မိုင်းတုံအတွင်းမြန်မာစစ်အစိုးရတပ်မှမုဒိမ်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့ပြီးထို့သို့အပြစ်ပေးအရေးယူခြင်းဆက် လက်လျစ်လျူနေသည်ကိုမီးမောင်းထိုးပြ

             ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

2020 ခုနှစ် ဇူလိုင်လ 30 ရက်

မိုင်းတုံအတွင်းမြန်မာစစ်အစိုးရတပ်မှမုဒိမ်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့ပြီးထို့သို့အပြစ်ပေးအရေးယူခြင်းဆက် လက်လျစ်လျူနေသည်ကိုမီးမောင်းထိုးပြ

ဇွန်လ 24, 2020 ရက်နေ့တွင် မိုင်းတုံ အစိုးရတပ်စခန်းမှ တပ်သားတဦးသည် လယ်ခင်းထဲ၌ အလုပ်လုပ် နေသည့်ဒေသခံ အမျိုးသမီးတ‌ယောက်အား မုဒိမ်းကျင့်ရန် ကြိုးစားမှုတရပ်ဖြစ်ပေါ်ခဲ့သည်။ ၎င်းတပ်စ ခန်းသည် လယ်ခင်းနှင့် 200 ကီလိုမီတာ အကွာတွင်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့၏တောင်ဘက် 10-မိုင်ခန့်အကွာတွင်တည်ရှိသည်။

မုဒိမ်းမှုကျူးလွန်မည့်သူသည် မိုင်းတုံမြို့နယ် မယ်ကင်းကျေးရွာအနီးတွင် အခြေစိုက်ထားသည့် တပ်စခန်း မှ တပ်သားတဦးဖြစ်သည်။ ၎င်းတပ်စခန်းသည် တပ်ရင်း ခလရ-277 နှင့် တပ်ရင်း ခလရ-133 မှ စုစုပေါင်း တပ်သားအင်အား 15-ယောက်ခန့်ရှိပြီး မိုင်းတုံ-ထိုင်းနယ်စပ် ဆက်သွယ်သည့်လမ်းမပေါ်တွင်တည် ရှိ သည်။

ဇွန်လ 24-ရက်နေ့ မနက် 9.00 နာရီအချိန်တွင် စစ်သားဆန်းလင်းအောင်သည် ၎င်းတပ်စခန်းမှ မယ်ကင်း မြစ်ကမ်းဘက်သို့ ဆင်းသက်လာရာ ဝမ်မိုင်မောက်ပေါင်းဟွမ် ကျေးရွာမှ နှမ်းရိက်သိမ်းလျက်ရှိသည့် နန်း ဆိုင် (နာမည်လွှဲ) ဆိုသူ အသက် 32-နှစ်ရှိ အမျိုးသမီးနှင့် ပက်ပင်းတွေ့လေသည်။

စစ်သည်ဆန်းလင်းအောင်သည် ယင်းအမျိုးသမီးအား နီးစပ်ရာ ခြုံပုပ်ထဲသို့ဆွဲခေါ်ပြီး မုဒိမ်းကျင့်ရန် ကြိုး စားသည်။ နန်းဆိုင်လည်း ကြောက်ရွံ့အော်ဟစ်ကာ အနီးအနား၌ အလုပ်လုပ်လျက်ရှိသည့် သူမ၏ ခဲအို (အမျိုးသား၏ညီ) ကို အသံပေးလိုက်သည်။ သူမ၏ ခဲအိုလည်း အပြေးနှင့်ရောက်လာကာ သူမကို ထိမ်း ချုပ်ရန် ကိုယ်ပေါ်တွင်ဖိထိုင်လျက် ကျန်လက်တဖက်က လည်ပင်းကို ဆုပ်ကိုင်လျက် ရှိနေသည့်စစ်သား မှ လွတ်မြောက်ရန်ရုံးထွက်ကြိုးစားနေသည့် ခယ်မအား တွေ့လိုက်သည်။ စစ်သားကသူတို့ထံ တစုံတ ယောက် လာနေသည်ကိုတွေ့တော့ အလျင်အမြန်ပဲ ၎င်း၏တပ်စခန်းဆီ ပြေးသွားသည်။

