အစိုးရစစ်တပ်များက ရှမ်းပြည်နယ်တောင်ပိုင်းရှိရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း အထက်ရဲရွာရေကာတာအအနီးတဝိုက်တွင် နယ်မြေရှင်းလင်းစစ်ဆင်ရေး လုပ်စဉ် ကလေး သူငယ် များ နှင့် သက်ကြီးရွယ်အိုများအား ချုပ်နှောင်ထားခြင်း၊ ပေါ်တာဆွဲ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်

၇ ရက် စက်တင်ဘာလ ၂၀၁၈ ခုနှစ်

အစိုးရစစ်တပ်များက ရှမ်းပြည်နယ်တောင်ပိုင်းရှိရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း အထက်ရဲရွာရေကာတာအအနီးတဝိုက်တွင် နယ်မြေရှင်းလင်းစစ်ဆင်ရေး လုပ်စဉ် ကလေး သူငယ် များ နှင့် သက်ကြီးရွယ်အိုများအား ချုပ်နှောင်ထားခြင်း၊ ပေါ်တာဆွဲခါလမ်းပြ အဖြစ်သို့ ဆင့်ခေါ် စေခိုင်းခြင်း

၂၀၁၈ခုနှစ် ဇူလှိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ခမရ ၁၁၅၊ ခမရ ၅၀၁၊ ခမရ ၅၀၄၊ ခမရ ၅၀၅၊ ခမရ ၅၀၆ တပ်ရင်း ၅ ရင်းမှ တပ်သားများသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေကာတာ တည်ရာ မြောက်ဘက်ရှိ ရွာများတွင် နယ်မြေရှင်းလင်ရေး ပြုလုပ်ခဲ့ကြတယ်။ ၎င်းစစ်တပ်တို့သည် ရွာသား ၂၁ ဦးတို့အား ပေါ်တာဆွဲခါလမ်းပြအဖြစ် ၅ရက် ကျော်ကြာ အတင်း အ ဓမ္မခိုင်းစေခဲ့သည့်အပြင် မြန်မာစကား နားမလည်တဲ့သူတွေကို ရိုက်နှက်ခြင်း၊ ခြေဖြင့် ကန်ခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ပါတယ်။ ကျောက်မဲမြိုနယ်မှ SNLD ကိုယ်စားလှယ်တစ်ဦးက ကြားဝင် ဖြေ ရှင်း ပေးမှသာ ထိုရွာသား၂၁ဦးတို့အား ပြန်လည်လွတ်ပေးခဲ့တာ ဖြစ်တယ်။ အသက်ကြီးရွယ်အိုများ၊ အ မျိုး သမီးများနှင့် ကလေးသူငယ် အပါအဝင် လူ ၅၀ ကျော်တို့အား ကျွဲတင်း ကုပ်ထဲတွင် ၃ ညတိုင်တိုင် ချုပ် နှောင်ခဲ့သည့်အပြင် ထိုရွာအတွင်းတွင်လည်း အစိုးရစစ်သားများက သေနတ်များ ပစ်ဖောက်ခဲ့ ကြ တယ်။

နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ် လက်ရှိတည်ဆောက်နေဆဲဖြစ်တဲ့ အထက်ရဲရွာရေကာတာကို ဒေသခံ ရွာသူရွာ သားများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ၂၀၁၈ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် SNLD လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးတို့က ဒေသအတွင်းသို့ ကွင်းဆင်းလှ့ည်လည် လေ့လာခဲ့ပြီး ဆွစ်ဇလန်၊ ဂျာမနီ ၊ ဂျပန်နှင့် တရုတ် နိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားတဲ့ အဆိုပါ ရေကာတာကြီး ရပ်တန့် ရန်ပြောဆိုခဲ့ကြတယ်။

စစ်ပူဒေသများနှင့် ပဋိပက္ခဖြစ်ပွါးရာ ဒေသအတွင်း ရေကာတာဆောက်လုပ်တာနှင့်ပတ်သက်၍ ရှမ်းလူ့ အခွင့် အရေးမဏ္ဍိုင် SHRF အနေနဲ့ ကြာမြင့်စွာအကြိမ်ကြိမ်သတိပေးခဲ့သည့်အပြင် လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း၌ အထက်ရဲ ရွာ ရေကာတာအနီး အခြေစိုက်သည့်အစိုးရစစ်တပ်က အရပ်သားများအပေါ် လူ့အ ခွင့် အရေးချိုးဖောက်မှုတို့ကို လည်း မှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် မတ်လ တုန်းက ရေကာတာလုံခြုံရေးစစ်သားက ဆိုင် ကယ် မောင်း နှင်လာသော ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့ တာကို လည်း မှတ်တမ်းတင်ခဲ့ပါတယ်။

ဤအတောအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း အစိုးရတပ်ရင်း ခမရ ၄၃၀၊ ၅၁၈၊ ခလရ ၂၄၉၊ ၂၉၅၊ ၂၉၆၊ ၂၈၄ တပ်ရင်း ၆ ရင်းတို့မှ တပ်သားများနှင့် ဒေသခံပြည်သူ့စစ်တို့ က ၂၀၁၈ခုနှစ် ဇူလှိုင်လအ စောပိုင်း တွင်မြို့နယ် ၅ ခုကို ဝင်ရောက်စီးနင်း လုယက်ခဲ့တယ်။ ရွားသားများကို မတရားဖမ်ဆီးနှိပ်စက်ခဲ့ခြင်းနှင့် ရွာသားပိုင်ပစ္စည်း များကို ခိုးယူလုယက်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်လက်မှတ် ရေးထိုး ထားသော်လည်း RCSS/SSA အား စစ်ဆင်ရေးဧရိယာမှ ဆုတ်ခွာဖို ဖိအားပေးရန် ရည်ရွယ်၍ လုပ်ဆောင်နေ ခြင်း ဖြစ်ပါတယ်။

