မိုင်းဖြတ်မြို့နယ်တွင် အသက် ၇၃ နှစ် အရွယ် အဖွားအိုတဦး အစိုးရစစ်တပ် စစ်သားတယောက်၏ ရက်စက် ယုတ်မာစွာ မုဒိမ်းကျင့်ခံခဲ့ရ

ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် ၏ ထုတ်ပြန် ကြေညာချက်

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့

မိုင်းဖြတ်မြို့နယ်တွင် အသက် ၇၃ နှစ် အရွယ် အဖွားအိုတဦး အစိုးရစစ်တပ် စစ်သားတယောက်၏ ရက်စက် ယုတ်မာစွာ မုဒိမ်းကျင့်ခံခဲ့ရခြင်းသည် တပ်မတော်က ကြီးစိုးချယ်လှယ်နေသည့် ရှမ်းပြည်အရှေ့ ပိုင်းဒေသမှ အမျိုးသမီးများတို့၏ဘ၀ ဘေးကင်းလုံခြုံမှု အားနည်းပြီး ကာကွယ်စောင့်ရှောက်မှုပေးရေး ကင်းမဲ့နေသည့် အခြေအနေကို လှစ်ဟ ထုတ်ဖေါ် ပြသနေခြင်း

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့ အနီး၌ အစိုးရစစ်တပ်မှ စစ်သား တယောက်က အသက် ၇၃ နှစ် အရွယ် အဖွားအို တဦးအား ယုတ်မာစွာ မုဒိမ်းကျင့်ခဲ့ပြီး နားရွက်အား ရက်စက်စွာ လှီးဖြတ်ကာ နားဋောင်းကို လုယက်ယူငင်သွားသည့် လူမဆန်သော လုပ်ရပ် ဖြစ်ပွါးခဲ့မှုသည် ထိုဒေသအတွင်း အင်အားများပြားလှသည့် အစိုးရစစ်တပ် ရောက်ရှိကာ လွှမ်းမိုး အနိုင်ကျင့်မှု ချယ်လှယ် အကြမ်းဖက်မှု အကြားတွင် ဒေသခံ အမျိုးသမီးများတို့၏ ဘဝဘေးကင်းလုံခြုံရေး အခြေအနေ အထူး အားနည်း ကင်းမဲ့နေကြောင်းကို လှစ်ဟ ထုတ်ဖေါ် ပြသလျက် ရှိပါသည်။

ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် တာချီလိတ်မြို့တို့ အကြား မော်တော်ကားလမ်းမ ခရီးတဝက်ပေါ်တွင် တည်ရှိသည့် မိုင်းဖြတ်မြို့ အနီးအနား ပတ်ဝန်းကျင်တဝိုက်၌ မြန်မာ့တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် ၁၈၊ ခြေလျင်တပ်ရင်း အမှတ် ၃၂၉ နှင့် အမှတ် ၃၃၀၊ သံချပ်ကာတပ်ရင်း တရင်း၊ ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်တပ်ရင်း တရင်း၊ တပ်မတော် ဆေးတပ် တပ်ရင်း တရင်း စသော ဌာနချုပ် တပ်ရင်း တပ်ဖွဲ့များစွာ အခြေစိုက် စခန်းချ တပ်စွဲထားလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ် တွင် ရှမ်းပြည် အရှေ့ပိုင်းဒေသမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးခဲ့ကြပြီးသော်လည်း ထိုအချိန်မှ စ၍ ယနေ့တိုင် မြန်မာ့တပ်မတော်မှ အစိုးရ တပ်ဖွဲ့ များ အင်အားလျှော့ချခြင်း ပြန်လည် ရုပ်သိမ်းသွားခြင်း အလျဉ်း မပြုခဲ့ပါချေ။

