လူထု (၆၀၀၀) နေထိုင်ရာမိုင်းနောင်မြို့ တဝိုက်ကိုဗမာအစိုးရစစ် တပ်မှလက်နက်ကြီးများဖြင့်ပစ်ခတ် ခြင်း၊ဗုံးကြဲခြင်းများသည်စစ်ရာဇဝတ်မှုများဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှနောက်ဆုံးရသတင်း

နိုဝင်ဘာလ ၂၀ ရက် ၂၀၁၅ ခုနှစ်

လူထု (၆၀၀၀) နေထိုင်ရာမိုင်းနောင်မြို့ တဝိုက်ကိုဗမာအစိုးရစစ် တပ်မှလက်နက်ကြီးများဖြင့်ပစ်ခတ် ခြင်း၊ဗုံးကြဲခြင်းများသည်စစ်ရာဇဝတ်မှုများဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ရက်နေ့အတွင်းရှမ်းပြည်နယ်အလည်ပိုင်းရှိမိုင်းနောင်မြို့ တဝိုက်ကိုဗမာအစိုးရစစ်တပ်မှလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ဗုံးကြဲခြင်းများကိုရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှပြင်းထန်စွာရှုတ်ချလိုက်ပါသည်။လူဦးရေ(၆၀၀၀)နေထိုင်ရာသို့ဗဟိုပြုပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့ကြောင့်အိုးအိမ်းများပျက်စီးရခြင်း၊လူထုများကိုထိခိုက်အနာတရဖြစ်စေသည့်အတွက် စစ်ရာဇဝတ်မှုကျူးလွန်ရာကျပါသည်။နိုင်ငံတကာအသိုင်းအဝိုင်းမှရှုတ်ချအပြစ်တင်ရမည်ဖြစ်သည်။

မိုင်းနောင်မြို့သည်အစိုးရထိန်းချုပ်ရာမြို့တမြို့ဖြစ်ပြီးဗမာအစိုးရစစ်အခြေစိုက်စခန်းသုံးခုကဝိုင်းရံထားပါသည်။မြို့၏အနောက်မြောက်ဘက်တွင်ကြီးမားသောစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်အမှတ်၂လည်းရှိပါသည်။တည်ရှိစဲအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရှိသော်လည်းဗမာအစိုးရစစ် တပ်တို့သည်အောက်တိုဘာ(၆)ရက်နေ့မှစ၍ပစ်မှတ်ထားထိုးစစ်ဆင်တိုက်ခိုက်ရာရှမ်းပြည်တိုး တက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)ဌာနချုပ်ဝမ်ဟိုင်း၏တောင်ဖက်မိုင်(၂၀)အကွာ တွင်ရှိပါသည်။နိုဝင်ဘာလရက်နေ့မတိုင်မီမိုင်းနောင်မြို့အရှေ့ဘက်နှင့်မြောက်ဖက်တို့တွင်တိုက်ပွဲ များဖြစ်ပွါးခဲ့ပါသည်။တိုက်ပွဲဖြစ်ရာဒေသမှရွာသူရွာသား(၂၀၀)ခန့်သည်မြို့ထဲရှိဘုန်းကြီးကျောင်း များတွင်ခိုလှုံနေကြပါသည်။

ဗမာအစိုးရစစ်တပ်သည်မိုင်းနောင်မြို့ကိုနိုဝင်ဘာလ(၉)ရက်နေ့ညတွင်စတင်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျည်တို့မှာစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်အမှတ်(၂)ရှိရာလာခြင်းဖြစ်ပြီးမြို့လယ်သို့ကျရောက်ပါသည်။မြို့အနောက်ဖက်ရှိနားလိင်လျဲန်ရွာထဲသို့လည်းကျရောက်ခဲ့ပါသည်။
လက်နက် ကြီးများလက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်းကိုနိုင်ဝင်ဘ၁ဝရက်နေ့နံက်စောစောအထိလုပ်ခဲ့သဖြင့် မြို့ထဲရှိအမှတ်(၁)နှင်(့၄)ရပ်ကွက်နှင့်နားလိင်လျဲန်ရွာထဲမှအိုးအိမ်များပျက်စီးရပါသည်။လက်နက် ကြီးစပစ်သည်နှင့်ရွာနေလူထုတို့မှာမိမိတို့အိမ်နီးနားတွင်ဗုံးခိုကျင်းများ၊ကတုတ်များကိုယ့်ဘာသာ ဆောက်ခါခိုအောင်းနေကြသောကြောင့်ကံကောင်း၍ အထိအခိုက်မရှိချေ။

