ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်SHRFသည် အစိုးရမဟုတ်သည့်အဖွဲ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ။ ပြည်ပရောက်ရှမ်းအမျိုး သားတော်လှန်ရေးအင်အားစုများနှင့် ရှမ်းပြည်နယ်အတွင်းနှင့်ပြင်ပရှိ ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ရှမ်းပြည် ပိုင်နက်ဒေသ လွတ်မြောက်နယ်မြေတွင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလက ဖွဲႉစည်း ခဲ့ပါသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမူပြန်လည်ရရှိရေးနှင့် လူ့အခွင့်အရေး တို့အတွက် ကြိုးပမ်းသွားရန်။
- ပြည်သူများ၏ ဆန္ဒသဘောထားနှင့် ကိုက်ညီသည့် ဒီမိုကရေစီတစ်ရပ်ကိုဖော်ဆောင်ရန်နှင့် ဒီမိုက ရေစီအခြေခံမူများကို အခြေခံသည့် ပြည်သူများလက်ခံနိုင်မည့်အစိုးရတစ်ရပ်ကို တည်ထောင်ဖွဲ့စည်း ရန်။
- ညီညွတ်ရေး၊ သဟဇာတဖြစ်ရေး။ တန်းတူညီမျှရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ရန်။
- ကမ္ဘာ့ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ သာယာဝပြောရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်။
ရိုသေလေးစားလျှက်…
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်(SHRF)