မိုင်းလင်းရှိကြောက်မက်ဖွယ် ရွှေဆက်တူး နေမှုသည် ကတိကို ဖေါက်ဖျက်

ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက်

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်

မိုင်းလင်းရှိကြောက်မက်ဖွယ် ရွှေဆက်တူး နေမှုသည် ကတိကို ဖေါက်ဖျက်

လူထု၏အပြင်းအထန်တားဆီးမှုကြောင့် ရှမ်းပြည်နယ်အစိုးရသတ္တုတွင်းဝန်ကြီးက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလင်း၌ ရွှေတူးခြင်းကို ၂၀၁၄ ခုဇူလိုင်လတွင် ရပ်တန့်ရန်အမိန့်ပေးခဲ့သည်။ သို့သော်လည်းနေပြည်တော်၏ခွင့်ပြုချက်ဖြင့်ယနေ့တိုင် ဆက်လက်တူးဖေါ်နေသောကြောင့်ဒေသခံရွာသားများ၏ဘဝရပ်တည်ရေးနှင့်ကျန်းမားရေးများစွာဆိုးကျိုးသက်ရောက်နေသည်။

ဤစာအုပ်သည်ကုမ္ပဏီတို့၏တာဝန်ခံမှုရှိစေရန်၊ကုမ္ပဏီများနှင့်အစိုးရတာဝန်ရှိသူများကဒေသခံ လူထု၏အခွင့်အရေးကိုကာကွယ်ပေးရန်ကျေးရွာလူထု၏လှုပ်ရှားမှုကိုမှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ဤစာအုပ်သည် အောက်တိုဘာလ (၁၃) ရက်နေ့တွင်ရွှေတွင်းလုံခြုံရေးယူထားသောမြန်မာအစိုးရစစ်သားများမှ ပစ်သတ်ခြင်းခံရသည့် နားဟိုင်းလုံရွာသား လုံးဆမ်အတွက်လှူတန်းသည့်စာအုပ်ဖြစ်သည်။ လုံးဆမ်သည် သူ၏ရွာအထက်ပိုင်းရှိ ရွှေတူးဖော်ရေးရှိရာတောင်ကုန်းသို့ သွားကြည့်သော ရွာသားတစုထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည်။ စစ်သားများ၎င်းရွှေတူးဖော်ရေးလုပ်ငန်းကို လုံခြုံရေး ယူထားနေသည်။

PDF Files:

Shan

Burmese

English

ထုတ်ပြန်ချက်