 

11 20 15 1
မိုင်းနောင်အမျိုးသမီးကြီး လဲချားသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံ

နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဗမာအစိုးရစစ်ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်တစီးသည် မြို့ပေါ်သို့ ပျံဝဲပြီးမြို့ လယ်ကိုဗုံးများကျဲချသဖြင့်ဒေသရှိအထက်တန်းကျောင်းနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကိုပျက်စီးစေခဲ့သည်။ အိမ်တွင်းနေသည့်ဆရာမတစ်ယောက်မှာဗုံးစမှန်သဖြင့် ဒဏ်ရာရခဲ့သည်။

ဗုံးကြဲပြီးနောက် အစိုးရတပ်တို့သည် မြို့ကိုပိုက်စိပ်တိုက်၍ ရှမ်းစစ်သားများကိုရှာသည်။ အိမ်တံခါးကိုဆောင့်ကန်ဖွင့်ပြီးအိမ်ရှင်ကိုဒူးထောက်စေခါရှမ်းစစ်သားကိုတွေ့ပါကအားလုံးကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်းအမျိုးသမီးတဦးကပြောပြသည်။

ဗုံးကြဲပြီးနောက် အစိုးရတပ်တို့သည် မြို့ကိုပိုက်စိပ်တိုက်၍ ရှမ်းစစ်သားများကိုရှာသည်။ အိမ်တံခါးကိုဆောင့်ကန်ဖွင့်ပြီးအိမ်ရှင်ကိုဒူးထောက်စေခါရှမ်းစစ်သားကိုတွေ့ပါကအားလုံးကိုသဒေသခံအရပ်သားများကိုထိန်းသိမ်းပြီးရှမ်းစစ်သားများဘယ်မှာရှိသည်ကိုစစ်မေးသည်။ နိုဝင်ဘာ (၁၀)ရက်မွန်းတည့်အချိန်တွင်အသုဘအခန်းအနားမှပြန်လာသောလုံးကြာညွန့့်ကိုသူ့အိမ်အပြင် တွင် အစိုးရစစ်သား ၅၀ တို့ကဖမ်းဆီးသည်။ ၎င်းနှင့်အတူတခြားလူနှစ်ယောက်တို့ကိုဖမ်းခါ မြို့ အနောက်ဖက် တပ်ရင်း (၂၈၆) ရှိရာသို့ ခေါ်သွားသည်။ သူတို့ကို ရှမ်းစစ်သားများကိုဝှက်ထားသလားဟု တနာရီကြာမှ စစ်မေးသည်။နောက်မှ လွှတ်ပေးလိုက်သည်။ပစ်မည်ဟု ခြိမ်းခြောက်ကြောင်းအမျိုးသမီးတဦးကပြောပြသည်။

နိုဝင်ဘာ (၁၁) ရက်နေ့တွင် အစိုးရစစ်သားတို့ကမိုင်းနောင်မြို့ ရပ်ကွက် (၁)မှ ဗုံးဒဏ်ရှောင်နေသောအရပ် သားတို့၏ အိမ်များကိုလုယှက်ကြောင်းသတင်းပို့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့နံက်စောစောတွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အမှတ်(၂) မှ မြို့ထဲသို့    လက်နက်ကြီးဖြင့် ထပ်မံပစ်ပြန််ရာရပ်ကွက်အမှတ်(၄) ရှိအိမ်တလုံးပျက်စီးသွားသည်။

