင့် 10-ချက် စတင် ပစ် ခတ် သဖြင့် တိုက်ပွဲများဖြစ်ပွါးခဲ့ရသည်။

တိုက်ပွဲပြီးသည့်နောက် တနေ့တည်းတွင် တပ်မ-99 နှင့် ခလရ-79 (တပ်မ-99 လက်အောက်ခံ) တပ်သား များ က ယင်းတိုက်ပွဲဖြစ်ပွါးရာ နယ်မြေတဝိုက်တွင် ရှာဖွေရေး လုပ်ဆောင်စဥ် ဟိုဆေကျေးရွာ ဘက်သို့‌ ရောက် သွားသည်။ ၎င်းညနေခင်း 5.00 နာရီခန့်တွင် ဟိုဆေကျေးရွာ အလွန် အရှေ့တောင်ဘက် 2-ကီလိုမီတာ အ ကွာတွင် ကျွဲနွားများကျောင်းရာမှ အိမ်အပြန်တွင် အိုက်ဆွေ အမည်ရှိ လယ်သမား တယောက်နှင့် တွေ့ သည်။ စစ်သားများက အိုက်ဆွေကို ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

အိုက်ဆွေ အိမ်ပြန်မရောက်လာသည့်အတွက် ဧပြီ လ 25-ရက်နေ့တွင် ၎င်း၏မိဘများနှင့် ရွာ သား တို့ က စိုး ရိမ်ကြောင်းကြစွာဖြင့် တိုက်ပွဲ ဖြစ် ပွါးရာ တောထဲတဝိုက်တွင် သွားရောက်ရှာ ဖွေသော် လည်း မတွေ့ခဲ့ပါ။

ဧပြီ 26-ရက် နောက်တနေ့ အိုက်ဆွေ မိဘများ နှင့် ရွာသားတို့က ထပ်မံ အရှာထွက်ခဲ့ရာ၊ သူ့ရဲ့ရုပ်အ လောင်းအား ဝမ်ဟိုဆေ၏တောင် ဘက် ချောင်း ငယ်လေး တွင် တဝက်ခန့် မြှုပ် လျက်တွေ့ခဲ့ သည်။ သူ့ရဲ့ ကိုယ်လုံးမှာ ရိုက် နှက် ထားသည့် ဒဏ်ရာဒဏ်ချက်တွေနှင့် ၎င်း ၏ဝမ်းဗိုက် မှာ လည်း သေနတ်ဒဏ်ရာ များရှိ သည်။ အိုက် ဆွေ အား နောက်တနေ့ မနက် 9.00 နာရီတွင် ပြန်လည် မြှုပ်နှံလိုက်သည်။

အိုက်ဆွေ၏အလောင်း

အသက် 27-နှစ်အရွယ် အိုက်ဆွေ၏ မိဘများ မှာ လုံးအိုက်ဆွေ နှင့် ပါဆွေ ဖြစ်ပြီး လားရှိုးမြို့နယ်၊ ဟိုဆေ ကျေးရွာအုပ်စုဝင် ဝမ်ဟိုဆွေ ရွာသူရွာသားများ ဖြစ်ကြသည်။

ဧပြီလ 26 နှင့် 28 ရက်တွေမှာလည်း အိုက်ဆွေ အသတ်ခံရရာ ဒေသတွင် အစိုးရတပ် နှင့် ညီနောင် များ မဟာမိတ်အဖွဲ့တို့ ထပ်မံ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ဧပြီလ 26-ရက်နေ့ မနက် 6.00 – 7.00 နာရီ အကြား ပန်ဝိုး လျန်ကျေးရွာတွင် တကြိမ်၊ မွန်းလွဲပိုင်း 2.00 နာရီ ခန့်တွင် ခိုမုန်းဒေသတွင် တကြိမ်ဖြစ်သည်။ ဧပြီလ 28-ရက်နေ့မှာတော့ ဝမ်မတ်ကျေးရွာအုပ်စုဝင် ကတ်လော့ကျေးရွာအနီး ပန်အုံကျေးရွာတွင် တိုက်ပွဲများ အသီး သီးဖြစ်ပွါးခဲ့သည်။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66 94-728-6696                           (Shan, English)

စိုင်းရွက်လွင်                   +66: 97-173-1530                          (Shan, Burmese)

 

PDF files: >> Shan Burmese English 

ထုတ်ပြန်ချက်