အစိုးရစစ်တပ် ဖြစ်သော ခမရ ၁၄၇ သည် သီပေါနယ်မြေတွင်း SSPP/SSA ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် တွင် ဒေသခံများကို အတင်းအဓမ္မစေခိုင်းခြင်း၊ အခကြေးငွေမဲ့စွာအစားအသောက်ခြင်း၊ ရွာသားများ၏ ကုန်တင်ကားများကို ချောဆွဲခြင်းများပြုလုပ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံရသတင်း အမှတ်စဉ် (၁၁/၂၀၁၇)

ဒီဇင်ဘာလ ၄ ရက်နေ့ ၂၀၁၇ ခု။

အစိုးရစစ်တပ် ဖြစ်သော ခမရ ၁၄၇ သည် သီပေါနယ်မြေတွင်း SSPP/SSA ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် တွင် ဒေသခံများကို အတင်းအဓမ္မစေခိုင်းခြင်း၊ အခကြေးငွေမဲ့စွာအစားအသောက်ခြင်း၊ ရွာသားများ၏ ကုန်တင်ကားများကို ချောဆွဲခြင်းများပြုလုပ်

နိုဝင်ဘာ လ နောက်ဆုံးပတ် အချိန်တွင် သီပေါနယ်မြေတွင်း အစိုးရစစ်တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ကိုထိုးစစ်ဆင်တိုက်ခိုက်ချိန် အတွင်းတွင် အစိုးရစစ်တပ် ခမရ ၁၄၇ သည်ဒေသခံရွာသူရွာသားများထံမှ အတင်းအဓမ္မစေခိုင်းခြင်း၊ အခမဲ့အစားသောက်များယူဆောင် စားသောက်ခြင်းနှင့် ရွာသူရွာသားများထံမှ ထော်လာဂျီ ကိုချောဆွဲသည်။

နိုဝင်ဘာလ ၂၈ ရက် ၂၀၁၇ ခု နောင်ကော် အခြေစိုက်အစိုးရစစ်တပ်ဖြစ်သည့် ခမရ ၁၄၇ မှ စစ်သည်အင်အား ၆၀ စစ်ကား နှစ်စီးဖြင့် ပါကေရွာ ရောက်ပြီး ထိုမှ ခါးချိုရွာသို့ဆက်လက်ချီတက် ရာ ထိုနေရာတွင် အသက် ၅၀ အရွယ်ရှိရွာသားဖြစ်သော လုင်းဆု ကို နမ့်လင်းရွာ (အိမ်ခြေ ၃၀ ခန့်ရှိ တအာန်းရွာ) ရောက်သည့်တိုင် အတင်းအဓမ္မ လမ်းညွန်ခိုင်းသည်။ ထိုရွာရောက်သည့်ချိန်တွင် လုင်းဆုကို အိမ်ပြန်စေပြီး အစိုးရစစ်သားများက နမ့်လင်းရွာတွင် တစ်ညတာ ခိုနားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ၂၀၁၇ မနက်ပိုင်း ၈း၃၀ မိနစ်အချိန်တွင် အစိုးရစစ်တပ်က နမ့်လင်းရွာမှ ထွက်လာပြီး  တောင်ဘက်ပိုင်းရှိတောင်ဘက်သို့ ဦးတည်ရာ ထိုနေရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စိုက်စခန်းဖြစ်သည့် ကောင်းမိုက်ဟုန်း နယ်မြေဖြစ်သည်။ ၃၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် အစိုးရစစ်တပ်က နမ့်လင်းရွာသို့ပြန်လည်ထွက်ခွာသည်။

ညနေပိုင်း အချိန်တွင်  တောင်သူလယ်သမားဖြစ်သည့် လုင်းပုံး သည် သူ့မိသားစုနှင့် သီပေါသို့ ပြောင်း ဖူးရောင်းပြီး ဝမ်နောင်အပြန် တွင် အစိုးရစစ်တပ် ခမရ ၁၄၇  နမ့်လင်းသို့ ဦးတည်သွားနေသော အချိန်ဖြစ်သည်။ တပ်သားများက သူ၏ထော်လာဂျီကို ရပ်ရန်တားပြီး ရှာဖွေရာ ဖရဲသီး ၁၀ လုံးကို ပိုက်ဆံပေးချေခြင်းမရှိဘဲ ယူသွားသည်။ ထို့နောက် ထော်လာဂျီကို ဆက်သွားရန် ခွင့်မပြုဘဲ တားထားသည်။