လူ့အခွင့်အအရေးချိုးဖောက်မှုအသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း

ကျောက်မဲမြို့နယ်နှင့်နောင်ချိုမြို့နယ် အထက်ရဲရွာရေကာတာ တည်ဆောက်ရာအနီး၌ နယ်မြေရှင်း လင်းရေး ကာလ အတွင်း အစိုးရတပ်သားများက ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ထင်ထိုင်း သေနတ်ပစ် ဖောက် ခြင်း၊ လုယက်ခြင်းများပြုလုပ်

၁။ အစိုးရစစ်သားများက ရွာသူကြီးနေအိမ်ကို ဝင်ရောက်စီးနင်းမွှေနှောက်ကာ ပိုက်ဆံပါခိုးယူ လုယက် ခြင်း

ဇူလိုင်လ ၂၃ ရက်နေ့ သန်းခေါင်ယံကျော်အချိန်တွင် အစိုးရစစ်တပ် ခမရ ၁၁၅မှ တပ်သား အင်အား (၄၀) ခန့်က ရှမ်း စစ်သားအတွက် အခွန်ကောက်သည်ဟုအကြောင်းပြ၍ ကျောက်မဲမြို့အနောက် တောင်ဘက်မှ ၁၂ မိုင်အကွာ ရှိ နောင်ပိန်လုံရွာက ရွာသူကြီးနေအိမ်ကို သွားရောက်စီးနင်းမွှေနှောက် ခဲ့ကြတယ်။

ထိုည ၂ နာရီအချိန်တွင် မြန်မာစစ်တပ် ကား၃စီးဖြင့် အသက် ၅၀ရှိ ရွာသူကြီးစိုင်းနောင့်၏နေအိမ်ကို ရောက်လာခဲ့ကြတယ်။ ထိုစစ်သားများက အဆိုပါအိမ်ကို ဝိုင်းရံထားခဲ့ပြီး အိမ်အဝင် တံခါးကို ရိုက်ဖျက် ဝင်ရောက်ခဲ့ကြတယ်။ ရွာသူကြီးအားသေနတ်လက်ဝယ်ရှိနေကြောင်းနှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ အ တွက် အခွန်ကောက် ပေးနေကြောင်း တစ်စုံတစ်ယောက်ကစာတစ်စောင် ပို့ခဲ့တယ်ဟု စွပ်စွဲ ပြောဆိုခဲ့ တယ်။

အဲ့နောက် ၃နာရီအထိ ရှာဖွေမွှေနှောက်စစ်ဆေးခဲ့ကြကာ သို့သော်လည်း ထိုအိမ်တွင် သံသယဖြစ်ဖွယ် ပစ္စည်း တစ်စုံ တစ်ခုမှ မတွေ့ရှိခဲ့ပါ၊ ထိုအခါ သူတို့စခန်းရှိရာဆီသို့ ပြန်သွားကြခဲ့တယ်။ ဒါပေမဲ့ အိမ်ရှင်၏ ပိုက်ဆံ (၅၀,၀၀၀) ကျပ်ကို ခိုးယူသွားခဲ့တယ်။ သူတို့မထွက်ခွာမှီ သူတို့လာရောက်ခဲ့ကြောင်းကို အင်တာ နက်၊ ဖေ့စ်ဘုတ်စာမျက် နှာ တွင် သတင်းအဖြစ်မတင်ဖို့ ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။

၂။ အစိုးရတပ်သားများ ရွာသား၄ဦးအား အဓမ္မလမ်းပြစေခိုင်း

သြဂုတ်လ၂ ရက်၂၀၁၈ခုနှစ် တွင်ကျောက်မဲအခြေစိုက်အစိုးရတပ်ရင်း ခမရ ၅၀၁ မှ ဗိုလ်မှူးကြီး အောင် နိုင်ထူး ဦးဆောင်သည့် အင်အား (၇ဝ) ခန့်သည် နယ်မြေရှင်းလင်းစစ်ဆင်ရေး အတွက် ဝမ်နားပုံရွာမှ ထွက် ခွာသွားခဲ့ပြီး နမ့် ပျန် ကျေး ရွာကိုဖြတ်ကျော်ကာ ၁၁ နာရီအချိန်တွင် ကျောက်မဲမြို့နယ် ပန်လော့ ကျေးရွာအုပ်စု ပန်လော့ကျေး ရွာ သို့ ဆိုက်ရောက်ခဲ့တယ်။ ပန်လော့အုပ်စု ပိန်းနင်ကျေးရွာသို့ သွားဖို့ ထ ရပ်ကားတစ်စီးနှင့် လမ်းပြတစ်ဦး ရှာပေးရန် ရွာသူ ကြီးအား ခိုင်းစေခဲ့တယ်။ ပန်ကျောက်ကွင် အထိလိုက် ပို့ပေးရန် ရွာသား၄ဦးနှင့် ကားတစ်စီးရှာပေးခဲ့သည်။ ထို့နောက် ပိန်းနင်ကျွေးရွာသို့ ခြေလျင်ဖြင့်ခရီး ဆက် ခဲ့ပြီး မွန်းလွဲ(၁)နာရီတွင် ရောက်ခဲ့ကြောင်းသိရပါတယ်။

အတင်းအဓမ္မလမ်းပြလိုက်ခဲ့ရသည့် ရွာသားလေး ဦး

(၁) စိုင်းသန်းမောင်(အဆိုပါကားပိုင်ရှင်)

