မိုင်းကိုင်မြို့နယ်တွင် တည်ရှိသော အန်စီအေလက်မှတ်ထိုးထားသည့် RCSS တပ်စခန်းများ အစိုးရစစ်တပ်က ထိုးစစ်ဆင်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်၊ ရွာသား၏ပစ္စည်းများလုယူ၊ အတင်းအဓမ္မခိုင်းစေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက်

မတ်လ ၂ရ ရက်၊ ၂၀၂၀ ခုနှစ်

မိုင်းကိုင်မြို့နယ်တွင် တည်ရှိသော အန်စီအေလက်မှတ်ထိုးထားသည့် RCSS တပ်စခန်းများ အစိုးရစစ်တပ်က ထိုးစစ်ဆင်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်၊ ရွာသား၏ပစ္စည်းများလုယူ၊ အတင်းအဓမ္မခိုင်းစေ

ဖေဖော်ဝါရီလ ၂၇ ရက်က စတင်ပြီး အင်အား 1500 ခန့်ရှိ အစိုးစစ်တပ်မှ စုစုပေါင်း ၉ တပ်ရင်း စစ်ကြောင်းများက ရှမ်းပြည် နယ်အလယ်ပိုင်း၊ မိုင်းကိုင်မြို့နယ်တဝိုက်တွင် တည်ရှိသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မ တော် တပ်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပါသည်။ အစိုးရစစ်တပ်က ဦးတည်ရာမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသူရွာသားများ 800 ကျော်က ကြောက်ရွံ့ကာ မိမိအိုးအိမ်များကို စွန့်ခွါထွက်ပြေးခဲ့ရသည်။ လူသူမရှိ တော့တဲ့ ရွာတွေမှာ အစိုးရစစ်သားများက ရွာထဲဝင်ပြီး ပစ္စည်းများ လုယူသွားကြသည်။ ဒါ့အပြင် အစိုးရစစ်တပ်က သူတို့ ရှမ်းပြည်တပ်မတော်ထံမှ သိမ်းပိုက်လိုက်သည့် တောင်ကုန်းမှာ တပ်တည်ဆောက်ရန်အတွက် ကျေးရွာပေါင်း ၁၇ ရွာကို ဝါးပိုးဝါးများ ယူဆောင်လာရန် အတင်းအဓမ္မ ခိုင်းစေခဲ့သည်။

ရရှိသည့် သတင်းရင်းမြစ်အရ အထက်ပါ စစ်ဆင်ရေးသည် အစိုးရစစ်တပ်မှအမြင့်ဆုံး အရာရှိက အမိန့်ပေးခြင်းဖြစ် သည် ဟုဆိုသည်။ စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ရင်းများမှာ ရှမ်းပြည်နယ်ရှိ တိုင်းစစ်ဌာနချုပ် သုံးခုအောက်တွင်ရှိသော တပ် ရင်းများဖြစ်သည်။ ၎င်းတို့မှာ တောင်ကြီးရှိ အရှေ့ပိုင်းတိုင်းဌာနချုပ် အောက်မှ ခမရ 520, 574 နှင့် 575 တို့ဖြစ်ပြီး၊ လားရှိုးရှိ အရှေ့မြောက်တိုင်းဌာနချုပ် အောက်မှ ခမရ 136, 325, နှင့် 33 ဖြစ်ကာ၊ ခိုလမ် ရှိအရှေ့အလယ်ပိုင်း တိုင်းဌာန ချုပ် အောက်မှ ခမရ 246, နှင့် 525 တို့ဖြစ်ကြသည်။

လွိုင်တွန်းတောင်ထိပ်တွင်တည်ရှိသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် တပ်စခန်းသည် စစ်ဆင်ရေးအရ မဟာဗျူဟာ တောင်ကုန်းတခုဖြစ်ပြီး မိုင်းကိုင်၊ ကျေးသီး နှင့် သီပေါ မြို့နယ်များကြားတွင် တည်ရှိသည်။ မနှစ်က 2019 မတ်လ တုန်းကလည်း အစိုးရစစ်တပ်က လွိုင်တွန်း နှင့် 10 ကီလိုမီတာခန့်ကွာဝေးသည့် ပန်ခါးတောင် ကုန်းတွင် တည်ရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် တပ်စခန်းကို သိမ်းပိုက်ရန် တိုက်ခိုက်ဖူးသည်။ ရှမ်းတပ်မတော် နှစ်ဖွဲ့တွင် SSPP/SSA က ပဏာမအပစ်ရပ်စာချုပ် (Bilateral) နှင့် RCSS/SSA က တနိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေးသဘောတူ စာချုပ် (NCA) ကို အစိုးရစစ်တပ်နှင့် ချုပ်ဆိုခဲ့သည့် အဖွဲ့များဖြစ်သည်။