တပ်သားသည် နမ့်လင်းတွင် တစ်ညနားပြီး ပါကန်းသို့ ဆက်လက်ချီတက်သွားသည်။ နိုဝင်ဘာ ၃၀ ရက် ၂၀၁၇ မနက်ပိုင်းတွင် အစိုးရစစ်တပ်က ထော်လာဂျီ ၃ စီးသွားရှာရန် ရွာသူကြိီးကို အမိန့်ပေးပြီး သည်နှင့် ပါကန်းမှ ရွာသူရွာသား ၃ ယောက် ဖြစ်သော လုင်းစိုင်းလုံ၊ နန်းအေးမြင့် နှင့် လုင်းဆန်တော တို့ကို ဆိုင်ကျောက် အခြေစိုက်စခန်းသို့ မောင်းပို့ပေးရန် စေခိုင်းသည်။ ဒီဇယ်ဖိုးတင် မက မည်သည့် အခကြေးငွေ မျှမပေးချေပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ခုနှစ်တွင် အစိုးရစစ်တပ်နှင့် အပစ်ခတ်ရပ်စဲရေး စာချူပ်ချူပ်ဆိုထားသော်လည်း ယခုထိတိုင် အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုဒဏ်ခံနေ ရသည်။

နမ့်တူမြို့နယ်ထဲ မှ မော်တာဗုံးကြောင့် ၈ နှစ် အရွယ် ကောင်ကလေး အသက်ဆုံးရှှုံး

နိုဝင်ဘာလ ၂၈ ရက် ၂၀၁၇ တွင် နမ့်တူမြို ့နယ် နားဆိုင်ကျေးရွာအုပ်စု နားဆိုင်ကျေးရွာ မှ လုင်းဆိုင်ခိုင် နှင့် ပါဆေ့ တို့၏သား အသက် ၈ နှစ် အရွယ် စိုင်းလှဟန် သည် သူ့မိဘနှင့်အတူ ရွာနား၏ တောင်တွင်းရှိ ပြောင်းခြံသို့သွားသည်။ မွန်းလွဲပိုင်း ၄ နာရီ အချိန်တွင် ညနေစာအတွက် ဖရုံညွန့် နှင့် ငှက်ပျောပင် တစ်ဝိုက်ရှိ တခြားဟင်းသီးဟင်းရွက်သွားခူးရန် မိဘထံမှ ခွင့်တောင်းပြီး သွားရာ ထိုနေရာတွင် မပေါက်သေးသော M9 ဗုံကို နင်းမိရာ ဗုံးပေါက်ပြီး ထိုနေရာတွင် သေဆုံးခဲ့ရသည်။

M9 ဗုံးကို နင်းမိပြီး ထိုနေရာတွင် သေဆုံးသွားသော အသက် ၈ နှစ် အရွယ် စိုင်းလှဟန်

ဗုံးပေါက်သံကြားပြီးနောက်ပိုင်း သူ့မိဘက ချက်ချင်းထိုနေရာကိုလာရာ သူ့၏အလောင်းကိုတွေ့သည်။ တစ်နေ့တည်းတွင် သူ့အလောင်းကို တောင်နားတွင် မြှပ်လိုက်သည်။ သူသည် တစ်ဦးတည်းသော သားလည်းဖြစ်သည်။

ထိုဗုံးသည် အစိုးရစစ်တပ်၏ဗုံး ဖြစ်သည်ဟု ဒေသခံများက မှတ်ယူသည်။ အဘယ်ကြောင့်ဆိုသော်  အစိုးရတပ်သား ( တပ်မ ၃၃ ၏ အောက်ခံ ၁၁၀ တပ်ခွဲမှ တပ်သား ၁၀၀ ခန့် ) M9 မော်တာဗုံးကို  သယ်ဆောင်နေသည်ကို ရွာသားများက တွေ့မြင်ခဲ့သည်။ အောက်တိုဘာလ ၂ ရက်နေ့ ၂၀၁၇ တွင် မွန်လွဲပိုင်း ၄ နာရီအချိန်တွင် တအောန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA ) နှင့် တိုက်ပွဲ ဖြစ်ခဲ့သည့် တစ်ဝိုက်ဖြစ်သည်။ ပြီးခဲ့သည့်လ တွင် အစိုးရစစ်တပ်နှင့် TNLA တို့ကြားတိုက်ပွဲဖြစ်ပွားရာ တိုက်ပွဲတွင်း စိုင်းလှဟန်သေဆုံးခဲ ့ရသည့်နေရာလည်းဖြစ်သည်။

နားဆန်းရွာတွင်းတွင် အိမ်ခြေ ၇၀ ခန့် ရှိပြီး မိုင်းယိုင် ၏ မြောက်ဘက် နမ့်တူမြစ်အနီး နမ့်တူမြို ့ နယ်တွင်း တွင်တည်ရှိသည်။ နားဆန်းရွာမှ ၄၀ မိနစ်ခန့် သွားရာတွင် စိုင်းလှဟန်သေဆုံးရာ ပြောင်းခင်းဖြစ်သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်  +၆၆း (၀) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း၊ အင်္ဂလိပ် )

နန်းလွန့်လိုင်း +၆၆း (၀) ၆၃-၈၃၈-၉၀၂၉ ( ဗမာ၊ အင်္ဂလိပ် )

ရုံးဖုန်း               +၆၆း (၀) ၉၃-၂၉၇-၇၇၅၄

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်