​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​တွင် ​မြန်​မာ​စစ်​တပ်​က ​ရွာ​သား​များ​တုတ်​ဖြင့်​ရိုက်​နှက်၊ ​ဓား​ဖြင့်​ထိုး​ကာ ၄င်း​၏ ​ပ​စ္စ​ည်း​များ​အား ​လု​ယူ​သွား​ခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

ဧ​ပြီ​လ ၈ ​ရက် ၂၀၁၄ ​ခု​နှစ်

​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​တွင် ​မြန်​မာ​စစ်​တပ်​က ​ရွာ​သား​များ​တုတ်​ဖြင့်​ရိုက်​နှက်၊ ​ဓား​ဖြင့်​ထိုး​ကာ
၄င်း​၏ ​ပ​စ္စ​ည်း​များ​အား ​လု​ယူ​သွား​ခဲ့

​ပြီး​ခဲ့သည့် ၂၃ ​ရက် ​မတ်​လ ၂၀၁၄ ​ခု​က ​ရှမ်း​ပြည်​နယ်​မြောက်​ပို​င်း တန့်ယန်း​မြို့နယ်​တွင် ​သား​ရှင်လောင်း​ပြု​ရန်​အ​လှူ​ဖိတ်​ စာ​များ ​သွား​ဖိတ််​ပြေး ​ပြန်​လာ​သော ​ရွာ​သား​တစ်​ဥးီ​အား ​မြန်​မာ​တပ်​ရ​ငး် ​ခ​မ​ရ ၅၁၅ ​မ ​စစ်​သား​နှစ်​ဦးက ​ရိုက်​နှက်​ပြီး ​ဓါး​ဖြင့်​ထိုး​ကာ ၄​င်း​ရွာ​သား​၏ ​ဆိုင်​ကယ် ​နှင့် ​အ​ခြား ​ပ​စ္စည်း​များ​အား ​လု​ယူ​သွား​ခဲ့သည်။

၂၃ ​ရက်​နေ့တွင် ​ရှ​မ်း​ပြည်​နယ်​မြောက်​ပို​င်း ​တ​န့်ယန်း​မြို့နယ်​အ​တွင်း​ရှိ ​မိုင်း​ကောင်​မြို့​မ ​အ​သက် ၄၆ ​အ​ရွယ်​ရ ​စိုင်း​ဆန်​သ​ည် ၄င်း​နေ​ထင်​ရာ ​ရွာ​တောင်​ဖက် ၁၅ ​မိုင်​အ​ကွာ​တွင်​ရှိ​သော ​မင်း​အွတ်​မြို့သို့ ​သား​ရှင်​လောင်း​ပြု​ရန် ​အ​လှူ​ဖိတ်​စာ​ဝေ​ရန်​သွား​ခဲ ့​သည်။ ​ယင်း​သို့​ဖိတ်​စာ​ဝေ​ရန်​အ​သွား ၄​င်းနေ​ထိုင်ရာ ​မြို့​နှင် ၁၂ ​မိုင်​အ​ကွာ​ရှိ ​ဟွေ​လုံ​ရွာ​အ​နီး ​တပ်​ချ​ထား​သော ​မြန်​မာ​စစ်​တပ်​များ​မှ ​စို​င်း​ဆန် ​အား၄င်း​တို ့​အ​တွက် ​ကွမ်း​များ​ဝယ်​လာ​ပေး​ခို​င်းခဲ့​သည်။ ​ယင်း​သ ​မို​င်းအွတ်​သို့ဖိတ်​စာဝေ​ပြီး​အ​ပြန် ​စို​င်း​ဆန်​သည် ၄​င်းတပ်​သား​များ​အ​တွက် ​မှာ​သည့် ​အ​တိုင်း ​ဝယ်​လာ ​ပေး​သောကွမ်း​များ​ကို​ပေး​ပြီး ခ​ရီးဆက်​ခဲ့​သည်။ ​

