ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ နောက်ဆုံးရ သတင်း ( စာအမှတ် ၉၊ ၂၀၁၆)
ဒီဇင်ဘာလ ၆ ရက်နေ့ ၂၀၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရင်ကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်ကလယ်သမား၃ဦးကိုရိုက်နက်၊ တစ်ဦးကိုသေနတ်ဖြင့်ပစ်
၁။အသံကျယ်စွာစကားပြောသည့်အတွက်ရွာသား၃ဦးနှိပ်စက်ခံရ
နိုဝင်ဘာ၁၃ရက်နေ့၂၀၁၆တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရင်ကျေးရွာအုပ်စု အီနိုင်းကျေးရွာ အုပ်စုရှိကုန်းပေါင်းကျေးရွာတွင် အစိုးရတပ်မတော်ခလရ ၁၁၉ ကအသက်၁၆နှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်အပါအဝင်ရွာသား၃ဦးကို ပြင်းထန်စွာ ရိုက်နက်သည်။
နိုဝင်ဘာ၁၁ရက်နေ့၂၀၁၆တွင်မန္တလေးအခြေစိုက်အစိုးရတပ်မတော်တပ်မ ၃၃လက်အောက်ခံ ခလရ ၁၁၉ သည် ဝမ်ဆမ်မိုင်းရွာ မှလားရှိုးမြို့မြောက်ဘက်သို ့စစ်ယာဉ်တန်းဖြင့်ရှေ့တန်းထွက်လာရာအီနိုင်ကျေးရွာတွက် ကာရပ်ပြီး၁၀မိုင်ခန့်ကွာရှိမိုင်းတောင်ဆီလမ်းလျှောက်ကာ ညနေ၆နာရီတွင်ရောက်ရှိလာ သဖြင့်ထိုနေရာ၌ တစ်ညထိအိပ်စက်ခဲ့သည်။နိုဝင်ဘာ၁၂ရက်တွင်ကုန်းပေါင်းကျေးရွာဆီသို့ဆက်လျှောက်ပြီးရွာထဲတွင်တစ်ညနေခဲ့သည်။
နိုဝင်ဘာ၁၃ရက်နေ့တွင် မနက်၈နာရီအချိန် အစိုးရတပ်မတော်တပ်သားတစ်ချို့သည် ရွာတစ်ဝိုက်တွင် လုံခြုံရေးယူရာအိမ်တစ်အိမ်တွင် ရွာသား၃ယောက်စကားပြောနေသည်ကိုကြားသည်။ ရွာသား၃ဦးမှာလုင်းလှဝင်း (အသက်၆၄)၊ စိုင်းညွန့် ( အသက်၂၅ ) နှင် ့စိုင်းထွန်း ( အသက်၁၆ )။ လုင်းလှဝင်းနားလေးသောကြောင့်သူတို့က အော်၍ ပြောသည်။ သူတို့မိုင်းရင်သို ့ခရီးသွားမည့် အကြောင်းသာပြောသည်။ စစ်သားများက ထိုရွာသားများသည် ရှမ်းစစ်သားဆီသို့ အစိုးရစစ်သား၏ လှုပ်ရှားမှုအကြောင်း၊ သူတို့ခရီးသွားရာလမ်းတွင်မြေမြှပ်မိုင်းထောင်နိုင်ရန် သတင်းပို့ဖို့ကြိုးစားနေသည် ဟုစွပ်စွဲပြီး့သူတို့ကို ရိုက်နှက်ပါတော့သည်။ သူတို့သည် ရွာသားများဖြစ်ကြောင်းရွာသူကြီးလာရောက်လက်မှတ်ထိုးပြီးချိန် မှ သာပြန်လည်လွတ်မြောက်သည်။
အရိုက်ခံရသောလယ်သမား၃ဦး၏ အသေးစိတ်အချက်အလက်ကို အောက်ပါအတိုင်းဖော်ပြထားသည်။
