ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ နောက်ဆုံးသတင်း
ဇူလိုင်လ ၁၃ ရက် ၂၀၁၆ ခုနှ
မိုင်းယော် ရွာသား (၇) ဦးကို ဗမာအစိုးရ စစ်သားများ ဥပဒေမဲ့သတ်ဖြတ်အတွက်စ် တာဝန်ယူဆောင်ရွက်ပေးပါရန်
လားရှိုးမြို ့နယ် မိုင်းယေ်ာမြို့အပိုင်ကျေးရွာတွင် ဇွန်လ ၂၀၁၆ ခုနှစ်ကရှမ်းလူ့အခွင့်ရေးမဏ္ဍိုင််မှ မျက်မြင် သက်သေ ဒေသခံရွာသားနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ သေဆုံးသူရွာသား (၇) ယောက်အတွက် ဗမာအစိုးရစစ် တပ်မတော်တို့မှ တာဝန်ရှိ်သည်မှာ ထင်ရှားကြောင်းပြောပြကြပါသည်။ထို့ကြောင့်ခုလို ပြစ်မှုတွေအတွက် တရားမျှတမှုရရှိရန် အစိုးရတပ်မတော်မှ ချက်ချင်း လက်တွေ့ တာဝန်ယူဆောင််ရွက်ပေးပါရန် ကျွန်တော်တို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ယ္ခုလက်ရှိ NLD ဦးဆောင်သောအစိုးရအားတိုက်တွန်းပါသည်။
သတ်ဖြတ်မှု အသေးစိတ်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်၊ မိုင်းယော်မြို ့မှ အနောက်ဘက် တစ်မိုင်ခွဲ ခန့်ဝေးကွာသောနေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ဗမာအစိုးရစစ်တပ်မတော် ခမရ (၃၆၂) စစ်သား (၁၀၀) ခန့်သည် နမ့်ဇလပ် လွိုင်တောင် မြောက်ပိုင်းဘက်၊ မိုင်းယော်အနောက်ဘက် ၁၀ ကီလိုမီတာ ရှိ မိုင်းယန်း သို့ ရောက်ရှိ်လာကြသည်။
မိုင်းယန်းမှ ဗမာအစိုးရစစ်သားများသည် မိုင်းယော် အနားသို့ စစ်ကြောင်းအတိုင်း လမ်းလျှောက်ခဲ့သည်။ မွန်းလွဲပိုင်းလောက်တွင် ဗမာအစိုးရစစ်သားများ မိုင်းယော်သို့ ၁ မိုင်ခဲွခန့် အကွာတွင် စပြီး ယာဉ်အသွားလာ မှန်သမျှ အား လမ်းများတားဆီးပိတ်လိုက်သည်။ဗမာအစိုးရစစ်သားက မိုင်းယော်မှ ကားများ ဆိုင်ကယ်များ ရပ်စေပြီး ကားမောင်းသူ တို့အား ရှမ်းစစ်သားများတွေ့လား၊ သူတို့မှာ သေနတ်ရောရှိလားလို့ မေးသည်။ ထို့ပြင် ကားနှင့် မော်တော်ဆိုင်ကယ် တို့ကို လားရှိုးမှ ပန်ကေလုံမွန်း လမ်းခွဲတွင် လမ်းများပိတ်ဆို့ရပ်တန့်ပြီး စစ်မေး သည်။လမ်းများပိတ်ရပ်ပြီးကတည်းက မည်သည့်ယာဉ်လမ်းကြောင်းမှ သွားလာဖြတ်သန်းခွင့်မပြုပေ။ မည်သည့်ယာဉ်မှလည်း မိုင်းယော်သို့ ပြန်လှည့်ရန်ခွင့်မပြုပေ။ထိုအချိန်တွင် လမ်းတလျှောက်တွင် ဗမာစစ်တပ် သား မှ ၂ မိုင်ဝန်းကျင်အား စစ်တပ်သားများဖြင့် ဖြန့်ထားလိုက်သည်။
၃ နာရီအချိန်ခန့်တွင် ကား ဆယ်စီး နှင့် မော်တော်ဆိုင်ကယ် သုံးဆယ်စီး တို့မှာ မိုင်းယော်လမ်းနှင့် အနီးတွင် ပိတ်ရပ်ခံ ရသည်။ ထိုအချိန်တွင်ကားမောင်းသမားတို့မှာကားလမ်းတွင်ရပ်စောင့်နေရချိန်တွင်မော်တော်ဆိုင်ကယ်တစ်စီး မိုင်းယော်လမ်းမကြီးဘေးလမ်းဘက်မှလာသည်ကိုလှမ်းမြင်လို်က်သည်။ရွာသားနှစ်ယောက်ဆိုင်ကယ် စီးလိုက်ပါလာသည်။ မိုင်းယော်လမ်းမကြီးအနီးသို့ရောက်သောအခါ ဗမာအစိုးရစစ်သားများ ၎င်း ဆိုင်ကယ်စီးသူ အားရပ်ရန်တားလိုက်သည် သို့သော်ထိုသူတို့မှာမရပ်ပဲဆက်မောင်းနှင်းသွားသဖြင့် ဗမာစစ်တပ်စစ်သားမှ ရှေ့ဦးစွာ သေနတ်ကိုလေထဲသို့ပစ်လိုက်သည်။သူတို့မရပ်သောအခါသူတို့ဆီသို့တိုက်ရိုက်ပစ်သတ်လိုက်သည်။ ဤအဖြစ်အပျက်ကိုလမ်းမကြီး၌ရပ်ထားသောကားမောင်းသမားများက ထင်ထင်ရှားရှားတွေ့မြင်လိုက်သည်။
