အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှု ကြားမှ ရှမ်းအရှေ့တွင် အော်စီလူမျိုး ဦးဆောင်သည့် သတ္တုတွင်း တူးဖော်ရေး ကုမ္ပဏီသည် ရွှေတူးဖော်ရေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ရန်စီစဥ်နေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ကြာသာပတေးနေ့

ဧပြီလ (၁) ရက်၊ ၂၀၂၁ ခုနှစ်

အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှု ကြားမှ ရှမ်းအရှေ့တွင် အော်စီလူမျိုး ဦးဆောင်သည့် သတ္တုတွင်း တူးဖော်ရေး ကုမ္ပဏီသည် ရွှေတူးဖော်ရေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ရန်စီစဥ်နေ

မတ်လ ၈ ရက်နေ့သည် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြည်လုံးကျွတ် ဆန့်ကျင်ဆန္ဒပြ ပြည်သူများအား နှိမ်နှင်းရာတွင် သွေးထွက်သံယို အဖြစ်ဆုံးနေ့ တနေ့ပင်ဖြစ်သည်။ ယင်းနေ့တွင် သြစတြေးလီးယား နိုင်ငံသား ဦး ဆောင်သည့် Access Resources Asia (ARA) က ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ခံ အရာရှိများနှင့် တွေ့ဆုံ ကာ ရွှေတူးဖော်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ရန် ဦးစားပေး ဆွေးနွေးခဲ့သည်။

ARA ၏ ကနဦး ရွှေရှာဖွေရေး အကျယ်အဝန်း ဧရိယာမှာ 574 စတုရန်း ကီလိုမီတာဖြစ်ပြီး ရှမ်းပြည်အရှေ့ပိုင်းတွင် စီမံကိန်းရာထားသည့် 1,800 စတုရန်း ကီလိုမီတာ မြေဧရိယာအတွင်းဖြစ်သည်။ ဤကြီးမားလှသည့် ရွှေတူးဖော်‌ ရေး လုပ်ငန်းကို ဒေသခံပြည်သူတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါသည်။ အကြောင်းရင်းမှာ ရှမ်းပြည်အရှေ့ ပိုင်းတွင် ရှိရင်းစွဲ ရွှေတူးဖော်ရေးလုပ်ငန်းမှ သဘာဝပတ်ဝန်းကျင်း ပျက်စီးမှု နှင့် လူမှုအသိုင်းအဝိုင်း ဆိုးကျိုးသက် ရောက် မှုများ ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်းလုပ်ငန်းကြောင့် အထူးသဖြင့် တာချီလိတ်ဒေသတွင် တောင်များဖြို ဖျက် ခံရကာ စိုက်မျိုးမြေယာများ နှင့် ရေကြောရင်းမြစ်များအား ကျယ်ကျယ်ပြန့်ပြန့် အဆိပ်သင့်စေခဲ့သည်။

2017 နှင့် 2018 ခုနှစ်များတွင် မိုင်းဖြတ်ဒေသခံတို့က ARA စီမံကိန်းများ ရပ်တန့်ရန် NLD အစိုးရအား မေတ္တာရပ်ခံစာ ပေးပို့ခဲ့သော်လည်း အကြောင်းမထူးခဲ့ချေ။ နိုဝင်ဘာလ 26, 2020 ရက်နေ့တွင် သဘာဝနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဝန်ကြီးဌာနက ARA အား မိုင်းဖြတ်တွင် လုပ်ပိုင်ခွင့်လိုင်စင် 3-နှစ် သက်တမ်းပေးခဲ့သည်။

ဇန္နဝါရီလ 6, 2021 နေ့တွင် ARA အမှုဆောင်များက မိုင်းဖြတ်သို့လာရောက်ကာ ရုံးခွဲဖွင့်နိုင်ရန် အရာရှိများနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဇန္နဝါရီလ 24, 2021 နေ့တွင် ကျေးရွာအုပ်စု ၁၃ အုပ်စု နှင့် မြို့ပေါ်ရပ်ကွက် ၃-ရပ်ကွက်တို့မှ ဒေသခံ လူထု ခေါင်း ဆောင်များ အပါအဝင် မိုင်းဖြတ်ဒေသခံ 3,883 ဦးသော ပြည်သူများက လက်မှတ်ရေးထိုးကာ နိုင်ငံတော်အတိုင် ပင်ခံ နှင့် နိုင်ငံတော်သမတ တို့ထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။ သို့သော်လည်းပဲ ARA က လျစ်လျူရှုခဲ့ကာ အာဏာ သိမ်း စစ်ကောင်စီနှင့် ပေါ်တင် ပေါင်းသင်းကာ ရင်းနှီးမြှုပ်နှံ နေလေသည်။