စဉ်။ | အမည် | အသက် | ဇာတိရွာ | နှိပ်စက်မှုကြောင့်ရရှိသောဒဏ်ရာ |
၁။ | လုင်းလှဝင်း | ၆၄ | ကုန်းပေါင်းကျေးရွာတွင်လာရောက်အလုပ်လုပ်လျက်ရှိသောနမ္မတူဇာတိ
|
ပါးစပ်တွင်အရိုက်ခံရသောကြောင့်သွားတစ်ချောင်းကျိုးကျရာပါးစပ်ထဲတွင်သွေးများစွာထွက်သည်။ |
၂။ | စိုင်းညွန့် | ၂၅ | လားရှိူးမြို့ရှိပူတာရပ်ကွက်မှကုန်းပေါင်းကျေးရွာသို့ပြောင်းရွေ့လာ | ခေါင်းပိုင်းတွင်ခြေထောက်ဖြင့်အကန်ခံရသောကြောင့်ဘယ်ဘက်နားရွက်မှာအလျားလိုက်ပေါက်ဗြဲ |
၃။ | စိုင်းထွန်း | ၁၆ | ကုန်းပေါင်းရွာ | လက်နောက်ပြန်ချည်နှောင်ခံရပြီးသူ့ခေါင်းသွေးထွက်သည်ထိရိုက်နှက်ခံရသည်။ |
ကုန်းပေါင်းရွာတွင် အိမ်ခြေ ၂၀ကျော်ရှိပြီး ထိုရွာတွင်ကချင်၊ လိစော၊ လားဟူနှင့်ရှမ်းတို့နေထိုင်လျက်ရှိသည်။ကုန်းပေါင်းရွာသည် လားရှိုးမြို့၏အနောက်မြောက်ဘက်မိုင်းယော်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ထိုနေရာတွင်လက်နက်ကိုင်ပေါင်းစုံ၊ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော်( SSPP/SSA )၊ အစိုးရပြည်သူ့စစ် နှင့်အစိုးရတပ်မတော်အပါအဝင်တပ်များ ရှိသည်။
၂။လယ်သမားများအိမ်ပြန်ချိန်တွင်သေနတ်ဖြင့်ပစ်သတ်ခံရ
နိုဝင်ဘာလ၁၆ရက်၂၀၁၆တွင် အစိုးရတပ်မတော်တပ်ရင်း ၆၉ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရင်ကျေးရွာအုပ်စု မိုင်းဘားကျေးရွာအုပ်စုရှိ ဝမ်စတ်ကျေးရွာအိမ်သို့ပြန်လာသော အသက်၄၀ရှိလယ်သမားတစ်ဦးကို သေနတ်ဖြင့်ပစ်သည်။
ထိုနေ့တွင် အစိုးရတပ်မတော်တပ်ရင်း ၆၉ ဖြစ်သည် ့တပ်သားအယောက်၅၀ယောက်သည် သိန္ပီမြို့မှမိုင်းပိုင်းသို့လာပြီး ဝမ်ကျက်ကျေးရွာရှိ တပ်စခန်းတွင်နေသည်။
မွန်းလွှဲပိုင်း၃း၃၀မိနစ် အချိန်တွင် အသက်၄၀ရှိစိုင်းအိုက်ဆိုင်သည် တောကပြန်လာရာ သူ့ရွာတွင် အစိုးရတပ်မတော်တပ်က ကင်းစောင့်နေသည် ကိုသူတွေ့သည်။ စစ်သားများကသူ့ကိုသေနတ်ဖြင့်စတင် ပစ် သဖြင့်သူ့ညာဘက်ပေါင်တွင်သေနတ်မှန်ခဲ့သည်။ သူ့ဆွေမျိုးများကသူ့ကို လားရှိုးဆေးရုံတွင်ကုသရန်ပို့ ဆောင်ခဲ့ရသည်။
ဆက်သွယ်ရန်။
စိုင်းဟော်ရှဲန် +၆၆၂-၉၄၁-၉၆၀၀
နန်းလွန့်လှိုင်း +၆၆၂-၈၃၈-၉၀၂၉
PDF >>>