ထိုသေနတ်သံကြားသဖြင့် လမ်းပေါ်မှစောင့်နေသော အခြား ဗမာအစိုးရစစ်သားများလည်း သူတို့သေနတ်၊ မော် တာစက်သေနတ်ဖြင့် စတင်ပစ်ခတ်လိုက်သည်။လမ်းမကြီးပေါ်တွင် ရပ်ထားခံရသော ယာဉ် မှ ကားမောင်း သမား များကပြောသည်မှာ ဗမာအစိုးရစစ်သားများသည် ကောင်းကင်တွင် ပျံသန်းသော ကင််မရာဖြင့် သူတို့အား အန္တရာယ်ပေးနိုင်မည့် ရန်သူရှိမရှိ ရှာဖွေရန် ပစ်လွှတ်သည်ဟုဆိုသည််။ဗမာအစိုးရစစ်သားမျာက လမ်းဘေးတ ဘက်တချက် လယ်ထဲတွင် ရွာသားများ အလုပ်လုပ်နေကြောင်း ဝေါကီတော်ကီ သုံးပြီး သတင်းပေးနေသည်ကို တေ့ွရသည်။လမ်းမကြီး၏တောင်ဘက်တွင် နာနတ်လျှော်ခြံ ရှိပြီး လမ်းမကြီး၏ မြောက်ဘက်တွင် ပြောင်းခင်းရှိသည်။
ဗမာအစိုးရစစ်သားများက လယ်တောထဲသို့ဝင်သွားပြီး လယ်တော ဝန်းကျင်မှ အလုပ်လုပ်နေသူ ရွာသားများ အား ကိုဖမ်းဆီးလိုက်သည်။ထို်လယ်တောထဲမှ အလုပ်သမား အနည်းဆုံး ၁၀၀ ခန့်လောက်ရှိသော်လည်း ရွာသားအများစုစုမှာ ဗမာအစိုးရစစ်သားများနှင့်ဝေးရာသို့ထွက်ပြေးတိမ်းရှောင််သည်။
လမ်းမ၏ မြောက်ဘက်တွင်ရှိသော ပြောင်းစိုက်ခင်းမှ အလုပ်လုပ်နေသူ တစ်ဦးက ဖမ်းခံထားရသူအခြားရွာသား (၁၀) ယောက်အားပြောပြသည်။(အမျိုးသမီး ၅ ဦး အမျိုးသား ၅ ဦး)။ “ငါတို့ ပြောင်းခင်းထဲမှာ အလုပ်လုပ်နေ တုန်း ငါတို့ဗုံးကွဲသံ နဲ့ သေနတ်ပစ်သံ တွေကြားရတယ်။ငါတို့ ကပြောင်းခင်းထဲရှိ် တဲထဲမှာ သွားပုန်းခိုဖို့ ဆုံးဖြတ် လိုက်တယ် ။ပြီးနော က်ဗမာအစိုးရစစ်သားတွေက ကျနော်တို့ကိုမြင်ပြီး ငါတို့နားကိုလာပြီး တဲထဲမှ ထွက်လာ ရန်ပြောသ ည်။ ဗမာအစိုးရစစ်သားတွေက ငါတို့ကိုမေးတယ် မင်းတို့တွေ ရှမ်းစစ်သားတွေကိုတွေ့လား? သေနတ်သံတွေကြားရလား ဆိုပြီး မေးတယ်။ငါတို့ သေနတ်သံတွေ ကိုအဲ့ဒီတောင်ကုန်းဘက်မှ လာတာကြားရ တယ် လို့ပြန်ဖြေလိုက်တယ်။ ထိုဗမာအစိုးရစစ်တပ်မှ အုပ်ချုပ်သူ အရာရှိတစ်ဦးက ရပြီးဒီလောက်ဆို ပြည့်စုံပြီ လို့ပြောတယ်။ပြီးနောက် ဗမာ အစိုးရစစ်သားတွေက အဲ့ဒီတောင်ကုန်းတစ်ဝိုက်ကို သေနတ်များဖြစ် ၄-၅ ချက် လောက်ပစ်ခတ်လိုက်သည်။သူတို့ထဲမှ အချို ့အနီးနားတစ်ဝိုက်ကို ပတ်ကြည့်လိုက်သည် သို့ပေမဲ့ ဘာမှမရှိ သဖြင့် သူတို့က ကျနော်တို့ ကို အချို ့စစ်သား တွေရပ်စောင့်နေသော လမ်းမ၏နံဘေးသို့ဖမ်းခေါ်သွားတယ်။ အဲ့ဒီနေရာဟာ ငါတု့ိအလုပ်လုပ် နေတဲ့ပြောင်းခင်း နေရာနဲ့ ၁ မိုင်ဝေးကွာတယ်။အဲ့ဒီနေရာကိုရောက်သွားပြီး နောက် ၅ မိနစ်ကြာတွင် ကျနော်တို့ကို မေးခွန်းတွေ ထပ်ခါထပ်ခါ မေးတယ်။နောက်ဆုံးမှာတော့ ဗမာအစိုးရ စစ်သားတွေဟာ အိုက်မောင် နဲ့ အိုက်ရွှေလူ ကို ကျနော်တို့နဲ့ အလှမ်း အနည်းငယ်အဝေးကို်ခေါ်ဆောင်သွားပြီး သူတို့အား ဗမာလိုမေးတယ်။အိုက်မောင်က သူဗမာစကားနား မလည် ကြောင်းသူက တအောင်း လူမျိုးဖြစ် ကြောင်း ပြန်ပြောတယ်။ဗမာအစိုးရစစ်သားတွေက သူတို့ကို ကားလမ်းအနီးရှိ စည်းရိုးနားသို့ဆွဲခေါ်သွားပြီး သူတို့ကို နားရင်းအုပ်ရိုက်တယ်၊ သူတို့ရဲ့ သေနတ်ဒင်တွေနဲ့ ရိုက်နှက်ပြီးနောက် သူတို့ရဲ့ လက်တွေကို ကြိုးတုတ်လိုက်တယ်။”