(၂) စိုင်းဘအေး ( ကားစပယ်ယာ)

(၃) စိုင်းစံလူ (လမ်းပြနှင့် အစိုးရစစ်တပ်နှင့်အတူ အကြီးရွာတွင် ၂ ည နေခဲ့)

(၄) စိုင်းကျော် (လမ်းပြနှင့် အစိုးရစစ်တပ်နှင့်အတူ အကြီးရွာတွင် ၂ ည နေခဲ့)

၃။ ထင်တိုင်း သေနတ်ပစ်ဖောက်ပြီး ရွာသား၁၁ဦးကို ပေါ်တာလိုက်ရန် အတင်းအကျပ်ခိုင်းစေခြင်း၊ ခြေဖြင့် ကန်ခြင်း၊ရိုက်နှက်ခြင်း၊ ရွာသား(၅၀)ဦးကို ကျွဲတင်းကုပ်တွင် ချုပ်လှောင်ခြင်း၊ ပစ္စည်းလုယူခိုးဝှက်၊ ဖျက်ဆီး ခြင်းများပြုလုပ်ခဲ့

ခမရ ၅၀၁ မှ အင်အား(၇၀)ရှိအစိုးရစစ်ကြောင်းသည် အိမ်ထောင်စု (၃၅) စုရှိ ပိန်းနင်ရွာအား လှမ်းမြင်နိုင် သောတောင်ကုန်းတစ်ကုန်းပေါ်ရောက်သွားသည့်အခါ ပန်လော့ ရွာမှ လမ်းပြရွာသား၂ ဦးက ရှေ့ဆက် သွားဖို့ လမ်း များရင်း နှီးကျွမ်းဝင်ခြင်းမရှိကြောင်းပြောကြားခဲ့သည်။ အဆိုပါဒေသအား သိကျွမ်း သောရွာ သား တချို့သွားရှာ ဖွေရန် ထိုစစ်သားများကို စောင့်ဆိုင်းစေခဲ့သည်။ အဆိုပါစစ်သား များသည် ဒီကိုရောက် ရှိပြီးမှတော့ ရွာထဲသို့ အတူတူဝင်သင့်ကြောင်းဆိုပါတယ်။ ထိုအခါ သူတို့သည် ရွာထဲသို့ ဆင်းလျှောက် ဝင်လာခဲ့ကြသည်။

ရှေ့ကစစ်သားများ ရွာထဲလာသကဲ့သို့ နောက်ကစစ်သားများသည်လည်း တောင်ကုန်းမှ ဆင်းလာနေခဲ့ ချိန် မှာ ရွာမှ (၉၀)မီတာခန့်အကွာအဝေးတွင် မြေမြှုပ်မိုင်း (၂)လုံး ရုတ်တရက်ပေါက်ကွဲပြီး စစ်သည်နှစ်ဦး ထိ မှန်ကာသေဆုံးခဲ့ တယ်။ တိုက်ပွဲဖြစ်ပွား သည်ဟု ယူဆပြီး အရပ်လေးမျက်နှာဘက်သို့ မိနစ်(၃၀)ခန့် ကြာ အောင် ထင်တိုင်းပစ်ခတ် ပါတော့သည်။ ပါကွီ ခေါ် အမျိုးသမီးတစ်ဦး၏နေအိမ်ပါ ကျည်ဆံထိမှန် ခဲ့သည်။

ထို့နောက် အဆိုပါတပ်သားများက ရွာပတ်ပတ် လည် တွင်စတင်ရှာဖွေ တော့သည်။ ရွာသူကြီး “လုံးဒေဝင်” ၏နေ အိမ်ကို မွေနှောက်ရှာ ဖွေသည့် အပြင် ဆိုင်ကယ်သုံးစီး ပါဖျက်ဆီးပြီး ငွေသား (၅) သိန်း ပါခိုးယူ သွား ခဲ့ကြသည်။

ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ လည်း ဘေး လွတ် ရာသို့ ထွက်ပြေးတိမ်းရှောင် ကြရတယ်။ တချို့က အိမ်ပြန် လာရန်ကြောက် သောကြောင့် တောင် ယာခြံ၌သာဆက်၍နေခဲ့ ကြသည်။ ရွာ၌ ကျန် ရစ်သော သက် ကြီးရွယ်အို အမျိုး သမီး များ နှင့် ကလေးသူငယ်များ စုစုပေါင်း အယောက် (၅၀)ခန့် တို့အား စိုင်းထွန်း၏ ကျွဲတင်းကုပ်တွင် သြဂုတ်လ ၃ မှ ၅ ရက်နေ့အထိ သုံးညတိုင်ကြာအောင် ချုပ်လှောင် ထားခဲ့ ကြသည်။ တပ်သားတစ်ဦးက အိမ် ပြန်ချင် သော ရွာသားတစ်ဦးကို ပါးရိုက်ခဲ့ကြောင်း သိရတယ်။

စိုင်းဒေါနခေါ် ရွာသားတစ်ဦးကိုလည်း အခြားတအိမ်တွင် ဖမ်းချုပ်ထားခဲ့ကြောင်း။ ကျင်ကြီးကျင်ငယ် သွား လို၍ မြန်မာ စစ်သားအား ရှမ်းလို ပြောရာ ၎င်းစစ်သားတို့က ဘယ်သွားမလို့လဲ ဟုဆိုကာ အိမ်ပေါ်မှ ကန်ချ ခဲ့ ကြောင်း သိရပါတယ်။