ဒေသခံ လူဦးရေ ခြောက်ထောင် နီးပါးခန့်သာ ရှိသည့် မိုင်းဖြတ်မြို့ အတွင်း အစိုးရစစ်တပ် အမျိုးအစား မျိုးစုံတို့မှ တပ်သား အင်အား တထောင်ခန့် နှင့် ၎င်းတို့၏ မိသားစုဝင်များ ရောက်ရှိ နေထိုင် တပ်စွဲ လှုပ်ရှားမှု ပြုနေခြင်းသည် စစ်သား နှင့် အရပ်သား ဦးရေ အချိုးအစား မျှတမှု မရှိဘဲ လူထုအား ဝန်ထုတ် ဝန်ပိုးဖြစ်စေသည် သာမက အစိုးရစစ်တပ်က အပြစ်မဲ့ဒေသခံလူထု အထူးသဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများ ဆက်လက် ဖြစ်ပေါ် တိုးပွါးလာရန်ပိုမိုစိုးရိမ် ကြောက်လန့်စေ ရသည့် အကြောင်းရင်းတခု ဖြစ်နေပါသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်သည် ၂၀၁၅ ခုနှစ် အတွင်းက တာချီလိတ်မြို့အနီးတွင် မိုင်းဖြတ်အခြေစိုက် အစိုးရစစ်တပ်မှ စစ်သားတယောက်က အမျိုးသမီးတဦးအား အတင်းအဓမ္မ အကြမ်းဖက် မုဒိမ်းကျင့်ခဲ့သည့် ဖြစ်ရပ်အား ထုတ်ဖေါ် ရေးသားမှတ်တမ်းတင်ခဲ့ ပြီးဖြစ်ပါ သည်။ ထိုသို့မုဒိမ်းမှုကျူးလွန်ခဲ့သူ စစ်သားအား မိုင်းဖြတ်အခြေစိုက်တပ်ရင်းသို့ပြန်လည် ပြောင်းရွှေ့ ပို့ဆောင်လိုက်ပါသော်လည်း မည်သို့မျှ ဆက်လက် အရေးယူ အပြစ်ပေးခြင်းမျိုး မပြုခဲ့ပါကြောင်း သတင်း များက ဆိုပါသည်။

ယခုနှစ် ဧပြီလ ၂ ရက်နေ့က လတ်တလော ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု ဖြစ်စဉ်တွင် တရားခံသည် ထိုပြစ်မှု အတွက် အပြစ်ပေးခံရစရာ မရှိကြောင်း လင်းလင်းချင်းချင်းနေ့ခင်းအချိန်တွင်တရားခံဖြစ်သူ၏ တပ်ရင်းနှင့် ကပ်ရက် မြို့နယ်ဂေါက်ကွင်းအနီး၌ ဖြစ်ပွားခဲ့သော ထိုပြစ်မှုကျူးလွန်ခဲ့ပြီးနောက် နာရီပိုင်း အတွင်းမှာပင် ရဲတပ်ဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတွင် တရားခံဖြစ်သူအား သွေးများစွန်းပေနေသော လက်၊ အဝတ်အစား နှင့် မုဒိမ်းကျင့်ခံရသူ၏နားကပ်တဖက်ကို ဖမ်းမိသည်။ တရားခံဖြစ်သူသည် မည်သည့် သက်သေခံ အထောက် အထားများတို့ကိုမျှ ဖုံးကွယ် ဖျောက်ဖျက်ပစ်ရန် ကျိုးစားခဲ့ခြင်း အလျဉ်း မပြုခဲ့ ကြောင်းကိုလည်း ထူးခြားစွာ သိရှိရပါသည်။