ရပ်ထားသောကား မောင်းသမားများမှာ ၎င်းရွာသား ၂ ဦးကို ဗမာအစိုးရစစ်သားများကရိုက်နှက်နေသည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။ထို့အပြင် ဗမာအစိုးရစစ်သားများ ငိုနေသောအမျိုးသမီး (၇) ဦးအဖွဲ့ကို ခေါ်လာ သည်ကိုကားသမားများ ကတေ့ွရသည်။၎င်းသို့ထဲမှ တစ်ဦးသည်ဒဏ်ရာရရှိခဲ့သည်။လွိုင်ပူတောင်အနီးနားတွင် အတူတကွလယ်တောထဲတွင်အ လုပ်လုပ်နေချိန်တွင် ဗမာအစိုးရစစ်သားမှ မော်တာများသေနတ်များ ဖြင့် ပစ်ဖောက်ခွဲရာ ရွာသူများ အနီးသို့ပေါက်ကွဲကာ သူတို့တွေထဲမှ တစ်ဦးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာ ရစေ သည်။ စစ်သားများမှ ၎င်းထိခိုက်ဒဏ််ရာရသူအား ဆေးများထဲ့ကုသပြီးအမျိုးသမီးတို့အား သွားရန်လွှတ်ပေး သည်။
ထိုအခိျန်တွင် မော်တော်ဆိုင်ကယ်မောင်းသူရွာသား ၃ ယောက်( ဝမ်ကစ်ရွာမှစိုင်းအိုက်ဆိုင်၊ စိုင်းအိုက်မောင် နှင့် စိုင်းအိုက်လွတ်) တို့ စစ်ဆေးရေးဂိတ် နားသို့ရောက်ရှိလာသည်။တစ်ဦးမှာ ပြောင်းခင်းထဲမှ အိမ်ကို ပြန်လာ သူဖြစ်သည်။တစ်ဦးမှာ ပြောင်းခင်းထဲတွင်အလုပ်လုပ်သူ အဖွားအား ကြိုရန်သွားခြင်း ဖြစ်ပြီး ကျန်တစ်ဦး သည် သူ၏ သမီး ပြောင်းခင်းထဲတွင်အလုပ်လုပ်သူ အားကြိုရန်သွားခြင်းဖြစ်သည်။သူတို့အားလုံးလည်း အခြားယာ လုပ်သူတို့နှင့် အတူ တားဆီး မေးမြန်းခြင်းခံရသည်။လမ်းမတွင် တားဆီးခံထားရသော ကားသမားများလည်း ဗမာအစိုးရစစ်သားများက ထို ၃ ဦးအားရိုက်နှက်နေသည်ကိုတွေ့ရသည်။
ထိုချိန်သည် မှောင်စပြု လာသည်။ညနေပိုင်း ၇း၃၀ နာရီခွဲ ခန့်တွင် ပိတ်ထားသောလမ်းမကြီးအား ပြန်လည် ဖွင့်ပေးလိုက်သည် ယာဉ်များမှာလည်း သူတို့၏ခရီးအားပြန်လည်ဆက်ကြသည်။
လမ်းမပေါ်တွင်ချုပ်နှောင်ခံထား သူအားလုံးထဲမှ ၅ ဦးမှလွှဲ၍ အားလုံးကို အိမ်ပြန်ရန်ပြန်လွှတ်ပေးလိုက်သည်။ ဝမ်ကစ်ရွာမှ မော်တော်ဆိုင်ကယ်မောင်းသူ ၃ ဦး နှင့် သီခြားမေးမြန်းခံရသူ လယ်ယာ လုပ်ကိုင်သူ ၂ ယောက် ဖြစ်သည်။ ဗမာအစိုးရစစ်သားများက ဖမ်းထားသောရွာသားအား လွိုင်ပူ တောင်ကုန်းအနီးသို့ခေါ်သွား သည်ကိုတခြား ရွာသားများကတွေ့လိုက်သည်။
လယ်ယာ လုပ်သမား အမျိုးသမီး တစ်ဦးပြောသည်မှာ “ဗမာအစိုးရစစ်သားများက ကျမတို့ အိုက်မောင်၊ ကျမတို့ရဲ့ အမျိုးဖြစ်သူအိုက်ရွှေလူ နဲ့ ဝမ်ကစ်ရွာသား ၃ ယောက်ကို ကျမတို့ အလုပ်လုပ်နေတဲ့ ပြောင်းခင်း နားသို့ခေါ်သွားတာ ကို ကျမတို့တွေ့လိုက်တယ်။နောက်မှကျမတို့ကို အိမ်ပြန်ခိုင်းတယ် အဲ့ဒီအချိန်ဟာ တော်တော်မှောင်နေပြီ အိမ်ရောက်တော့ ည ၉း၀၀ နာရီလောက်ရှိပြီ။
ရွာသား ၅ ယောက်ကို ရှင်လျှက်ထပ်မံ မတွေ့ရတော့ပေ။
ပျောက်ဆုံးနေသော ရွာသားအားရှာဖွေခြင်း နှင့် တရားဥပဒေ အရ အမှန်အတိုင်း ဖြစ်ရန်ကြိုးစားခြင်း
ဇွန်လ ၂၅ ရက် ထိုညနေပိုင်းတွင်ဖမ်းချုပ်ထားသောရွာသား ၅ ဦးတို့ိ့၏အမျိုးအဆွေတို့မှာ မိုင်းယော်မြို ့နယ်ရှိ သက်ဆိုင်ရာ အရာရှိထံမှ ဗမာအစိုးရစစ််သားများမှဖမ်းဆီးထားသော ၎င်းရွာသားအားပြန်လည်လွှတ်ပေးပါရန် အကူညီတောင်း ခံခဲ့ သည်။မည််သို့ပင်ဆို်စေကာမူ သက်ဆိုင််ရာအရာရှိတို့သည် ၎င်းကူညီပေးရန်တွန့်ဆုတ်နေခဲ့ သည်။ ၎င်းအမှုသည်စစ်ဘက် နှင့်သက်ဆိုင်သဖြင့် ရဲ ကို မတိုင်သင့်ကြောင်း တရားရုံးတွင် ငွေကြေးအမြောက် များကုန်ကျမည်သာဖြစ်သည်ဟု ပြောသည်။
