ကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်များမှလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပြည်သူလူထုများနေထိုင်ရာနေရာများအတွင်းမော်တာများဖြင့်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား

ရှမ်းလူ့အခွင့်အေရေးမဏ္ဏိုင်မှသတင်းထုတ်ပြန်ချက်

အောက်တိုဘာလ ၂၂ရက် ၂၀၁၄

ကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်များမှလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပြည်သူလူထုများနေထိုင်ရာနေရာများအတွင်းမော်တာများဖြင့်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား

ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော်SSPP/SSA  အားမြန်မာ့စစ်တပ်မှစစ်ရေးဆင်လျက်ရှိရာရှမ်းပြည်နယ်အလယ်ပိုင်းကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်များကလူ့အခွင့်အရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိသည်။ကျွန်ုပ်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှလက်ရှိကောက်ယူရရှိထားသည့်အချက်အလက်များအရအောက်တိုဘာလ၁၂ရက်နေ့မှ၁၈ရက်နေ့အတောအတွင်းရွာသား၅ဦးမှာရိုက်နက်ညှင်းပန်းနှိပ်စက်ခြင်းခံရပြီး၊ကိုယ်ဝန်အရင့်အမာများနှင့်အမျိုးသမီးတစ်ဦးအပါအဝင်စုစုပေါင်း၇ဦးမှာအိမ်တွင်း၌တစ်ပတ်တိတိဖမ်းဆီးထိန်းသိမိးထားခြင်းကိုခံခဲ့ကြရသည်။အောက်တိုဘာလ၁၃ရက်နေ့တွင်လည်းမြန်မာစစ်တပ်တို့မှမော်တာများဖြင့်လူနေရွာအတွင်းပစ်ခတ်ရာလူနေအိမ်နှင့်ဥစ္စာပစ္စည်းများပျက်ဆီးသွားရုံမကရွာသားပေါင်း၁၈၀ကျော်ခန့်မှာရွာဘုန်ကြီးကျောင်းအတွင်းပြေးဝင်ခိုလုံကြရသည်။

ယင်းသို့မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မော်တာဖြင့်ပစ်ခတ်မှုများအားပြီးခဲ့သည့်အောက်တို ဘာလ ၈ ရက်နေ့က ခိုလမ် အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ( ရလခ ) တိုင်းမှ SSPP/SSA အားတပ်များ ဆုတ်ခွာ ရန်ညွှန်ကြားထားသည့်နေရာတစ်ဝိုက် တွင်တည်ရှိသည့်ရွာများအတွင်းဖြစ်ပွားခဲ့သည်။ ယင်းနယ်မြေမှာ SSPP/SSA တို့ရာစုနှစ် နှင့် ချီထိန်းချုပ်ရာနယ်မြေဖြစ်ပြီး လက်ရှိတွင် မြန်မာစစ်တပ်မှ SSPP/SSA အားထိုးစစ်ဆင်နေခြင်း နှင့် ဖိအားပေးကာတပ်များအားဆုတ်ခွာခိုင်းနေမှုများမှာ ၎င်းတို့မြန်မာအစိုးရ နှင့် SSPP/SSA တို့အကြား ရေးထိုးထားသည့်ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်ဆဲရေးစာချုပ်ကို မြန်မာစစ်တပ်မှ ကျူးလွန်ဖောက်ဖျက်နေခြင်းဖြစ်သဖြင့် SSPP/SSA မှ တောင်းဆိုညွှန်ကြားသည့် အတိုင်းတပ်များ ဆုတ်ခွာပေးခြင်းမပြုခဲ့ပေ။