အစိုးရစစ်တပ်၏ လုပ်ရပ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေးစာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ် သလိုငြိမ်းချမ်းရေးကိုမလိုလားခြင်းနှင့် ရိုးသားမှု့မရှိခြင်းတို့ အထင်အရှား ဖော်ပြနေခြင်းပဲဖြစ်သည်။ ရှမ်းပြည်ထဲတွင် ၎င်း တို့စစ်ယန္တရားများ ချဲ့ထွင် တည်ဆောက်ခြင်းသာ ဖြစ်သည်။ ဒါဟာ အစိုးရစစ်တပ် အနေနဲ့ အရှက်တရားကင်းမဲ့တာ၊ ကိုယ်ကျိုးစီးပွါးရှာနေသလိုဖြစ်ပြီး၊ နိုင်ငံတော်အသုံးစရိတ်ကို မလိုအပ်ပဲ အသုံးပြုကာ တမင်တကာစစ်ပွဲများ ဖန်တီးခြင်း သာဖြစ်သည်။ ယခုအချိန်ကာလမျိုးမှာ ကမ္ဘာ့ကပ်ရောဂါဆိုး COVID-19 အလူးအလှဲခံနေရချိန်မျိုးမှာ နိုင်ငံတော်ဘဏ္ဍာ ငွေ ကို အရေးပေါ်လိုအပ်နေသည့် နေရာမှာသာ အသုံးပြုသင့်ပြီး သက်ဆိုင်ရာ ပြည်တွင်းအင်အားစုများနှင့် ပူးပေါင်းဆောင် ရွက်သင့်သည့် အချိန်အခါလည်းဖြစ်ပါသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အနေဖြင့် နိုင်ငံတကာသို့ ပန်ကြားလိုသည်မှာ မြန်မာပြည်နှင့် ပုံမှန် စီးပွါးရေးလုပ်ငန်း များအား လုံး ဆောလျင်စွာ ရပ်ဆိုင်းပါဟု တောင်းဆိုပါသည်။ သံတမန်ရေး ဖိအားပေးမှု နှင့် စီးပွါးရေး ပိတ်ဆို့မှုများ မပြုလုပ်ပါက အစိုးရစစ်တပ် အနေနှင့် စစ်ရေးတိုးချဲ့မှုများ စနစ်တကျလူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေအုံးမှာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေးနှင့်လည်း အလှမ်းဝေးနေအုံးမှာသာဖြစ်သည်။

အစိုးရစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ

ရန်စကျူးကျော်တိုက်ခိုက်မှု၌ အစိုးရစစ်တပ်မှ ဦးတည်ရာမဲ့ ပစ်ခတ်ခြင်းကြောင့် ရွာသူရွာသားများ နေရပ်စွန့်ခွါ

ဖေဖော်ဝါရီ 18 ရက် 2020 ကစတင်ပြီး အစိုးရစစ်က အင်အား 500 ခန့်ရှိ စစ်ကြောင်းများ မိုင်းကိုင်မြို့ကို စစ်သုံးထရပ် ကားများနဲ့ ရောက်လာပါတယ်။

ဖေဖော်ဝါရီ 27 ရက် မနက်ပိုင်းမှာတော့ အစိုးရစစ်တပ်က လွိုင်တွန်းစခန်းကို စတင်တိုက်ခိုက်ပါတယ်။ အနီးအနား တဝိုက် ကျေးရွာမှာ နေထိုင်သူများက ဝေဟင်ပေါ်ပျံသန်းနေတဲ့ ဟယ်လီကော်ပတာရော နှင့်အစိုးရတပ်မှ ပစ်ခတ်သံများကို ပါ အ တိုင်းသားကြားနေရပါတယ်။

