ကိုးကန့်ဒေသနေပြည်သူလူထုများ၏အခွင့်အရေးများအားအရေးပေါ်ကာကွယ်ရန်လိုအပ်နေကြောင်းကိုမြန်မာစစ်တပ်မှလောက်ကိုင်မြို့အတွင်းမော်တာကျည်များပစ်ခတ်ခြင်း၊လူ့အခွင့်အရေးများအားဆက်လက်ချိုးဖောက်နေခြင်းတို့ကမီးမောင်းထိုးပြလျက်ရှိ

ကိုးကန့်ဒေသနေပြည်သူလူထုများ၏အခွင့်အရေးများအားအရေးပေါ်ကာကွယ်ရန်လိုအပ်နေကြောင်းကိုမြန်မာစစ်တပ်မှလောက်ကိုင်မြို့အတွင်းမော်တာကျည်များပစ်ခတ်ခြင်း၊လူ့အခွင့်အရေးများအားဆက်လက်ချိုးဖောက်နေခြင်းတို့ကမီးမောင်းထိုးပြလျက်ရှိ

 

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှနောက်ဆုံးရအခြေအနေသတင်း

မတ်လ၂၇ရက်၊၂၀၁၅ခုနှစ်

ကိုးကန့်ဒေသနေပြည်သူလူထုများ၏အခွင့်အရေးများအားအရေးပေါ်ကာကွယ်ရန်လိုအပ်နေကြောင်းကိုမြန်မာစစ်တပ်မှလောက်ကိုင်မြို့အတွင်းမော်တာကျည်များပစ်ခတ်ခြင်း၊လူ့အခွင့်အရေးများအားဆက်လက်ချိုးဖောက်နေခြင်းတို့ကမီးမောင်းထိုးပြလျက်ရှိ

မကြာသေးမီရက်အတွင်းမြန်မာစစ်တပ်ဘက်မှပစ်ခတ်လိုက်သည့်မော်တာကျည်များကြောင့်ကလေးနှစ်ဦးသေဆုံးကာကျန်တစ်ဦးဒါဏ်ရာရရှိခဲ့ပြီး၊လောက်ကိုင်မြို့တောင်ဘက်ရှိရွာတစ်ရွာအတွင်းအသက်၈၀နှစ်အရွယ်အဖွားအိုတစ်ဦးမှာလည်းပြင်းထန်သည့်ကိုယ်ထိလက်ရောက်ကျူးလွန်မှုများပြုလုပ်ခြင်းကိုခံခဲ့ရသည့်ဖြစ်ရပ်များမှာကိုးကန့်ဒေသအတွင်းလူ့အခွင့်အရေးဆိုင်ရာကာကွယ်မှုများအရေးပေါ်လိုအပ်နေသည်ကိုမီးမောင်းထိုးလျက်ရှိသည်။

ပြီးခဲ့သည့်မတ်လရက်နေ့ကလောက်ကိုင်မြို့နှင့်ဆန့်ကျင်ဘက်တရုတ်ပြည်ဘက်ခြမ်းမြို့ဖြစ်သည့်နားဆန် ( Nansan ) အနီးနယ်စပ်ဖြတ်ကျော်ရေးအမှတ်၁၂၅ ( Border Post 125 ) ပေါ်တွင်ရှိသည့်ပြပွဲခန်းမအဆောက်အအုံကြီးအတွင်းခိုလှုံနေကြသောစစ်ဘေးသင့်ဒုက္ခသည်များအားတရုတ်အာဏာပိုင်များမှကိုးကန့်ဒေသဘက်ခြမ်းရှိစစ်ပြေးဒုက္ခသည်များစခန်းဘက်သို့ရွှေ့ပြောင်းခိုင်းစေခဲ့သည်။ယင်းနောက်မတ်လရက်နေ့တွင်မြန်မာစစ်တပ်ဘက်မှအာဏာပိုင်များမှယင်းဒုက္ခသည်စခန်းများအတွင်းအစားအသောက်များအချို့လာရောက်ဝေငှကာ၊ဒေသခံစစ်ပြေးဒုက္ခသည်များအားလောက်ကိုင်မြို့အတွင်းလုံခြုံရေးအခြေအနေများမှာပြန်လည်တည်ငြိမ်နေပြီဖြစ်ပြီးဒေသခံများအားမိမိနေရပ်သို့ပြန်ကြရန်လုံခြုံစိတ်ချရပြီဖြစ်ကြောင်းအာမခံပြောကြားခဲ့သည်။သို့ဖြစ်၍ဒေသခံစစ်ပြေးဒုက္ခသည်အချို့မှာလည်းမိမိတို့နေအိမ်များသို့ပြန်ခဲ့ကြသည်။