ထိုပျောက်ဆုံးနေသောရွာသားတို့ထဲမှ ဇနီးဖြစ်သူတစ်ယောက်သည် “ အဲ့ဒီဖမ်းနေ့က ဗမာအစိုးရစစ်သား တို့ဖမ်း ခေါ်သွားသူရွာသားတို့ကို ကျနော်တို့ကိုညနေပိုင်းအချိန်မှာ မိုင်းယော်သက်ဆိုင်ရာ အရာရှိထံသွားပြီး ရွာသားတွေအတွက် ကြိုးစားအကူညီတောင်းခဲ့သည်။ကျနော်တို့သူတို့ရဲ့ရုံးကို သွားပြီးအကူညီ တောင်းခံခဲ့ တယ်။ဒါပေမဲ့ သက်ဆိုင်ရာအရာရှိက ခုမှောင်နေပြီ ငါတို့အပြင်မသွားရဲဘူး သွားလည်းစစ်သားတွေက ထွက်လာမှာမဟုတ်ဘူးလို့ပြောတယ်။”
မိုင်းယော် ရွာသူကြီးတစ်ဦးသာ ထိုညတွင်စိတ်ထက်သန်ပြီးလိုလိုလားလား ကူညီခဲ့ပြီး မိုင်းယော် အထက်တန်း ကျောင်းတွင်စစ်တပ်စခန်းချထားသော ဗမာအစိုးရစစ်အာဏာရှိသူနှင့် တွေ့ဆုံရန်ကြိုးစားခဲ့သည်။ မိုင်းယော် ရွာသူကြီး ကျောင်းတွင်စခန်းချထားသောစစ်စခန်း ဂိတ်စောင့်အားပြောပြသည်။ဂိတ်စောင့်စစ်သားက စစ်စခန်းအနီးလာပြီး အဲ့ဒီရွာသားကိစ္စအကြောင်းမေးမည်ဆိုပါက သေနတ်ဖြင့်ပစ်မည်ဟုပြောသည်။
နောက်ရက် ဇွန်လ ၂၆ ရက်နေ့တွင် ဗမာအစိုးရက မည်သည့် ရွာသူ၊ရွာသားများမှ မိမိ မြို ့ပြင်တွင်ရှိသော ယာတော သို့ ၃ ရက်အလုပ်မသွားလုပ်ရန် အမိန့်ချကြေငြာလိုက်သည်။ထိုနေ့တွင် မိုင်းယော် ရဲအရာရှိ အကြီးကဲနှင့် မိုင်းယော် အတွင်း ရေးမှုးလက်ထောက် အုပ်ချုပ်ရေးမှူး တို့မှာ ဗမာအစိုးရစစ်တပ်မှူးအား ဖမ်းသွားသောရွာသား ၅ ယောက်ကိုပြန်လွှတ်ပေး ရန်ပြောခဲ့သည်။ဗမာအစိုးရစစ်က ရွာသား ၅ ယောက်ကို ထိုနေ့ ဇွန်လ ၂၅ ရက်နေ့ကတည်းပြန်လွှတ်ပေး လိုက်ကြောင်း ပြန်ပြောသည်။
ပျောက်ဆုံးသွားသူ ရွာသားထဲမှ ဇနီးဖြစ်သူတစ်ယောက်၏ပြောပြချက်အရ “ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့မနက် ကျနော်တို့နောက်တစ်ခေါက် ထပ်ကြိုးစားခဲ့သည်။သူတို့ မိုင်းယော်သက်ဆိုင်ရာ အရာရှိ တွေက စောင့်ရန် ပြောသည်။ဗမာအစိုးရတပ်မှူးအထက်အရာရှိဖုန်းဆက်သောအခါ သူတို့က၎င်း ရွာသားအားပြန်လည်လွှတ် ပေးလိုက်ပြီဟုပြောသည်။”
ထိုကာလတွင် မိုင်းယော်အထက်တန်းကျောင်းအား ၄ ရက်ပိတ်ထားပြီး မိုင်းယော်ဆေးရုံလည်း ၃ ရက်ပိတ် ထားသည်။ မိုင်းယော်ရှိ လူထုသည် ဗမာအစိုးရစစ်သားများ မို်င်းယော်မြို ့ဝန်းကျင်တွင်စခန်းချကြသည်ကို အလွန်ကြောက်ရွှံ ့ကြပြီး ဈေးထဲသို့သွားရန်ကိုပါမသွားရဲပေ။
ဇွန်လ ၂၉ ရက်နေ့မှသာရွာသားတို့အား သူတို့၏ ယာထဲသို့သွားရန်အခွင့်ရမှသာ ရွာသားများက ပျောက်ဆုံး သွားသောရွာသားအား ပြန်လည်ရှာဖို့ခွင့်ရသည်။ပထမ အစတွင် ဆိုင်ကယ်စီးသူ ရွာသားနှစ်ယောက်အား သေနတ်ဒဏ်ရာဖြစ် လမ်းမတွင် သေဆုံးနေသည်ကိုတွေ့သည်။သေဆုံးသူအလောင်းအား ဒရွတ်ဒိုက်ဆွဲပြီး လမ်း၏နားဘေးတွင် အပင်နှင့် အခြားသောသစ်ရွက်တို့ဖြစ်ဖုံးအုပ်ကာထားသည်။ပထမပိုင်းတွင် သေဆုံးသူ နှစ်လောင်းသည် မည်သူမည်ဝါဆိုသည်ကို မမှတ်မိကြပေ။
