တာချီလိတ်မြို့မြောက်ဘက်ရှိ ကြီးမားသော တရုတ်ခဲသတ္တုတွင်းသည် နမ့်ဟုတ်မြစ်၏ လက်တက်များ တွင်းသို့ အသက်အန္တရာယ် ဖြစ်စေနိုင်သောအဆိပ်များကို စွန့်ထုတ်လျက်ရှိနေ

တာချီလိတ်မြို့မြောက်ဘက်ရှိ ကြီးမားသော တရုတ်ခဲသတ္တုတွင်းသည် နမ့်ဟုတ်မြစ်၏ လက်တက်များ တွင်းသို့ အသက်အန္တရာယ် ဖြစ်စေနိုင်သောအဆိပ်များကို စွန့်ထုတ်လျက်ရှိနေ

၂၀၂၆ အောက်တိုဘာလ ၂၁ ရက်

တာချီလိတ်မြို့မြောက်ဘက် ၁၅ ကီလိုမီတာအကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ တရုတ်ပိုင် ခဲသတ္တု တွင်း သည် နမ့်ဟုတ်မြစ်၏လက်တက် နမ့်တွန်ချောင်းအတွင်းသို့ ဒေသခံ အခါ၊ လားဟူနှင့် ရှမ်းဒေသခံများကို အသက် အန္တရာယ်ဖြစ်စေနိုင်သော ဆိုးကျိုးများရှိသည့် အဆိပ်များကို စွန့်ထုတ်လျက်ရှိသည်။

၂၀၂၁ ခုနစ်၌ ထိုစစ်ကောင်စီထိန်းချုပ်ဒေသတွင် ခဲတူးဖော်မှုစတင်ခဲ့ပြီး ၄င်းမှာ ၂၀၀၇ ခုနစ်တည်းက လည်ပတ် ခဲ့သော မဂ္ဂနီစ့် သတ္တုတွင်းများဘေးတွင် တည်ရှိသည်။ အဆိုပါမဂ္ဂနီစ့်တွင်းများမှာ နမ့်ဟုတ်မြစ်ကိုညစ်ညမ်း စေသည်ကို SHRF မှထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ပမာဏများပြားလှသော မဂ္ဂနီစ့်များမှာ နှစ်စဥ်ထိုင်းနိုင်ငံ မယ်ဆိုင် နယ်စပ်မှတစ်ဆင့် Laemchabang ဆိပ်ကမ်းသို့ ကုန်တင်ကားများဖြင့်ပို့ဆောင်ပြီး (၂၀၁၉ ခုနစ်တွင် ၁၃၅၀၀၀ တန်) ထိုမှ တရုတ်နိုင်ငံသို့သင်္ဘောဖြင့်ပို့ဆောင်ခဲ့သည်။

မိုင်းကိုးရှိ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းများကို မူလက “စိုင်းဝဏ္ဏ ကုမ္ပဏီ” နှင့် “စိန်နော် သတ္တုတူးဖော်ရေး ကုမ္ပဏီ” ဟူသောကုမ္ပဏီကြီး နှစ်ခုကနေပြည်တော်၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခဲ့ကြသော်လည်းယခင် စိုင်းဝဏ္ဏ သတ္တုတွင်း (စိန်နော် သတ္တုတွင်း၏ မြောက်ဘက်တည့်တည့်)သည် ယခုအခါ ခဲတူးဖော်ခြင်းမရှိတော့ဘဲ မဂ္ဂနီးစ်တစ်ခုတည်းကိုသာ တူးဖော်တော့သည်။ သို့ဖြစ်ပါ၍ ယခုအခါ ခဲရိုင်းများကို “စိန်နော်သတ္တုတူးဖော်ရေး ကုမ္ပဏီ” တစ်ခုတည်းကသာ သီးသန့် တူးဖော်လျက် ရှိပြီး ကုန်ကားများဖြင့်  မယ်ဆိုင်မြစ် ကူးတံတား-၂ မှတစ် ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။