မတ်လ၁၀ရက်နေ့တွင်လောက်ကိုင်မြို့နှင့်ကီလိုမီတာခန့်အကွာနန်တိင်းမန် ( Nan Ting Men ) ဟုခေါ်သည့်တောင်ပေါ်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ရာမြန်မာစစ်တပ်ဘက်မှမော်တာကျည်များပစ်ခတ်ခြင်းများရှိခဲ့သည်။ယင်းသို့တိုက်ပွဲများဖြစ်ပွားခဲ့သည့်မနက်၁၀နာရီခန့်အချိန်တွင်ပစ်ခတ်လိုက်သည့်မော်တောကျည်တစ်လုံးမှာလောက်ကိုင်အတွင်းရှိကျင်ရှန်ချန်ရပ်ကွက် (  Jin Shan Cheng Quarter)  အတွင်း၊မတ်လရက်နေ့ကမိမိနေအိမ်သို့ပြန်လာသည့်၊မိသားစုတစ်စု၏အိမ်ခြံဝင်းအတွင်းကျရောက်ထိမှန်ခဲ့သည်။ယင်းကဲ့သို့မော်တာကျည်ထိမှန်ခဲ့သည့်အချိန်တွင်ယင်းမိသားစု၏သားသမီးများဖြစ်ကြသည့်ကလေးဦးမှာမိမိတို့နေအိမ်ခြံဝင်းအတွင်းကစားနေခဲ့ကြသည်။ယင်းကဲ့သို့ကျရောက်ထိမှန်ခဲ့သည့်မော်တာကျည်ကြောင့်အသက်နှစ်နှင့်အသက်၁၁နှစ်အရွယ်ညီအစ်ကိုနှစ်ဦးမှာပွဲချင်းပြီးသေဆုံးခဲ့ပြီး၊အသက်နှစ်အရွယ်ကလေးမလေးမှာထိခိုက်ဒါဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ယင်းသို့မော်တာကျည်ကျရောက်ထိမှန်ပေါက်ကွဲသည့်အချိန်တွင်နေအိမ်အတွင်းရှိနေသည့်၎င်းတို့၏မိဘနှစ်ပါးမှ၎င်းတို့သမီးငယ်အားတရုတ်ပြည်ဘက်ခြမ်းရှိဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ကြသည်။ကလေးမလေးမှာလက်ရှိတွင်စိုးရိမ်နေရသည့်အခြေအနေတွင်ရှိနေသည်။