ထိုနောက်တွင် ရွာသားများ ပြောင်းခင်းအနီး၊ လွိုင်ပူ ကုန်းတွင် မကြာခင်ကတူးဆွထားသော မြေမို့မို့အသစ် အချို ့ကိုတွေ့ရပြီး ပျောက်ဆုံးသွားသောရွာသား ၅ ဦး၏အလာင်း မြှပ်ထားသည်ကိုတွေ့ရှိရသည်။
အိုက်ရွှေလူ ၏ အဒေါ်ပြောပြချက်အရ “နံနက်ပိုင်း ၁၁း၀၀ နာရီ အချိန်လောက် ကျမတို့််် အလုပ်လုပ်တဲ့ ပြောင်းခင်းရဲ့ အပေါ်ဘက်မှာ တူးဆွထားသောမြေကျင်းသစ် ၂ နေရာကိုတွေ့ရတယ်။ပြီးရင် အနံကလည်း တအားဆိုးတယ်။ဒါကြောင့် ကျနော်တို့ ရွာသားထဲမှ အချို ့အဲ့ဒီနေရာမှာ လူသေလောင်းကိုတွေ့ရတယ်။ ကျမရဲ့တူ နဲ့ အိုက်မောင် တစ်ကျင်း ဖြစ်ပြီး နောက်တစ်ကျင်းမှာ ဝမ်ကစ်ရွာမှ ရွာသားဖြစ်သည်။ကျမတို့ အိုက်ရွှေလူနဲ့ အိုက်မောင် တို့ ခန္ဓာကိုယ်မှာ စစ်ဘောင်းဘီဝတ်ဆင်ထားသည်။ဒါပေမဲ့ ခါးပတ်မပတ်ထားဘူး။ သူတို့ရဲ့ပါးစပ်ကို အဝတ်နီစ နဲ့ပိတ်ထားတယ်။အိုက်ရွှေလူရဲ့ ရင်အုပ်ကို သေနတ်ကျည် ၂ ချက် နဲ့ ဝမ်းဗိုက် ကိုကျည် ၂ ချက်ရှိတယ်။အိုက်မောင်ရဲ့ ဦးခေါင်းကိုရိုက်နှက်ထားခံရတယ်။”
ဗမာအစိုးရစစ်သားတွေဟာ ၎င်း စစ်ဘောင်းဘီဖြင့် ရွာသားနှစ်ယောက်၏ နဂိုဝတ်ထားသော ဘောင်းဘီ ပေါ်တွင်ထပ်ဝတ်ပေးပြီး ပုံဖျက်ထားသည်။သေဆုံးသူထဲမှအိုက်မောင် ဇနီးတစ်ယောက်ဖြစ်သူသည် “ စစ်ဘောင်ဘီဟာသူနဲ့တအားကြီးတယ်။အဲ့ဒီစစ်ဘောင်ဘီဟာ သူ့ဘောင်းဘီမဟုတ်ဘူး” အဲ့ဒီဘောင်းဘီဟာ သူတို့ဟာမဖြစ်နိုင်ဘူးဆိုတာသိသာတယ်။
ဇွန်လ ၂ ရက်နေ့တွင် မိုင်းယော်မြို ့ ဝိဟာရ ဘုန်းကြီးကျောင်းတွင် သေဆုံးသူ ရွာသား ၅ ဦး၏ အသုဘ ဈာပနာ တွက် ကောင်းမှုကုသိုလ်များပြုလုပ်လှူဒါန်းပေးသည်။လားရှိုးမှ ဘုန်းကြီးကျောင်း အပါဝင် ဘုန်းကြီးကျောင်း ၄ ကျောင်း ပင့်ဖိတ်ခဲ့သည်။သေဆုံးသူ အလှူဒါန အတွက် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန်ဘာသာ၊ ရှမ်းနှင့် တအောင်း ဓလေ့အတိုင်း ကောင်းမှုကုသိုလ်များပြုလုပ်ပေးခဲ့သည်။ဇူလိုင် ၂ ရက်နေ့မှာဘဲ ခမရ ၃၆၂ မိုင်းယော်ကနေထွက်သွားသည်။
ဇူလိုင်လ ၄ ရက်မရောက်မှီကတည်းကပစ်သတ်ခံလိုက်ရသူအလောင်းသည်မည်သူမည်ဝါဖြစ်သည်ကို သိသည်။( ဆိုင်ကယ်မောင်း လာရင်း သေနတ်ဖြင့်သတ်ပစ် ခံရ ) သူဟုသိလိုက်သည်။ နော်တင့် နှင့် စိုင်းလှ ဟာညီအစ်ကိုဖြစ်ပြီး လားရှိုးအနီးတွင်နေထိုင်သည်။သူတို့နှစ်ယောက်ဟာ မိုင်းယော်ဘက်မှာနေတဲ့ နော်တင့်ရဲ့ မိန်းမ အား မကြာမည်ရောက်ရှိလာမည့် ကောက်စိုက်ရာသီ တွက်အလုပ်လုပ်ကူညီရန် သွားရောက်ခေါ်ဆောင် ခြင်းဖြစ်သည်။
ခါတိုင်းသူတို့သွားနေကြတော့ဘာမှမဖြစ်ဘူး ဒါပေမဲ့ ဇူလိုင်လ အစောပိုင်းလည်းအိမ်မပြန်မရောက်လာတော့ သူ၏မိသား စုတို့မှာစတင်စိုးရိမ်ပူပန်လာကာ မိုင်းယော် စစ်ဖြစ်ပွားရာထဲတွင်ပါဝင်ပါတ်သက်နေပြီဟု သိလိုက် သည်။ ထိုနောက် ဇူလိုင် ၄ ရက်နေ့တွင်အကြီးဆုံး အစ်ကို၊ အငယ်ဆုံးညီလေး နှင့် ဦးလေးအပါအဝင် မိသားစု ဝင် ၅ ယောက်တို့မှာ သူတို့အား ရှာဖွေကြည့်ရန် မိုင်းယော်ကိုလာခဲ့သည်။
၎င်းမိသားစု သည် ပစ်သတ်ခံရသူ မော်တော်ဆိုင်ကယ်စီးသူ နှစ်ယောက် ရှိရာသို့သွားပြီး မြေပြင်ပေါ်တွင်သူ တို့၏ အသုံးအဆောင်ဟိုတစ်စု ဒီတစ်စုကျနေသည်ကိုကြည့်ပြီးမှတ်မိသည်။
