ရှမ်း/မြောက်ဒေသ တန့်ယန်းမြို့နယ် နမ့်ပန်မြစ်ကျောတစ်လျှောက်တွင် ငွေရည်ပုလဲ၏ တိုးချဲ့ သတ္တုတူး ဖေါ်ရေးစီမံချက် အပေါ် ဒေသခံတောင်သူများဆန့်ကျင်ကန့်ကွက်

ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကြီးဖြစ်မြောက်ဆိုမည်ပါက ပျက်စီးစေနိုင်သည့် နမ့်ပန်မြစ်တစ်လျှောက်ရှိ လယ်ယာခြံမြေနေရာများ

ရှမ်း/မြောက်ဒေသ တန့်ယန်းမြို့နယ် နမ့်ပန်မြစ်ကျောတစ်လျှောက်တွင် ငွေရည်ပုလဲ၏ တိုးချဲ့ သတ္တုတူး ဖေါ်ရေးစီမံချက် အပေါ် ဒေသခံတောင်သူများဆန့်ကျင်ကန့်ကွက်

အောက်တိုဘာလ (၁၂) ရက်၊ ၂၀၂၁ ခုနှစ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

ရှမ်းပြည်မြောက်ပိုင်းဒေသ တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုကို ကျော်ဖြတ်စီးဆင်းလျက်ရှိ နမ့်ပန်မြစ် ကျောတစ်လျှောက်တွင် မန္တလေးအခြေစိုက် ငွေရည်ပုလဲ စုပေါင်းကုမ္ပဏီနှင့် စစ်ကောင်စီ အရာရှိများပူးပေါင်း စီမံချက်ဖြစ်သည့် တိုးချဲ့သတ္တုတူးဖေါ်ရေးလုပ်ငန်းအား ‌ဒေသခံ တောင်သူမြားကဆန့်ကျင်ကန့်ကွက်နေကြသည်။

အသစ်တိုးချဲ့လိုက်သည့် သတ္တုတူးဖေါ်ရေး တွင်းသစ်အကျယ်အဝန်းမှာ 850 ဧကမျှ ကျယ်ပြန့်သော နမ့်ပန်မြစ် ကမ်းနံဘေးနှစ်ဖက်ရှိ လယ်ယာမြေများကို နေရာယူထားခြင်းဖြစ်ကာ မြေအောက်တူး‌ဖေါ်ရေးကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခြင်းခံရသည့် တက်လျက်ကျောက်မီးသွေး သတ္တုတွင်းနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသည်။

ဒေသခံတို့က တိုးချဲ့သတ္တုတူးဖေါ်ရေးလုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်နေခြင်းဟာ လယ်ယာမြေများ ဆုံးရှုံးမှု၏ အဓိကအကြောင်းရင်းသာ မကပဲ မြစ်ကြမ်းပြင်အောက် တူးဖေါ်ရေးလုပ်ငန်း စီမံချက်၏ ဆိုးကျိုးသက်ရောက်မှု မှာ ညစ်ညမ်းမှုအပြင် နမ့်ပန်မြစ်၏ ဂေဟစနစ်တစ်ခုလုံးပျက်စီးနိုင်တာကြောင့် အထူးစိုးရိမ်ရခြင်းဖြစ်သည်။ နမ့်ပန် မြစ်ကို အမှီပြုပြီး  ဆန်စပါး ပြောင်း မြေပဲ စသည့်ကောက်ပဲသီးနှံများ စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းမှုပြု နေထိုင်သည့် ဒေသတွင်းကျေးရွာ ၁၄ ရွာမှ လူဦးရေ 3,000 ကျော်ရှိပါသည်။

နမ့်ပန်မြစ်ဟာ ရှမ်းပြည်နယ် သံလွင်မြစ်၏ အဓိကမြစ်လက်တက်ဖြစ်သလို ထောင်သောင်းများစွာသော ဒေသခံ ကျေးရွာလူထုတို့၏ အရေးပါဆုံး သုံးရေ ရင်းမြစ်ပင်ဖြစ်သည်။

