စစ်ပြေးဒုက္ခသည်များအားစစ်မီးအတွင်း ပြန်မပို့ရန် ရှမ်းလူထုအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာခြင်း

သြဂုတ်လ ၂၇ ရက် ၂၀၁၂ ထုတ်ပြန်စာတမ်း

စစ်ပြေးဒုက္ခသည်များအားစစ်မီးအတွင်း ပြန်မပို့ရန် ရှမ်းလူထုအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာခြင်း

 

ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်တနေရာမှ စစ်ပြေးဒုက္ခသည်(၅၀၀)ကျော်အား လုံခြုံရေးအာမခံချက် မရှိသေးသည့်ပြင် ခြေလှမ်းပြင်စီစဉ်နေသည်ကို ရှမ်းလူထုအဖွဲ့များမှ လေးနက်စွာစိုးရိမ်ပူပန်မိပါသည်။

ယနေ့ နော်ဝေးဒုက္ခသည်ကောင်စီမှ မြန်မာနိုင်ငံငြိမ်းချမ်းရေးထောက်ပံ့သည့်လုပ်ငန်းအစီအစဉ် နှင့် ကန်ထရိုက်ရေးဆွဲသဘောတူညီချက်အရ ထိုင်းနှိင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင်းရှိ ကုန်းကျော်စစ်ပြေးဒုက္ခသည်ပို့ရေးအတွက် တစ်အိမ်တက်ဆစ်အိမ်ဆင်း စာရင်းစတင်ကောက်ယူနေပါသည်။ ဤလူသူနေထိုင်မှုနည်းပါးလှသောရွာသို့ စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရန် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) နှင်. မြန်မာအစိုးရတို့ နှစ်ဦးနှစ်ဘက် တွေ့ဆုံညှိနိုင်းရာတွင် ပုံဖေါ်ခ့ကြသော အစီအစဉ်ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် မြန်မာအစိုးရ နှစ်ဘက်သဘောတူ အပစ်ခတ်ရပ်စဲရေးထိုးစဉ်ကာလနောက်ပိုင်း ရှမ်းစစ်တပ် နှင့် မြန်မာစစ်တပ် စစ်ပွဲဆက်လက်ဖြစ်ပွားခဲ့သော ဒေသများတွင် မုံးထားဒေသသည် အပစ်ခတ်ရပ်စဲရန် သဘောတူညီပြီးနောက် ပဋ္ဌိပက္ခပြန်ဖြစ်သော ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မင်းမှ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အား သဘောတူကတိကဝတ်ပေးချက်အရ ဟိုမိန်း နှင့် မုံးထားသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆွန် နှင့် ချင်းမိုင်ခရိုင်သို့ နယ်စပ်ဆက်သွယ်ရေးမြို့နယ်ခွဲအဆင့်အထိ သတ်မှတ်ပေးခဲ့သည်။ သို့သော် ဤဒေသအတွင်းတွင် မြန်မာစစ်တပ်စခန်းပေါင်း ၄၀ ကျော် တပ်စွဲထားလျှက်ရှိသည်။

၂၀၁၂ ဇူလိုင်လတွင် ကုန်းကျော်ဒုက္ခသည်စခန်းအတွင်းနေ စစ်ပြေးဒုက္ခသည်များက နော်ဝေးနိုင်ငံ ကိုယ်စားလှယ် တစ်ဦးအား ၄င်းတို့မပြန်ချင်ကြကြောင်း ပြောပြခဲ့ရာတွင် ထိုဒေသတွင်း မြန်မာစစ်တပ် နှင့် အခြားငြိမ်းချမ်းရေးယူထားသောစစ်တပ်များအား ထိတ်လန့်ကြောက်ရွံ့ကြကြောင်း ထို့အပြင် တချို့သော ဧရိယာတွင် မြေမြုပ်မှိုင်းများရှိနေချင်းကြောင့် မုံးထားဒေသသို့ မပြန်ချင်ကြကြောင်း ပြောပြခဲ့ပါသည်။

ကုန်းကျော်စစ်ပြေးဒုက္ခသည်စခန်းအတွင်း နေထိုင်ကြသော ဒုက္ခသည်များသည် များသောအားဖြင့် မုံးထားဒေသခံများမဟုတ်ပါ။ ရှမ်းပြည်နယ်အလယ်ပိုင်းဒေသမှ ထွက်ပြေးလာကြသော စစ်ပြေးဒုက္ခသည်များဖြစ်ကြပါသည်။ယနေ့ အချက်အလက် စတင်ကောက်ယူ ခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ အကျယ်တဝန်းထိတ်လန့်နေပါသည်။ နော်ဝေးဒုက္ခသည် ကောင်စီသည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းအစီအစဉ်စီမံကိန်းများ ရှိနေကြသော်လည်း ၄င်းတို့သည် တခါမှ ရှမ်းစစ်ပြေး ဒုက္ခသည်များနှင့် လုပ်ငန်းဆောင်ရွက်ဖူးခြင်းမရှိသေးပါ။

“စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းလုပ်ငန်းစဉ်အတွက် အစမ်းသပ်ခံအသုံးချခံသတ္တဝါများ(ပူးသတ္တဝါလို ဆေးစမ်းသပ်ရာတွင် အစမ်းသပ်ခံသည့် သတ္တဝါများ)မဖြစ်သင့်ဘူး။ နိုင်ငံတကာ အလှူရှင်းများလည်းပဲ စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားခြင်းအပေါ်  ဖိအားပေးမည့်အစား မြန်မာအစိုးရကိုတရားမျှတပြီး ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်း အဖြေရှာရန် ဖိအားပေးသွားသင့်တယ်” ဟု ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် ရှမ်းသဘာဝပတ်ဝန်းကျင်ဆင်ရာအဖွဲ့မှ ပြောပါသည်။

ရှမ်းလူထုအဖွဲ့များမှ ၂၀၁၂ ဇွန်လအတွင်း ထုတ်ပြခဲ့သော ကြေညာချက်စာတမ်းတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ထောက်ပံ့ထောက်ခံနေသော နိုင်ငံခြားအစိုးရများ နှင့် နိုင်ငံခြားအလှူရှင်များသည် “ကြားနေဘက်မလိုက်” သူများ အဖြစ်နေသင့်ကြောင့် နှင့် တိုင်းရင်းသားများအား စစ်တပ်ပုံသွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် သွပ်သွင်းရန် အကြပ်ကိုင်ဖိအားမပေးသင့်ကြောင်း အတိအလင်းဖော်ပြထားပါသည်။

 

  • ရှမ်းလူထုအဖွဲ့အစည်းများ
  • ရှမ်းလူအခွင့်အရေးမဏ္ဍိုင်
  • ရှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့
  • ရှမ်းအမျိုးသမီးရေးရာကွန်ယက်
  • ရှမ်းလူငယ်စွမ်းအား
  • ရှမ်းလူငယ်ကွန်ယက်အဖွဲ့

 

ဆက်သွယ်ရန်

စိုင်းခေးဆိုင်   +66 081 672 2031

ယိင်းဟန်ဖ     +66 089 262 7848

နန်းမွန်းကိန်     +66 081 992 1121

နန်းချမ်တောင်း  +66 081 603 6655

ထုတ်ပြန်ချက်