နောက် ၃ ရက် အကြာမှာတော့ စစ်ပွဲက လွိုင်တွန်းတင် မကပဲ အနားတဝိုက် ဒေသတွေဖြစ်တဲ့ လွိုင်ဖါပျင်၊ လွိုင်လင် (နန်း ယော်ရွာတောင်ယက်)၊ ပန်ကတ် နှင့် ပန်ပို ရွာကြား၊ လွိုင်ဟွန်း (လွိုင်တောင်ရွာအနီး) တို့မှာပါ တိုက်ပွဲများ ကူးစက်သွား ပါ တယ်။

မတ်လ ၂ ရက်နေ့မှာတော့ ကျေးသီးမြို့နယ် မိုင်းကောင် နှင့် နောင်ဆွန်း ကြားမှာ RCSS/SSA နဲ့ အစိုးရစစ်တပ် တိုက် ပွဲဖြစ်ပွါးပါတယ်။ ဝမ်ချင် ကျေးရွာအုပ်စုမှ ရွာသားများ 276 ယောက်ကျော် မိမိတို့ နေအိမ်များကိုစွန့်ခွါပြီး ဝမ်ချင် ဘုန်း ကြီးကျောင်းမှာ ခိုလှုံပါတယ်။

မတ်လ ၂ ရက် နေ့လည်ပိုင်း 1.50 – 3.30 နာရီကြားမှာတော့ မိုင်းကိုင်မြို့ နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းညောင်-ဖါစားရွာအနီးမှ အစိုးရစစ်တပ် က လက်နက်ကြီးများမော်တာများ၊ စက်သေနတ်များဖြင့် ရွာအနီးတဝိုက် နှင့် ရွာထဲပါ ပစ် ခတ်ခဲ့တယ်။ ၎င်းကျေးရွာနေထိုင်သူများက ကြောက်လှန့်ကြပြီး မိမိနေအိမ်တို့မှ ထွက်ပြေးကာ နီးစပ်ရာဘုန်းကြီး ကျောင်း သို့ ဝင်ရောက် ခိုလှုံ နေကြရပါတယ်။ ပစ်ခတ်မှုကြောင့် အိမ်တချို့နှင့် ရွာစာသင်ကျောင်းတို့ ပျက် စီးစေခဲ့တယ်။

ကုန်းညောင်ဖာဆားရွာအနီး မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သည့် မကွဲဘဲ ကျန်ရစ်နေတဲ့ဗုံး

“ကျွန်နော်တို့ ရွာမှာ ရှမ်းစစ်သားတွေ မရှိပါဘူး။ အစိုးရစစ်သားတွေက သေ နတ် နဲ့ အိမ်တွေကို ရှောက်ရန်း ပစ်တာပါပဲ။ သေနတ်သံတွေ တောက်ရှောက် ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ၁၀ လုံးခန့်ပစ်တယ်။ တချို့ တော့ မကွဲဘူး” လို့ ဖါစားကျေးရွာနေ ရွာသားတယောက်က ပြောပါတယ်။

ဘုန်းကြီးကျောင်းတွင် ခိုလှုံနေတဲ့ ဖါစားရွာသားတယောက် ရွာထဲပြန်လာတော့ ရှမ်းစစ်သားဘယ်မှာရှိလဲ မေးမြန်းခံရတယ်။ သူက မသိကြောင်းဖြေတော့ သူ့လည်ပင်းကို ဓားနဲ့ချိန်ပြီး “ဟို တောင်ပေါ်မှာ ရှမ်းစစ်သားတွေ မရှိဘူးလို့ မင်းတာဝန်ယူ နိုင် သလား” လို့လွိုင်တွန်းကိုလက် ညှိုးထိုးပြီးမေးပါတယ်။

ရွာပေါင်း ၃ ရွာ ကုန်းညောင်-ပါစား၊ ဆမ်ပေါင်၊ ဟိုင်းငင်း မှ စုစုပေါင်း ရွာသား 500 ကျော်တို့က ပစ်သတ်ခံရမှာ ကြောက် လှန့်ပြီး မိမိတို့ အိုးအိမ်၊ အိမ်မွေး တိရစ္ဆာန် နှင့် သီးနှံများ ထားခဲ့ကာ ဟမ်းငိုင်း မြို့တွင်းရှိတဲ့ လွိုင်စက် နှင့် ကုန်း စုံ ဘုန်းကြီး ကျောင်းသို့ သွားရောက်ခိုလှုံ နေကြရတယ်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု၊ လွိုင်စက်ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံရွာသား များခိုလှုံနေပုံ

