စစ်ကောင်စီက UWSA အား တာချီလိတ်တွင် စက်ရုံတည်ဆောက်ခွင့် ပေးလိုက်ခြင်းသည် ကြီးမား သောညစ်ညမ်းမှုအဖြစ် ခြိန်းခြောက်နေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အစီရင်ခံစာသစ်ထုတ်ပြန်

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ ရက်

ရွှေတြိဂံ နမ့်ဟုတ်မြစ်ဝှမ်းဒေသကို ကာကွယ်ပါ

စစ်ကောင်စီက UWSA အား တာချီလိတ်တွင် စက်ရုံတည်ဆောက်ခွင့် ပေးလိုက်ခြင်းသည် ကြီးမား သောညစ်ညမ်းမှုအဖြစ် ခြိန်းခြောက်နေ

အကျဥ်းချုပ်

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့နယ် ထိုင်းနယ်စပ်နှင့် ၁ ကီလိုမီတာခန့် အကွာ မတရား သိမ်း ယူထားသော လယ်ယာမြေများပေါ်တွင် ‘ဝ’ သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA) ပိုင် ဟုန်ပန်း ကုမ္ပ ဏီ များအုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကျောထောက်နောက်ခံဖြင့် စက်ရုံ ၂ ခု တည်ဆောက်ရန် တဖန်အသက်သွင်းဖို့ ကြိုးစားလာခဲ့သည်။ ဒေသခံပြည်သူအများက ပတ်ဝန်း ကျင်ညစ်ညမ်းမှု ဆိုးကျိုးသက်ရောက်မှုများ စိုးရိမ်နေရပြီး သူတို့ပိုင်ဆိုင်သည့် မြေယာများကိုလည်း ပြန်လည်ရရှိလိုခြင်းကြောင့် ဆန့်ကျင်ကန့်ကွက်နေလျက်ရှိသည်။

တာချီလိတ်မြို့၏ အရှေ့ဘက် ဧက 100 ကျယ်ဝန်းသည့် မြေကွက်တွင် စက်ရုံတည်ဆောက်ရန် ရာထားသည်။ ၎င်းမြေကွက်သည် 1998-1999 နှစ်များက မြန်မာစစ်တပ်မှ စက်မှုဇုန် တည်ဆောက်ရန်ဟုဆိုကာ မတရား သိမ်း ယူထားသည့် ဧက 600 ရှိ လယ်ယာမြေများ၏ တစိတ်တပိုင်း ဖြစ်သည်။ မြေဧက 100 အကွက်ကို ‘ဝ’ သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ပိုင် ဟုန်ပန်းကုမ္ပဏီများအုပ်စုက 2001 ခုနှစ်တွင် ရယူထားခြင်း ဖြစ် သော် လည်း စက်ရုံမတည်ဆောက်ဖြစ်ပါ။

2011 ခုနှစ်မှစတင်၍ တာချီလိတ်မြို့နယ် ဟောင်လိတ် လယ်သမားများက သမ္မတဦးသိန်းစိန်လက်ထက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရအား စိုက်ပျိုးလို့ရနိုင်သည့် အကွက်တွင် ဆက်လက်လုပ် ကိုင်လျက်ရှိပြီး သူတို့ပိုင်ဆိုင်သည့် စက်မှုဇုန်မှ လယ်ယာမြေများ ပြန်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဆက်လက်တောင်းဆိုလာသော်လည်း 2019 ခုနှစ် စက်တင်ဘာလ 5 ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရက ဟုန်ပန်းကုမ္ပဏီလက်အောက်ခံ လွိုင်ဆမ်ဆောင်း ကုမ္ပဏီအား ဧက 100 ရှိ မြေကွက်ပေါ်တွင် စက်ရုံ 2 ခု တည်ဆောက်ရန် ခွင့်ပေးခဲ့သည်။ တည်ဆောက်မည့် စက်ရုံ 2 ခုမှာ ရော်ဘာ သန့်စင်စက် နှင့် မန်းဂနိစ် သန့်စင်စက် တို့ဖြစ်သည်။