ယင်းမတ်လ၁၀ရက်နေ့တစ်ရက်ထဲတွင်အသက်၈၀အရွယ်ရှိသည့်အဖွားအိုတစ်ဦးသည်နားဆန်(Nansan) တောင်ဘက်ရှိနယ်စပ်ဖြတ်ကျော်ရေးအမှတ်၁၃၇( Border Post 137 ) သို့ရောက်ရှိလာခဲ့ရာအဖွားအိုမှာဒါဏ်ရာများနှင့်ဖြစ်သဖြင့်တရုတ်ပြည်ဘက်ခြမ်းရှိဆေးရုံသို့သူမအားပို့ဆောင်ခဲ့ရသည်။အဖွားအိုမှာနယ်စပ်နှင့်ကီလိုမီတာခန့်ဝေးသည့်ရှီမရှန်း(Shi Ma Shan)  ဆိုသည့်ရွာတွင်နေထိုင်သည်။သူမသည်တိုက်ပွဲများပဠိပက္ခများစတင်ဖြစ်ပွားသည့်အချိန်မှစ၍တစ်ဦးတည်းမိမိနေအိမ်အတွင်းနေထိုင်ကျန်ရစ်ခဲ့သည်။ပြီးခဲ့သည့်မတ်လရက်နေ့ညနေနာရီခန့်အချိန်တွင်၊မြန်မာစစ်တပ်ဘက်မှစစ်သားဦးမှာအဖွားအို၏နေအိမ်အတွင်းသို့ဖျက်ဆီးဝင်ရောက်ကာအိမ်အတွင်းရှိဥစ္စာပစ္စည်းများအားမွှေနှောက်ယူဆောင်ခဲ့ကြသည်ဟုသိရသည်။အဖွားအိုမှာမိမိနေအိမ်အတွင်းမှအပြင်သို့ထွက်ပြေးရန်ကြိုးပမ်းရာမြန်မာစစ်တပ်ဘက်မှစစ်သားများ၏ရိုက်နက်ခြင်းကိုခံခဲ့ရသည်။အဖွားအို၏နောက်ကျောနှင့်လက်ပေါ်တွင်ဓါးဒါဏ်ရာများကိုတွေ့ရပြီးခန္တာကိုယ်တစ်ဝိုက်သေနတ်ဒင်ဖြင့်ထုနှက်ထားသည့်ဒါဏ်ရာဒါဏ်ချက်များကိုလည်းတွေ့ရသည်။ယင်းနောက်သူမမှာတောထဲတွင်တစ်ညတာပုံးခိုနေထိုင်ခဲ့ပြီးနောက်နေ့နံနက်တွင်သူမ၏အိမ်နီးချင်းမှသူမအားမော်တော်ဆိုင်ကယ်ဖြင့်တရုတ်ပြည်ဘက်နယ်စပ်သို့ပို့ဆောင်ခဲ့သည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ ဤကဲ့သို့သောလူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာစစ်တပ်ဘက်မှ ဆက်လက်လုပ်ဆောင်နေခြင်းများကို ကန့်ကွက်ရှုပ်ချပါသည်။ ယင်းနောက်စစ်တပ်ဘက်မှ အထက်ပါပြစ်မှုများအား ချိုးဖောက်ကျူးလွန်နေခြင်းကို အရေးယူခံရမှုတစ်စုံတစ်ရာမရှိဘဲ ဒေသခံများကို ယင်းဒေ သအတွင်းသို့ ပြန်ရန်မြန်မာ စစ်တပ်အာဏာပိုင်များက ခိုင်းစေဖိအားပေးမှုများကိုလည်းရပ် ရန်တောင်းဆိုပါသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ လည်း ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကိုလည်း ကိုးကန့်ဒေသအတွင်း စစ်ဘေးဒုက္ခသည် ဒေသခံပြည်သူများအား လူသားခြင်းစာနာထောက်ထားသည့် အကာအကွယ် အထောက်အပံ့များ ကယ်ဆယ်ရေး များဖြင့်ကူညီပံ့ပိုးရန်အတွက် ဒေသအတွင်းချက်ခြင်းဝင် ရောက်နိုင်ရန် တွန်းအားပေးမှုများ ကြိုးပမ်းလုပ်ဆောင်မှုများပြုလုပ်ရန် အကြံပြုတောင်းဆိုလိုပါသည်။

3 17 2015 3

 

3 17 2015 0

3 17 2015 1

3 17 2015 4

PDF >>> Shan / Burmese / English 

အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်။ ။  

For more information please contact,

Email:  This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.shanhumanrights.org
Mobile Phone: +66(0)93- 297-7754

Videos

More Videos
Watch the video