မြန်မာတနိုင်ငံလုံး နယ်မြေဒေသအနှံ့အပြားတို့တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များအား အတောမသတ် ဆက်လက် ကျူးလွန်၍ အမျိုးသမီးများ၏ ဘေးကင်းလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှု ပြုနေကြသည့် အစိုးရစစ်တပ်၏ ရိုးသားဖြောင့်မတ်မှု မရှိသော အပြုအမူ လုပ်ရပ် မှန်သမျှ တို့အားချွင်းချက်မရှိ အမြန်ဆုံးလုံး၀ ရပ်စဲပစ်ရန် ချက်ချင်း လိုအပ်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှမ်းလူ့ အ ခွင့်အရေး မဏ္ဍိုင်အနေဖြင့် ပဋိပက္ခဖြစ်ပွားနေရာ ဒေသများ၌ အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မုဒိမ်းပြုကျင့်မှုများလူအချင်းချင်းအပေါ်လူသားမဆန်သောပြစ်မှုများကျူးလွန်နေသည့်ကိစ္စနှင့် ပတ်သက်သော ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံ စာကိုအားရ ဝမ်းသာ ကြိုဆိုလိုက်ပါကြောင်း နှင့် အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုစစ်ရေး ဖိနှိပ်မှု တရပ်အ သွင်ဖြင့်၎င်း လူမျိုးရေးနှိပ်ကွပ်မှုပုံစံ တခု အဖြစ်၎င်း ရည်ရွယ်ချက် ရှိရှိ ကျူးလွန် ကျင့်သုံး ရာတွင် အဓိက တာဝန်ရှိသည်ဟု သံသယဖြစ်ဖွယ်ရာရှိသည့် မြန်မာ့ အစိုးရစစ်တပ်အား နာမည်ပျက်စာရင်းသွင်းလိုက်ခြင်း ကို အပြည့်အ၀ ထောက်ခံပါကြောင်း အလေးအနက် ဖေါ်ပြအပ်ပါသည်။

သို့ဖြစ်ပါ၍ အစိုးရစစ်တပ်က အမျိုးသမီးများအပေါ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ စနစ်တကျ ကျူးလွန် နေခြင်းအား ချက်ချင်း ရပ်စဲပစ်စေရန် သာမက တိုင်းရင်းသားလူမျိုးများတို့၏ နယ်မြေေ ဒသများအတွင်း စစ်ရေးအရ ဝင်ရောက် သိမ်းပိုက် လွှမ်းမိုး ကြီးစိုး ဖိနှိပ် ချယ်လှယ်မှု ထိုးစစ်ဆင် တိုက်ခိုက် အကြမ်းဖက်မှု ပြုနေခြင်းတို့ကိုပါ ချက်ချင်းရပ်ဆိုင်းပစ်စေရေးအတွက် နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းတို့အနေဖြင့် အစိုး ရ စစ်တပ်အပေါ် အချိန်မဆိုင်းဘဲ ဝိုင်းဝန်း ဖိအားပေးခြင်း ဒဏ်ခတ်ခြင်း နည်းလမ်းများအားဖြင့် တုန့်ပြန် အရေးယူ သွားကြရန် မလွှဲမသွေ လိုအပ်နေပြီ ဖြစ်ပါသည်။ ထိုသို့ တုန့်ပြန် အရေးယူမှု နည်းလမ်း များထဲတွင် စီးပွါးရေး ပိတ်ဆို့ ဒဏ်ခတ်မှု ပြုခြင်းများ၊ သံတမန် ဆက်ဆံရေး ကန့် သတ်ပိတ်ပင်မှု၊ ရပ်စဲမှု ပြုခြင်းများ၊ နာမည်ပျက် စာရင်းသွင်းမှု ပြုခြင်းများ စသည်တို့ အပြင်တိုင်းရင်းသားများတို့၏နယ်မြေဒေသ အတွင်းမှ သဘာဝအရင်းအမြစ် သယံဇာတများ တူးဖေါ် ထုတ်လုပ်ခြင်းကို လုံး၀ ရပ်စဲမှု ပြုရေးကို တွန်းအားပေးသွားရန် လိုအပ်လိမ့်မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများတို့၏ နယ်မြေဒေသအတွင်းမှ သဘာဝအရင်းအမြစ်သယံဇာတများတူးဖေါ် ထုတ်လုပ်ရာတွင် သဘာ၀ အရင်း အမြစ် သယံဇာတ ခွဲေ၀ သုံးစွဲရေး နှင့် အကျိုး ခံစားခွင့် မျှတရေး ဆိုင်ရာ အငြင်း ပွါးမှု နှင့် ပြဿနာများ ပေါ်ပေါက်ကြီးထွားလာစေနိုင်သည်သာမကထိုသို့သဘာဝအရင်းအမြစ်သယံဇာတများတူးဖေါ်ထုတ်လုပ် ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အလို့ငှါ အစိုးရစစ်တပ် အင်အားများစွာကို လုံခြုံရေးအတွက် အသုံးပြုရ လေ့ရှိသဖြင့် တိုက်ပွဲများ တိုးပွါးဖြစ်ပေါ်လာစေရန် ဓါတ်ဆီလောင်းထည့် ပေးရာကျသည့် အပြင် လူ့အခွင့်အရေး လူမျိုးစု အခွင့်အရေး ထိပါးချိုးဖေါက် ကျူးလွန်မှုများတို့ကို ပိုမိုမြင့်တက် များပြားလာ စေနိုင်သောကြောင့်ပင် ဖြစ်ပါသည်။