ပစ္စည်းများ လုယူခြင်း

မတ်လ ၆ ရက်နေ့က ကုန်းညောင် နှင့် ပါစား ကျေးရွာနေ ရွာသားများ က အိမ်ပြန်လာတော့ အစိုးရစစ်သားများက သူတို့အိမ်တွေကို မွှေ နောက် ရှာဖွေပြီး ပစ္စည်းများ ခိုးယူသွားကြောင်း ပြောပါတယ်။

ကျေးရွာကျောင်းဆရာ တယောက်ကလည်း မော်တော်ဆိုင်ကယ် တ စင်း အခိုးခံရကြောင်း၊ နှင့် ၎င်းတို့ရွာသားမိသားစု ၅၁ စု ၏ပိုက်ဆံ နှင့် အခြားတန်ဘိုးရှိပစ္စည်းများ – ရွှေ၊ လက်ပတ်နာရီ၊ လက်ကိုင်ဖုန်း ၊ မြက်ရိတ်စက်၊ လက်ဆွဲလွှ၊ အိမ်မွေးကြက်၊ ဘဲ၊ ဝက် စသည်တို့လည်း ပျောက်ဆုံးကြောင်း။ ဆံစပါး၊ အခြောက်ခံ အစားအစာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စောင်၊ မော်တော်ဆိုင်ကယ် အပါအဝင် ကာလတန်ဘိုး 13,732,000 ကျပ် ရှိသည်။

မြန်မာစစ်တပ်မှ ဖျက်ဆီးလိုက်တဲ့ရွာသားများ၏ အိမ်တံခါး

အသွားအလာ ကန့်သတ်ခြင်း

မတ်လ ၃ ရက် နေ့တွင်လည်း အစိုးရစစ်တပ်က မိုင်းကိုင်ရှိ ပန်ကေတု လမ်းဆုံတွင် ပိတ်ဆို့ စစ်ဆေးမှု လုပ်လိုက်တယ်။ ခရီးသွားများ စစ်ဆေးမေးမြန်းခြင်း၊ မြို့တွင်းသို့ဝင်ရန်ရှိတဲ့ ခရီးသည်များကိုလည်း ကန့်သတ်ခြင်းတို့ ပြုလုပ်တယ်။ ကျေး သီးရှိ အစိုးရစစ်တပ် တပ်ရင်း 131 နှင့် မိုင်းနောင် တပ်ရင်း 9 တို့လည်း ကျေးသီး-မိုင်းနောင် လမ်းမတွင် လမ်းပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ကာ မည်သူ့ကိုမှ သွားလာခွင့်မပေးပါ။

ညနေပိုင်းမှာတော့ ဟမ်းငိုင်းကျေးရွာအုပ်စု ဝမ်ဟိုဖိုင်ရွာဘက်မှာ သေနတ်သံ ကြားရပါတယ်။ နောက်တော့ အစိုးရစစ်တပ် တပ်ရင်း 574 နဲ့ 575 တို့က ကုန်းညောင်ရွာ နဲ့ ဖါစား ရွာသို့ ရောက်လာပြီး တပ်စခန်းတခု တည်ဆောက်ပါတယ်။ ရွာသူ ရွာသားများအားလည်း ရွာဝင်ရွာထွက် မလုပ်ကြရန် ပိတ်လိုက်ပါတယ်။

ရွာသားများပစ်သတ်ခံရခြင်း

မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ကုန်းညောင်-ဖါစား မှ ရွာသားများ ဖြစ်ကြတဲ့ လုံးဆိုင် နဲ့ လုံးထွန်းလ တို့က မနေ့တနေ့ ကထွက်ပြေးရာကနေ သူတို့ မွေးမြူထားတဲ့ ဝက်တွေအစာကျွေးဖို့ ပြန်ရောက်လာပါတယ်။ အစိုးရစစ်တပ် စစ်သားများက မေးမြန်းခြင်းလုံးဝမရှိဘဲသေနတ်နဲ့ ပစ်ပါတယ်။ ကံကောင်းထောက်မစွာပဲ ကျည်ဆံက သူတို့ကို မထိလို့ အသက်ဘေး လွတ် ခဲ့ပါတယ်။

ဝါးပိုးဝါးများ အတင်းအဓမ္မ တောင်းယူခြင်း၊ ရွာသားများပိုင် ကားများဖြင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ခိုင်းခြင်း