အဆိုပါတပ်သားများက ယောကျ်ားသားရွာသား၁၁ဦးကိုဖမ်းဆီးကာပေါ်တာ အဖြစ် အထုပ်အပိုးများနှင့် အထောက် အပံ့ပစ္စည်းများကို မွန်းလွဲ၂နာရီအချိန် အကြီးရွာဆီသို့ ရောက်သည့်တိုင်အောင် သယ်ခိုင်း ခဲ့သည်။ ရွာ ကင်း စောင့်အဖြစ် ပိန်းနင်ရွာ၌ အစိုးရစစ်သား (၅) ယောက်ကျန်ရစ် နေခဲ့ကြသည်။ ထိုရွာသား ၁၁ ဦးသည် ဩဂုတ်လ (၈) ရက်နေ့ ပြန်လည်လွတ်မြောက်လာသည်အထိ (၅) ရက်ကြာ ပေါ်တာအဖြစ် ဖမ်းဆီးခံခဲ့ကြရတယ် ။ တချို့ က မြန်မာ စကားမတတ်၍ အကန်ခံရ၊ အရိုက်ခံရတယ်။ ထို့လူ့အခွင့်အရေး အချိုးဖောက်ခံရသော ရွာသား (၁၁) ဦး ၏အမည်မှာ အောက်ပါအတိုင်းဖြစ်တယ်။

(၁)လုံးစန်ကန်

(၂)စိုင်းအေး

(၃)လုံးစံ(ဘယ်မျက်စိအရိုက်ခံ)

(၄)စိုင်းစန္ဒာ

(၅)စိုင်းခမ်းလူ (တစ်ချက် အကန်ခံရ)

(၆)စိုင်းအိုက်လံ (သုံးချက် အကန်ခံရ)

(၇)စိုင်းအောင်ခင်(သုံးချက် အကန်ခံရ)

(၈)စိုင်းအောင်စင်း (သေနတ်ဒင်ဖြင့် တစ်ချက်အထောင်းခံရ)

(၉)စိုင်းလူ

(၁၀)စိုင်းအိုက်တွန် ( လက်ကိုနောက်ပြန်ကြိုးတုပ်ခံရ)

(၁၁)လုံးစိုင်းတူး

၄။ ရွာသား (၆) ဦးအား အဓမ္မ စေခိုင်း၊ လမ်းပြခိုင်း၊ အဓမ္မ စကားပြန်ခိုင်းရာမှ တစ်ဦးတွင် အရိုက်အကန် ခံရ၊ တစ်ဦးတွင် ပါးရိုက်ခံရ

ဩဂုတ်လ ၃ ရက်နေ့တွင် ခမရ ၅၀၁ မှ တပ်သားအများက ပိန်းနင်ရွာမှ ပန်လော့အုပ်စု အိမ်ထောင်စု (၈၀) ရှိ အကြီး ရွာသို့ ည (၇) နာရီအချိန်တွင် ရောက်ရှိကြောင်း။ ဩဂုတ်လ ၈ရက်နေ့ထိတိုင် အထက်ပါ ရွာပတ် ပတ် လည်နှင့်ရွာ သား များ၏နေအိမ်များတွင် တပ်စခန်းချ တည်းခိုခဲ့ကြောင်း သိရတယ်။

ထိုရွာသား ၁၁ ဦးကို ပြန်လည်လွတ်ပေးခြင်းမပြုပဲ ဆက်လက်ခေါ်ဆောင်ထားစဉ် ရွာပတ်လည် တဝိုက် တွင် ကင်း လှည့်နေကြောင်း။ တပ်စခန်းချရာအကြီးရွာမှ ရွာသား ၃ ဦး (စိုင်းခေမင်၊ လုံးစိတ္တနှင့် စိုင်းကော) တို့ကို လည်း ထပ်မံ ခေါ်ဆောင်ပြီး တပ်စခန်းတွင်် အတင်းအကျပ် နေခိုင်းခဲ့သည်။ အခြားရွာမှ ရွာသား စိုင်းပီးကို စကားပြန်အဖြစ် ၄ ရက် ကြာ အတင်းခိုင်းစေခဲ့သည်။

ဩဂုတ်လ ၄ရက်နေ့တွင် စိတ်ရောဂါသည် အသက်(၃၀) စိုင်းဒေါနကို အိမ်ပေါ်မှ ရိုက်နှက်ကန်ချ ခဲ့တယ်။။ အခြား ရွာက ကျွဲစာကျွေးနေသည့် အသက် (၅၀) ရှိ လုံးစံထွန်းသည် အဆိုပါ တပ်သားတို့က ဗမာလိုမေး မြန်းသည်ကို နာမလည်သဖြင့် သူ့ကိုတံစဉ်ဖြင့် လည်ပင်းကိုထောက်ပြီး ပါးရိုက်ခြိမ်းခြောက် ခဲ့ကြောင်း သိ ရတယ်။

ဩဂုတ်လ ၅ ရက်နေ့တွင်ထိုတပ်သည် အကြီးရွာ၏အရှေ့မြောက်ဘက်ပန်ကျန်ရွာသူကြီး လုံးခမ်းနှင့် အ ခြားရွာသား အသက် (၄၀) စိုင်းစောတို့ကို အကြီးရွာဆီသို့ လမ်းပြအဖြစ် ထပ်မံဆင့်ခေါ်ခဲ့ကြောင်း သိပါ တယ်။

၅။ အိမ်များကိုမွေနှောက်ပြီး အဓမ္မ ခိုင်းစေရန် အခေါ်ခံရသည့်ရွာသားများကို SNLD ၏ လွတ်တော် ကိုယ် စားလှယ်က တောင်းဆိုသာမှ ပြန်လွတ်ပေးခဲ့

