ရှမ်းပြည်နယ်တွင် အငြင်းပွါးဖွယ် ဆည်တည်ဆောက်ရေး စီမံကိန်းမှ EDF ထွက်ခွါ၊ Razel-Bec လည်း အလားတူ လုပ်ဆောင်သင့်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တခူးလဆန်း ၁ ရက် တနင်္လာနေ့

ဧပြီလ (၁၂) ရက်၊ ၂၀၂၁ ခုနှစ်

ရှမ်းပြည်နယ်တွင် အငြင်းပွါးဖွယ် ဆည်တည်ဆောက်ရေး စီမံကိန်းမှ EDF ထွက်ခွါ၊ Razel-Bec လည်း အလားတူ လုပ်ဆောင်သင့်

ဖေဖေါ်ဝါရီ 1 ရက်နေ့က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး စိုးရိမ်ပူပန်ကြောင့် မတ်လ 19, 2021 နေ့တွင် ပြင်သစ်အစိုးရပိုင် Electricite de France (EDF) က ရှမ်းပြည်မြောက် ပိုင်းတွင် လုပ်ဆောင်လျက်ရှိသည့် ရွှေလီ 3 ရေကာတာစီမံကိန်းအား ရပ်ဆိုင်းလိုက်ကြောင်း ကြေညာ လိုက်သည်။

ပြင်သစ်အစိုးရ ဆုံးဖြတ်ချက်ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ကြိုဆိုလိုက်ပြီး၊ Fayat စုပေါင်း ကုမ္ပဏီတွင် ပါဝင်သည့်ပြင်သစ်အင်ဂျင်နီယာ Razel-Bec ကုမ္ပဏီက ရှမ်းပြည်မြောက်ပိုင်း အထက်ရဲ ရွာမြစ်ငယ်မြစ်/နမ္မတူမြစ်ပေါ်တွင် တည်ဆောက်လျက်ရှိ ရေအားလျပ်စစ် စီမံကိန်းအားလည်း အ လားတူရုတ်သိမ်းပေးရန် တောင်းဆိုပါသည်။

2008 ခုနှစ်တွင် ဒေသခံပြည်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်း သဘောထားဆန္ဒ ရယူခြင်းမရှိသည့်ပြင် တဖက်မှာလည်း ရှမ်းလူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ အထက်ရဲ ရွာတွင် အကြမ်းဖက် စစ်အုပ်စုက စီမံကိန်း စတင်ခဲ့သည်။ ကီလိုမီတာ 60 ရှည်လျားသည့် မီဂါဝပ် 280 စွမ်းအားရှိ ရေကာတာသည် သီပေါမြို့အထိ ရေလွှမ်း နိုင်ပြီး ယင်းဒေသတွင် ရာစုနှစ်ပေါင်းများစွာပင် မှီတင်းနေထိုင်လျက်ရှိသည့် ဒေသခံရှမ်းတိုင်းသားများ နှင့် ၎င်းတို့ လယ်ယာမြေများ ရေအောက်သို့ ရောက်သွားပါလိမ့်မည်။ ဆောက်လုပ်လျက်ရှိ ရေကာတာစီမံကိန်း ဒေသသည် စစ်ရေးပဋိပက္ခ မြား ပြားသည့် ဇုံဖြစ်သည့်အလျောက် မတရား သတ်ဖြတ်ခြင်း ညှင်းပမ်းနှိပ်စက်ခြင်း လူသားဒိုင်း အ ဖြစ် အသုံးပြုခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖေါက်မှု အမျိုးမျိုး ကျုးလွန်လျက်ရှိနေပါသည်။ ၎င်း ရေကာတာဆောက်လုပ်ရေး စီမံကိန်းကို တရုတ်နိုင်ငံပိုင် သွင်းကုန် ထုတ်ကုန် ဘဏ် (Export Import Bank of China) က ငွေကြေး ချေးပေးစနစ်ဖြင့် ထောက်ပံ့တည်ဆောက်နေခြင်းဖြစ်သည်။