ဒေသခံများက ဆန့်ကျင်ကန့်ကွက်ခြင်း၊ စစ်ရေးပဋိပက္ခနှင့် မြန်မာစစ်တပ် အာဏာ စိုးမိုးရေးဒေသအဖြစ် ဖန်တီး ခြင်းတို့ကြောင့် စစ်တပ် အာဏာမသိမ်းခင် ကာလအတန်ကြာကပင်လျင် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စင်္ကာပူ အခြေစိုက် Access Asia Mining Pte Ltd. (ARA ၏ မိခင်ရင်း ကုမ္ပဏီ) ထံသို့ သတ္တုလုပ်ငန်း နှင့် ရွှေရှာဖွေ ရေးလုပ် ငန်းများ ရပ်တန့်ပေးရန် တောင်းဆိုခဲ့ဖူးသည်။ 2018 ဧပြီလပိုင်းတွင် မိုင်းဖြတ် အခြေစိုက် စစ်ကောင်စီတပ်သား တဦးက အသက် 73 နှစ်အရွယ် အမျိုးသမီးအား မုဒိမ်းကျင့်မှု နှင့် ဓားပြတိုက်ကျူးလွန်မှုများ ရှိခဲ့ကြောင်း SHRF က စာတမ်းထုတ်ခဲ့ပြီး၊ စစ်တပ်၏ ရက်စက်ယုတ်မာမှုများနှင့် ကြုံတွေ့နိုင်တာကြောင့် သတ္တုရှာဖွေရေး လုပ်ငန်းများ အား လုံး ရပ်ဆိုင်းရန် Access Asia Mining (AAM) ကုမ္ပဏီအား တောင်းဆိုခဲ့သည်။

မေလ 14, 2018 နေ့တွင် SHRF ၏ စိုးရိမ်ပူပန်မှုကို တုန့်ပြန်ရာမှာတော့ AAM က စီးပွါးရေးနှင့်လူ့အခွင့်အရေး ရင်း မြစ် ဌာနသို့ ပေးပို့သောစာတွင် — “ကျွန်တော်တို့က တပ်မတော်နှင့် ပေါင်းဖက်ပြီး အကူအညီ ရယူတာမျိုး လှုံခြုံရေး ယူပေးဖို့ တောင်းဆိုတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ AAM က မြန်မာနိုင်ငံရဲ့ လှုံခြံမှု စိတ်ချရမှု ရှိပြီး ဒေသခံတွေကလည်း ကြိုဆိုတဲ့ ဒေသတွေမှာသာ ကျွန်တော်တို့ ရွေးချယ်ပြီး လုပ်ဆောင် တာပါ။ အထက်ကပြောတဲ့ အတိုင်းပဲ ကျွန်တော်တို့က ဘယ်တော့မှ လှုံခြုံရေးအတွက် လိုအပ်မှုမရှိသလို ရှမ်းပြည် အထဲမှာ အမြဲတမ်း လုပ်ဆောင်နေတာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် ဘာမှ အကာအကွယ်ပေးနေစရာ မလိုပါ ဘူး။”

သို့သော်လည်းပဲ ယခုချိန်ခါမှာ ရှမ်းပြည်တွင် ARA/AAM ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုတွေ တကယ်ရှိနေပါပြီ။ အထူး အားဖြင့် ဖေဖော်ဝါရီလ 1 ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာ ရယူချိန်မှစပြီး တပ်အရာရှိများနှင့် ပူးပေါင်း ပြီး လုပ်ငန်းလည်ပတ်နေသည့် အချက်ကိုတော့ ငြင်းလို့မရပါ။ အမှန်စင်စစ်မှာ ARA/AAM သည် စစ်တပ်လှုံခြုံ ရေးတပ်ဖွဲ့များ၏ လူသားမဆန် ရက်ရက်စက်စက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများအား နှိမ်နှင်း ရာမှာဖြစ်စေ စစ်ရေးပဋိပက္ခရှိနေသည့် တိုင်းရင်းသား ကျေးရွာဒေသများတွင် နှိပ်စက်ညှင်းပမ်းသည်ဖြစ်စေ ကြံရာပါများသာဖြစ်သည်။