မိုင်းဖြတ်မြို့နယ်တွင် မြေဧက တသိန်းခွဲကျော် ကျယ်ပြန့်သည့် နယ်မြေဧရိယာအတွင်း ရွှေတူးဖေါ်ထုတ် လုပ်သည့် ရွှေမိုင်း စီမံကိန်း လုပ်ငန်းကြီးတခု လုပ်ဆောင်မည့် သြစတေးလျ နိုင်ငံမှ Access Asia Mining ကုမ္ဗဏီ အားနယ်မြေဒေသ၏ သဘာဝပါတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက် ပျက်စီးမှု ဖြစ်စေမည့် ၎င်းတို့သတ္တုတွင်း စီမံကိန်းသည် ဒေသခံပြည်သူ နှင့် လူထုအခြေပြု အဖွဲ့အစည်းများ၏ အပြင်းအထန် ဝိုင်းဝန်း ဆန့်ကျင် ကန့်ကွက်မှုကို ခံနေရသည့် အပြင် သတ္တုတွင်းစီမံကိန်း လုံခြုံရေးတာဝန်ယူပေးမည့် အစိုးရစစ်တပ်က ဒေသခံလူထု အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်မှုများ နှင့် စစ်ရေးဖိနှိပ်မှု ပုံစံတရပ် အဖြစ် ဒေသခံအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မုဒိမ်းပြုကျင့်မှု များ ပိုမို တိုးပွါး ဖြစ်ပေါ်လာစေနိုင်ချေများသည့် အလားအလာနှင့် အန္တရာယ် ရှိနေသည့် အတွက်ကြောင့် ၎င်းတို့၏စီမံ ကိန်းကို အပြီးအပိုင်ရပ်စဲ ပေးပါရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အနေဖြင့်လည်း အထူးတလည် တိုက်တွန်း မေတ္တာရပ်ခံ တောင်းဆိုမှု ပြုခဲ့ပြီး ဖြစ် ပါသည်။