ယင်း​သို့​ပြန်​ရာ​တပ်​နှင့် ၁ ​မိုင်​ခန့်အ​ကွာ ​အ​ရောက်​တွင် ​စစ်​သားနှစ်​ဦး​မှ ​ဓါး​ကင်​ဆောင်​ကာ ​စို​င်းဆန်​အား ​လမ်း​ပေါ်​တွင် ​စောင့်နေခဲ့သည်။ ​ယင်း​မြန်​မာ​စစ်​သား ​နှစ်​ဥးီ​သည် ​စိုင်း​ဆန်​အား ​တုတ်​ဖြင့် ၄င်း​၏ ​ဦး​ခေါ​င်း၊ ​မျက်​နှာ၊ ​နှင့် ​လည်​ပင်းအား​ထု​ရိုက်​ကာ၊ ​ဓါး​ဖြင့်​လည်း ​ဦး​ခေါ​ငး၊ ​ပါး​နှစ်​ဖက် ​နှင် ​လည်​ဂုတ်​အား ​ထိုး​နှက်​ခဲ့​ရာ ​မေ့မြောသွား​ခဲ့သည်။ ​ထို့​နောက် ၄​င်း၏ ​ခ​န္ဓာ​ကိုယ်​အား ​လမ်း​ဘေး​အ​နီး​ရ ​ခြုံ​ပုတ်​အ​တွင်း​သို့ ​ပစ်​ထား​ခဲ​သည်။ ​ယင်း​မြန်​မာ ​စစ်​သား​နှစ်​ဦး​မှ ​စို​င်းဆန်​၏ ​ဆိုင်​ကယ်၊ ​ကျပ်​ငွေ ၅၀၀၀၀ ​နှင့် ​လက်​ပတ်​နာ​ရီ ​အား​ယူ​ဆောင်​သွား​ခဲ့သည်။

​ယင်း​သို ့​မြန်​မာ​စစ်​သား ​နှစ်​ဦး​မ ​ထွက်​ခွာ​သွား​ပြီး ​တစ်​ခ​ဏ​အ​ကြာ ​စိုင်း​ဆန်​သည် ​မေ့​မြော​နေ​ရာ​မှသ​တိ​ပြန်​လည်​လာ​ကာ ​အ​နီး​ဆုံး​ဖြစ်​သည့် ​ဟွေ​လုံ​ရွာသို့အား​ယူ​ကာ ​လေး​ဖက်​ကု​န်းတွား​သွား​ခဲ့ရ​သည်။ ​ရွာ​သို ့​ရောက်​သော ၄​ငး်​ရွာ​မ ​ရွာ​သား​များ​လည်း ​စင်း​ဆန်​၏ ​ဆွေ​မျိုး​မိ​သား​စု​များ​အားဆက်​သွယ်​ကာ ​လား​ရှိူး​ဆေး​ရုံ​သို့ပို့​ခဲ့သည်။ ​သို့သော်​လည်း ၄​င်း၏ ​ဒါဏ်​ရာ​များ​မှ ​ပြ​င်းထန်​လွန်းသ​ဖြင့် ​မ​န္တ​လေး ​ဆေး​ရုံ​သို့​ထပ်​မံ​ပို့​ဆောင်​ခဲ့ရ​သည်။

​ရိုက်​နှက်​ထား​ရ​သော​ဒါဏ်​ကြောင့် ​စို​ငး်​ဆန်​သည်​သွား​များ​အ​ချို ့​ကျွတ်​ထွက်​သွား​ပြီး၊ ​ဦး​ခေါင်း​တ​ငွင် ​ပေါက်​ပြဲ​ဒါဏ်​ရာ​အ​ချို့နှင့် ​မေး​ရိုး​မှ​ရိုက်​နက်​ခံ​ထား​ရ​သော​ဒါဏ်​ကြောင့် ​ကွဲ​အက်​နေ​သ​ဖြင့် ၄င်း ​ပါး ​စပ်​က ​လည်း ​ချုပ်​ထား​ရ​ကာ ​စ​ကား​လည်း​မ​ပြော​နို်င် ​ထ​မင်း​လဲ​မ​စား​နိုင်​ဖြစ်​နေ​သည်။ ​ထို​သို့​ပါး ​စပ်​အား​မ​ချုပ်​ခင် ​ဆေး​ရုံ​၌ ​စိုင်း​ဆန်​မ “ ​ကျွန်​တော်​လည်း ​သူ​တို့မှာ​တဲ့​အ​တိုင်း ​ကွမ်း​ယာ​တွေ​ဝယ်​လာပေး​တယ်။ ​ကွမ်း​ယာ​တွေ​ကို​ပေး​ပြီး ​ပြန်​လာ​တာ ​စစ်​တပ်​နဲ ့​တစ်​မိုင်​အ​ကွာ​လောက်​မှာ
​ဗ​မာ​စစ်​သား ​နှစ်​ယောက် ​လမ်း​မှာ​စောင့်​နေ​တယ်၊ ​ပြီး​တော့​ကျွန်​တော့််​ကို ​ရိုက်​တာ ​မေ့​သွား​တဲ ​အ​ထိ​ပါ​ဘဲ။ ​ကျွန်​တော်​နိုး​လာ​တော့ ​တစ်​ကိုယ်​လုံး​နာ​ကျင်​နေ​တာ​ခံ​စား​ရ​တယ်၊ ​ပြီး​တော ​ကျွန်​တော့ ​တစ်​ကိုယ်​လုံး​မှာ​လည်း ​သွေး​တွေ ​အ​ပြည့်​နဲ ့​အဲ​ဒါ ​ကျွန်​တော်​လည်း ​ဟွေ​လုံ​ရွာ​က ​ကြိုး​စား​ပြီး​တော့လေး​ဖက်​ကုန်းတွား​သွား ​ခဲ့​တာ​ဘဲ။”

