ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်မှ သတင်းထုတ်ပြန်ချက်
နိုဝင်ဘာလ၊ ၂၈ရက်၊ ၂၀၁၆
အပြင်းအထန်စစ်ဖြစ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိ အထက်ရဲရွာရေကာတာပြုလုပ်ခြင်းကို ပြန်လည်ရုပ်သိမ်းရန်တောင်သူလယ်သမား အယောက် ၁၅၀၀ ဖြင့်တောင်းဆိုခြင်း
နိုဝင်ဘာလ၂၇ရက်၂၀၁၆တွင် ၁၉ မွို့နယျ၏တောင်သူလယ်သမားမြား အငျအား ၁၅၀၀ သည်သီပေါမြို့ရှိနမ္မတူမြစ်ချောင်းကမ်းမှာ စုဝေးကြသည်။သူတို့သည်ရှမ်းပြည်မြောက်ပိုင်းရှိအထက်ရဲရွာရေကာတာတည်ဆောက်ခြင်းကိုချက်ချင်းရပ်တန့်ရန်တောင်းဆိုကြသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့်တစ်ပတ်တွင်းပြင်းထန်သောတိုက်ပွဲများ တိုးမြင့်လာသည့်နေရာလည်းဖြစ်သည်။
အထက်ရဲရွာရေကာတာ၏တည်နေရာသည် ကျောက်မဲမြို့နယ်၏တောင်ဘက်၌ တည်ရှိသည်၊နမ္မတူမြစ်ပေါ်တွင်တည်ဆောက်မည့်ရေကာတာ ( ၄ ) ခုထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ရေကာတာကို၂၀၀၈ခုနှစ်ကတည်းကဆောက်လုပ်ရန်ကြိုတင်ပြင်ဆင်နေသော်လည်း တိကျသည့်ရေလှောင်တံမံကိုစတင်ဆောက်လုပ်ခြင်းမရှိသေးပါ။ မြစ်ချောင်းတစ်လျောက်တွင် နှစ်စဉ်ရေကြီးမှုနှင့်ထပ်ခါကြုံတွေ့နေရသောကြောင့် တည်ဆောက်မှုကိုနှောင့်နှေးခဲ့ရသည်။
ဤရေကာတာကို အရင်းစိုက်ထုတ်သူမှာတရုတ်၊ ဆွီဇလန်၊ ဂျာမန်နှင့် ဂျပန်ကုမ္မဏီတို့ှပူးပေါင်၍ တည်ဆောက် ကြမည်။အလျား၆၀ကီလိုမီတာရှိသည့် ရေလှောင်တံမံကိုတည်ဆောက်ပါက ရေကြီးရေလျံမှုဖြစ်ပွားမည့် သီပေါမြို့အထိရောက်နိုင်ခါ လူဦးရေ ၆၅၀ ခန့်ရှိ တာလုံရွာအိမ်နှင့်မြေယာများ၊ ထင်ပေါ်ကျော်ကြားသည့်စိုက်ပျိုးရေး စနစ်ဖြစ်သောအော်ဂဲနစ်လိမေ္မာ်ခြံများရေထဲလုံးလုံးနှစ်မြှပ်သွားမည်ဖြစ်သည်။
ရေကာတာတည်ဆောက်ရာတည်နေရာနှင် ့ရေလှောင်ကန်တည်ဆောက်ရန်ရာထားသည့်နေရာသည်တိုက်ပွဲများဖြစ်ပွားရာနေရာဖြစ်သည်။ ပြီးခဲ့သည့်လများက အစိုးရတပ်မတော်သည် လက်နက်ကိုင်တိုင်းရင်းသားများကိုထိုးစစ်ဆင် ရာနေရာဖြစ်သည်။ တိုက်ပွဲအတွင်းပြည်သူလူထုများအပေါ် လူ့အခွင့်အရေးများချိုးဖောက်ခြင်း၊ ရိုက်နက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်သည့်နေရာများပါဝင်သည်။အောက်တိုဘာလ၂၃ရက်နေ့တွင်အစိုးရတပ်မတော်သည် တာလုံ၏အရှေ့ဘက်၂၀ကီလိုမီတာအကွာတွင် တိုက်ပွဲဖြစ်သဖြင့် ရွာသူရွာသားပေါင်း၂၀၀၀ကျော်သည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီကစစ်တင်းမာမှုများ တိုးပွါးလာရာသောကြောင့် လွန်ခဲ့သည့်တစ်ပတ်က စစ်ဘေးရှောင်များ ပိုမိုတိုးပွားစေခဲ့ပြီး နမ္မတူသို့ထွက်ပြေသိမ်းရှောင်နေကြရသည်။
အစိုးရတပ်မတော်သည်တာလုံတွင် ပုံမှန်ကင်းလှည့်နေသဖြင့့် ဒေသခံပြည်သူလူထုများကြောက်လန့်နေရသည်။တောင်ထိပ်မှ အထက်ရဲရွာရေကာတာဘက်သို့စောင့်ကြည့်စေရန်နှင့်ရေကာတာတည်ဆောက်ဖို့ လုံခြုံရေးစောင့်ပေးရန် စစ်သားများချထားသည်။
မြစ်ချောင်းတစ်လျောက်ရှိ ဒေသခံပြည်သူလူထုများပြင်းထန်စွာကန့်ကွက်နေသည့် အထက်ရဲရွာရေကာတာတည်ဆောက်ခြင်းကိုချက်ချင်းပြန်လည်ရုပ်သိမ်းရန် တောင်သူလယ်သမားများကွန်ယက်မှNLD အစိုးရကိုတောင်းဆိုပါသည်။
“မြန်မာနိုင်ငံမှာသဘာဝအရင်းအမြစ်ကို ထိန်းချုပ်လိုခြင်းမှာ ပဋိပက္ခများ၏ ဇစ်မြစ်ဖြစ်တယ်။ အကယ်၍အစိုးရဟာနမ္မတူ မြစ်ပေါ်မှာရေကာတာသစ်ထပ်မံဆောက်မည် ဆိုလျင် ဒေသခံပြည်သူလူထုများ၏သဘောထား ဆန္ဒများကိုဆန့်ကျင်ရာရောက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲများဖြစ်ရန် မီးထိုးပေးရာရောက်မယ်”ဟု ရှမ်းပြည်တောင်သူလယ်သမားများကွန်ရက် ဖြစ်သည် ့စိုင်းထမ်းအိုက် ပြောဆိုသည်။
ထိုနေရာကိုထိန်းချုပ်ရန်အတွက်အစိုးရတပ်မတော်သည် လူ့အခွင့်အရေးများချိုးဖေါက်နေမှုတွင် နိုင်ငံခြား ကုပ္မဏီများတာဝန်ရှိနေသည်။ထို့ကြောင့် ရှမ်းပြည်နယ်တောင်သူလယ်သမားများ ထိုကုပ္မဏီများ ကို အထက်ရဲရွာရေကာတာလုပ်ငန်းမှ ချက်ချင်းအမြန်ရုပ်သိမ်းရန်တောင်းဆိုပါသည်။အထူးသဖြင့်မြန်မာနိုင်ငံတွင် “ငြိမ်းချမ်းရေးတည်ဆောက်သူ”အဖြစ် ခံယူထားသည့် ဆွဇ်နိုင်ငံ၏StuckySAက ပြန်လည်ရုပ်သိမ်းသင့်သည်။
ရှမ်းတောင်သူလယ်သမားများ၏ကွန်ယက်မှ ဖက်ဒရယ်အာဏာခွဲဝေမှုအတွက် တောင်းဆိုသည်။ထိုမှသာ တိုင်းရင်းသားများ၏ သဘာဝသယံဇာတများကို ကိုယ်တိုင်ကိုယ်ကျထိန်းချုပ်နိုင်ခြင်းနှင့် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဆက်သွယ်ရန်လိပ်စာ။ ။
စိုင်းထမ်းအိုက် +၉၅ (၀) ၉-၇၁၈-၇၉၉-၈၂
နန်းလော(ဝ်)ခမ်း +၉၅ (၀) ၉-၂၆၂-၁၀၈-၀၆၂
PDF >>>