ရှမ်းပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အခြေစိုကလူထုအခြေပြု အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်
၂၀၁၂ ခုနှစ် ဂျွန်လ ၁၂ ရက်နေ့
ဂျွန်လ ၄ – ၅ ရက်တွင် ကျင်းပသော (၇၆) ဦး တက်ရောက်သည့် လူထုအခြေပြု အဖွဲ့အစည်းများ၏ အစည်းအဝေးတွင် လူငယ်၊ အမျိုးသမီး၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းမီဒီယာ၊ လူ့ အခွင့်အရေးအဖွဲ့၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အလုပ်သမားအဖွဲ့အစည်းများ၊ သံဃာတော်များနှင့် ရှမ်းပြည်မှလယ်သမား များ ပါဝင်တက်ရောက်ကြပြီး ရှမ်းပြည်နယ်၏နိုင်ငံရေးအခြေအနေ အထူးသဖြင့်လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များ
နှင့် ပတ်သက်၍ စည်းဝေးဆွေးနွေးကြသည်။
အစည်းအဝေးတက်ရောက်သူများမ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်မိသောအရေးပါသည့်
ဆွေးနွေးတင်ပြချက်များမှာ –
၁) ယနေ့ရှမ်းပြည်တွင် မြန်မာစစ်တပ်ကို ဆက်လက်တိုးချဲ့နေခြင်းကြောင့် ကျေးရွာလူထုမှာ နေ့စဉ်နှင့်အမျှ ကြောက်လှန်
နေကြရပြီး ရှမ်းပြည်တွင် မြန်မာစစ်တပ်၏ လေးပုံတစ်ပုံအင်အား တပ်ရင်း ၁၈၀ ကျော်အထ တိုးချဲ့တပ်စွဲထားသည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အမှတ် (၁၂) တိုင်းစစ်ဌာနချုပ် တစ်ခုကရမ်းပြည်နယ်တွင် ထပ်မံတိုးချဲ့ခဲ့သည်။ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မြန်မာစစ်တပ်က
ပြည်သူလူထုအပေါ် ဆက်လက် ညဉ်းပမ်းနှိပ်စက်နေသေးကာ ကျူးလွန်သူတို့အား အရေးယူမှုလည်းမရှိပေ။
၂) ၂၀၁၀ ရွေးကောက်ပွဲက “ဒီမိုကရေစီ” က အစပြုသည်ဆိုသော်လည်း ရှမ်းပြည်ရှိပြည်သူတို့မှာမှ မိမိတို့ဘ၀
ကောင်းမွန်လာသည်ဟုုမခံစားကြရပေ။ ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်သည်ဥပဒေအောက်တွင်မရှိသော
ကြောင့် ရွေးကောက်ခံကိုယ်စားလှယ်များသည စစ်တပ်ကကျူးလွန်သောပြစ်မှုများကို မတားဆီးနိုင်သလဲ ကျေးရွာလူထု အခွင့်အရေးကိုလည်း အကာအကွယ်မပေးနိုင်ကြပေ။
၃) ရှမ်းပြည်နယ်တွင်းရ လက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရန် ဆွေးနွေးကြသော်လည်း ပဋိပက္ခ၏ အကြောင်းရင်းဖြစ်သော အထူးသဖြင့်ပြည်နယ်တွင်းရ တိုုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကင်းမဲ့မှု၊ မြန်မာစစ်တပ် ကြီးစိုးမှုတို့က ဖေါ်ထုတ်ဖြေရှင်းနိုင်ခြင်းမရှိသေးချေ။ အဆိုပါကိစ္စရပ်များက ဖြေရှင်းနိုင်မှသာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း
ရေးကို ရရှိနိုင်ပေလိမ့်မည်။
၄) နိုင်ငံရေးပြသနာများသည် ရှမ်းပြည်နယ်၏ စီးပွါးရေးကိုလည်းတိုက်ရိုက်ထိခိုက်စေသည်။ အထူးသဖြင့် လူအများစုမှာ လယ်သမားများဖြစ်သောကြောင့် မိမိတို့အတွက်အရေးကြီးဆုံးဖြစ်သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍက ထိခိုက်စေသည်။