​စို​င်းဆန် ​ဇ​နီး​မှ “ ​ကျွန်​မ​တို ့​က​သာ​မန်​ရွာ​သား​တွေ​ပါ၊ ​ရိုး​ရိုး​ရှင်း​ရှင်း​နဲ ​လက်​လုပ်​လက်​စား ​အ​သက်​မွေးဝမ်း ​ကြောင်း​ပြု​ပါ​တယ်။ ​ဘယ်​နိုင်​ငံ​ရေး ​အ​ဖွဲ ့​အ​စည်း ​လက်​နက်​ကိုင်​အ​ဖွဲ ့​အ​စည်း ​တွေ​နဲ ့​မ ​ဆက် ​နွယ်​ပက်​သက်​မှု ​မ​ရှိ​ပါ​ဘူး” ​ဟု​ပြော​သည်။​စို​င်း​ဆန်​၏​သ​မီးအ​ကြီး​ဆီ​မှ​လည်း “​အ​ဖေ​ဆေး​ရုံ​မှာ​တုန်း​က ​ရဲ​တွေ​လာ​ပြီး ​မေး​ခွ​န်း​တွေမေးတယ်၊ ​ဒါ​ပေ​မဲ့ကျွန်​မ​တို့လဲ ​ဗ​မာ​စစ်​သား​တွေ​လုပ်​တယ်​လို့​မ​ပြော​ရဲ​ဘူး”

ဤ​လုပ်​ရပ်​များ​က ​ကျူး​လွန်​သည် ​စစ်​သား​များ​သည် ​မို​င်းကောင်​မှ ၁၂ ​မိုင်​အ​ကွာ​ရှိ ​ဟွေ​လုံ​ရွာ​နှင့်​တစ်​မိုင်​ဝန်း​ကျင်​လောက်​တွင် ​အ​ခြေ​စိုက်​နေ​သည် ​တပ်​ရင်း ၅၁၅ ​မှ​ဖြစ်​သည်။ ​ယင်း​တပ်​ရ​ငး် ​သည် ​လက်​ရှိ​အ​ခြေ​စိုက်​ရာ​စစ်​တပ်​သို ့​ပြီး​ခဲ ့​သည် ​ဖေ​ဖော်​ဝါ​ရီ​လ ​အ​ကုန်​ပို​င်း​လောက်​တွင်ရှေ့​ပြောင်း​လာ​ခဲ့သည်။ ​မြန်​မာ​စစ်​တပ်​သည် ​လက်​ရှိ ​တပ်​နေ​ရာ​၌ ၂၀၁၂ ​ဇွန်​လိုင်​လ​အ​တွင်းရှ​မ်း​ပြည်​တပ်​မ​တော် ​မြောက်​ပိုင်း​နှင် ​တိုက်​ပွဲ​ဖြစ်​ပြီး​နောက် ​စ​တင်​တပ်​စွဲနေ​ခဲ့​သည်။

​တန် ့​ယန်း​မြို ့​နယ်​အ​တွ​ငး်​ရ ​မြန်​မာ​စစ်​တပ်​များ​သည် ​ဒေ​သ​အ​တွင်း​ရှိ ​ပြည်​သူ​များ​အား ခြိမ်းခြောက်​ခြ​င်း၊ ​ရပ်​ကွက်​ကျေး​ရွာ​တွင်း​ရှိ ​ဘုန်း​ကြီး​များ​အား ​မ​လေး​မ​စား​ပြု​လုပ်​ခြင်း၊ ​ဘုန်း​ကြီး​ကျောင်း​ဝန်းအ​တွင်း ​ကြက်​များ​ငါး​များ​သတ်​ဖြတ်​စား​သောက်​ခြင်း ​စ​သည်​တို့ကို ​ပြု​လုပ်​လျှက်​ရှိ​သည်​ဟု ​ဒေ​သ​ခံ​များက​ပြော​သည်။

​ဆက်​သွယ်​ရန် ​နှင့် ​ဝင်​ရောက်​ကြည့်​ရူ​ရန်

Email: shanhumanrights@gmail.com

Phone:  (+66 (0) 93 297 7754)

Website: www.shanhumanrights.org

ထုတ်ပြန်ချက်