လူ့အခွင့်အရေးချိုးဖောက်မှု အသေးစိတ်။

ငူးလိန်ရွာမှ ရွာသား ၃ ဦးဖမ်းဆီးရိုက်နှက်ခံရ

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျေးသီးမြို့နယ်ဝမ်ဝပ်ကျေးရွာအုပ်စုအတွင်း ရှိ ဝမ်ငူးလိုမ်ရွာမှ ရွာသားသုံးဦး တို့သည် လွိုင်လင်အခြေစိုက်မြန်မာစစ်တပ် တစ်တပ်မှ ဖမ်းဆီးခြင်းကိုခံကြရသည်။ ဖမ်းဆီးခံရသူများမှာ စိုင်းနု ( ၃၅ နှစ် )၊ စိုင်းဆွေ ( ၂၉ နှစ် ) နှင့် စန်ကြမ် ( ၅၂ နှစ် ) တို့ဖြစ်ကြသည်။ ၎င်းတို့ရွာသား ၃ ဦးအား ရှမ်းစစ်သား များဖြစ်သည်ဟု စွပ်စွဲ စစ်ဆေးမေးမြန်းကာ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရိုက်နှက်ခံရသူရွာသားများ အနက် စန်ကြမ်မှာ ကြောက်လန့် လွန်ကာသွေးလွန်ခြောက်ခြားဖြစ်သွားရာ အခြားရွာသားများမှ ၎င်းသည်သာမန် ရွာသားတစ်ဦးသာဖြစ်ကြောင်းအာမခံ တောင်ပန်မှ ၎င်းအားမြန်မာတပ်သားများယင်းနေ့ ၌ပင်ပြန်လွတ်ပေး ခဲ့သည်။ လွတ်ပေးသည့်နေ့မှစ၍ စန်ကြမ်မှာ ရွာမှ ထွက်သွားပြီးယနေ့ထိ အိမ်သို့ပြန်မလာရဲသေးပေ။ စိုင်းနုနှင့် စိုင်းဆွေတို့ကို ဖမ်းဆီးထားပြီးနောက်တစ်ရက်မှ ပြန်လည်လွတ်ပေးခဲ့သည်။

ဖာဆောင်ရွာမှ အမျိုးသမီး ၇ ဦးအားအိမ်အတွင်း ၆ ရက်ကြာထိန်သိမ်းထား

အောက်တိုဘာ ၁၂ ရက်နေ့တွင် ဝမ်ငူးလိုမ်နှင့် ဝမ်ဖာဆောင် ရွာမှ အမျိုးသမီး ၇ ဦးအားဖာဆောင်ရွာအနီး တစ်ဝိုက်နှင့် ရွာအတွင်းစခန်းချထားသည့် တန့်ယန်းအခြေစိုက် မြန်မာစစ်တပ် ခမရ ၃၂၆ နှင့် ၉၂၃ တို့မှ ဖမ်းဆီးထိန်းချုပ်ထားခဲ့သည်။ ၎င်းအမျိုးသမီး ၇ ဦးအား ဆရာမငင်းဟွမ် အိမ်၌ ၆ ရက်ကြာ ထိန်းချုပ်ထားခဲ့သည်။ အောက်တိုဘာလ ၁၈ ရက်နေ့၌သာ ၎င်းအမျိုးသမီးများအား ပြန်လည် လွတ်ပေးခဲ့သည်။ ယင်းဖမ်းဆီးထိန်းချုပ်ခံရသူ အမျိုးသမီးများမှာ

၁။ နိုင်းဆာ ( အသက် ၇၀ )

၂။ နန်းအောင်ဥ ( ၃၀ နှစ် )

၃။ နန်းမတ် ( ၂၈ နှစ် )

၄။ နန်းစံညွန့် ( ၁၇ နှစ် )

၅။ နန်းလင်း ( ၁၄ နှစ် )

၆။ နန်းဥ ( ၃၂ နှစ် )

၇။ နန်းမွမ်းစိန် ( ၁၈ နှစ် )

၎င်းအမျိုးသမီးများထဲမှ အိမ်ရှင်ဆရာမ၏ အမဖြစ်သူကိုယ်ဝန်ဆောင် အရင့်အမာ ဖြင့်ရှိရာ မြန်မာစစ်တပ်မှ အစပိုင်းတွင် သူမအားအိမ်ထွက်ခွာခွင့်မပေးခဲ့ပေ။ သို့ရာတွင် အရေးပေါ်အခြေအနေကြောင့် သူမအားနောက် ပိုင်းတွင် ကျေးသီးဆေးရုံသို့ မီးဖွားရန်သွားခွင့်ပြုခဲ့သည်။