စိန်နော် သတ္တုတူးဖော်ရေး ကုမ္ပဏီသည် တာချီလိတ်မြို့တွင် ရုံးချုပ်စိုက်ထားပြီး ၂၀၁၁ ခုနှစ်ကတည်းက မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြည်တွင်းကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင် ထားခဲ့သည်။ ပထမဆုံး တရားဝင် ဒါရိုက်တာမှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ အရာရှိ တစ်ဦးဖြစ်သူ အိုက်ကျင်း ဖြစ်သည်။ ယခု လက်ရှိ မန်နေဂျင်းဒါရိုက်တာမှာ အိုက်ကျင်း၏ ဇနီးဟောင်း ရှမ်းအမျိုး သမီး နန်းသျှန်နော် ဖြစ်သည်။ သို့သော်လည်း သတ္တုတွင်း စီမံခန့်ခွဲသူများနှင့် နည်းပညာ ဝန်ထမ်းများမှာ တရုတ် အမျိုးသားများဖြစ်ကြပြီး အတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ အမှန်တကယ် ပိုင်ရှင်များမှာ တရုတ်နိုင်ငံမှ ဖြစ်ကြသည်။

စိန်နော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ခဲသတ္တုတွင်းရှိ အဆောက်အအုံများ

နှစ်အလိုက် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများ (Timelapse imagery) အရလွန်ခဲ့သော ၆ နှစ်အတွင်း စိန်နော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ခဲသတ္တုတွင်း ပိုမိုကျယ်ပြန့်လာမှုကို တွေ့ရသည်။ အဆိုပါ ဓာတ်ပုံများအရ စိန်နော် သတ္တုတွင်းနေရာတွင် ရွှေသန့်စင်သည့် စက်ရုံတစ်ရုံလည်း ပါဝင်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း စွန့်ပစ်ထားခဲ့ကြောင်း တွေ့ရသည်။

ခဲများကို စိန်နော် သတ္တုတွင်းရှိ ၃ မိုင်မှ ၄ မိုင်အထိ ရှည်လျားသည်ဟု ဆိုကြသော မြေအောက်ဥမင်များအတွင်း တူးဖော်နေခြင်းဖြစ်သည်။ မြေပြင်ပေါ်တွင်မူ ခဲရိုင်းများကို ချေဖျက်သည့် စက်များနှင့် ဓာတုဗေဒနည်းဖြင့် သီးခြားခွဲထုတ်သည့် စက်ရုံများရှိသည်။ အဆိုပါ စက်ယန္တရားများကို မီးစက်များဖြင့် လည်ပတ်စေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်၏ သစ်တော၊ သတ္တု၊ သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့် ရှောက်ရေးနှင့် လျှပ်စစ်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိုင်းခတ္တိယ ၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ခဲသတ္တု တွင်းသို့ သွားရောက်ကြည့်ရှုခဲ့သည့် သတင်း ဖေ့စ်ဘုတ်ခ် ပို့စ်တစ်ခုတွင် စက်ယန္တရားများ ပါဝင်သော သတ္တု တွင်း၌ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖော်ပြထားသည်။ သို့သော်လည်း မည်သည့် မြေအောက် လိုဏ်ဂူကိုမျှ ဖော်ပြထားခြင်း မရှိပေ။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော် ကော်မတီမှ စိန်နော် ခဲသတ္တုတွင်းသို့ သွားရောက်ကြည့်ရှုစဉ်

အဆိုပါ သတ္တုတွင်း၌ လုပ်သားအင်အား ၁၀၀ ခန့်ခန့်အပ်ထားသည်။ စီမံခန့်ခွဲသူများနှင့် နည်းပညာဝန် ထမ်းများမှာ တရုတ်လူမျိုးများဖြစ်ကြသော်လည်း သတ္တုတွင်း လုပ်သားများမှာမူ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။ ဒေသခံ သတ္တုတွင်းလုပ်သားတစ်ဦး၏ လစဉ်လုပ်ခလစာမှာ ဘတ် ၁၀,၀၀၀ ခန့်ဖြစ်သည်။ လုပ်သားများသည် နေ့ရောညပါ ၈ နာရီတစ်လှည့်စီ အလှည့်ကျ လုပ်ကိုင်ကြရသည်။