Access Asia Mining ကုမ္ပဏီအနေဖြင့် စင်္ကာပူနိုင်ငံတွင် စီမံခန့်ခွဲရေးဝန်ဆောင်မှု လုပ်ငန်း အဖြစ်ဖြင့် မှတ်ပုံတင် ထားသော်လည်း သြစတြေးလီးယန်းနိုင်ငံသား များစွာပါဝင်နေပါသည်။ “သြစတြေးလီးယန်း အင်ဂျင်နီယာ လုပ်ငန်း များ၏ ကျောထောက်နောက်ခံ ဦးပိုင်ကုမ္ပဏီ” ဖြစ်ကြောင်း ကိုယ်တိုင်ကြေညာလျက်ရှိသည်။ ဒီအချက်ကို ထောက်ခြင်းအားဖြင့် မြန်မာနိုင်ငံထဲ ဆက်လက်ရှိနေခြင်းသည် အကျိုးအမြတ် ရနိုင်တာထက် ဘေးအန္တရာယ် ဆိုးကျိုးက ပိုမိုများနိုင်ကြောင်း သိသာထင်ရှားသည်။

Access Resources Asia/Access Asia Mining မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အားလုံး ရပ်ဆိုင်ရန် SHRF က ထပ်မံတောင်းဆိုပါသည်။

နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ မြေယာ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှုများ ခေါင်းပုံဖြတ်ခြင်းမှ အကာအကွယ်ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ ပေါ်ပေါက် လာချိန်အထိ ရင်းနှီးမြှုပ်နှံမှုများ မလုပ်ဆောင်ကြရန် SHRF က တောင်းဆိုပါသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် Access Asia Mining ကုမ္ပဏီ၏ သတ္တုတွင်းလုပ်ငန်း အချိန်ပြဇယား

Jan 26, 2015 Access Asia Mining Pte Ltd စင်္ကာပူနိုင်ငံတွင် စုဖွဲ့တည်ထောင်သည်။
Oct 13, 2015 Access Asia Mining ၏ လက်အောက်ခံကုမ္ပဏီ, Access Resources Asia Co. Ltd, မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည်။
July 2017 AAM အစုရှယ်ယာဝင်များ၏ နောက်ဆုံးရ အချက်အလက် ဖော်ပြချက်တွင် ရှမ်းပြည် အရှေ့ပိုင်း လုပ်ငန်းလိုင်စင်အတွက် ရွာ 50 ရှိ ဒေသခံရွာသားများနှင့် ဆွေးနွေးတိုင်ပင် လျက်ရှိနေ၊ ဆွေးနွေးမှုရလာဒ်မှာ 2 လ အထိကြာနိုင်။ “စီမံကိန်းအကောင်အထည်ဖော်ရန် ကျေးရွာများသို့ ကွင်းဆင်းလေ့လာပြီး စိုးရိမ်ပူပန်မှုများ ဆွေးနွေးတိုင်ပင်ရန်”။
Sep 10, 2017 ရွှေတူးဖော်ရေးလုပ်ငန်း စီမံကိန်းများ ရပ်ဆိုင်းရန် မိုင်းဖြတ်ဒေသခံပြည်သူများက ရှမ်းပြည် နယ် အစိုးရသို့ မေတ္တာရပ်ခံစာ ပေးပို့။
May 14, 2018 AAM ကုမ္ပဏီအနေဖြင့် တပ်မ‌တော်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိကြောင်း Business and Human Rights Resource Centre သို့ စာရေးသားပေးပို့။ စာပါ အကြောင်းအရာမှာ “စင်္ကာပူအခြေစိုက် သြစတြေးလီးယန်း စီမံကွပ်ကဲရေး အနေဖြင့် ကျွန်ုပ်တို့က နိုင်ငံတကာ စံနှုန်းအတိုင်း အကောင်းဆုံး ဖြစ်အောင်လုပ်‌ဆောင်နေတာပါ၊ ရှေ့ဆက်လုပ်ဆောင်ရာ မှာ လည်း ‌ဒေသခံပြည်သူများနှင့် ကျေကျေလည်လည် ဆွေးနွေးတိုင်ပင်ပြီးမှသာ လုပ်ဆောင် တာဖြစ်ပါတယ်။”
Jul 2018 ရှမ်းပြည်နယ်အစိုးရထံမှ ရှမ်းပြည်အရှေ့ပိုင်း သတ္တုတူးဖော်ရေးလုပ်ငန်းလိုင်စင် ထောက် ခံစာ ရရှိကြောင်း AAM အစုရှယ်ယာဝင်များက ထုတ်ဖော်ပြောကြား။
Sep 13, 2018 ARA ရွှေတူးဖော်ရေးလုပ်ငန်း မလုပ်ဆောင်ရန် မိုင်းဖြတ်ဒေသခံပြည်သူများက လူဦးရေ ပေါင်း 3,883 ဦး လက်မှတ်ထိုးထားသည့် မေတ္တာရပ်ခံစာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ထံ ပေးပို့။
Nov 26, 2020 မြန်မာ့သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) က ARA သို့ မိုင်းဖြတ်မြို့နယ်တွင် တရားဝင် စူးစမ်းရှာဖွေရေး စတင်ရန် မိုင်းဖြတ်- ကျိုင်းတုံ 141,904.628 ဧက (574.2802 စတုရန်းကီလိုမီတာ) ရှိနမ့်လောင် စီမံ ကိန်းဧရီယာ တွင် အောက်ပါအချိန်ဇယားအတိုင်း လုပ်ဆောင်ရန် ခွင့်ပြုမိန့်ထုတ်ပြန်