မြန်မာစစ်တပ်များ ထူးကဲစွာချထားခြင်းအပြင်၊ ပြည်နယ်အစိုးရ၌ လယ်သမားများနှင့် ၎င်းတို့၏လယ်ယာမြေ၊ ၎င်းတို့၏ လွတ်လပ်စွာလယ်လုပ်ပိုင်ခွင့်တို့က အကာအကွယ်ပေးနိုင်သည့်အာဏာမရှိနေခြင်းတို့သည ရှမ်းပြည်နယ်၏အဓိကပြသနာ တစ်ခုဖြစ်သည်။ လက်နက်ကိုင်အဖွဲ့များနှင အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်သည် နိုင်ငံရေးအရမဖြေရှင်းနိုင်မ “ဖွံ့ဖြိုးရေး” အနေနှင့် အကြီးစားရင်းအနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ရန်ခွင့်ပြုအားပေးထားခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍက ပိုမိုထိခိုက်စေမှာဖြစ်သည်။ ဒေသခံလူထုအား အချက်အလက်ပြည့်ပြည့်စုံစုံအသိပေးထား၍ ၎င်းတို့ကလွတ်လပ်စွာ ကြို တင်ဆန္ဒသဘောထားပေးနိုုင်ပြီး ၎င်းတို့၏ဘ၀ရှင်သန်ရေးနှင့်၊ သဘာ၀ပတဝန်းကျင်ထိန်းသိမ်းရေးတို့က ကာကွယ်စောင့်
ရှောက်ပေးသည့် အရင်းအနှီးမြှုပ်နှံမှုပေါ်လစီမျိုးမရှိပါက စီမံကိန်းကြီးများဖြစ်သော ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းများ၊ ရေအား
လျှပ်စစ်ထုတ လုပ်သည့်ရေကာတာများ၊ သတ္တုတူးဖေါ်ရေးလုပ်ငန်းများနှင့် သဘာ၀အရင်းအမြစ်ပြုန်းတီစေသော အခြား
အကြီးစားစက်မှုလုပ်ငန်းကြီးများ၏သိမ်းယူသွားမှုကြောင် ပြည်သူလူထု၏မြေယာများ ပိုမိုအဆုံးရံှုးခံရပေလိမ့်မည်။ ထိုသ
သောထိခိုုက်ဆုံုးပါးစေသည့်ရင်းနှီးမြှုပ်နှံမှုများသည် ပဋိပက္ခကိုပိုမိုတိုးပွားစေမည်သာဖြစ်သည်။
၅) ရှမ်းပြည်တွင်တပ်စွဲထားသော မြန်မာစစ်တပ်ပြဿနာကိုု မဖြေရှင်းနိုင်သေးသရွေ့၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသရွေ့ ရှမ်းပြည်ရှိမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင် သုံးစွဲမှုဆိုုင်ရာပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်မဟုတ်ပေ။
၆) လက်ရှိအစိုးရတည်ဆောက်ပုံတွင် ပြည်နယ်အဆင့်အစိုးရသည် ပြည်နယ်တွင်းရှိတိုုင်းရင်းသားလူမျိုးများ၏ ဘာသာ စကားနှင့်ယဉ်ကျေးမှုဆိုုင်ရာဘာသာရပ်များက ရှမ်းပြည်နယ်ရှိကျောင်းများတွင် သင်နိုင်ခွင့်ရရေးအတွက် ဗဟိုအစိုးရက တွန်းအားပေးရန် အားနည်းနေသေးသည်။
၇) မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာက ကူညီအားပေးခြင်းကို ကျေးဇူးတင်ရှိသော်လည်း လက်ရ လုပ်ရပ်များမှာ တိုင်းရင်းသားများအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ သွတ်သွင်းခြင်းသာ အဓိကဖြစ်နေပေ သည်။ မြန်မာစစ်တပ်မှာလည်း ယင်းဖွဲစည်းပုံအောက်တွင်မရှိ၊ တိုင်းရင်းသားများ၏တန်းတူမ အခွင့်အရေးကိုလည်း
ငြင်းပယ်ထားသည်။ ထိုကြောင့်တိုင်းရင်းသားလူမျိုးများက ၂၀၀၈ ဥပဒေအောက်သွတ်သွင်းခြင်းသည ပဋိပက္ခကိုပို၍
တာရှည်စေမည်သာဖြစ်သည်။
၈) မြန်မာစစ်တပ်သည် လူ့အခွင့်အရေးချိုးဖေါက်မှုများကို အတားအဆီးမဲ ဆက်လက်ကျူးလွန်နေသမျှကာလပတ်လုံး ရှမ်းပြည်နယ်ရှိနေရပ်စွန့်ခွာထွက်ပြေးနေရသူများ၊ ဒုက္ခသည်များသည်လည်း မိမိနေရပ်သို့ပြန်ရန အတွက်လုံခြုံမှုမရှိပေ။
၉) ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ် အလုံးအရင်းနှင့်ချထားမှု၊ အပစ်အခတ်ရပ်စဲရေး စဆွေးနွေးစဉ်ကတည်းက စစ်တပ် ရုတ်သိမ်းမှုများမလုပ်ခြင်းတို့က ဒေသခံလူထုနှင့်လူထုအခြေပြုအဖွဲ့အစည်းတို့အနေဖြင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင်ပါဝင်ရန်အဓိကအတားအဆီးများဖြစ်နေပေသည်။ ထို့ကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လက်နက်ကိုင်တပ် အချင်း ချင်း ဆွေးနွေခြင်းမျှသာဖြစ်နေတော့သည်။ အမှန်တကယ်စစ်မှန်သော ခိုင်မာသည့်ငြိမ်းချမ်းရေးက တည်ဆောက်လိုပါက လူထုနှင့်လူထ အခြေပြုအဖွဲ့အစည်းများက ဦးဆောင်မှုအခန်းက ပါဝင်ရလိမ့်မည်။
ထိုကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင ပါဝင်သူအားလုံးက အောက်ပါအတိုင်းတိုက်တွန်းလိုပါသည –
၁) ၂၀၀၈ ခ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရှမ်းပြည်နှင့်မြန်မာနိုင်ငံတွင် လူမှုဆိုင်ရာပြသနာများ၊ နိုင်ငံရေးပြသနာများကို
ဖြေရှင်းရန် အဟန့်အတာဖြစ်နေပြီး ဤပြသနာများကိုဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လက်နက်ကို်င် အဖွဲအစည်းများနှင့်လူထုအခြေပြုအဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဖြင့် စနစ်ကျသောနိုင်ငံရေးအရ
ပြုပြင်ပြောင်းလဲမ များကိုလုပ်ဆောင်သွားရန်။
၂) ရှမ်းပြည်နယ်မ မြန်မာစစ်တပ်အင်အားလျှော့ချ၍ ပဋိပက္ခဖြစ်နေသောနေရာမှရုတ်သိမ်းပြီး ရှမ်းပြည်နယ်ရ လူထ အခြေပြုအဖွဲ့အစည်းများက ရေရှည်တည်တန့်မည့်ငြိမ်းချမ်းရေးအတွက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင ဦးဆောင်မှုအခန်းက ပါဝင်ရန်။
၃) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက ပံ့ပိုးပေးလိုသည နိုင်ငံခြားအစိုုးရများနှင့် အလှူရှင်အဖွဲ့အစည်းများသည ကြား၌သာ
နေသင့်ပြီး ၎င်းတိုု့၏ဘဏ္ဍာငွေက တိုင်းရင်းသားများအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့သွတ်သွင်းခြင်း အတွက်အသုံးမပြုသင့်ပေ။ လူသားချင်စာနာသော အထောက်အကူပေးမှုများအတွက သက်ဆိုင်ရာဒေသခံလူထုအခြေပြု
အဖွဲ့အစည်းများနှင့် အတူတကွဆုံးဖြတ်ချက်ချရမည်ဖြစ်ပြီး ဒေသခံလူထုထံသ တိုက်ရိုက်ပေးအပ်ရန်။
၄) မြန်မာအစိုးရနှင့် နိုင်ငံခြားရင်းအနှီးမြှုပ်နှံသူများ ရှမ်းပြည်ရှိစီမံကိန်းကြီးများဖြစ်သော ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းများ၊
အကြီးစားရေအားလျှပ်စစ်ထုတ်သည့်ရေကာတာများ၊ သတ္တုတူးဖေါ်ရေးလုပ်ငန်းများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ
အပါအဝင် အကြီးစားစက်မှုလုပ်ငန်းကြီးများအားလုံးကိုချက်ချင်းရပ်တန့်ရမည်။ စစ်မှန်သောနိုုင်ငံရေးပဋိပက္ခဖြေရှင်းမှုရရှိပြီး
ဒေသခံပြည်သူလူထု၏ဘ၀ရှင်သန်ရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် ရင်းအနှီးမြှုပ်နှံမှုပေါ်လစီထားရှိပြီးမ ဤကဲ့သ
သော စီမံကိန်းများကိုလက်ခံရန် စဉ်းစားသင့်ပါသည်။
ပါဝင်ထောက်ခံသည် အဖွဲ့အစည်းများ
၁) ကုန်းကျော်ဒုက္ခသည်စခန်းကော်မတီ
၂) “Lin Mawk Mai” (Land Regeneration) Group
၃) Migrants Worker Federation
၄) ရှမ်းပညာရေး ကော်မတီ
၅) ရှမ်းလယ်သမားအဖွဲ့အစည်းများ
၆) ရှမ်းကျန်းမာရေး ကော်မတီ
၇) ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်
၈) ရှမ်းကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ
၉) ရှမ်းသဘာ၀ပတဝန်းကျင်ထိန်းသိမ်းရေးအဖွဲ
၁၀) Shan State Organization
၁၁) ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း
၁၂) Shan Youth Network Group
၁၃) Shan Youth Power Group
၁၄) Shan Youth Power
၁၅) Worker’s Solidarity Association
၁၆) ရှမ်းပြည်နယ်လူငယ်များအဖွဲ
ဆက်သွယ်ရန်-
ယိင်းဟန်ဖ ၀၈၉- ၂၆၂ ၇၈၄၈
စိုင်းခေးဆိုင် ၀၈၁- ၆၇၂ ၂၀၃၁
နန်းမွန်းကိန် ၀၈၁- ၉၉၂ ၁၁၂၁
နန်းချမ်တောင်း ၀၈၁- ၆၀၃ ၆၆၅၅