နန်းဆိုင် နှင့် ခဲအို တို့လည်း အိမ်သို့ အတူပြန်ကြလေသည်။ ယင်းဖြစ်စဥ်ကို မိုင်မောက်ပေါင်းဟွမ် ကျေးရွာ ရွာသူကြီးအား တိုင်တန်းသည်။ ရွာသူကြီးလည်း ကျေးရွာလူကြီး တချို့နှင့်အတူ နန်းဆိုင်တို့ လင်မယား နှစ်ယောက်ကိုခေါ်ပြီး တပ်မှူးထံတိုင်တန်းတင်ပြသည်။

နန်းဆိုင်က စစ်သား၏ ရုပ်ပုံကို တပ်မှူးအား ပြောပြသည်။ တပ်မှူးက တပ်သားများကိုစစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့်တပ်သားအား မယ်ကင်းဒေသခံ လားဟူ ပြည်သူ့စစ်ခေါင်းဆောင် အိမ်သို့ မနက် 10.00 နာ ရီတွင်ခေါ်သွားသည်။

မိုင်းတုံအခြေစိုက် အစိုးရတပ် ဗျူဟာမှူးရုံးမှ အရာရှိတယောက် ဖြစ်သည့် ဗိုလ်ကြီးအောင်ထိုက်သည် မယ်ကင်းသို့ ရောက်လာပြီး ပြစ်မှုကျူးလွန်သည့်တပ်သားအားအပြစ်ပေးမည်ဖြစ်ကြောင်း ပြောသည်။ ပြောရင်းဆိုရင်း ကပ္ပတိန်သည် ဆန်းလင်းအောင်အား ခေါ်သွားကာ မိုင်းတုံတပ် အကျဥ်းထောင်တွင် ချုပ် ထားမည်ဖြစ်ကြောင်းပြောသည်။ အကူအညီ နှင့် လျှောကြေး လုံးဝ မပေးပါ။

နန်းဆိုင်တို့ မိသားစု အနေဖြင့် ပြစ်မှုကျူးလွန်သည့်တပ်သားအား အမှန်တကယ် အပြစ်ပေးခြင်း ရှိမရှိ ကို မူ ဘယ်လိုမှ သိနိုင်မည်မဟုတ်ပါ။ အမှုတွင်ပါဝင်ဆောင်ရွက်ချက်များလည်း အားရကျေနပ်စရာမရှိပါ။ ရွာ သူရွာသားများသည်လည်း နန်းဆိုင်မိသားစုဝင်များ နှင့်အတူ မယ်ကင်းတပ်စခန်း အနီးတဝိုက်တွင်နေ ထိုင်ရသည်မှာ လှုံခြုံမှုမရှိဟု ခံစားနေကြရသည်။ မုဒိမ်းအမှုကိုမယ်ကင်းတပ်စခန်းအနီးအနားတွင် ပြောင် ပြောင်တင်းတင်း ရဲတင်းစွာဖြစ်ပေါ်ခြင်းသည် ဒေသခံတပ်စခန်းတွင် တာဝန်ကျတပ်သားများသည် ပြစ် ဒဏ်မှကင်းလွတ်ပြီး ရွာသားများအား နှိပ်စက်ကျူးလွန်ခွင့်ရသလို ဖြစ်နေပါသည်။

နန်းဆိုင်၏ဇာတိအရပ်မှာ မိုင်းတုံမြို့နယ်တွင်းရှိ မိုင်းဟန်တွင်ဖြစ်သည်။ အိမ်ထောင်ရှင်ဖြစ်ပြီး ကလေးနှစ် ယောက်၏ မိခင်လည်းဖြစ်သည်။ သူမ၏အမျိုးသားနှင့်အတူ လယ်ယာလုပ်ကိုင် အသက်မွေးဝမ်း ကြောင်း နေသူများ ဖြစ်သည်။

ဇွန်လ 28 ရက်နေ့တွင် မယ်ကင်းအခြေစိုက် တပ်စခန်းရှိ တပ်သားများ ယုတ်တရက် အပြောင်းအလဲ လုပ် ကာ မိုင်းဆတ်မြို့နယ် မိုင်းတွမ်း အခြေစိုက် တပ်ရင်း ခလရ-553 မှ တပ်သားအင်အား 30 ဖြင့် အစားထိုး လိုက်သည်။ မယ်ကင်းတပ်စခန်းကို လွန်ခဲ့သည့် 3-နှစ်ခန့်က စတင်အခြေချပြီး၊ ပုံမှန်အားဖြင့် 10-လလျင် တကြိမ် တပ်သား အပြောင်းအလဲရှိသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်     +66: 97-173-1530                       (ရှမ်း၊ မြန်မာ)

PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်