Access Asia Mining ကုမ္ဗဏီက အစုရှယ်ယာရှင်များထံသို့ ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့ နောက်ဆုံး ဖြည့်စွက် ရေးသားထားသော သတင်းပေးပို့ချက် အရ (http://accessasiamining.com/pdf/ shareholders/AAM_Shareholder%20Update%20020318.pdfတွင် ထိုသတင်းထုတ်ပြန်ချက် အ ပြည့်အစုံ အသေးစိပ်အား ဖတ်ရှု လေ့လာ နိုင်ပါသည်။) ကုမ္ဗဏီ သည် ၎င်းတို့၏ ရှမ်းပြည် အရှေ့ပိုင်း ရွှေမိုင်းလုပ်ငန်း စီမံကိန်းအတွက် ရှမ်းပြည်နယ်အစိုးရ၏ နောက်ဆုံး ဖိုင်နယ် အတည်ပြုချက်ကို စောင့်ဆိုင်း နေလျက်ရှိသည် ဟု ဆိုပါသည်။ ထိုသတင်းပေးပို့ချက်ထဲတွင် ထပ်မံရေးသားဖေါ်ပြထားသော အချက် တရပ်မှာ “ ကျွနု်ပ်တို့ကို မေးမြန်းနေလေ့ရှိ တဲ့ အချက်တရပ်ကတော့ နိုင်ငံတကာနဲ့ ကမ္ဘာ့လူထုအကြား အာရုံစိုက် အလေးထားမှု ကျယ်ကျယ်ပြန့် ပြန့် ပျံ့နှံ့နေတဲ့ ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ ကျွနုပ်တို့ လုပ်ငန်းအပေါ် ဘယ်လို အကျိုးသက်ရောက် မှုမျိုး ရှိနိုင်မလဲ ဆိုတာကိုပါဘဲ … နိုင်ငံတကာ လူမှုအ သိုက်အဝန်းက သည်ရိုဟင်ဂျာပြဿနာကို သာမာန် အားဖြင့် အကောင်းမမြင်ကြတာကို သဘောပေါက် သတိထားမိပေမဲ့ သည်ပြဿနာဟာ ကျွနု်ပ်တို့ရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှု အပေါ် ဘယ်လိုမှ ဆိုးကျိုးသက်ရောက်မှု မပြုနိုင်ပါဘူး။ … ဘာကြောင့်အဲလို ပြောနိုင်သလဲ ဆိုတော့ အဲသည် ရိုဟင်ဂျာ ပြဿနာဟာ သူနဲ့ဆက်စပ်နေတဲ့ နယ်မြေဒေသတွေမှာသာ ဖြစ်ပွါးနေတာဖြစ်ပြီး ကျွနု်ပ်တို့ လုပ်ငန်း လိုင်စင်ရယူထားတဲ့ ပြည်နယ်ကျွနု်ပ်တို့လုပ်ငန်း လည်ပတ်မှု ပြုနေတဲ့ နယ်မြေဒေသနဲ့ဆက်စပ်ပတ်သက် ခြင်းမရှိဲပါ။… “ သည်ကိစ္စနဲ့ ပါတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အနေဖြင့် ထောက်ပြလိုသော အချက်တရပ်မှာ ရိုဟင်ဂျာများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စနစ်တကျ မုဒိမ်းပြုကျင့် ခြင်းများ အပါအဝင် ထိတ်လန့်ကြောက်မက်ဖွယ်ရာ ပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသည်ဟု နာမည်ဆိုး ဖြင့် ကျော်ကြား မှတ်တမ်းတင်ခြင်းခံရသော အသွင်အမြင်တူညီ အကျင့်အကြံ စရိုက် လုပ်ရပ်တူညီကြ သည့် အလားတူ မြန်မာအစိုးရစစ်တပ် လက်အောက်ခံ တပ်ဖွဲ့များအမျိုးအစား တမျိုးတစားတည်းကပင် လျင် ရှမ်းပြည်အရှေ့ပိုင်း နယ်မြေ ဒေသအတွင်း ရွှေမိုင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် ကြမည့် Access Asia Mining ကုမ္ဗဏီ အတွက် လုံခြုံရေးတာဝန် ယူပေးကြပေလိမ့်မည် ဟူသော အချက်ပင် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ဖြစ်ပွါးခဲ့သော မုဒိမ်းမှု ဖြစ်စဉ် အသေးစိပ် သတင်း အချက်အလက်များ

၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်၌ မိုင်းဖြတ်မြို့နှင့်မဝေးကွာလှ သော မိမိ တောင်ယာခြံအတွင်း အလုပ်လုပ်နေသော အသက် ၇၃ နှစ် အရွယ်ရှိ အဖွားအိုတဦးအား အစိုးရ စစ်တပ် စစ်သားတယောက်က အတင်းအဓမ ္မ မုဒိမ်းကျင့်ခဲ့ပြီး နားရွက်ကို ဒါးဖြင့်လှီးဖြတ်ကာ နားဋောင်းကို လုယက်ယူငင်၍ ဦးခေါင်းနှင့်လည်ပင်းကိုပါ လှီးဖြတ်သွားခဲ့မှု ဖြစ်ပွါးခဲ့ပါသည်။