ဩဂုတ်လ ၈ရက် မနက် ၅နာရီအချိန်တွင် အထက်ပါစစ်ကြောင်းသည် အကြီးရွာမှ ဟိုင်းကွင်အုပ်စု ပန် ကျန်ရွာ ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ ပိန်းနင် ရွာသား၁၁ဦး၊ အကြီးရွာသား ၄ ဦးနှင့် ပန်ကျန် ရွာသား ၂ဦး တို့ကို ဆက်လက်ခေါ်ဆောင်ထားသည်။

ပန်လော့ရွာသို့ရောက်ရှိသော် စိုင်းစံဘ၊ နန်းမြမွန်းနှင့်အဖွားဒေါ်နိုင်းလိုင်တို့နေအိမ် သွားရောက်ရှာဖွေ စစ် ဆေးခဲ့သေးသည်။

ဩဂုတ်လ ၈ ရက် ၁၁နာရီအချိန်တွင် ကျောက်မဲ SNLD လွတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက သူ့ လုပ်ဖေါ် ကိုင် ဖက်နှင့်အတူ ပန်ကျန်ရွာသို့ သွားရာက်ပြီး ဒေသခံပြည်သူတို့ကို ကူညီခဲ့ကြောင်း။ ထို့ပေါ် တာ ဆွဲခံရ သောရွာ သားများကို ပြန်လည်လွတ်ပေးရန် ၎င်းတို့က ပန်ကျန်ဘုန်းကြီးကျောင်းတွင် တပ်စ ခန်းချနေသော တပ်မှူး ဗိုလ်မှူး ကြီး အောင်နိုင်ထူးဆီ သွားရောက်တွေ့ဆုံတောင်းဆိုခဲ့ပါ သည်။

“နယ်မြေ ရှင်းလင်းရေးကာလအတောအတွင်းမှာ ကျနော် လူမှားပြီးမဖမ်းချင်တဲ့ အတွက်ကြောင့် ဒီရွာ သား တွေကို ခေါ်ဆောင်ခဲ့တာဖြစ်တယ်။ ဘယ်ဟာက ရွာသား ဘယ်ဟာက လက်နက်ကိုင်အဖွဲ့ ဆိုတာ ကျ နော်တို့ မသိနိုင်ဘူး။ ဒါကြောင့် သူတို့ကို ကျနော်တို့နဲ့အတူ ခေါ်ခဲ့တာဖြစ်တယ်။ မကြာခင်မှာပဲ ကျနော် တို့ ပြန်လွတ်ပေး မှာ” ဟု ဗိုလ်မှူးကြီး အောင်နိုင်ထူးက ဆိုပါတယ်။

ထို့နောက် ပိန်းနင်နှင့် အကြီးမှ ရွာသား ၁၅ ယောက်ကို နေရပ်အိမ်သို့ ပြန်လည်လွတ်ပေးရန် ခွင့်ပြု ခဲ့ ကြောင်း။ သို့သော် ပန်ကျန်ရွာမှ ရွာသား၂ ဦးကို ထိုနေ့တွင် ပြန်မလွတ်သေးပဲ ၎င်းစစ်တပ်တို့ နှင့်အတူ ဩ ဂုတ် ၉ ရက် သူတို့ ၎င်းရွာမှ ထွက်ခွာသည်အထိ ဆက်၍ခေါ်ဆောင်ခဲ့သည်။

၆။ အစိုးရတပ်ရင်း ၃ တပ်ရင်းက ပစ္စည်းများခိုးယူ

အရှေ့မြောက်ပိုင်းဒေသဆိုင်ရာစစ်ဌာနချုပ် (လားရှိုး) လက်အောက်ခံ နမ့်လန်အခြေစိုက် ခမရ ၅၀၅ နှင့် ခမရ ၅၀၆၊ နောင်ချိုအခြေစိုက် ခမရ ၅၀၄ တပ်ရင်း၃ရင်းမှ အစိုးရစစ်တပ်အင်အား ၆၀ ခန့်တို့သည် ဩဂုတ်လ ၉ ရက် ၂၀၁၈ ခုနှစ် ၁၀း၃၀ နာရီအချိန်တွင် ကျောက်မဲမြို့နယ် ပန်စံကျေးရွာအုပ်စု ပိန်းဆော့ ရွာကိုဝင်ခဲ့ပြီး ပါမန်၏နေအိမ်ကို အဓမ္မ ဝင်ခဲ့ကြောင်းသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အစိုးစစ်တပ်က RCSS/SSAအပေါ် ဖိအားအဖြစ် (၅) မြို့နယ်တွင် မတရားဖမ်းဆီး ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ခိုးယူခြင်းပြုလုပ်

၁။ လွိုင်လင်မြို့နယ်တွင် မြန်မာစစ်တပ်က ရွာသား(၄)ဦးကိုဖမ်းဆီးခဲ့

ကောင်းဆိုင်အခြေစိုက် ခမရ ၄၃၀ မှ ဗိုလ်ကြီးသောင်းလင်းထွဋ်ဦးဆောင်သောအင်အား (၃၀) ကျော် အစိုး ရ တပ်ဖွဲ့ သည် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တောတောင်နှင့်ကျေးရွာများတွင် ကင်းလှည့် သွား လာ လှုပ်ရှားခဲ့ ကြောင်း နှင့် လွိုင်ရွဲတောင်မှ နောင်လျိုင်းအုပ်စု နောင်ပါတက်ရွာဆီသို့ သွားခဲ့ကြောင်း သိ ပါ တယ်။

ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းအချိန်တွင် နောင်ပါတက်ရွာသား(၂)ဦးကို ဖမ်းဆီးခဲ့သည်။

(၁) ပေါက်ကုန်းနောင်၊ နောင်ပါတက်မှ လုံးတွေ့၊ပါ မိုင်တို့၏ သား အသက် ၅၈ နှစ်ရှိ လုံးထွမ်းကို ညနေ ၆ နာရီအ ချိန် နောင်ပါတက်ကျေးရွာမြောက်ဘက်ကပ်လျက်ရှိသော ကောင်းမှူးရွာတွင် ဖမ်းဆီးခဲ့တယ်။

(၂) ပေါက်ကုန်းအောက်၊ နောင်ပါတက်ရွာမှ လုံးငွေနှင့်မေပါမန်တို့၏သား အသက် (၃၅) နှစ် စိုင်းတမ်ကို (၈) နာရီအချိန် နောင်ပါတက်အရှေ့ဘက်ကပ်လျက်ရှိသော ကောင်းမှူးကုန်းအောက် ရွာတွင် ဖမ်းဆီး ခဲ့တယ်။

နောင်မို စခန်း ၏ ညွှန်းကြားမှုမှလာသော ခမရ ၄၃၀ မှ အထက်ပါထိုစစ်တပ်သည် လွိုင်လင်မြို့နယ် နောင်လျိုင် အုပ်စု လုံခင်ရွာသား ၂ ဦးကို ဇူလိုင် ၁၂ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့သည်။ ထိုရွာသား(၂) ဦး သည် အစားအစား တချို့ ဝယ်ရန် နောင်မိုဆီသို့ ထွက်ခွာသွားခဲ့ပြီး အိမ်အပြန်လမ်းတွင် အဖမ်းဆီးခံ ခဲ့ကြရသည်။

ထိုအဖမ်းခံရသော ရွာသား ၂ဦးမှာ-

(၁) လွိုင်လင်မြို့နယ် နောင်လျိုင် အုပ်စု ဝမ်မူးဆေးရွာနေထိုင်သူ လုံးပီးနှင့် ပါအင်တို့၏သား အသက် ၂၂ နှစ်ရှိ စိုင်းငွေ။

(၂) နမ့်ဆန်မြို့နယ် နားယိုင်းအုပ်စု နောင်လီ၊ နမ့်ဟူးမိုင်ဇာတိရွာမှနေထိုင်သူ လုံးကျော်နှင့်ပါအောက် တို့ ၏ သားအသက် (၂၂) နှစ်ရှိ စိုင်းကျူး။ သူတို့သည် လွိုင်လင်မြို့နယ် နောင်လျိုင်းအုပ်စု ခမ်းနမ့်ယွက် ရွာ မှာ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

ထိုရွာသား ၄ ဦးသည် ဟိုပုံးတောင်ဘက်ဝမ်ရင်အခြေစိုက် အစိုးရစစ်တပ်က ဖမ်းဆီးချုပ်လှောင်ထား ကြောင်း။ ၎င်းတို့ ၏ဆွေမျိုးများ ထိုအခြေစိုက်စခန်းသို့သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မပြုခဲ့။

(၄င်းရွာ သား ၄ ဦးအနက် ၂ ဦးကို သြဂုတ်လအကုန်တွင် ပြန်လည်လွတ်ပေးခဲ့ကြောင်း SHRF က သတင်း ရရှိခဲ့ပါသည်။ သို့သော် SHRFအနေနဲ့ အဖမ်းဆီးခံရပြီး ပြန်လည်လွတ်ပေးခြင်းမရှိသေးတဲ့ရွာ သားများ၏ ကံကြမ္မာနှင့်အသေးစိတ်အချက်အလက်များ ကို အတည် ပြုနိုင်ဖို့ကြိုးစားနေဆဲ ဖြစ်သည်။)

၂။ မိုးနဲမြို့နယ် ရွာသားပိုင်ပစ္စည်းများကို အစိုးရစစ်တပ်ခိုးယူ

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ ည ရ နာရီအချိန်တွင် စကခ ၂ လက်အောက်ခံဖြစ်သော မိုးနဲအခြေစိုက် ခမရ ၅၁၈ နှင့် ခလရ ၂၈၄ မှ အင်အား ၃၀ ခန့် ကျော်စိန်လတ်ဦးဆောင်သော တပ်ဖွဲ့သည် မိုးနဲ ဝမ်နား အုပ်စု ဝမ်နမ့်သပြေရွာ သွားရောက်ခဲ့ပြီး ရွာသားပိုင်အိမ်မွေးကြက်များနှင့်ပိုက်ဆံတို့ကို ခိုးယူစား သောက် ခဲ့ကြကြောင်း။

(၁) လုံးတ၊ ပါထွန်းတို့ ကြက်၂ကောင်ဆုံးရှုံးခဲ့

(၂) စိုင်းဩဒ၊ နန်းလိတ်တို့ ငွေသား ၃၃၀၀၀ကျပ်။ သို့သော် စိုင်းဩဒက ၎င်းတပ်၏ ဗိုလ်ကြီးဆီသွား ရောက်တိုင်ကြားမှသာ ပြန်ရခဲ့

၃။ ဟိုပုံးမြို့နယ် ရွာသားများနှင့် ရွာသူကြီးအပါအဝင် ၆ဦးတို့ကို အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကရိုက်နှက်