ဝမ်ဖာဆောင်ရွာမှ ရွာသားများပြောပြချက်အရ ယင်းဖာဆောင်ရွာနားတစ်ဝိုက်နှင့် ရွာအတွင်းတပ်စွဲထားသည့် မြန်မာစစ်သားများမှ ရွာအတွင်းရှိရွာသူရွာသားများ၏ ဆန်များ၊ ဝက်များ၊ အခြားသောစားနပ်ရိက္ခာများနှင့် ဥစ္စာပစ္စည်းများ အားကြိုက်သလို ယူသုံးကာ သတ်ဖြတ်စားသောက်လျက်ရှိကြောင်းသိရသည်။ ဝမ်ငူးလိုမ်ရွာအတွင်းတပ်စွဲထားသော စစ်တပ်မှာ လည်းရွာအတွင်းတပ်စခန်းများဆောက်ရန်သစ် များဝါးများ ခုတ် ခါပြင် ဆင်နေကြသည်ဟူကြားသိရသည်။

ပန်းစေးရွာမှ ရွာသားနှစ်ဦးတစ်ညလုံးဖမ်းဆီးချုပ်နှောင်ကာရိုက်နှက်စစ်ဆေးခြင်းခံရ

အောက်တိုဘာလ ၁၄ ရက်နေ့ညနေ ၃ နာရီအချိန်တွင် ပန်စေးရွာမှ ရွာသားနှစ်ဦးဖြစ်သူ စိုင်းကမ် အသက် ၂၅ နှစ်နှင့် လုံးခမ်း အသက် ၅၅ နှစ်တို့ယာခင်းသွားရာလမ်းတွင် လွိုင်လင် အခြေစိုက်မြန်မာ တပ်ရင်းတစ်ရင်းမှ ဖမ်းဆီးခြင်းကိုခံခဲ့ကြရ သည်။ ၎င်းတို့ရွာသားနှစ်ဦးမှာ သေနတ်ဒင်းဖြင့် မျက်နှာနှင့် ဦးခေါင်းအားထုရိုက်ခြင်းခံ ရပြီးတစ်ညလုံး ကြိုးဖြင့်တုပ်နှောင်ဖမ်းဆီး ထားခြင်းကိုခံကြရသည်။ ၎င်းတို့ရွာသားနှစ်ဦးအားနောက်နေ့နေ့ လည် ၁၁ နာရီချိန်တွင် သာလွတ်ပေးခဲ့သည်။ ယင်းမြန်မာစစ်တပ်သည် ပန်စေးရွာအတွင်းရွာသားများ၏ အစားအသောက်များရိက္ခာများအား အဓမ္မလုယူစားသောက်လျက်ရှိရာ ရွာသားများမှာ စားနပ်ရိက္ခာများပြတ်လုနီးရှိနေပြီသည်။

မြန်မာစစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ခံရ သောစိုင်းကမ်နှင့် လုံးခမ်း

 

မြန်မာစစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ခံရ သောစိုင်းကမ်နှင့် လုံးခမ်း

 

မြန်မာစစ်တပ်မှရွာသားများအားရိက္ခာပစ္စည်းများတွင်းရွာပြင် သယ်ယူပို့ဆောင်ခြင်း၊ သွားရေးလာရေးအားပိတ် ပင်ထားခြင်းတို့ကြောင့် လက်ရှိတွင် ယင်းဒေသအတွင်းရှိရွာသားများ ပြည်သူလူထုများမှာ စားနပ်ရိက္ခာပြတ်လပ် မှုဒုက္ခနှင့်ကြုံတွေ့နေကြရသည်။

အသေးစိတ်သိရှိလိုပါက။

စိုင်းဟော်ရှဲန် + ၆၆ ( ၀ ) ၉၃ ၂၆၄ ၉၄၈၇ ( Shan, English )

နန်းခွမ်လိတ် + ၆၆ ( ၀ ) ၈၄၆ ၆၈၀ ၉၈၄ ( Burmese< English )

PDF File >>>  Shan Burmese Burmese English

ထုတ်ပြန်ချက်