2021 ခုနှစ် မေလ 7 ရက်နေ့ – တောင်သူ ၁၅ ယောက်အား နားဟုတ်ကျေးရွာအုပ်စု ဥက္ကဋ္ဌထံသို့ ဆင့်ခေါ်ပြီး ၎င်း တို့၏လယ်ယာမြေပေါ်တွင် သတ္တုတူးဖေါ်ရေးလုပ်ငန်း အတွက် သဘောတူစာကိုလက်မှတ်ရေးထိုးစေသည်။ ဝမ်လုံ၊ ဝမ်ကျောင်း၊ ဝမ်ကောင်  နှင့် ဝမ်ပိန်းမုံ ကျေးရွာများမှ တောင်သူဦးကြီးတို့အား မှတ်ပုံတင်ကဒ်ပါ ယူဆောင်လာစေပြီး အစည်းအဝေးတက်ရောက်ရန် တစ်ရက်ကြို အကြောင်းကြားထားသည်။ ကျေးရွာဥက္ကဋ္ဌ လုံးစိုင်းကွန်း ဆာခေါ် လုံးစိုင်းဆန်ဆောက ရွာသားများအားပြောသည်မှာ ငွေရည်ပုလဲကုမ္ပဏီက တစ်မီတာပတ်လည်ခန့်သာ မြေတူးစမ်းသပ်မည် ပြောတာကြောင့် တောင်သူ ၄ ယောက်က လက်မှတ်ထိုးဖို့ သဘောတူခဲ့သော်လည်း ကျန်ရှိတောင်သူ ၁၁ ဦးက လက်မှတ်ထိုးရန် ငြင်းဆန်သည်။

ထို့နောက် ကျေးရွာဥက္ကဋ္ဌ က လက်မှတ်ထိုးထားခြင်း မရှိသည့် တောင်သူဦးကြီး 11 ဦး၏ လက်မှတ်တုများကို ကိုယ်တိုင်ထိုးကာ တက်လျက်အခြေစိုက် ငွေရည်ပုလဲ ကုမ္ပဏီ၏ မန်နေဂျာဆိုသူ အောင်ကိုလတ်က ထိုနေ့မွန်းလွှဲပိုင်းတွင် ယင်းစာရွက်စာတမ်းများကို လာရောက်ယူဆောင်သွားသည်။

မေလ 8 ရက်နေ့တွင် တောင်သူများက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ဒေသတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး (SNLD) နှင့် မိုင်းဟပြည်သူ့စစ်အဖွဲ့ထံသို့ သဘောတူလက်မှတ်အတု ကိစ္စ နှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းသစ် ရပ်ဆိုင်းပေးရေး အကူအညီတောင်းခံစာ ရေးသားပေးပို့ခဲ့သည်။

ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကြီးဖြစ်မြောက်ဆိုမည်ပါက ပျက်စီးစေနိုင်သည့် နမ့်ပန်မြစ်တစ်လျှောက်ရှိ လယ်ယာခြံမြေနေရာများ

သို့သော်လည်း စက်တင်ဘာလ 18 ရက်နေ့မှ တောင်သူ ၁၅ ဦးအား ကျေးရွာအုပ်စု ဥက္ကဋ္ဌ နှင့်တွေ့ရန် ဆင့်ခေါ်ချိန် အထိ ရွာသားများက ဘာအကြောင်းချင်းရာမျှ မသိရပါ။ ထိုအချိန်တွင် ငွေရည်ပုလဲ မန်နေဂျာ အောင်ကိုလတ် လည်း ရောက်နေလေသည်။ ဥက္ကဋ္ဌ နှင့် မန်နေဂျာ နှစ်ယောက်စလုံးက တောင်သူတို့၏ လယ်ယာမြေပေါ်တွင် သတ္တုတူးဖေါ်ရေး စီမံချက်အား သဘောတူညီချက် လက်မှတ်ထိုးပေးရန် တိုက်တွန်းသည်။ တောင်သူဦးကြီးများက ဘာပေးပေး ဘယ်သောအခါမှ လက်ခံလက်မှတ်ထိုးမည် မဟုတ်ကြောင်း ပြောသည်။ လယ်ယာစိုက်ပျိုးခင်း များသာ အမှီပြု အသက်မွေးဝမ်းကြောင်း ရသည့်တောင်သူဦးကြီးများက သူတို့ဘဝတစ်သက်စာ ရပ်တည်နေနိုင်ဖို့ မည်သည့်ငွေကြေး ပမာဏမျှ ၎င်းတို့ လယ်ယာမြေလောက် အာမခံပေးနိုင်မည် မဟုတ်ကြောင်း ပြောလေသည်။

