မြောက်​ပိုင်း ​ရှမ်း​တောင်​သူ​လယ်​သ​မား​များ​က ​၎င်း​တို့​မြေ​ယာ​ပေါ်​ရှိ ​တ​ရုတ်​ပိုက်​လိုင်း ​ရွှေ့​ပြောင်း​ပေး​ရန်တောင်း​ဆို​ချက်။

ရှမ်း​လူ​ထု ​အ​ခြေ​ပြု ​အ​ဖွဲ့​အ​စည်း​များ​၏ ​ထုတ်​ပြန်​ကြေ​ညာ​ချက်

​ဧ​ပြီလ ၅ ရက် ၂၀၁၃ ခုနှစ်

 ​မြောက်​ပိုင်း ​ရှမ်း​တောင်​သူ​လယ်​သ​မား​များ​က ​၎င်း​တို့​မြေ​ယာ​ပေါ်​ရှိ ​တ​ရုတ်​ပိုက်​လိုင်း ​ရွှေ့​ပြောင်း​ပေး​ရန်တောင်း​ဆို​ချက်။

​အ​ခွင့်​အ​ရေး​များ ​ဆုံး​ရှုံး​ရ​ခြင်း၊ ​တည်​ဆောက်​ပုံ ​ညံ့​ဖျင်း​ခြင်း၊ ​လုံ​ခြုံ​မှု​အ​တွက် ​စိုး​ရိမ်​ရ​ခြင်း ​စ​သော ​ခိုင်​မာ​သည် ​အ​ချ်​က​တို့​ကြောင့် ​မြောက်​ပိုင်း​ရှမ်း​တောင်​သူ​လယ်​သ​မား​များ​က ​၎င်း​တို့​မြေ​ယာ​ပေါ်​ရဲ့ ​တ​ရုတ်​ရေ​နံ  ​နှင့် ​ဓါတ်​ငွေ့​ပိုက်​လိုင်း ​လုပ်​ငန်း​ကြီး​အား ​အ​မြန်​ဆုံး ​ရွှေ့​ပြောင်း​ပေး​ရန် ​မြန်​မာ​အ​စိုး​ကို ယ​နေ့ ​တောင်း​ဆို ​တင်​ပြ​လိုက် ​သည်။  ​နောက်​လ​တွင် ​စ​တင်​၍ ​လုပ်​ငန်း ​မ​လည်​ပတ်​မ ​မြန်​မာ​ပြည်​က ​ဖြတ်​သန်း​သွား​သော ​ပိုက်​လိုင်း​များ​ပြောင်း​ရွှေ့​ပေး​ရန် ​တောင်း​ဆို​ချက်​က ​တောင်​သူ​လယ်​သ​မား ၁၀၀၀၀ ​အား ​ကိုယ်​စား​ပြု​သည် ​မြောက်​ပိုင်း ​ရှမ်း​တောင်​သူ​လယ်​သ​မား ​ကော်​မီ​တီ​မှ ​တောင်​ကြီး​မြို့​ရဲ့ ​ရှမ်း​ပြည်​နယ်​အ​စိုး​ရ​သည် ​ယ​နေ့​တောင်း​ဆို​လိုက်​သည်။​    မိုင် ၈၀၀ ​ရှည်​လျှား​သည့်​ပိုက်​လိုင်း​များ​၏ ​သုံး​ပုံ ​တ​ပုံ​သည် ​မြောက်​ပိုင်း ​ရှမ်း​ပြည်​နယ်​ရှိ ​လယ်​ယာ​နဲ့ ​သစ်​တော ​ဧ​က ၂၀၀၀ ​ခန့် ​က ​ဖြတ်​သွား​သည်။ ၂၀၁၁ ​ခု​မှ​စ​၍ ​ကျယ်​ပြော​သော ​စ​ပါး​စိုက်​ခင်း​များ၊ ​ဥ​ယျာဉ်​ခြံ​များ​သည် ​မြေ​ထိုး​စက်​ဖြင့် ​အ​ထိုး​ခံ​ရ​သည်။ ​မြေ​များ​ပုံ​ခြင်း၊ ​ရေ​စီး​ရေ​လာ​ပိတ်​ဆို့​ခြင်း​တို့​ကြောင် ​ပိုက်​လိုင်း​ဖြတ် ​သန်း​ရာ ​ပေ ၁၀၀ ​ပတ်​ဝန်း​ကျင်​မှ ​အ​ပြင်​ပ​ရှိ ​သီး​နှံ​ပင်​များ ​ထိ​ခိုက် ​ပျက်​စီး​ရ​သည်။ ​ရွာ​များ​သုံး​စွဲ​သည့်​ရေ​များ ​ပြတ်​တောက်​သွား​ရ​သည်။ ​ပိုက်​လိုင်း​ဆောက်​လုပ်​ခြင်း​ကြောင်း ​လမ်း​များ​ပျက်​စီး​စေ​သည့်​အ​ပြင် ​မ​တော်​တ​ဆ ​ထိ​ခိုက်​မှု​များ​လည်း ​ဖြစ်​ခဲ့​ရ​သည်။​မြို့​နယ် ၆ ​ခု​မှ ​ရှမ်း​လယ်​သ​မား​များ​သည်​လည်း ​မ​တန်​မ​ရာ ​လျှော်​ကြေး​ငွေ​များ ​အ​တင်း ​အ​ဓ​မ္မ ​လက်​ခံ​ခိုင်း​ခံ​ရ​သည်။ ​သီ​ဗေါ​မှ​လယ်​သ​မား​တို့​ရ​ရှိ​သော ​လယ်​မြေ​လျှော်​ကြေး​မှာ ​နမ့်​ခမ်း​မှ​လယ်​သ​မား​များ ​ရ​ရှိ​သော​လျှော်​ကြေး​၏ ​လေး​ပုံ​တ​ပုံ​သာ ​ဖြစ်​သည်။​ဆောက်​လုပ်​ပုံ​ညံ့​ဖျင်း​သော​ကြောင့် ​စိုး​ရိမ်​မှု ​နှင့် ​မြေ​ဆီ​လွှာ​ထိ​ခိုက်​မည်​က​လည်း   ​လယ်​သ​မား​များ ​က ​ပူ​ပန်​ကြ​သည်။  ​သီ​ဗေါ​တွင်  ​ပိုက်​လိုင်း​က  ​လှိုက်​စား​တတ်​သော  ​ဆား​ပေါက်​မြေ​များ​ကြောင့်  ​ပိုက်​လိုင်း​ယို​စိမ့်​ပေါက်​ကွဲ​မှု​များ​သည် ​၎င်း​တို့​အိမ်​အ​နီး​ဖြစ်​လာ​မည်​က ​စိုး​ရိမ်​ကြ​သည်။ ​ပိုက်​လိုင်း​ရ ​အ​ပေါက်​များ​က ​ပါး​လွှာ​သည်​ရော်​ဘာ​အ​ဖတ်​များ​ဖြင့်​သာ ​ကပ်​ဖါ​ထား​သော​ကြောင့် ​ကု​ဗ​မီ​တာ ​ဘီ​လီ​ယံ​ချီ​သည် ​ရေ​နံ​နှင့် ​ဓါတ်​ငွေ့ ​ဖိ​အား​က ​ခံ​နိုင်​ဖွယ်​ရာ ​မ​ရှိ​ပေ။ ​ဒေ​သ​ခံ ​လူ​ထု​ကို​လည်း ​ကျ​ရောက်​နိုင်​သည် ​အ​န္တ​ရာယ် ​အ​ကြောင်း​ကြို​တင်​အ​သိ​မ​ပေး​ထား​ခြင်း​မ​ရှိ။​နမ့်​ခမ်း​မှ  ​နန်း​မွေ​ဆိုင်​က  “  ​ကျ​မ​တ  ​အိမ်​အောက်​မှာ  ​ချိန်​ကိုက်​ဗုံး​တ​လုံး  ​လာ​မြုပ်​ထား​သ​လို  ​ခံ​စား​နေ​ရ​တယ်။ ​ကျ​မ​တို ့  ​မြေ​က ကျ​မ​တို့သ​ဘော​မ​တူ​ဘဲ  သိမ်း​ယူ​ခြင်း​ခံ​ရ​တာ​တင််​မ​က​ဘူး ​ကျွန်​မ​တို့​ရဲ့​အ​သက်​အ​န္တ​ရာယ်​ကို​တောင် ​ခြိမ်း​ခြောက်​တာ​ခံ​နေ​ရ​တယ်။” ​ဟု​ပြော​သည်။​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​ရှိ ​ပိုက်​လိုင်း​တ​လျှောက်​တွင် ​မြန်​မာ​စစ်​တပ်​နှင့် ​က​ချင်၊ ​တ​အန်း၊ ​ရှမ်း​လက်​နက်​ကိုင်​အဖ့ွဲ ​များ ​ဆက်​လက်​တိုက်​ပွဲ​ဖြစ်​နေ​ပါ​သည်၊ ​ထို့​အ​တူ ​ရေ​နံ​နှင့်​ဓါတ်​ငွေ့ ​စ​တင်​ပို့​ဆောင်​ပါ​က​မြန်​မာ​စစ်​တပ်​မှ ​စစ်​အင်​အား​တို့​ချဲ့​လာ​ခြင်း ​လူ​အ​ခွင့်​အ​ရေး​ချိုး​ဖေါက်​ခြင်း​များ ​တိုး​လာ​မည်​က ​ရွာ​သူ​ရွာ​သား​များ ​စိုး​ရိမ်​နေ​ကြ​သည်။​တ​ရုတ်​အ​စိုး​ရ​ပိုင် (CNPC) ​နှင့် ​မြန်​မာ့​ရေ​နံ​နှင့် ​ဓါတ်​ငွေ့ ​ရောင်း​ဝယ်​ရေး (MOGE) ​တို့​ပိုင်​ဆိုင်​သည့် ​ဤ​ပိုက်​လိုင်း​သည်  ​ဘင်္ဂ​လား​ပင်​လယ်​အော်​မှ  ​ဓါတ်​ငွေ့​နှင့်  ​အ​ရှေ့​အ​လယ်​ပိုင်း​မှ  ​ရေ​နံ​က  ​ယူ​နန်​သို့  ​သယ်​ဆောင်​မည်​ဖြစ်​သည်။  ​မြန်​မာ​အ​စိုး​ရ​မှ​တ​ရုတ်​အ​စိုး​ရ​သည် ​အ​နှစ်  ၃၀  ​ဓါတ်​ငွေ့  ​ရောင်း​ချ​မှု​အ​တွက်  ​ခန့်​မှန်း​ခြေ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၂၉ ​ဘီ​လီ​ယံ ​ရ​ရှိ​မည်။​အ​စီ​ရင်​ခံ​စာ ​အ​သစ်​ဖြစ်​သည့် “ ​ရှမ်း​လယ်​သ​မား​များ  ​ရွှေ​ဓါတ်​ငွေ့​ပိုက်​လိုင်း​က ​ဆန့်​ကျင်​သည်။” ​က www.shanhumanrights.org ၊ ​ရှမ်း​လူ​ထု​အ​ခြေ​ပြု ​အ​ဖွဲ့​အ​စည်း​များ​ဖြစ်​သည် ​ရှမ်း​သ​ဘာ၀ ​ပတ်​ဝန်း​ကျင် ​ထိန်း​သိမ်း​ရေး ​အ​ဖွဲ့၊ ​ရှမ်း​ပြည်​နယ် ​ဖွံ့​ဖြိုး​ရေး ​ဖေါင်​တေး​ရှင်း၊​နှင့် ​ရှမ်း​လူ​ငယ်​ကွန်​ယက် ​အုပ်​စု ​တို့​တွင် ​ကြည့်​ရှု​နိုင်​ပါ​သည်။ ​၎င်း​အ​ဖွဲ့​တို့​သည် ​မြောက်​ပိုင်း​ရှမ်း​ပြည်​တောင်​သူ​လယ်​သ​မား​များ​၏ ​ဤ ​တောင်း​ဆို​ချက်​က ​ဇင်း​မယ်​မြို့​ရဲ့ ​တ​ရုတ်​ကောင်​စစ်​ဝန်​ထံ ​ယ​နေ့​သွား​ရောက်​ပေး​အပ်​မည်​ဖြစ်​သည်။