ထိုနေ့ နံနက် ဝရး၃၀ နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ဝမ်ဟွေကျေးရွာနေ ပါကောင်ကျောက် သည် မိမိ တောင် ယာခြံအတွင်းရှိ ဟင်းသီးဟင်းရွက်များကို သွားရောက်ဆွတ်ခူး စုဆောင်းရန် နေအိမ်မှ စတင် ထွက်ခွါ သွားခဲ့ပါသည်။ နံနက် ၀၉း၃၀ နာရီ အချိန်ခန့်တွင် လားဟူ ရွာသားတယောက်က ဝမ်ဟွေကျေး ရွာ အုပ်ချုပ်ရေးသူကြီး စိုင်းတစ်ယီထံသို့ရောက်ရှိလာပြီး ဝမ်ဟွေကျေးရွာနှင့်သိပ်မဝေးကွာ လှသော ရွာ အနောက်ဖက်တွင် တည်ရှိသည့် ဂေါက်ကွင်းအနီး တောင်ယာခြံတခုအတွင်း မြေပြင်တနေရာ၌ လုံချည် ဝတ်မ ထားသည့် သွေးအလိမ်းလိမ်းပေကျံနေသည့် အသက်ကြီး အမျိုးသမီးတဦးကို တွေ့ရှိခဲ့ရကြောင်း သတင်းပေးပို့ခဲ့ပါသည်။

ရွာသူကြီး စိုင်းတစ်ယီက အခင်းဖြစ်ပွါးရာနေရာသို့ ချက်ချင်း သွားရောက် ကြည့်ရှုခဲ့ရာတွင် လုံချည်ဝတ် မထားတော့သော တကိုယ်လုံး သွေးများပေကျံနေသည့် ဒဏ်ရာရ အမျိုးသမီးကြီးအားတွေ့ရှိပြီး ၎င်းမှာ မိမိကျေးရွာမှ ပါကောင်ကျောက် ဖြစ်ကြောင်း မှတ်မိ သိရှိခဲ့ပါသည်။ အမျိုးသမီးကြီး၏ နားရွက်များမှာ ဒါးဖြင့် လှီးဖြတ်ထားသော ဒဏ်ရာများ အပြင် လည်ပင်းနှင့်ဦးခေါင်းတို့၌ပါ ဒါးဖြင့်အထိုးခံထားရသော ဒဏ်ရာ ၃ ချက်ကို တွေ့ရှိခဲ့ရပါသည်။ ပါကောင်ကျောက်က သူကြီး စိုင်းတစ်ယီအား ၎င်းမှာ မုဒိမ်းလည်း အကျင့်ခံ ထားရပါ ကြောင်း ပြောပြခဲ့ပါသည်။ စိုင်းတစ်ယီက ရဲဌာနသို့ တိုင်ကြားရန် သွားရောက်ခဲ့ပြီး အခြားရွာ သားတ ယောက်အား ပါကောင်ကျောက်၏ မိသားစု ဆွေမျိုးများထံ သွားရောက် အကြောင်းကြားရန် စေလွှတ်လိုက်ပါသည်။ ထို့နောက် စိုင်းယီတစ်က အခင်းဖြစ်ပွါးရာနေရာသို့ ရဲတပ်သား ၂ ဦးနှင့်အတူ ကားဖြင့် ပြန်လည် ရောက်ရှိလာပြီး နံနက် ၁၁း၀၀ နာရီ အချိန်တွင် ပါကောင်ကျောက် ၏ သားဖြစ်သူက ပါကောင်ချိုအား မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားခဲ့ပါသည်။ မိုင်းဖြတ် ပြည်သူ့ဆေးရုံမှ ဆရာဝန်တဦးက စစ်ဆေးမှု ပြုအပြီး ပါကောင်ကျောက် မှာ ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သဖြင့် ကျိုင်းတုံ သို့မဟုတ် တာချီလိတ် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကုသစေရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ရှင်း လင်းပြောပြခဲ့ရာ ပါကောင်ကျောက် ၏သားဖြစ်သူက ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင် ကုသစေရန် ဆုံးဖြတ်ပြီး ပါကောင်ကျောက်အား ကျိုင်းတုံမြို့သို့ဆောင်ယူသွားခဲ့ရာကျိုင်းတုံပြည်သူ့ဆေး ရုံသို့ မွန်းလွှဲ ၀၁း၀၀ နာရီတွင် ရောက်ရှိသွား ခဲ့ရာ လူနာမှာသွေးသွင်းကုသပေးရန် လိုအပ်နေသော်လည်း ကျိုင်းတုံပြည်သူ့ဆေးရုံ၌ လုံလောက်သော သွေးအဆင်သင့်မရှိသဖြင့် အခက်တွေ့ခဲ့ကြရပြန်ပါသည်။ ထိုအကြောင်းကို ပါကောင်ကျောက်၏ မိသားစုက ကျေးရွာသူကြီး စိုင်းတစ်ယီ နှင့် ရဲစခန်းထံ ပြန်လည် သတင်းပေးပို့ အကြောင်းကြားခဲ့ပါသည်။ မကြာမှီစစ်တပ်မှ အရာရှိ ၂ ဦး ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး ပါကောင်ချိုအား ကျိုင်းတုံမြို့ စစ်ဆေးရုံ သို့ဆက်လက်ပို့ဆောင် ကုသစေနိုင်ရေးအတွက် ပါဝင်ကူညီခဲ့ရာ ထိုည ၀၈း၃၀ နာရီတွင် စစ်ဆေးရုံသို့ သယ်ဆောင် ရောက်ရှိပြီး လိုအပ်သော သွေးသွင်း ကုသမှုများ ပြုလုပ်နိုင်ခဲ့သည် ဟု သိရှိရပါသည်။