ထိုနေ့က အစည်းအဝေးဖြစ် စဉ်မှ စ၍ ကျေးရွာများစွာတို့မှ လူ ငယ် များ စုရုံးရောက်ရှိလာ ကာ တိုး ချဲ့ သတ္တုတူးဖေါ် ရေးစီမံကိန်းသစ် ကို ဆန့်ကျင်ကြရန် စီစဉ်ခဲ့ခြင်း ဖြစ် သည်။

နားဟုတ်ကျေးရွာအုပ်စု ဥက္ကဋ္ဌသစ် လုံးစိုင်းကွန်းဆာသည် စစ်တပ်မှ အာ ဏာသိမ်းပြီးနောက် ခန့်အပ် ထား ခြင်းဖြစ်ပြီး ဒေသခံရွာသား များက မထောက် ခံကြပါ။ ဥက္ကဋ္ဌ ဟောင်း စိုင်းဘွမ်း သည် 2020 ခု နှစ် တွင် ရွာသားများနှင့် ပူး ပေါင်း ကာသတ္တုတူးဖေါ်ရေးလုပ်ငန်း စီမံ ချက် အား ဆန့်ကျင်ကန့်ကွက် သောကြောင့် မိုင်းဟပြည်သူ့စစ်အဖွဲ့က သူ့အားခြိမ်‌ခြောက်ထားသည်။

 စီမံချက်သစ် သတ္တုလုပ်ငန်း အနီး ကျေးရွာပေါင်း ၁၄ ရွာတို့မှ လူဦးရေ နှင့် လယ်ယာမြေ အခြေပြ

စဥ်နမ့်ပန်မြစ် မြောက်ဖက်အိမ်ခြေ လူဦးရေလယ်/စပါးခင်း (ဧက)ပြောင်းခင်း (ဧက)မြေပဲခင်း  (ဧက)
1ဝမ်လုံ421957354321,250
2ဝမ်ကျောင်း341703981201,250
3ဝမ်ကောင်432259001,4401,850
4လုတ်ကွတ်452357501,2003,000
5ကောင်းဟုန်း341706001202,500
6ပိန်းမုံ1044421,8601,416250
7ပုံဟောင်း803901,6504001,000
8နားလား603101,6501601,250
9တက်လျက်653451,2001001,050
စုစုပေါင်း5072,4829,7435,38813,400

 

စဥ်နမ့်ပန်မြစ်တောင်ဖက်အိမ်ခြေ လူဦးရေ

လယ်/စပါးခင်း (ဧက)

ပြောင်းခင်း (ဧက)မြေပဲခင်း (ဧက)
1ဝိန်းလန်း401632,30080
2နမ့်ဆွမ်381591,2006080
3ဟိုနား2385660
4ဝန်ဟန်2090690250100
5ဝမ်းကောင်း201184,050
စုစုပေါင်း1416158,900390180

 

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                  +66: 94-728-6696                         (ရှမ်း, အင်္ဂလိပ်)

စိုင်းရွက်လွင်                  +66: 97-173-1530                        (ရှမ်း, မြန်မာ)

PDF Files: 

Shan Burmese English
Go toTop