သတ္တုတွင်းနေရာကို ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ် ထားပြီး ပြင်ပလူများ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် လိုဏ်ခေါင်းပြိုကျမှုကြောင့် သတ္တုတွင်းလုပ်သား ၂၀ ခန့် သေဆုံးခဲ့သော်လည်း ထို ဖြစ်စဉ်ကို သတင်းဖုံးဖိထားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ခဲရိုင်းများကို သတ္တုတွင်းနေရာ၌ အိတ်များအတွင်း ထည့်သွင်းပြီးနောက် ၆ ဘီးကားများဖြင့် တာချီလိတ်မြို့၏ မြောက်ဘက် ၄ ကီလိုမီတာအကွာရှိ အေဒင် (Adin) ရွာသို့ သယ်ဆောင်သွားကြသည်။ ထိုရွာမှတစ်ဆင့် ခဲရိုင်း များကို ၂၄ ဘီးကားကြီးများပေါ်သို့ ပြောင်းရွှေ့တင်ဆောင်ကာ မယ်ဆိုင်မြစ် ကူးတံတား-၂မှတစ်ဆင့် ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင်သွားကြသည်။ အေဒင်ရွာရှိ သတ္တုဂိုဒေါင်/ဂိုဒေါင်စခန်းကို UWSA က ပိုင်ဆိုင် ကြောင်း ဒေသခံများက ပြောကြသည်။

မဂ္ဂနီးစ်သတ္တုတူးဖော်မှုကြောင့် ဒုက္ခရောက်နေပြီးဖြစ်သော ဒေသခံရွာသူရွာသားများအပေါ် ခဲသတ္တုတူးဖော်မှု ၏ အသက်အန္တရာယ်ရှိစေသည့် အကျိုးသက်ရောက်မှုများ

မိုင်းကိုးတောင်တန်းများရှိ ရွာသူရွာသားများသည် မဂ္ဂနီးစ်သတ္တုတူးဖော်မှု၏ အကျိုးဆက်များကို နှစ်ပေါင်း ၂၀ နီးပါး ခံစားခဲ့ကြရသည်။ သတ္တုတွင်းများကြောင့် သစ်တောများ ပြုန်းတီးခဲ့ရပြီး တောင်ယာခင်းများ ဆုံးရှုံး ခဲ့ရသည်။ သတ္တုတွင်းများမှ စီးဆင်းလာသော နုန်းနှစ်များကြောင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများ ဖုံးလွှမ်း သွား ကာ စိုက်ပျိုး၍ မရတော့ပေ။ သတ္တုတွင်းသုံး ကုန်ကားများကြောင့် လမ်းများပျက်စီးခဲ့ရပြီး မတော်တဆမှုများ ဖြစ်ပွား ခဲ့သည်။ နမ်တွန်းချောင်း (Nam Toon stream) ညစ်ညမ်းမှု၏ ထင်ရှားသော အကျိုးသက်ရောက် မှုများမှာ ငါးများနှင့် အခြားရေနေသတ္တဝါများ သေဆုံးခြင်းနှင့် ဒေသခံရွာသူရွာသားများတွင် အရေပြားရောဂါ များ ဖြစ်ပွားခြင်းတို့ဖြစ်သည်။ နမ်တွန်းချောင်းမှ ရေသွင်းစိုက်ပျိုးထားသော သီးနှံများကို စားသုံးခြင်းဖြင့် ရွာသူရွာသားများ၏ ခန္ဓာကိုယ်အတွင်းသို့ သတ္တုဓာတ် များ  ဝင်ရောက်နိုင်ခြေ အလွန်များသော်လည်း ယင်းကို တိုင်းတာစစ်ဆေးထားခြင်း မရှိသေးပေ။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဆိုပါဒေသ၌ ခဲသတ္တုတူးဖော်ရေး စတင်ခဲ့ချိန်မှစ၍ သတ္တုတွင်း၏ အောက်ဘက် နမ်တွန်းချောင်းတစ်လျှောက် မှီတင်းနေထိုင်ကြသော ရွာသူရွာသားများသည် ခဲဓာတ် သို့မဟုတ် ခဲသန့်စင်ရာမှ ထွက်ရှိလာသော ဓာတုဗေဒဓာတ်ငွေ့များကို ရှူရှိုက်မိခြင်းသို့မဟုတ်ခန္ဓာကိုယ်အတွင်း ဝင် ရောက် မိခြင်းကြောင့်ဖြစ်သည်ဟု ယူဆရသော ပိုမိုပြင်းထန်သည့် အကျိုးဆက်များကို ခံစားနေကြရသည်။ ကိုယ်ဝန်ပျက်ကျမှုများနှင့် မွေးရာပါ ချို့ယွင်းချက်ရှိသူ ကလေးငယ် မွေးဖွားမှုဖြစ်စဉ်များ ပိုမိုများပြားလာခဲ့သည် (လုံခြုံရေးအကြောင်းပြချက်ကြောင့် အသေးစိတ်ကို ချန်လှပ်ထားပါသည်)။ နမ်တွန်းချောင်းမှ ရေကို သောက် သုံးပြီးနောက် ကျွဲ၊ နွားနှင့် ဝက် အကောင်ပေါင်း မြောက်မြားစွာ ရုတ်တရက် သေဆုံးခဲ့ကြသည် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တစ်လတည်း၌ပင် ပိုင်ရှင်တစ်ဦးတည်း၏ ကျွဲ အကောင် ၂၀ သေဆုံးခဲ့သည်)။