နိုဝင်ဘာ(၁၂)ရက်မှာပင်လက်နက်ကြီးဖြင့်ပစ်ခြင်း၊ဗုံးကျဲချခြင်းတို့ကြောင့်မိုင်းနောင်နေလူထုအများတို့မှာသူတို့၏အိမ်များမှထွက်ပြေးကြရသည်။ဆင်းရဲသားအများစုမှာပြေးစရာနေရာမရှိ၍ မပြေးနိုင်ကြပေ။ တချို့တို့မှာလုံခြုံရေးအတွက် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းတွင် ညအခါခိုလှုံကြသည်။ အစိုးရစစ်သားတို့ကထိုကျောင်းတွင် ခိုနေသူတိုင်းကိုမှတ်ပုံတင်စစ်သဖြင့် လူထုမှာပိုမိုကြောက်လန့်နေကြရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ညတွင် အစိုးရတပ်ကမိုင်းနောင်မြို့ကိုညမထွက်ရအမိန့်ထုတ်လိုက်သည်။ ဒေသလူထုများအိမ်မှထွက်ခွါခြင်းကိုတားမြစ်လိုက်သည်။ရှမ်းစစ်သားများကမြို့လာတိုက်လိမ့်မည်ဟုသတိပေးသည်။ မြို့မှ ထွက်ခွါခြင်းကိုလည်းတားမြစ်သည်။ ဖုန်းလိုင်းများကိုလည်း ဖြတ်တောက် လိုက်သည်။လယ်ရိတ်သိမ်းချိန်ဖြစ်နေသော်လည်းလယ်သမားများကိုလည်းမြို့ပြင်ရှိလယ်မှာစပါး များကိုရိတ်သိမ်းခွင့် မပြုချေ။

ထိုအချိန်မှစ၍မိုင်းနောင်မြို့ကိုလုံခြုံရေးတင်းကြပ်ထားသည်။မြို့နေမူလလူထု(၆၀၀၀)မှသုံးပုံနှစ်ပုံသည်မြို့ကိုစွန်ခွါသွားကြပြီဟုခန့်မှန်းရသည်။တခြားမြို့နှင့်ရွာများသို့သွားရောက်ခိုလှုံနေကြရသည်။ မြို့ ၏မြောက်ဖက်ရှိရွာများကိုလက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေမှုကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးသူအများစုတို့မှာနေရပ်ပြန်ရန်ကြောက်ရွံ့နေကြသည်။

အရပ်သားများစုဝေးနေထိုင်ရာ ဒေသများကိုအစိုးရတပ်မှ ဖိနှိပ် တိုက်ခိုက်ခြင်း၊ဖျက်ဆီးခြင်းတို့ အတွက် ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါသည်။ ဤစစ်ရာဇဝတ်ပြစ်မှုများအတွက်ဗမာအစိုးရစစ်တပ်ကိုတာဝန်ခံစေပြီး၊ဤသို့တိုက်ခိုက်မှုများ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ အပြစ်တင်ရှုတ် ချကြ ရန် တိုက်တွန်းလိုက်ပါသည်။

မိုင်းနောင်မြို့မှ ထွက်ပြေးလာသူမြို့နေများကိုမေးမြန်းချက်။

၁။ ယခုအခါ တောင်ကြီးတွင် လာရောက်ခိုလှုံနေသည့် မိုင်းနောင်မြို့ရပ်ကွက် အမှတ်(၁) နေအသက် ၇၅ နှစ်ရှိအမျိုးသမီးကြီးအားမေးမြန်းချက်( နိုဝင်ဘာ ၁၈၊ ၂၀၁၅) “လက်နက်ကြီးကျသံတွေ၊ဗုံးကျသံတွေကြားတော့လူအတော်များများသူတို့အိမ်ကထွက်ပြေးကြ တယ်။ ငါတို့လည်းထက်ပြေးတာပေါ့၊ အဝတ်အစားတွေတောင် ယူဖို့အချိန်မရဘူး။ဗုံးတွေ၊ အမြောက်ဆံတွေဘယ်လောက်ကျလဲဘယ်ရေတွက်နိုင်မလဲ၊အများကြီးဘဲ။ငါတိုလည်းကြောက်လွန်းလို့ ထွက်ပြေးမည့်လမ်းဘဲရှာထွက်လာတာ။ ငါတို့ကကြောက်လန့်နေတာ၊ ဘာလုပ်ရမှန်းလည်းမသိဘူး။ညမှာလက်နက်ကြီးနဲ့ပစ်တယ်၊နေ့ခင်းမှာဗမာအစိုးရစစ်ရဟတ်ယာဉ်တွေကမိန်းနောင်ကိုဗုံးကျဲတယ်။ ဗုံးတွေ ဘယ်နှစ်ဆယ်လည်းမသိ ရဟတ်ယာဉ်ကချ
တယ်။”