သူ့ ဦးလေးပြောတာတော့ “ ကျနော်တို့ တွေ့တာ သူ့ ဦးထုတ်၊နေကာမျက်မှန်၊ ပိုက်ဆံအိတ်နဲ့ ဖိနပ်တွေ့တော့ သူတို့တွေ သတ်လို်က်ပြီဆိုတာပို၍ သေချာသွားသည် ။ကျနော်တို့ဟာ ပတ်ဝန်းကျင်ရှိ အခြားသောသူတွေကို သူတို့ ၂ ယောက်မ ည်သည့်အိမ်ကိုရောက်ရှိကြောင်းမေးသည်။ကျနော်တို့ အိမ်ကိုပြန်ရောက်တော့ ရွာသူကြီး ကိုသတင်း ပေးအကြောင်း ကြားခဲ့သည်။ ထိုပြင်ကျနော်တို့နှင့် ရွာသူကြီးတု့ိ အီနိုင်း(ကျေးရွာအုပ်စု) ရဲစခန်းအမှတ်(၁)ဆီ အမှုဖွင့်ရာ လူပျောက်အ မှုဖြင့်လက်ခံထားသည်။ အမှတ် (၁) ရဲက လားရှိူးရဲစခန်းအမှတ် (၂) ဆီကိုပါအမှုသွားဖွင့်ရန်အကြံပေးသည်။
ဇူလိုင် ၆ ရက်နေ့ရောက်တော့ နောက်ထပ်တစ်ခေါက်သွားဖို့ သူ့ဦးလေးနဲ့အတူ နိုင်ငံရေးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) အဖွဲ့ဝင် နှင့် သတင်းထောက်တို့လိုက်ပါခဲ့ သည်။ဒီချိန်မှာ သူတို့ သေဆုံးသူတို့ရဲ့အလောင်း ကိုတူဆွကြည့်သည်။လူသေလောင်းမှာ လွန်စွာပုပ်သိုးနေသော်လည်း သူ၏ ဦးလေးမှာ သူ၏တူဝတ်သော အဝတ်စား ကိုမှတ်မိသည်။
ထိုနေ့ပင်လျှင် သူတို့ တစ်ခါတည်း လားရှိူး ရဲစခန်းအမှတ် ( ၂ ) ကို သွားပြီးထပ်အမှုဖွင့်လိုက်သည်။ သူနဲ့အတူ ရွာက သက်ကြီးရွယ်အို၊ ရွာသူကြီး နှင့်လွတ်တော်ကိုယ်စားလှယ် တို့ရဲစခန်းသို့သွားခဲ့သည်။ရွာသားများ ရဲစခန်း တွင် ဒုစခန်းမှူး နှင့်တွေ့ဆုံသည်။သို့သော် ဒုစခန်းမှူး က အမှုလက်ခံသည် ဆိုပေမဲ့လည်း ဒီအမှုကို ဘယ်လို ကိုင်တွယ်မယ် ဆိုတာရှင်းလင်းစွာဖြေ ကြားခြင်းမရှိပါ။ နောက်လာမည့်ရုံချိန်း အတွက် အဆက်အသွယ်လုပ်၍ ပြန်ခေါ် မည်ဟု ဒုစခန်းမှူးကပြောသည်။
သေဆုံးသူရွာသားတို့၏အသေးစိတ်
စဉ် | အမည် | အသက် | လူမျိုး | နေထိုင်သူရွာသားများ | မိသားစု | သတ်ဖြတ်မှုအသေးစိ်တ် |
၁။ | နော်တင့်
|
၃၃ နှစ် | လွယ်လှ (ဝလူမျိုး) | အီနိုင်းအုပ်စု(နမ့်
ယောင်ကျေးရွာ) |
သားသမီး နှစ်ယောက်ရှိ | ဆိုင်ကယ်မောင်းနေချိန်ပစ်သတ်ခံရ၊(ဇနီးဖြစ်သူကိုသွားကြိုရာလမ်းတစ်လျှောက်) |
၂။ | စိုင်းလှ
(နော်တင့်၏ညီ) |
၃၀ နှစ် | လွယ်လှ
(ဝလူမျိုး) |
အီနိုင်းအုပ်စု(နမ့်ယောင်ကျေးရွာ) | သား နှစ်ယောက်သမီးတစ်ယောက် | သူ့အစ်ကိုနှင့်ဆိုင်ကယ်စီးနေချိန် ပစ်သတ်(သူ့အစ်ကို၏မိန်းမ သူ၏မရီးဖြစ်သူအားသွားကြိုရာလမ်းတစ်လျှောက်) |
၃။ | စိုင်းအိုက်ဆိုင် | ၂၃ နှစ် | တအောင်း | ဝမ်ကစ်(မိုင်းယော်) | ကလေး နှစ်ယောက် | အိမ်မှ ပြောင်းခင်းထဲသို့ဆိုင်ကယ်စီးသွားခဲ့ရာ တွင်အဖမ်းခံရ( ရိုက်နှက်ဒဏ်ရာဖြင့် မြေမြှပ်ထားသည်ကိုတွေ့ရှိ) |
၄။ | စိုင်းအိုက်မောင် | ၂၇နှစ် | တအောင်း | ဝမ်ကစ်ရွာ(မိုင်းယော်) | လူပျို(အသက် ၆၀ ရှိအဖွားနှင့်တူနေ) | သူ၏အဖွားအား ပြောင်းခင်းတွင်သွားကြိုရာဖမ်းခံရ(ရိုက်နှက်ဒဏ်ရာဖြင့် မြေမြှပ်ထားသည်ကိုတွေ့ရှိ) |
၅။ | စိုင်း အိုက် | ၃၅ နှစ် | တအောင်း | လွတ်ဝမ်ကစ်ရွာ(မိုင်းယော်) | သမီး တစ်ယောက် သား တစ်ယောက် | သူ၏သမီးအား မိုင်းယော်အထက်တန်းကျောင်းတွင်ဆိုင်ကယ်စီးနှင်းသွားကြိုရာလမ်းတွင်အဖမ်းခံရ(ရိုက်နှက်ဒဏ်ရာဖြင့် မြေမြှပ်ထားသည်ကိုတွေ့ရှိ) |