စိန်နော် ခဲသတ္တုတွင်း အောက်ဘက်ရှိ နမ်တွန်းချောင်း (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံများ)
စိန်နော် ခဲသတ္တုတွင်း အောက်ဘက်ရှိ နမ်တွန်းချောင်း (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံများ)

ခဲဓာတ်နှင့် ထိတွေ့မိခြင်းသည် အလွန်ပင် အန္တရာယ်များလှသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ပျက် ကျခြင်း သို့မဟုတ် သန္ဓေသားကို ထိခိုက်စေနိုင်ပြီး ကလေးငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ပြန်လည် ကောင်း မွန် ၍ မရနိုင်တော့သည်အထိ ထိခိုက်စေနိုင်သည်။ လူကြီးနှင့် ကလေး နှစ်ဦးစလုံးတွင် ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောစနစ်၊ အာရုံကြောစနစ်နှင့် မျိုးပွားအင်္ဂါများကို ပျက်စီးစေနိုင်သည်။

သတ္တုတွင်းများတွင် ခဲရိုင်းများကို သီးခြားခွဲထုတ်ရန် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ (များသောအားဖြင့် Xanthates) သည်လည်း အလွန်အမင်း အဆိပ်အတောက် ဖြစ်စေသည်။ သီးခြားခွဲထုတ်သည့် လုပ်ငန်းစဉ် အတွင်း Xanthates မှ ထွက်ရှိလာသော အဓိက ဓာတ်ငွေ့တစ်ခုမှာ “ကာဗွန်ဒိုင်ဆာလ်ဖိုက်” (Carbon disulfide) ဖြစ်ပြီး ယင်းမှာ အာရုံကြော၊ နှလုံးနှင့် သွေးကြောစနစ်နှင့် မျိုးပွားအင်္ဂါစနစ်များကို ပြင်းထန်စွာ ပျက်စီးစေနိုင်သော အဆိပ်ငွေ့ဖြစ်သည်။

သတ္တုတွင်းများနှင့် အနီးဆုံးတွင် နေထိုင်ကြသော ရွာသူရွာသားများသည် လေထုထဲရှိ ခဲအမှုန်အမွှားများ သို့ မဟုတ် ဓာတုဗေဒအငွေ့များကို တိုက်ရိုက်ရှူရှိုက်မိနိုင်သည့် အန္တရာယ်နှင့် စိန်ခေါ်မှုအရှိဆုံး ရင်ဆိုင်နေ ကြရ သည်။ သတ္တုတွင်းများနှင့် ကပ်လျက်နေထိုင်သော ရွာသူရွာသားများ၏ အဆိုအရ သတ္တုတွင်းများမှ မကြာ ခဏ အနံ့ဆိုးရွားသော ဆာလဖာအနံ့များ ထွက်ပေါ်လာတတ်ကြောင်း၊ ယင်းမှာ ဓာတုဗေဒနည်းဖြင့် သီးခြား ခွဲထုတ် သည့် လုပ်ငန်းစဉ်မှ ထွက်ရှိလာခြင်းဖြစ်နိုင်ပြီး ထိုလုပ်ငန်းစဉ်မှ အဆိပ်ငွေ့များသည် သူတို့၏ အဆုတ် အတွင်း သို့ ရောက်ရှိနေခြင်းကို ဆိုလိုသည်။ ရွာသူရွာသားများသည် သတ္တုတွင်းရှိ ခဲရိုင်းများမှ တိုက်ရိုက် လွင့်ပါးလာ သော ခဲဖုန်မှုန့်များကိုသော်လည်းကောင်း၊ သတ္တုတွင်း အောက်ဘက်ဒေသများသို့ စီးဆင်းသွားသော နုန်းနှစ်များ အခြောက်ခံရာမှ ကျန်ရစ်သော အကြွင်းအကျန်များမှသော်လည်းကောင်း ခဲဖုန်မှုန့်များကို ရှူရှိုက် မိနိုင်သည်။

