ရှမ်းပြည်နယ်မြောက်ပိုင်း နားဆိုင်းရွာသူ/သားများမှ နားဆိုင်းဒေသအတွင်း ရာဘာစိုက်ပျိုးရေးစီမံကိန်း အတွက် ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်ယာမြေများအားပြန်ပေးရန် အစီအရင်ခံစာ ထုတ်ပြန်တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း နားဆိုင်းရွာသူ/သားများမှ နားဆိုင်းဒေသအတွင်း ရာဘာစိုက်ပျိုးရေးစီမံကိန်း အတွက် ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်ယာမြေများအားပြန်ပေးရန် အစီအရင်ခံစာ ထုတ်ပြန်တောင်းဆို

ရှမ်းတောင်သူလယ်သမားများကွန်ယက်မှ သတင်းထုတ်ပြန်ချက်

( ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ )

ရှမ်းပြည်နယ်မြောက်ပိုင်း နားဆိုင်းရွာသူ/သားများမှ နားဆိုင်းဒေသအတွင်း ရာဘာစိုက်ပျိုးရေးစီမံကိန်း အတွက် ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်ယာမြေများအားပြန်ပေးရန် အစီအရင်ခံစာ ထုတ်ပြန်တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု အတွင်း ရာဘာစိုက်ပျိုးရေး စီမံကိန်းအတွက် ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများအား ကုမ္ပဏီမှ မတရားသိမ်းယူထားခြင်း နှင့် ပက်သက်သည့် အစီရင်ခံ သတင်းစာရှင်းလင်းပွဲကို ရှမ်းတောင်သူလယ်သမားများကွန်ယက် နှင့် သက်ရောက်မှု ခံရသူ နားဆိုင်းရွာသူရွာသားများမှ သတင်းစာရှင်းလင်းပွဲ ကို ယနေ့တောင်ကြီးမြို့တွင် ကျင်းပခဲ့သည်။

1 24 2015

၂၀၀၇ ခုနှစ်တွင် အစိုးရမှ အထွဠ်အထိပ်အောင်မြင်မှု စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းဖွံ့ဖြိုးရေးတိုးတက်မှု ကုမ္ပဏီလီမိတက် TOP CONQUER CO.Ltd  အား နားဆိုင်းကျေးရွာအုပ်စုနှင့် ၂ မိုင်အကွာအဝေးရှိ ပိုင်ရှင်မရှိသော မြေလွတ်မြေရိုင်းမြေနေရာ ဧက ၁၅၀၀ ကိုရာဘာ စိုက်ပျိုးရန် ခွင့်ပြုချက်ပေးခဲ့သည်။ သို့သော်ကုမ္ပဏီမှ ရွာနှင့်ထိစပ်နေသည့် နားဆိုင်ရွာသူရွာသားများပိုင် မြေနေရာများပေါ်၌လည်း ရာဘာများ စိုက်ပျိုးခဲ့ပြီး၊ အခြားရွာများမှ လည်း ရာဘာစိုက်ပျိုးရန်အတွက် လူနေအိမ်များအချို့ လျော်ကြေးလုံးဝမရရှိပဲ ရွေ့ပြောင်းပေးခဲ့ရသည်။

၎င်းကုမ္ပဏီမှ ပိုင်ရှင်မရှိသော မြေလွတ်မြေရိုင်း ဧက ၁၅၀၀ ပေါ်တွင်သာ ရာဘာစိုက်ပျိုးခွင့် ရရှိခဲ့သော်လည်း စိုက်ပျိုးစီမံကိန်းမြေဧကပေါင်း ၇၆၃ မှာ ဒေသခံတောင်သူလယ်သမားများပိုင် ယာမြေများဖြစ်သည်ဟု ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးမှူး၊ မြန်မာ့နှစ်ရှည်ပင်စိုက်ပျိုး ရေးဦးစီးမှူး၊ နားဆိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးအိုက်ယော်နှင့် ဦးဆန်ပြည်တို့မှ ၂၀၀၆ ခုနှစ်အတွင်း ကွင်းဆင်းတိုင်းတာတွေ့ရှိချက်ပြမြေပုံအရ သိရှိရသည်။