မတ်လ ၇ ရက်နေ့တွင် အစိုးရစစ်တပ်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် ထံမှ သိမ်းပိုက် ခဲ့သည့် လွိုင်တွန်း တပ်စခန်းသို့ ဝင်ရောက် အခြေချတယ်။ အစိုးရစစ်တပ်က ဟိုခိုင်းရွာရှိ ရွာသားများအား ၎င်းတို့ကို လုံစံရွာမှာ လာတွေ့ရန် ဆင့်ခေါ်တယ်။ လွိုင်တွန်းရှိ ၎င်းတို့ တပ်စခန်းအသစ် ဆောက်ရန်အတွက် ဝါးပိုးဝါးတိုင်များ ယူ ဆောင် ပေးကြရန် ရွာသားများအားပြောတယ်။

မတ်လ ၁၁ – ၁၂ ရက်နေ့တွေမှာတော့ အဲ့ဒီ စစ်သားတွေက တောင်ပေါ်ကနေ ဆင်းလာပြီး လုံစံရွာသို့ ဦးတည် သွားပါ တယ်။ တောင်ပေါ်သို့ စားနှပ်ရိပ်ခါ နှင့် ပစ္စည်းများ သယ်ဆောင်ရန် သူတို့ကို ထရပ်ကား နှစ်စီး နှင့် မော်တော်ဆိုင်ကယ် ၇ စီး ရှာပေးဖို့ ရွာသားများကို ပြောပါတယ်။ ရွာသားများက အစိုးရစစ်တပ် အတွက် ဒရိုင်ဘာ လုပ်ပေးရသည့်ပြင် လောင်စာဆီ အတွက်လည်း ကိုယ်တိုင်ဝယ်ထည့်ရသေးတယ်။

မတ်လ ၁၃ ရက်နေ့ – အစိုးရစစ်တပ် တပ်သားများက သူတို့ အချိန်မရွေး လိုအပ်သလို သုံးနိုင်ဖို့ ထရပ်ကား ၃ စီး နဲ့ မော် တော်ဆိုင်ကယ် ၇ စီး ရှာပေးရန် လုံစံရွာသားများကို ရွာဘုန်းကြီးကျောင်းမှာ ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့ – လွိုင်တွန်းရှိ အစိုးရစစ်တပ် တပ်စခန်းက ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်းရှိ ရွာ ၁၇ ရွာ မှ ရွာသား များအား ဝါးပိုးဝါးတိုင် အချောင်း 200 ခန့်ထရပ်ကား နှစ်စီးဖြင့် ပို့ဆောင်ပေးရန် အမိန့်ပေးခဲ့တယ်။ ရွာပေါင်း ၁၇ ရွာမှာ – နောင်လိုင် (10 တိုင်)၊ ဟမ်းငိုင်း (5 တိုင်)၊ ကုန်းခမ်း (10 တိုင်)၊ ဖါလန်း (10 တိုင်)၊ ဝမ်ပိတ် (10 တိုင်)၊ ဟိုနောင် (10 တိုင်)၊ နောင်အုံး (15 တိုင်)၊ ဆမ်ပေါင်း (10 တိုင်)၊ နောင်တောင်း (10 တိုင်)၊ ဟိုဖိုင် (20 တိုင်)၊ နားလေ (10 တိုင်)၊ နမ့်အွတ် (20 တိုင်)၊ လွိုင်ဆိုင်း (12 တိုင်)၊ ဝမ်ထမ်း (5 တိုင်)၊ လွိုင်ဆန်း (10 တိုင်)၊ ကုန်းဆန် (10 တိုင်)၊ နှင့် နော်ဆိုင် (5 တိုင်) တို့ဖြစ်ကြသည်။

ဟိုင်းငင်း နဲ့ ကုန်းညောင် ရွာသားများကတော့ ဝါးပိုးဝါးတိုင်များကို ဝမ်လုံစံ သို့ ထရပ်ကားဖြင့်သယ်ဆောင်ပို့ပေးရပါတယ်။

ရွာသားတွေက နွေရာသီချိန်မို့လို့ ဝါးပိုးဝါးတွေက ရှားပါတယ်၊ သူတို့လိုချင်တဲ့ တောင်းတဲ့ အရေအတွက်အတိုင်း ရဖို့တော့ သိပ်မလွယ်ဘူး – လို့ပြောပါတယ်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66 94-728-6696                   (Shan, English)

စိုင်းရွက်လွင်                   +66: 97-173-1530                  (Shan, Burmese)

PDF files: >> Shan| BurmeseEnglish

ထုတ်ပြန်ချက်