စိန်နော် သတ္တုတွင်းရှိ စွန့်ပစ်ရေကန်များ (Tailings ponds) သည် မိုးရာသီအတွင်း အကြိမ်ကြိမ် ပြိုကျခဲ့ဖူးပြီး အာခါကျေးရွာဖြစ်သော ဟွေဆာ (Huay Sa) ကျေးရွာ၏ တောင်ဘက်စွန်းကို ဖြတ်၍ နမ်တွန်းချောင်းအတွင်းသို့ ရံ့နုန်းများ စီးဝင်သွားခဲ့သည်။ ထိုရွှံ့နုန်းများ ခြောက်သွေ့သွားသောအခါ ဒေသခံများအတွက် ခဲဖုန်မှုန့် ရှူရှိုက် မိနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်မားစေခဲ့သည်။

ကန်ပြိုကျမှု မရှိသည့်တိုင်အောင် စွန့် ပစ်ရေကန်များသည် နမ်တွန်းချောင်း အတွင်းသို့ ပုံမှန် စီးဝင် ညစ်ညမ်းစေခဲ့ ပြီး ချောင်းရေကို သောက်သုံးသော သတ္တဝါ များကို သေဆုံး စေခဲ့သည့် အ ဆိပ်အတောက် ပမာဏကို အထက် သို့ မြင့်တက်စေခဲ့ခြင်း ဖြစ်နိုင်သည်။

၂၀၂၅ ခုနှစ်၊ မေလတွင် စွန့်ပစ်ရေကန် ပြိုကျမှုကြောင့် ဟွေဆာကျေးရွာအတွင်းသို့ ရွှံ့နုန်းများ စီးဝင်ခဲ့ပုံ

ယခုနှစ် ဇူလိုင်လတွင် နောက်ထပ် စွန့်ပစ်ရေကန် ပြိုကျပြီးနောက် ခဲသတ္တုတွင်း၏ ပင်မ စွန့်ပစ်ရေကန်ကို ထိန်း သိမ်းရန် ဟွေဆာကျေးရွာ ဘေးတွင် သံကွန်ကရစ် အားဖြည့် တံတိုင်းကြီးတစ်ခုကို အသစ် တည်ဆောက် ခဲ့ သည်။

ဟွေဆာကျေးရွာ ဘေးရှိ အားဖြည့်တံတိုင်းသစ် (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံ)၊ ဆိုင်းဘုတ်တွင် "စိန်နော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် နှင့် ရှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဦးစီးဌာနတို့ ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုထားသော သတ္တုတွင်းဧရိယာ ဖြစ်သည်။

သို့သော်လည်း အဆိုပါ တံတိုင်း၏ အောက်ခြေတွင် ရေတံခါးတစ်ခု ထည့်သွင်းဆောက်လုပ်ထားပြီး ထိုရေတံခါး သည် ကန်အတွင်းမှ အနံ့ဆိုးရွားသော စွန့်ပစ်ရေများကို ပုံမှန် ထုတ်လွှတ်နေကြောင်း ဒေသခံများက ပြောကြ သည်။ ထိုရေတံခါးမှ စွန့်ပစ်ရေများသည် ကွန်ကရစ် ရေမြောင်း (သွပ်ပြားခြံစည်းရိုး နောက်ကွယ်တွင် ရှိသဖြင့် လမ်းပေါ်မှ မမြင်နိုင်ပါ) အတွင်းသို့ စီးဝင်ပြီး ထိုမှတစ်ဆင့် မြေအောက် ကွန်ကရစ်ပိုက်လိုင်းမှတစ်ဆင့် ဟွေးဆာ ကျေးရွာ အောက်ဘက်ရှိ နမ်တွန်းချောင်းအတွင်းသို့ စီးဝင်သွားသည်။