ရှမ်းလူ့အဖွဲ့အစည်းများက ယင်းရေကာ တာ စီမံကိန်းနှင့်ပတ်သက်နေသည့် နိုင်ငံ ခြား ကုမ္ပဏီများ အားလုံး ရုတ်သိမ်း‌ပေး ရန် မကြာခဏ ဆိုသလိုတောင်းဆိုခဲ့ သည်။ ထို သို့မဟုတ်ပါက လူ့အခွင့်အရေး ချိုးဖေါက် ရာ၌စစ်အုပ်စုနှင့် တသွေး တဉာဏ်တည်း ကြံရာပါများသာ ဖြစ်သည်ဟု ယူဆရပါလိမ့် မည်။ ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်၏ ဇူလိုင် 9 ရက်နေ့ ထုတ်ပြန်ချက် တွင် ကျောက်မဲမြို့ နယ် အထက် ရဲရွာ အနီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ တပ်ဖွဲ့ အားစစ်ကြောင်းချီ တိုက်ခိုက် စဥ်တွင်နိုင်ငံ တကာလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် စီးပွါးရေး နှင့် လူ့အခွင့် အ‌ရေး အဖွဲ့ (Business and Human Rights Resource Centre) က အထက်ရဲရွာရေဂါ တာနဲ့ပတ် သက်တဲ့ နိုင်ငံတကာကုမ္ပဏီများထံ စာရေးသားပေးပို့ခဲ့သည်။ ဆွီဇာလန် ကုမ္ပဏီ Stuckyတခု တည်းပဲအကြောင်းပြန်ကြားခဲ့သည်။ ယင်းကုမ္ပဏီအနေဖြင့် ဒီရေကာတာစီမံကိန်းနှင့် ဝင်ရောက် ပတ် သက်မှုမရှိတော့ကြောင်း ယင်းစာတွင် ဖေါ်ပြပါရှိသည်။ IPGRB(Razel-Bec ၏ မြန်မာပြည်တွင် ဖက် စပ်ကုမ္ပဏီဖြစ်သည်။)အပါအဝင် အခြားသောကုမ္ပဏီများ၊ ကတုန့်ပြန်အကြောင်းကြားစာ ပေးပို့ ခြင်းမရှိပါ။

IPGRB သည် Razel-Bec နှင့် နိုင်ငံတကာစွမ်းအင် အများပိုင် အဖွဲ့အစုကုမ္ပဏီကြီး (IPG) တခုဖြစ် သည်။ IPG သည်လည်း International Group of Entrepreneurs (IGE) ၏ လက်အောက်ခံ ကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွါးရေး စုပါင်းကုမ္ပဏီများ၏ အဓိကရှေ့ဆောင်ကုမ္ပဏီ တခုဖြစ်ပါသည်။ ၎င်းကုမ္ပဏီကို စစ်တပ်အရာရှိဟောင်း ဗိုလ်ချုပ်ကြီး အောင်သောင်း၏ သားများက တည်ထောင် ထား သည်။ 2014 ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေးရာဌာန (USDT) က “မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် စီး ပွားရေး အကူးအပြောင်းကို ထိခိုက်စေခြင်း” နှင့် “အကြမ်းဖက်မှု, ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှု” ဆို သည့် အချက်တို့ကြောင့်ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းခံရသည်။ IGE ဆိုသည်မှာ မြန်မာနိုင်ငံ၌ တ ရုတ် နှင့် ထိုင်း ကုမ္ပဏီတို့၏ အကျိုးတူစီးပွါးဖက်ဖြစ်ပြီး ရှမ်း နှင့် ကရင် ပြည်နယ်၌ သံလွင်မြစ်ပေါ်တွင် ဆည်ရေကာတာ ကြီး ၃ ခု တည်ဆောက်ရန် စီမံကိန်းချထားပေးသည့် ကုမ္ပဏီ ဖြစ်သည်။ ပြည်နယ် ၂ ခုရှိ ဒေသခံများသည် နောင်ဖာ၊ မိုင်းတုန် နှင့် ဟတ်ကြီး ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကို ပြင်းပြင်းထန်ထန် ဆင့်ကျင်ခဲ့ကြသည်။

အထက်ရဲရွာ ရေကာတာ စီမံကိန်း ဆောက်လုပ်ရေးတွင် IPGRB သည် အဓိကကျသော နိုင်ငံခြား ကုမ္ပဏီ ဖြစ်သည်။ လတ်တလော Google ဂြိုလ်တုမှ ဖမ်းယူထားသည့် မြေပုံအရ “IPGRB BASE CAMP” ဟုစာသား ရေးသားထားသည်။