ထိုနေ့ထိုရက် ထိုကာလအတောအတွင်းတွင်ပင် နံနက် ၁၁း၃၀ နာရီအချိန်၌ မိုင်းဖြတ် ရဲစခန်းမှ တာဝန်ရှိ သူများက အခင်းဖြစ်ပွ္ဂား ရာနေရာသို့ သွားရောက်ပြီး အသေးစိပ် စစ်ဆေး ရှာဖွေ စုံစမ်းမှုများ ချက်ချင်းပြု လုပ်ခဲ့ရာ အခင်းဖြစ်ပွားခဲ့ရာနေရာနှင့် သိပ်မဝေးကွာလှသော ဝမ်ဟိုနားကျေးရွာအနီးရှိ တောင်ယာတဲတလုံး အတွင်း၌ အရပ်ဝတ်ဝတ်ထားသော တပ်သား နေမျိုးသူ အသက် ၂၅ နှစ် အား တွေ့ရှိခဲ့ပါသည်။ နေမျိုးသူ ဝတ်ဆင်ထားသည့် ရှပ်အကျ ႌပေါ်တွင်သွေးများပေကျံနေသည့်ပြင် ၎င်းထံတွင် ရွှေနားဋောင်းတစုံကိုပါ ရှာ ဖွေတွေ့ရှိခဲ့ရပါသည်။ တပ်သားနေမျိုးသူသည် ဝမ်ဟွေကျေးရွာအနီး တည်ရှိသည့် အစိုးရစစ်ဆေးရုံ အမှတ် ၁ မှ ဖြစ်ပြီး ၎င်းအားဖမ်းဆီးပြီးနောက် မိုင်းဖြတ်မြို့ ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထား စေကာ ရဲအရာ ရှိများက ပဏာမ စစ်ဆေးမှုများ ပြုလုပ်ထွက်ချက်ရယူခဲ့ပါသည်။ ထိုနောက်အစိုးရ စစ်ဆေးရုံ အမှတ် ၁ မှ တပ်မှူးဖြစ်သူ က ရဲစခန်းသို့ရောက်ရှိလာခဲ့ပြီး နေမျိုးသူအား ၎င်းတို့ တပ်မတော် လက်အောက်သို့ လွှဲပြောင်းပေးအပ်ပါရန် တောင်းဆိုမှု ပြုခဲ့ပါသည်။ ထိုနေ့ညနေ ၀၅း ၃၀ နာရီ အချိန်တွင် မိုင်းဖြတ်မြို့ ပြည်သူ့ရဲစခန်းက နေမျိုးသူအား အစိုးရ စစ်ဆေးရုံ အမှတ် ၁ ထံသို့လွှဲပြောင်းပေးအပ် လိုက်သဖြင့် သူ့ အားထိုစစ်ဆေးရုံ အမှတ် ၁ တွင်ပင်ပို့ဆောင် ချုပ်နှောင် ထိန်းသိမ်းထားလိုက်သည် ဟု ဆိုပါသည်။