သတ္တုတွင်းမှ စွန့်ပစ်ရေများ ထုတ်လွှတ်မှုနှင့် ပတ်သက်၍ ဒေသခံများ၏ တိုင်ကြားချက်များကြောင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တာချီလိတ် မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ရှမ်းပြည်နယ် လာဟူတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦး၀ီလ်ဆင်မိုး နှင့် မြို့နယ်အရာရှိအသီးသီးတို့သည် “စက်ရုံမှ စွန့်ပစ်ရေများ ဒေသခံ စိုက်ပျိုးမြေများအတွင်းသို့ စီးဝင်မှုမရှိစေရန် သင့်တော်သော အစီအမံများ ဆောင်ရွက်ထားခြင်း ရှိမရှိ စစ်ဆေးရန်” စိန်နော်သတ္တု တူးဖော်ရေးလုပ်ကွက်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ (ဖေ့စ်ဘုတ်ခ် အကောင့်တစ်ခုတွင် တင်ထားသော) အဆိုပါ ခရီးစဉ်မှ ဓာတ်ပုံများတွင် ထိုအဖွဲ့သည် စွန့်ပစ်ရေကန် တံတိုင်းနှင့် အောက်ဘက်ရှိ ရေမြောင်း တစ်လျှောက် လမ်းလျှောက်နေပုံ (ကန်မှ စွန့်ပစ်ရေများ ထွက်ရှိနေသည့် သက်သေအထောက်အထားများ တွေ့ မြင်ရသည်) ကို ဖော်ပြထားသော်လည်း စွန့်ပစ်ရေပြဿနာနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ ရှိချက်များကိုမူ တရားဝင် အသိပေး ထုတ်ပြန်ခြင်း မရှိသေးပေ။

စိန်နော် ခဲသတ္တုတွင်း အောက်ဘက်ရှိ နမ်တွန်းချောင်း (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံများ)
စိန်နော် ခဲသတ္တုတွင်း အောက်ဘက်ရှိ နမ်တွန်းချောင်း (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံများ)
စိန်နော် ခဲသတ္တုတွင်း အောက်ဘက်ရှိ နမ်တွန်းချောင်း (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံများ)
စိန်နော် ခဲသတ္တုတွင်း အောက်ဘက်ရှိ နမ်တွန်းချောင်း (၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရိုက်ကူးထားသော ဓာတ်ပုံများ)

မြန်မာနိုင်ငံ၏ သတ္တုတွင်းဥပဒေများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းများကို စိန်နော် ကုမ္ပဏီက လိုက်နာရန် ပျက်ကွက်ခြင်း

စိန်နော်ကုမ္ပဏီသည် အမျိုးသား သတ္တုတွင်းဥပဒေများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို သိသာစွာ ဖောက်ဖျက်၍ လုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန (MONREC) မှ ထုတ်ပေးထားသော ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင် လိုက်နာမှုဆိုင်ရာ သက် သေခံလက်မှတ် (ECC) အရ တွေ့ရှိနိုင်သည်။

ခွင့်ပြုဧရိယာ ပြင်ပတွင် တူးဖော်ခြင်း                          

ECC Certificate အရ စိန်နော်ကုမ္ပဏီသည် ခဲတူးဖော်ရန်အတွက် ၉.၃ ဧက နှင့် ၉.၂ ဧက ကျယ်ဝန်းသော မြေကွက်နှစ်ကွက်ကို MONREC မှ တရားဝင် ခွင့်ပြုမိန့် ရရှိထားကြောင်း ဖော်ပြထားသည်။ သို့သော်လည်း လက်တွေ့ ခဲသတ္တုတူးဖော်သည့် ဧရိယာမှာ အဆိုပါ ခွင့်ပြုထားသော မြေဧရိယာနယ်နိမိတ်များထက် မက ကျယ်ဝန်းလျက်ရှိသည်။

 

ွင့်ပြုချက်မရှိဘဲ လိုဏ်ဂူတူးဖော်ခြင်း

ECC (သဘာဝပတ်ဝန်းကျင် လိုက်နာမှုဆိုင်ရာ သက်သေခံလက်မှတ်) တွင် ဖော်ပြထားသည့် သတ္တုတူးဖော်မှု အမျိုးအစားမှာ စက်ယန္တရားများဖြင့် မြေပြင်ပေါ်တွင် တူးဖော်သည့် ဟင်းလင်းပွင့် သတ္တုတူးဖော်မှု (Open pit mining) အမျိုးအစားသာ ဖြစ်သည်။ သို့သော်လည်း စိန်နော်ကုမ္ပဏီသည် အဆိုပါနေရာ၌ (ခွင့်ပြုမိန့်ဧရိယာ၏ အပြင်ဘက် ဝေးကွာသော နေရာများအထိ) ကျယ်ကျယ်ပြန့်ပြန့် မြေအောက်လိုဏ်ဂူများ တူးဖော်၍ လုပ်ကိုင် လျက်ရှိသည်။