တောင်ကြီးမြို့နယ် မွေတော်အုပ်စု နမ့်ဟူးလန် (ခေါ်) ရေသပြေရွာမှ တပ်ခွဲ (၉) ၏အစိုးရပြည်သူ့စစ် တပ် ဖွဲ့ သည် ဇူလိုင်လ ၂၆ ရက်နေ့ညတွင် ဟိုပုံးမြို့နယ် မိုင်းပျဉ်းအုပ်စု ဝမ်နားလင်းရွာသို့ လာရောက်ပြီး ရွာ သားများ ၏နေအိမ် များကို ရှာဖွေစစ်ဆေးခဲ့သည့်အပြင် ရွာသား၊ သူကြီးအပါအဝင်၆ဦးတို့ကို ရိုက်နှက် ခဲ့သည်။

အရိုက်ခံဒဏ်ရာရရွာသားများမှာ-

(၁) လုံးကောဝိ၊ အသက် (၅၀) နှစ်၊ ရွာသူကြီး၊ ရိုင်ဖယ် သေနတ်ဒင်ဖြင့် ထောင်းခံရသောကြောင့် ခေါင်းနှင့် လက် သွေးထွက်။

(၂) လုံးပေး၊ ပါစံတို့၏သား၊ အသက်၂၇နှစ် စိုင်း ကမ်း ခြေထောက်ဖြင့်အကန်ခံရပြီး သေနတ် ဒင်ဖြင့် ထပ်မံထု ထောင်းသဖြင့်ကြောက် လန့်ကာ အဝေးသို့ထွက်ပြေးပြီးဘယ်နေရာတွင် ပုန်း အောင်း နေသလဲ မသိရ။

(၃) လုံးလွိုင်၊ ပါကွိုင်တို့၏သား၊ အသက်၂၁ နှစ်ရှိ စိုင်းပန်တဝသည်ပစ္စတို သေနတ်ဖြင့် ဦးခေါင်းကို ထောက် ပြီး ခြိမ်းခြောက်ခံရ။

(၄) လုံးပေး၊ ပါပွဲတို့၏သား၊ အသက် ၃၁နှစ်ရှိ စိုင်းလုံသည် ခြေထောက်ဖြင့်ကန်လှဲပြီး သေနတ် ဒင်ဖြင့် ကျောကုန်းကို ၃ ချက်တိတိ အထောင်းခံရ

(၅) လုံးလင်း၊ ပါလန်တို့၏သား၊အသက် ၃၆ နှစ်ရှိ စိုင်းကွိုင်သည် ခြေထောက်ဖြင့် ၁၅ ချက်ခန့်အကန် ခံရသည့် အပြင် သေနတ်ဒင်ဖြင့် မျက်စိကို ၃ ချက်တိတိရိုက်ခံရ

(၆) လုံးကောစံလှ၊ ပါစုတို့၏သား၊ အသက် ၃၈နှစ်ရှိစိုင်းစိန်တာသည် အချက်(၂၀) အရိုက်ခံရ

၄။ မိုင်းပန်မြို့နယ်က လယ်သမားများစစ်မေးခြင်း ၊တစ်ဦးတွင် လက်ဝယ်စကားပြောစက်ရှိ သောကြောင့် အဖမ်းခံရ

မြန်မာစစ်တပ် ခလရ (၂၉၆) မှအင်အား(၃၅)ယောက်သည် ဩဂုတ်လ (၃)ရက်နေ့ နေ့လယ်မွန်းလွဲ (၁၂း၃၀) အချိန်တွင် မိုင်းပန်မြို့နယ်၊နားမွန်ကျေးရွာအုပ်စု နောင်လွန်ရွာသို့ သွားရောက်ပြီး လယ်ကွင်း တွင် အလုပ်လုပ် နေသော လယ်သမားများကို စစ်ဆေးမေးမြန်းခဲ့ကြောင်း။ ၎င်းအနက်တစ်ဦးစိုင်းစိတ္တ လက်ဝယ်တွင်စကားပြောစက်(နေ့စဉ်သုံးကောသလတ်ဖုန်း)တွေ့ရှိကာ ရှမ်းလက်နက်ကိုင် ဟု အကြောင်း မဲ့ ပစ် တင် ဖမ်းဆီးကာ နောင်လွန် ရွာ ချုပ်နှောင်ထားခဲ့သည်။

သတင်းကြားကြားချင်း ရပ်မိရပ်ဖများက လက်နက်ကိုင်တပ်ဖွဲ့မဟုတ်ကြောင်း သာမန် အရပ်သားသာ ဖြစ် ကြောင်းသွားရောက်ရှင်းလင်းပြောကြားခဲ့ရာ မွန်းလွဲ(၂)နာရီအချိန်တွင်ထိုရွာသားကိုပြန်လွတ်ပေး ခဲ့တယ် လို့ သတင်းရပါသည်။

ခလရ ၂၉၆ တပ်က တပ်သားများသည် မိုင်းပန်မြို့အနောက်ဘက် မိုင် (၃၀) အကွာ မိုင့်ဘုတ်ပန်ပီ ကျေးရွာ အနီး တွင် အခြေစိုက်ခဲ့ကြသည်။ ဩဂုတ်လပထမအပတ်အတွင်းတွင် အရပ်သားများကို အင်အားအလုံး အရင်းဖြင့် လိုက်လံ စစ်ဆေးခဲ့ကြောင်း။ ၎င်းစစ်တပ်သည် မိုင်းပန်မြို့နယ်တွင် တစ်ရွာဝင် တစ်ရွာထွက် လယ်ယာ စိုက်ခင်း များ၊ တောင်ယာခြံများတွင် လယ်သမားများကို လိုက်၍ စစ်ဆေးနေခြင်းသည် တောင် ယာလယ် အလုပ်သွားရန်မဝံ့တော့ပါ။ ထို ခလရ (၂၉၆) တပ်သည် နမ့်စံမြို့နယ် ခိုလမ် အရှေ့အ လယ် ပိုင်းဒေသစစ်ဌာန၏ထိန်းချုပ်မှုအောက် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင် အဓိကအခြေ စိုက်နေ သော တပ်ဖြစ်သည်။