၆။ | စိုင်းရွှေလူ | ၁၇ နှစ် | ရှမ်း | ဝမ်တပ်ရွာ (မိုင်းယော်) | လူပျို | ယာထဲတွင်အလုပ်လုပ်နေချိန်အဖမ်းခံရ(ရိုက်နှက်ဒဏ်ရာဖြင့် မြေမြှပ်ထားသည်ကိုတွေ့ရှိ) |
၇။ | အိုက်မောင် | ၂၅နှစ် | တအောင်း | ဝမ်တပ်ရွာ(မိုင်းယော်) | သမီး နှစ်ယောက် သား တစ်ယောက် | ယာထဲတွင်အလုပ်လုပ်နေချိန်အဖမ်းခံရ(ရိုက်နှက်ဒဏ်ရာဖြင့် မြေမြှပ်ထားသည်ကိုတွေ့ရှိ |
ထိုအမှုနှင့်ပတ်သက်၍ ဗမာအစိုးရစစ်တပ်မတော်မှ လုပ်ဆောင်ချက်
အစပိုင်းတွင် ဗမာအစိုးရစစ်တပ်မတော်အကြီးကဲအရာရှိသည် ၎င်း သတ်ဖြတ်မှုကိုတာဝန်ယူရန် ငြင်းဆန် ရန်ကြိုးစားခဲ့ပြီး အခြားသော တိုင်းရင်းသားလက်နက်ကိုင်သူတု့ိလက်ချက်အဖြစ် လိမ်ညာ အပြစ်တင်သည်။
၂ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ဗမာအစိုးရစစ်တပ်မတော်မှ မြဝတီ သတင်းစာနယ်ဇင်းမှ မိုင်းယော်မြို ့အနီး ဗမာအစိုး ရတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (SSA) နှင့် တအောင်းပလောင် တပ်မတော် (TNLA)တို့နှင့် တိုက်ပွဲဖြစ်ြ ပီးနောက်တွင် သေဆုံးသူရွာသား ၇ ဦးအားတွေ့ရှိရသည်ဟုသတင်းထုတ်ပြန်ထားသည်။ ထိုသတင်းကြေငြာချက်ထဲတွင် သေဆုံးသူ ၂ နှစ်ဦး၏အလောင်းမှာ ရန်သူဖြစ်ပြီးအလောင်း၏နံဘေးတွင် ငွေ ၁၉ သိန်းကျပ် နှင့် စိတ်ကြွဆေးပြား (၂၀၀၀) တို့ဖြင့်တွေ့ရသည်ဟု ရေးသားဖော်ပြထားသည်။သူတို့ပြောတာက ကျန် ၅ လောင်းမှာ ခဲ၊ယမ်း မီးကျောက်နှင့် ၎င်း ပဋိက္ခဖြစ်ရာ နေရာတွင် အတူတွေ့ရှိရပြီး သူတို့ဟာ သတ်သူ အားရှာဖွေနေခဲ့ကြသည်ဟုဆိုသည်။ဒီသတင်းသည် ဇွန်လ ၃ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာထဲတွင် “မိုင်းယော်မြို ့တွင်းတွင် သေဆုံးသူ ရွာသား ၇ ဦးတွေ့ရှိပြီးနောက်တွင် တပ်မတော်က သတ်သူမျာကို ရှာဖွေနေသည်ဟု သတင်းထုတ်ခဲ့သည်။”
မည်သို့ပင်ဆိုစေကာမူ သတင်း မီဒီယာအများစုက ထိုသတ်ဖြတ်မှုသည် ဗမာအစိုးရစစ်သား တွေနှင့် ပဲသက်ဆို င်သည်ဟု ဆိုသည်။ဇွန်လ ၃ ရက်နေ့ ၂၀၁၆ ခုနှစ် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် လားရှိုးမြို့ မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ကျော်ကျော်စိုး ၊ဗိုလ်မှူး ကြည်ဝင်း နှင့် ဗိုလ်ကြီး ဝင်းကျော်တို့မှာ သေဆုံးသူ၏ မိသားစုများနှင့် တွေ့ဆုံခဲ့သည် ။ထိုတွေ့ဆုံချိန်တွင် ဓါတ်ပုံရိုက်ခွင့်မပေးပေ။ မိုင်းယော်စကားပြန်၊ မိုင်းယော်အတွင်းရေးမှုး နှင့် ရဲအုပ် လာရောက်နားထောင်ခဲ့သည်။ သေဆုံးသူ ထဲမှရွာသူ၊ရွာသားများ ဖြစ်ကြသောသူတို့ ၏ အမေ နှစ်ယောက် နှင့် သေဆုံးသူ၏ မိန်းမ မုဆိုးမ ၄ ဦးတို့ လာရောက် တွေ့ ဆုံသည်။ ဗမာအစိုးရဗိုလ်မှူးက ဇွန်လ ၂၅ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ဖြစ်ပျက်စဉ်အားမေးမြန်းသည်။သူတို့သည် ရွာသားတို့၏ အမျိုးအဆွေသက်ဆိုင်သူကို တစ်ယောက်ချင်းစီး ခေါ်မေးမြန်းသည်။နောက်ဆုံးတွင် သေဆုံးသူ ရွာသားတို့သည် အရပ်သားဖြစ်ကြောင်းဟယုံကြည်သည်ဟုဆိုခဲ့သည်။ သူတို့ရဲ့အဆွေအမျိုးတွေက ခုလို ပြန်ပြောကြားသည့် အတွက် စိတ်အနည်းငယ်သက်သာရာရသည်။