သတ္တုတွင်းမှ ထွက်ရှိသော ရေ၊ လေ နှင့် ဆူညံသံ ထိခိုက်မှုများကို ပွင့်လင်းမြင်သာစွာ စောင့်ကြည့်စစ်ဆေးရန် ပျက်ကွက်ခြင်း

ECC ၏ ဖော်ပြချက်အရ စိန်နော်ကုမ္ပဏီသည် သတ္တုတွင်းရှိ ရေ၊ လေ နှင့် ဆူညံသံ ထိခိုက်မှုများကို သိပ္ပံနည်းကျ စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကို ၆ လတစ်ကြိမ် သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ထံ အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။ ထို့အပြင် MONREC ထံ အစီရင်ခံစာ တင်ပြပြီး ၁၀ ရက်အတွင်း အဆိုပါ စောင့်ကြည့်စစ်ဆေးမှု ရလဒ်များကို အများ ပြည်သူသိရှိနိုင်ရန် တရားဝင် ထုတ်ပြန်ပေးရမည်ဖြစ်သည်။ စိန်နော်ကုမ္ပဏီအနေဖြင့် သတ္တုတွင်း ပတ် ဝန်းကျင်ရှိ ရေထု အရည် အသွေးကို “pH၊ သံဓာတ် (Fe)၊  (Suspended Solid)၊ ခဲ (Lead)၊ အာဆင်းနစ် (Arsenic)၊ ကြေးနီ (Copper)၊ ပြဒါး (Mercury) နှင့် အခြားသော တိုင်းတာမှုများ” အတွက် စစ်ဆေးရမည်ဟု အ တိအလင်း ဖော်ပြထားသည်။

သို့သော်လည်း ကုမ္ပဏီဘက်က ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်နေခြင်း သို့မဟုတ် စစ်ဆေးမှုရလဒ်များကို အများပြည်သူသို့ ထုတ်ပြန်ပေးခြင်းမျိုး လုံးဝ မသိရှိရကြောင်း ဒေသခံများက ပြောဆိုကြသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှ မယ်ဆိုင် အကောက်ခွန်စခန်းသို့ ခဲ တင်သွင်းမှုသည် မဂ္ဂနီးစ်တင်သွင်း မှုကို ကျော်လွန်သွားကြောင်း မှတ်တမ်းများက ဖော်ပြလျက်ရှိ

မယ်ဆိုင်အကောက်ခွန်စခန်း၏ အချက်အလက်များအရ (မိုင်းကိုးသတ္တုတွင်းများမှ) ခဲများကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ထိုင်းနိုင်ငံအတွင်းသို့ စတင်တင်သွင်းခဲ့ပြီး ထိုအချိန်မှစ၍ လစဉ်နီးပါး တင်သွင်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တန်ချိန် ၄,၀၀၀ နီးပါးအထိ စံချိန်တင် အများဆုံး တင်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ခဲ စတင်တင်သွင်းချိန်၌ မိုင်းကိုးမှ မဂ္ဂနီးစ်များကို မယ်ဆိုင်စခန်းမှတစ်ဆင့် တင်သွင်း မှုမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကြားတွင် မဂ္ဂနီးစ် တင်သွင်းမှု ပြန်လည်စတင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၆ ခုနှစ်၊ မေလကြားတွင် ထပ်မံရပ်ဆိုင်းခဲ့ပြီးနောက်မှ ပြန်လည်စတင်ခဲ့သည်။ လက်ရှိတွင် မိုင်းကိုး၌ မဂ္ဂနီးစ် တူးဖော်နေသည့် ပင်မကုမ္ပဏီကြီး နှစ်ခုမှာ “စိုင်းလော၀်ဟိန်း သတ္တုတူးဖော်ရေး ကုမ္ပဏီ” နှင့် “နွေဦးရနံ့ ကုမ္ပဏီ” တို့ ဖြစ်ကြသည်။

Go toTop