ဆက်​သွယ်​ရန် ​ပု​ဂ္ဂိုလ် –

​မြောက်​ပိုင်း​ရှမ်း ​တောင်​သူ​လယ်​သ​မား​များ ​ကော်​မီ​တွင် ​ပြော​ခွင့်​ရ –

​စိုင်း​ဆန်​အေး  + ၉၅ ၉၄ ၀၃၇ ၆၄၈၄၀ ( ​မြန်​မာ ​ဘာ​သာ ​နှင့် ​ရှမ်း​ဘာ​သာ)

ရှမ်း​လူ​ထု​အ​ခြေ​ပြု ​အ​ဖွဲ့​အ​စည်း ​ပြော​ခွင့်​ရ –

​နန်း​မွေ​ဆိုင် + ၆၆ ၉၀ ၀၅၁ ၆၉၉၄

​ယိင်း​ဟန်​ဖ   + ၆၆ ၈၉ ၂၆၂ ၇၈၄၈

​စိုင်း​ခေး​ဆိုင်   + ၆၆ ၈၀ ၈၄၇ ၆၅၃၈

Press Release in Shan Burmese English Thai Chinese

Leaflet of Shan farmers oppose the Shwe pipelines

Shan Burmese English Chinese

ထုတ်ပြန်ချက်