၂ ။ ယခုအခါ လဲချား တွင်လာရောက် ခိုလှုံနေပြီးမိန်းနောင်ရပ်ကွက် အမှတ်(၃) တွင် နေသည့် အသက် (၄၀) ခန့်ရှိအမျိုးသမီးကြီးအားမေးမြန်းချက် ( နိုဝင်ဘာ ၁၃၊ ၂၀၁၅) “ဗမာအစိုးရစစ်တပ်တွေကမြို့ထဲကိုလက်နက်ကြီးနဲ့ပစ်တယ်။စစ်ရဟတ်ယာဉ်(၃)စီးယူလာပြီး အရပ်သားတွေ နေတဲ့မြို့ကိုဗုံးကြဲတယ်။ ငါတို့ သိပ်ကြောက်တယ်။ငါတို့ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲဘူး။ဘယ်အာဏာပိုင်မှလည်းလာမကူညီတဲ့အပြင် ဗမာအစိုးရစစ်သားကတံခါးကိုဆောင့်ကန်ဖွင့်ပြီးရှမ်းစစ်သားလာရှာသေးတယ်။တို့အိမ်ထဲမှာရှမ်းစစ်သားရှိတယ်လို့သူတို့ကပြောသေးတယ်။ ငါတို့ကလည်းမရှိပါဘူးလို့ပြောပါတယ်။အိမ်ထဲရှာချင်ရှာကြည့်လို့။သူတို့ကအိမ်ထောင်ဦးစီးကိုဒူးထောက်ခိုင်းပြီးရှမ်းစစ်သားရှိလားမေးတယ်။
ငါတို့ကလည်းမရှိဘူးလို့ပြောတယ်။ ရှမ်းစစ်သားတွေ့ရင် နင်တို့ကိုသတ်မယ်လို့ သူတို့ကပြောတယ်။တို့အိမ်ထဲမှာတွေရင် အကုန်သတ်ပစ်လိုက်လို့ငါတို့ကပြန်ပြောလိုက်တယ်။အိမ်ထဲမှာဗမာစစ်သားတွေ ဝင်ရှာတယ်။ဘာမှ မတွေ့တော့မှ သူတို့ ပြန်ထွက်သွားကြတယ်။

ငါတို့ကိုခြောက်တယ်။ ရိုက်တော့ မရိုက်ဘူး၊ ၁၀ လ အရွယ်ခလေးကငိုနေလို့ ဖြစ်မယ်။

ငါတို့ ပြေးလာပြီးနောက် နိုဝင်ဘာလ (၁၀) ရက်နေ့ မိုင်းနောင်မြို့မှာလူသိပ်မကျန်တော့ဘူး။ ကျန်တဲ့ လူတွေလည်းညဆိုရင် မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်းမှာသွားအိပ်ကြရတယ်။ အဲဒီမှာလည်းဗမာစစ်သားတွေကမှတ်ပုံတင်သွားစစ်ပြန်တာဘဲ။

ဗမာအစိုးရစစ်တပ်ကမိုင်းနောင်မြို့ကိုလက်နက်ကြီးနှင့်ပစ်၊ဗုံးကျဲခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးမှု အသေးစိပ် ( နိုဝင်ဘာ – ၉ မှ ၁၂ အထိ၊ ၂၀၁၅) သိရသလောက်   

11 20 15 5 burmese

 

 

အသေးစိတ်အချက်လက်သိလိုပါက ဆက်သွယ်ရန်

စိုင်း​ဟော်​ရှဲန်   + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀        (ရှမ်း| အင်္ဂလိပ်)

​စိုင်း​ခွန်း​မိုင်     + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉        (ဗ​မာ| အင်္ဂလိပ်)

PDF File >>>

Shan Burmese English Thai Thai

ထုတ်ပြန်ချက်