ပြီးနောက် ဒုတိုင်းမှူး ကျော်ကျော်စိုး သည် တရားလို မိသားစုဝင် တစ်ဦးချင်းကို ငွေကျပ် ၃ သိန်း ကိုပေးသည်။ သို့သော်၎င်း ပေးဆောင်သောငွေသည် လျှော်ကြေးမဟုတ်ကြောင်း ခုလို်မေးမြန်းချင်းကြောင့်ပေးချင်းမဟုတ် ကြောင်း ပြောသည်။ဒုတိုင်းမှူး ကျော်ကျော်စိုးက ခုလာရခြင်းသည် တစ်ကယ့်ဖြစ်စဉ် ကိုရှာဖွေမှတ်သား ရန်ဖြစ်ပြီး လတ်တလော ရွာသားတို့၏ပြောပြချက်ကို စစ်ဆေးရန်ဖြစ်သည်ဟုဆိုသည်။ခု ဖြစ်စဉ်သည် ပြီးဆုံးဦးမည်မဟုတ်သေးကြောင်း ခုလိုငွေပေးခြင်းသည်လည်း ပုဂိ္ဂုလ်ရေးအရ ကလေးတွေကိုသနား၍ ပေးလှူဒါန်းခြင်းဖြစ်ကြောင်းပြောသည်။ဒုတိုင်းမှူး ပေးသောငွေပမာဏ အားလုံးသည် ကျပ် ၁၅ သိန်း ဖြစ်သည်။ဒုတိုင်းမှူး မှာ ရွာသားအား ခုလိုဖြစ်ပျက်မျိုးဘယ်တော့မထပ်မဖြစ်ရဘူးဟုပြောသည်။
သို့ဖြစ်စေကာမူ ရွာသူ၊ရွာသားများကကြောက်လန့်တုန်လှုပ်နေဆဲဖြစ်သည်။ ဗမာအစိုးရစစ်တပ်သားတွေ နဲ့ ဒီဒေသမှာလှုပ်ရှား နေ၍ဖြစ်သည်။ အသတ်ခံရသူတွေရဲ့အမျိုးအဆွေတွေမှာလည်း အပြစ်ကျူးလွန်သည့် တပ်ကိုအရေးယူ မယူမှာ မသိရှိပေ။တရားမျှတမှုတွေကိုရရှိလိုသည်လို့ ရွာသားတွေကကျနော်တို့ ရှမ်းလူ့အခွင့်မဏ္ဍိုင်ကိုပြောသည်။
ဗမာအစိုးရစစ်တပ်၏ ဥပဒေမဲ့ လုပ်ရပ်တို့ကို ရပ်တန့်ရန်
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ မေးမြန်းစုံစမ်းရာ ဗမာအစိုးရစစ်တပ် ခမရ (၃၆၂) မှ ကျူးလွန်ရာ ပြစ်မှုဆိုင်ရာအတိုင်း
၁။ ဗမာစစ်အစိုးရစစ်သားမှ ဆိုင်ကယ်စီးသူ နှစ်ဦးအား ရပ်ခိုင်းရာမရပ်သဖြင့် သေနတ်ဖြင့်ပစ်သတ်လိုက်သည်။
၂။ ရွာသားများ ယာလုပ်နေသော ဧရိယာပတ်ဝန်းကျင်ဘက်သို့ လက်နတ် မော်တာ သေနတ်ဖြင့် ပရမ်းပတာ လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် ရွာသားအားထိခိုက်ဒဏ်ရာရ
၃။ ဗမာအစိုးရစစ်သားများက အပြစ်မဲ့ရွာသား ၅ ယောက်အားရို်က်နှက် သတ်ဖြတ် ပြီး သေဆုံးသူရွာသား၏ ဘောင်ဘီအပေါ်စစ်ဘောင်းဘီစွပ်ပေးပြီးသူတို့အား စစ်သားဟု ထင်ယောင် ထင်မှား ဖြစ်အောင်လုပ်ခြင်း
ခုလိုရာဇဝတ်ပြစ်မှုများ ကျူးလွန်ခြင်းကို ရှမ်းလူ့အခွင့်မဏ္ဍိုင်မှ ရှုတ်ချသည်၊ တာဝန်ရှိသောအထက်အဆင့်ဆင့်မှ တားဆီးဖုံးကွယ်ခြင်းကို ရှုတ်ချသည်။ ဒေသ တာဝန်ရှိသူများက ရွာသားတွေအတွက် မကူညီခြင်းကို ရှုတ်ချသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှဗမာအစိုးရစစ်သားတို့၏ ကျူးလွန်သည့် ပြစ်မှုကို တရားမျှတစွာ ပေါ်ပေါက်နိုင်ရေး တွက် ယ္ခု NLD ဦးဆောင်သော အစိုးရကအမြန် ကိုင်တွယ်ဆောင်ရွက်ပေးရန် နှင့် တိုင်းပြည်တွင်း တွင် နေထိုင် သော မပြစ်ကင်းမဲ့သူရွာသားတွေတု့ိ၏ဘ၀ လုံခြုံမှုကိုဖျက်ဆီးနေသည့် အစိုးရစစ်တပ်၏ ဥပဒေမဲ့ လုပ်ရပ်တို့ကို အမြန်ဆုံးရပ်တန့် စေရန် တိုက်တွန်းလိုက်ပါသည်။
ဆက်သွယ်ရန်
နန်းစံတောင်း + ၆၆ (၀) ၈၁-၆၀၃-၆၆၅၅ (အင်္ဂလိပ်/ ရှမ်း/ ထိုင်း)
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း/ အင်္ဂလိပ်)
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ/ အင်္ဂလိပ်)