2019 ခုနှစ် အောက်တိုဘာလထဲတွင် ‘ဝ’ တပ်ဖွဲ့ပိုင် ကုမ္ပဏီက သိမ်းယူထားသော လယ်ယာမြေအား ခြံစည်း ရိုးခတ်ရန် ကျိုးစားခဲ့သော်လည်း လယ်သမားများက ပိတ်ဆို့နိုင်ခဲ့သည်။ ကုမ္ပဏီက ကျုးကျော်မှု နှင့် ပိုင်ဆိုင် မှုများ ဖျက်ဆီးသည်ဟုဆိုကာ တရားစွဲဆိုခဲ့သော်လည်း ဆောက်လုပ်ရေးကိုမူ ရပ်တန့်ခဲ့သည်။ 2020 နှင့် 2021 နှစ် အစောပိုင်း များထဲတွင် ကုမ္ပဏီက စည်းရိုးစိုက်ထူရန် ကျိုးစားနေခဲ့သော်လည်း လယ်သမားများက ဆက်လက် ဟန့်တားနိုင်ခဲ့ပြီး တရားရေးရာ လမ်းကြောင်းမှလည်း လယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးစားခဲ့သည်။

စစ်တပ်မှ နိုင်ငံ‌တော်အာဏာသိမ်းယူပြီးနောက် 3 လ အကြာ မေလ 6 ရက်နေ့တွင် ဟုန်ပန်းကုမ္ပဏီက ဘူဒိုဇာဖြင့် ရုတ်တရက်ရောက်လာပြီး မြေညှိရန် စတင်နေလေသည်။ ဒေသခံ လယ်သမားများနှင့် ရဟန်း သံဃာများက ဆန့်ကျင်ကန့်ကွက်ကြသည့်အတွက် ကုမ္ပဏီလုပ်သားများက ၎င်းတို့အား အကာအကွယ် ပေးရန် ရဲတပ်ဖွဲ့များအား ခေါ်ယူခဲ့သည်။ ဤလုပ်ရပ်ကို ကြည့်လျှင် စစ်ကောင်စီက ‘ဝ’တပ်ဖွဲ့၏ နောက်ကွယ် တွင် အခိုင်အမာ ရှိနေကြောင်းသိသာသည်။

မေလ နှင့် ဇွန်လ အတွင်းတွင် ခြိမ်းခြောက်မှုများ ရှိနေလင့်ကစား ကုမ္ပဏီ ၏ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို ဒေသခံ လူထုတို့က သတ္တိရှိရှိ ကြိုးစား တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ညအပြင်မထွက်ရ အမိန့်အချိန်ကို အသုံးချပြီး ဖျက်ဆီးရန် ခက်ခဲသည့် ကွန်ကရစ်စည်းရိုးအုတ်မြစ် ချခြင်း စသည့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ဇူလိုင်လဦးပိုင်းမှစ၍ ဆောက်လုပ်ရေး အစီအစဥ်များ ရပ်နား ခဲ့သော်လည်း ကိုဗစ် လော့ဒေါင်းနှင့် ကြုံကြိုက်နေတာကြောင့် ဆောက်လုပ်ရေးများ ရပ်တန့်နေ တာဖြစ် နိုင်ကြောင်း ဒေသခံလူထုက ယုံကြည်ကြသည်။

‌ဒေသခံများ အနေဖြင့် စက်ရုံတည်ဆောက်မှုအား ဆန့်ကျင်ကန့်ကွက်ရခြင်းမှာ လယ်ယာမြေများ ဆုံးရှုံးမှုတင် မကဘဲ ပတ်ဝန်းကျင်ညစ်ညမ်းမှုမှာ အထူး စိုးရိမ်ရခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် စက်မှုဇုန်ကို စီးဆင်း ဖြတ် သန်း နေသည့် နမ့်ဟုတ်မြစ်ချောင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြား သတ်မှတ်ပေးထားခြင်းဖြစ်ပြီး မဲခေါင်မြစ်တွင်းသို့စီးဆင်းကာ ရွှေတြိဂံ တွင်ဆုံဆည်းသည်။