ထိုနေ့ ညနေ ၀၅း၀၀ နာရီတွင် အစိုးရ စစ်ဆေးရုံ အမှတ် ၁ မှ အရာရှိ ၂ ဦး နှင့် ရွာသူကြီး စိုင်းတစ် ယီတို့ သည် ပါကောင်ကျောက် ၏ ခင်ပွန်းဖြစ်သူ လုင်းစိုင်းဆိုင် ထံသို့ သွားရောက်တွေ့ဆုံကြပြီး ပါကောင်ချို၏ ဆေး ကုသမှုစရိတ် ဆေးရုံစရိတ် ကုန်ကျငွေများအတွက် ပူပင် စိုးရိမ်ကြောင့်ကြမှု မရှိစေလိုပါကြောင်း၊ သူတို့အနေဖြင့် အားလုံးသော စရိတ်ကုန်ကျငွေများအတွက် အပြည့်အ၀ တာဝန်ယူပေးမည် ဖြစ်ပါကြောင်း၊ အ ကယ်၍ ကံအကြောင်းမလှသဖြင့် ပါကောင်ချို သေဆုံးသွားခဲ့လျင်တောင်မှ အသုဘ ကိစ ္စကအစအလုံး စုံ အတွက် တာဝန်ယူပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောပြ အားပေးမှု ပြုခဲ့ကြသည်ဟု ဆိုပါသည်။

ပြစ်မှုကျူးလွန်သူတရားခံအား စစ်ဖက်တရားရုံးတွင်စစ်ဆေးကာတရားဥပဒေနှင့်အညီ အရေးယူအပြစ်ဒဏ် ပေး မည် ဟု အစိုးရစစ်တပ်မှ တာဝန်ရှိသူများက ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ သို့သော်လည်း ယနေ့တိုင် စစ်ဖက်တရားရုံး လုပ်ငန်းအစီအစဉ်များ စတင်မှု မပြုရသေးပါချေ။ အကြောင်းမှာ ပါကောင်ကျောက် ၏ ထွက်ဆို ချက်များကို တရားဝင် စစ်ဆေးမေးမြန်း ရယူနိုင်မည့် ကျမ်းမာရေးအခြေအနေ ပြန် လည်ကောင်း မွန်လာသည့်အချိန် အထိ စောင့်ဆိုင်းရဦးမည် ဖြစ်သောကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။ ကျမ်းမာရေး အခြေအနေ ပြန်လည် တိုးတက်ကောင်းမွန်လာစ ပြုနေပြီ ဖြစ်သည့် ပါကောင်ကျောက် အားလွန်ခဲ့ သည့် ဧပြီလ ၁၅ ရက်နေ့က မိုင်းဖြတ်မြို့ အစိုးရစစ်ဆေးရုံသို့ ပြန်လည်ပြောင်းရွှေ့ကာဆက်လက်ဆေးကုသမှု ခံယူစေ လျက်ရှိပါသည်။

တရားခံ ဖြစ်သူက ပါကောင်ကျောက် ၏ နားရွက် ၂ ဖက်ကို ရက်စက်စွာလှီးဖြတ်၍ လုယက် ယူငင်ခဲ့သော ပါ ကောင်ချို၏ ရွှေနားဋောင်းတစုံမှာ ကာလတန်ဖိုး ၁၅၀၀၀၀ ကျပ်ခန့်တန်သည်ဟုသိရှိရပါသည်။ တရားခံ ထံမှပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည့် ထိုရွှေနားဋောင်းတစုံအားသက်သေခံပစ္စ္စည်းအဖြစ်ဖြင့် တရားခံ ဖြစ်သူ ကိုင်ဆောင်အသုံးပြုခဲ့သည့် ဒါးမြောင်နှင့်အတူ မိုင်းဖြတ်မြို့ ရဲစခန်းတွင်ထိန်းသိမ်းထား ရှိထား ကြောင်းသတင်းရရှိပါသည်။

စိုင်းဟော်ရှဲန်                  +66: 62- 941-9600      (English, Shan)

နန်းချမ်တောင်း               +66: 81-603-6655      (Shan, Thai, English)

စိုင်းရွက်လွင်                  +66: 97- 143-1530      (Burmese, Shan)

စိုင်းရှဲန်တိုင်း                   +66: 81- 474-5604      (Burmese, Shan)

PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်