၅။ မိုင်းကိုင်မြို့နယ် ရွာသားပိုင်ခြံမွေးတိရစ္ဆာန်များကို ခိုးယူ

၂၀၁၈ ခုနှစ် ဩဂုတ်လ ၉ ရက် ညနေ ၅နာရီအချိန်တွင် မိုင်းကိုင်မြို့နယ် မိုင်းခွန်အုပ်စု ပါကန်းကျေးရွာ ဘက် မှ လာသော စကခ (၁၇)လက်အောက် ခလရ ၂၉၅ မှ စစ်အင်အား ၉၀ ခန့်ရှိစစ်ကြောင်းသည် မိုင်းခွန် အုပ်စု ကျောင်းစက် ဘုန်း ကြီးတွင် တစ်ညတပ်စခန်းချခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးစသော သက်ဆိုင်သူ တစ် စုံတစ်ယောက်ဆီ ခွင့်ပြု ချက် မတောင်းပဲ ဗိမာန်တော်၏အတွင်းအပြင် အပေါ်နှင့် အောက်နေရာနှံ့ရှာ ဖွေစစ်ဆေးခဲ့သည်။ သို့သော် သံသယ ပစ္စည်း တစ်စုံတစ်ခုမျှ မတွေ့ရှိခဲ့ပါ။

နောက်တစ်နေ့ (၇) နာရီအချိန်တွင် ထိုစစ်တပ်သည် ၎င်းဘုန်းကြီးကျောင်းမှ မိုင်းကိုင်မြို့နယ် မိုင်ခွန် အုပ်စု ဝမ်ကုန်း ယွန်းကျေးရွာဘက်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ ရွာသား၂ဦးနေအိမ်တွင် ရှာဖွေစစ် ဆေးပြီး ၎င်းပိုင်ပစ္စည်း ကို ခိုးယူခဲ့သေးသည်။ အသေးစိတ်မှာ-

(၁) လုံးအာလောက၊ အသက် ၅၀ ၊ လုံးတ၊ပါဆွေတို့၏သား။

(၂) လုံးဆွေ၊ အသက် ၄၀၊ လုံးတ၊ ပါဆာတို့၏သား။

၎င်းတို့နေအိမ်မှ ကြက် ၃ ကောင် တန်ဖိုးငွေ ၂၀,၀၀၀ ကျပ် ဒယ်အိုးတစ်လုံး တန်ဖိုးငွေ ၁၀,၀၀၀ ကျပ် နှင့် ဓားတစ်ချောင်း တန်ဖိုးငွေ ၁၀,၀၀၀ကျပ်။

၆။ မြန်မာစစ်တပ်သည် ဟိုပုံးမြို့နယ်ရွာသားနေအိမ် (၁၈)အိမ် ဝင်ရောက်စစ်ဆေးခဲ့

သြဂုတ်လ ၁၅ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ဗထူးအခြစိုက်တပ်ရင်းမှ ခလရ ၂၄၉ အင်အား ၄၅ ယောက်ခန့် စစ်တပ်သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု နောင် ရာဆဲ ရွာကို သွား ရောက်ကြသည်။ ၎င်းစစ်တပ်သည် မြောက်ဘက် (၄) မိုင်ရှိကြီတော် ကျေးရွာ ဘက် မှ လာ ခဲ့ပြီး နောင်ရာဆဲ မြောက်ရွာရှိ နေအိမ် (၁၈) အိမ်ကို သွားရောက်ရှာဖွေမွေနှောက်ခဲ့သည်။ သေတ္တာ များဖွင့်လှပ်ပြီး ပစ္စည်းများကို ကြမ်း ပေါ် သို့ သွန်ထုတ်ဖြန့်ကြဲ ခိုးယူခဲ့ကြောင်းသိရသည်။

ထိုပစ္စည်းပိုင် ရွာသား ၁၈ ဦး၏ အမည်မှာ–

(၁) လုံးမိုင်၊ ပါမတ်

(၂)ပါမွန်း

(၃)ပါကြည်

(၄)စိုင်စိတ္တ၊ နန်းဦ့

(၅)စိုင်းဝိရိယ၊ နန်းကွပ်

(၆)ပါဆီ

(၇)စိုင်းစိတ္တ

(၈)စိုင်းနာလိန်တ၊ နန်းနွန်း

(၉)တုဇာတ၊ နန်းသန်

(၁၀)ပါကြည်၊ စိုင်းဩနန္ဒာ

(၁၁)ပါကွိုင်

(၁၂)ပါနု

(၁၃)စိုင်းပန်တိ ၊နန်းစိန်

(၁၄)လုံးထွန်း၊ ပါထွန်း

(၁၅)လုံးစိုင်းဩ၊ ပါကြည်

(၁၆)လုံးကော

(၁၇)လုံးနွမ်

(၁၈)လုံးမေ့

မသင်္ကာဖွယ် ပစ္စည်းကို မတွေ့ရှိခဲ့ပါ။ ထိုနောက် နောင်ရာဆဲတောင်ရွာသို့ ရောက်သွားစခန်းတပ်စခန်းချ ကြောင်း သိ ရသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66: 62- 941-9600       (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 173-1530      (ရှမ်း၊ မြန်မာ)

စိုင်းရှဲန်တိုင်း                 +66: 81- 474-5604      (ရှမ်း၊ မြန်မာ)

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်