လွန်ခဲ့သည့် နှစ်များက ထိုင်းရေဘက်ဆိုင်ရာ အရာရှိများ၏ တိုင်းထွာစစ်ဆေးချက်အရ နမ့်ဟုတ်မြစ်ချောင်း သည် မန်းဂနိစ် များရှိနေသည့်အဆင့်သည် စိုးရိမ်ဖွယ်အန္တရာယ် ရှိသည်ဟု ဆိုပါသည်။ ဤဖြစ်ရပ်သည် တာချီလိတ်၏ မြောက်ဘက်တွင် လက်ရှိ မန်းဂနိစ်များ တူးဖေါ်လျက်ရှိရာမှ စိမ့်ဝင်လာခြင်းဖြစ်နိုင်သလို နမ့်ဟုတ်မြစ် ဧရိယာမှ စုပုံထားသည့် မန်းဂနိစ်များလည်းဖြစ်နိုင်ပါသည်။ နမ့်ဟုတ်မြစ်ကမ်းနံဘေးမှ မန်းဂ နိစ်သန့်စင်စက်ရုံ တည်ဆောက်ခြင်းသည် လက်ရှိ ညစ်ညမ်းမှုအား ပိုမို တိုးပွါးစေမည့်အပြင် ကလေး များ၏ ကျန်းမာရေးအတွက်ပါ အန္တရာယ်ဖြစ်စေပါသည်။

‌ဒေသခံများ အနေဖြင့်လည်း စက်ရုံ ၂ ရုံမှ ထွက်လာသည့် အခိုးအငွေ့များသည် လေထုညစ်ညမ်းမှုများ ဖြစ်စေ ကာ အထူးသဖြင့် ရော်ဘာသန့်စင်သည့် ညှော်နံ့သည် တာချီလိတ်မြို့ အရှေ့ပိုင်း ဆင်ခြေဖုံးဒေသ နှင့် အခြား တဖက်၌ ဆက်စပ်နေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဝန်းကျင်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ခံစား ရ ဖွယ်ရှိပြီး ခရီးသွားလာရေးလုပ်ငန်း၌လည်း ထိခိုက်လာနိုင်ဖွယ်ရှိသည်။

စစ်တပ်အရာရှိကြီးများ နှင့် ပြင်ပမှလာရောက်ရင်းနှီးမြှုပ်နှံသူများ ပိုမိုချမ်းသာသည်ထက်ချမ်းသာဖို့ တာချီ လိတ် ၌ မန်းဂနိစ်တူးဖေါ်ရေးလုပ်ငန်း နှင့် ရော်ဘာစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာခြင်း သည် ဒေသတွင်း ပတ်ဝန်းကျင် နှင့် လူနေမှုဘဝအား ဆိုးကျိုးများစွာသက်ရောက် စေခဲ့ပြီးဖြစ်သည်။ စီမံကိန်းချထားသည့် စက်ရုံများသည် နောက်ထပ်ပျက်စီးမှုများကိုပင် ပြုလုပ်ရန်အဆင်သင့်ဖြစ်နေပြီး နှစ်ဖက်နယ်စပ်တွင် မှီတင်းနေထိုင်ကြသော ပြည်သူများအား ပိုမို ဒုက္ခရောက် စေမှာ ဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်သည် ဟောင်လိတ်ကျေးရွာသူ/သားများ၏ ရဲစွမ်းသတ္တိကို လွန်စွာ ချီးကျူးလိုပါ သည်။ တချိန်တည်းတွင် စစ်ကောင်စီ နှင့် ‘ဝ’သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ တို့အားလည်း အဆိုပါ စက်ရုံတည် ဆောက်မှု အစီအစဥ်ကို ဖျက်သိမ်းပေးရန် လယ်ယာမြေများကိုလည်း သက်ဆိုင်ရာ ပိုင်ဆိုင်သူ လယ်သမား များထံ ပြန်လည် ပေးအပ်ရန် ပန်ကြားလိုပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း 20 ခန့်က မယ်ဆိုင်ပြည်သူလူထုက ဟုန်ပန်းကျောက်မီးသွေး စွမ်းအင်သုံး လျပ်စစ်ဓာတ် အား တည်ဆောက်ရေး စီမံချက်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည့် ဖြစ်ရပ်ကို လွန်စွာပဲ အားကျပါသည်။ ယခုတခါ ကျွန်ုပ်တို့ ညီတူညီမျှ ပိုင်ဆိုင်သည့် နမ့်ဟုတ်မြစ် ချိုင့်ဝှမ်းပတ်ဝန်းကျင် ကာကွယ်ရန် လှုပ်ရှားမှု၌ လည်း မယ်ဆိုင်ပြည်သူတို့ အနေဖြင့် အလားတူ ပါဝင်ဆင်နွှဲ ကူညီကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

Shan Burmese English Thai

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်၊ ထိုင်း)

စိုင်းရွက်လွင်     +66: 97-173-1530                        (ရှမ်း၊ မြန်မာ)

ထုတ်ပြန်ချက်