  1. အလားအလာစူးစမ်းခြင်း မှ အထိ
  2. ရှာဖွေရေးကွင်းဆင်းလေ့လာခြင်း မှ အထိ
  3. ဖြစ်နိုင်ခြေအလားအလာသုံးသပ်ခြင်း မှ အထိ
Dec 7, 2020 သတ္တုတွင်းလုပ်ငန်း ဌာနဆိုင်ရာက ARA သို့ မိုင်းဖြတ်ဒေသတွင် ကွင်းဆင်းလေ့လာနိုင်ရန် တရားဝင် ညွှန်ကြားလွှာပေးပို့။ စာပါအကြောင်းအရာမှာ အကယ်၍များ 3-လ အတွင်း လုပ် ငန်းမစတင်နိုင်ပါက ကြိုတင်ပေးချေထားသည့်ငွေ နိုင်ငံတော်ပိုင်အဖြစ် သိမ်းပြီး လုပ်ပိုင် ခွင့် ပါမစ်ကိုပါ ရုတ်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
Jan 6, 2021 ARA ဝန်ထမ်းများ မိုင်းဖြတ်သို့သွားရောက်ကာ ရုံးခွဲဖွင့်လှစ်ရန် အရာရှိများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
Jan 24, 2021 ARA ရွှေတူးဖော်ရေးစီမံကိန်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း မိုင်းဖြတ်ဒေသခံများက နိုင်ငံတော် သမတ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် များထံသို့ 3,883 ဦး လက်မှတ်ရေး ထိုး ထားသည့် မေတ္တာရပ်ခံစာ ပေးပို့။
Feb 1, 2021 မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်း
Feb 19, 2021 မိုင်းဖြတ်မြို့နယ် ကျေးရွာများမှ ရွာသားများအား အာဏာသိမ်း စစ်ကောင်စီက စစ်တပ် ထောက် ခံပွဲကျင်းပရန် အတင်းအဓမ္မ စေခိုင်း။
Mar 8, 2021 ARA မှ ဘူမိဗေဒပညာရှင် ကိုမြတ်သူလှ က ကွင်းဆင်းလေ့လာရေး စီမံကိန်းစတင်ရန် ဒေ သခံ အရာရှိများနှင့် တွ့ဆုံဆွေးနွေး။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်      +66: 97-173-1530                       (ရှမ်း၊ မြန်မာ)

PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်