ဖေဖော်ဝါရီ 1 ရက်နေ့မှ စ၍ သီပေါ ကျောက်မဲ မြို့များ အပါအဝင် မြို့နယ်ပေါင်းများစွာက စစ်ကောင်စီ အား ဆန့်ကျင်သည့် ဆန္ဒပြမှုများ နေ့စဥ်ရက်ဆက် ရှိနေပါသည်။ ဖေဖေါ်ဝါရီ 17 ရက်နေ့တွင် အထက် ရဲရွာ အလုပ်သမားများသည် “အထက်ရဲရွာ ရေအားလျပ်စစ် စီမံကိန်း အာဏာဖီဆန်ရေး အရပ်ဖက် လှုပ်ရှားမှု” အင်္ဂလိပ်စာတမ်းကိုင်ဆောင်ကာ ကျောက်မဲမြို့တွင် ဆန္ဒပြပြည်သူများနှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သည်။ ထိုနေ့ နောက်ပိုင်းရက် တွင် သူတို့အား မည်သည့် ဆန္ဒလူထု ပြ ပွဲများမှ ပါဝင်ခြင်း မတွေ့ ရတော့ ပါ။ သို့သော်ညညဆိုလျင် အလုပ်သ မားတို့ CDM လှုပ်းရှားမှုအား ထောက် ခံသည့် ဒန်အိုး သံပုံး တီးသံများ ကြား နေရကြောင်းအနီးအနား ကျေး ရွာ နေသူတို့ကဆိုပါသည်။ ဆောက် လုပ်ရေး လုပ်ငန်း များအားလုံးနီးပါး ရပ်ဆိုင်းနေဟန်ရှိကြောင်း အနီးအ နား နေထိုင်သူ ရွာသားများက ဆိုပါသည်။

လွန်ခဲ့သည့် ၂ ပတ် ၃ ပတ်ခန့်က အကြမ်းဖက် စစ်ကောင်စီ၏ လှုံခြုံရေးတပ်များ မြို့ပေါ်ဆန္ဒပြသူတွေ ကိုရော စစ်ရးပဋိပက္ခ ဖြစ်နေသည့် ကျေးရွာများမှ ရွာသားများပါ စစ်ရဟတ်ယာဥ် အသုံးပြုကာ ရက် ရက်စက်စက် ဗုံးကြဲ သတ်ဖြတ်ခဲ့သေးသည်။

နိုင်ငံတကာ လူ့အခွင့်အရေးကို အလေးထား လေးစားလိုက်နာသောအားဖြင့် ယင်းရေကာတာစီမံ ကိန်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း EDF ကဆိုပါသည်။ ဤနေရာတွင် Razel-Bec အနေဖြင့် အလားတူနိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ လေးစားလိုက်နာမှုမျိုး ရှိလာနိုင်မလားဆိုတာ မေးစရာ ရှိနေပါသည်။

Razel-Bec အနေဖြင့် အစကတည်းက စစ်တပ်ခရိုနီ ကုမ္ပဏီများနှင့် ပူးပေါင်း၍ စစ်ဘေးဒဏ် ခံနေရ သည့် ရှမ်းပြည်တွင် ဒေသခံလူထု၏ ဆန္ဒကို ဆန့်ကျင်ကာ ရေကာတာ မဆောက်လုပ်သင့်ပါဘူး။ ဆောက်လုပ်ရေးတွင် လှုံခြုံရေး တာဝန်ယူထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ လှုံခြုံရေးတပ်က အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖေါက်မှုများရှိနေသည်ကို လျစ်လျူမရှုသင့်ပါ။

Razel-Bec သည် ယခုအချိန်မှ စ၍ အကြမ်းဖက် လူသတ်သည့် စစ်ကောင်စီ နှင့် ပူးပေါင်းခြင်းမှ ရပ် ဆိုင်းသင့်ပြီ၊ နိုင်ငံတကာ ဥပဒေအတိုင်း လေးစားလိုက်နာသင့်သည်။ Razel-Bec ကအထက်ရဲရွာ ရေကာတာဆောက်လုပ်ရေး စီမံကိန်းမှ အမြန်ဆုံး ချက်ချင်း နုတ်ထွက်ပေးရန် ကျွန်ုပ်တို့ တောင်း ဆိုပါ သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်     +66: 97-173-1530                       (ရှမ်း၊ မြန်မာ)

PDF Files:

Shan Burmese English

ထုတ်ပြန်ချက်