ယင်းသို့လယ်ယာမြေသိမ်းဆည်းခြင်းခံရသည့် တောင်သူလယ်သမား ၈၀ ဦးအနက် ၁၈ ဦးတို့မှာ မိမိတို့ပိုင် လယ်ယာမြေအတွင်း ရာဘာစိုက်ပျိုးရန်သဘောတူခဲ့ကြရသည်။ အကျိုးတူ လုပ်ဆောင်သူတောင်သူ လယ်သမားများမှ စိုက်ပျိုးထားသည့် ရာဘာပင်များအား စောင့်ရှောက်ခငွေ အနည်းငယ်ဖြင့်သာ ရာဘာပင်များ အား စောင့်ရှောက်ခငွေ အနည်းငယ်ဖြင့်သာရာဘာပင်များအား ပြုစုပျိုးထောင်ပေးရသည်။ ယင်းကဲ့သို့ အကျိုးတူ စိုက်ပျိုးရန် သဘောတူဖြင့် သာရာဘာများအား ပြုစုပျိုးထောင်ပေးရသည်။ ယင်းကဲ့သို့ အကျိုးတူ စိုက်ပျိုးရန် သဘောတူခြင်းမရှိသည့် ကျန်တောင်သူများ ၆၂ ဦးတို့မှာ လျှော်ကြေးလုံးဝမရရှိဘဲ T & C ကုမ္ပဏီမှ သိမ်းဆည်းခြင်းကိုခံခဲ့ရသည်။

1 24 2015

ဤရာဘာစိုက်ပျိုးရေးစီမံကိန်းကြောင့် ရွာသားအများစုတို့မှာ မိမိတို့လယ်ယာမြေများအား ဆုံးရှုံးကြီးရ သည်သာမက၊ လုပ်ကိုင်စားသောက်ရန်ပိုမိုခက်ခဲလာခြင်း၊ နှင့် အခြားသော ဖိနှိပ်မှုများလည်းကြုံတွေ့လာကြ ရသည်။ ယခင်ကရွာအနီးတွင် သာရှိသည့်စိုက်ပျိုးမြေနေရာများဖြစ်သည့် ရွာသားပိုင်လယ်ယာမြေများအား ကုမ္ပဏီ မှ သိမ်းဆည်းကာ ရာဘာစိုက်ပျိုးခဲ့ခြင်းကြောင့်၊ ရွာသားများမှ ရွာနှင့်ဝေးသည့် လယ်ယာမြေသစ်များ ရှာဖွေကာစိုက်ပျိုးကြရသည်။ ယင်းသို့စိုက်ပျိုးရန် ၂-၃ နာရီ ခန့်ကြာမိမိလယ်ယာသို့ လမ်းလျောက်သွားကြရရုံ မျှမက ပို၍ဝေးလံလာသဖြင့် သီးနှံသယ်ယူ ပို့ဆောင်ခပိုမိုကုန်ကျလာခြင်းတို့ကြောင့် ဝင်ငွေလျော့နည်းလာပြီး စားဝတ်နေရေး အတွက် မလုံမလောက်ဖြစ်လာသည့်အပြင် အချို့မိသားစုမှ မိမိ သားသမီးများအား ကျောင်းမထားနိုင်ကြတော့ခြင်းစသည့် အခက်အခဲများကြုံတွေ့လာကြရသည်။

T & C ကုမ္ပဏီမှ တောင်သူလယ်သမားမျာ၏ စိုက်ပျိုးမြေယာများသိမ်းဆည်းကာ ရာဘာပင်များစိုက်ပျိုးလာကြ ခြင်းကြောင့် ပြောင်းရွေ့ပေးရခြင်းများလည်းရှိသည်။ အိမ်ခြေ ၁၂ အိမ်ရှိသည့် တအောင်းနှင့် ဂေါ်ရခါး လူမျိုးများ နေထိုင်သည့် ရွာတစ်ရွာ ဖြစ်သည့် နားကောက်ရွာမှ ရွာသားများမှာ လည်း T & C ကုမ္ပဏီ ရာဘာစိုက်ပျိုးရေးစီမံ ကိန်းကြောင့် လျော်ကြေးလုံးဝမရရှိဘဲ ရွာလုံးကျွတ် ပြောင်းရွေ့ပေးခဲ့ရသည်။

ထို့အပြင် ယင်းသို့ရွာအနီး သိမ်းဆည်းမြေများပေါ်  ကုမ္ပဏီမှ ရာဘာစိုက်ပျိုးထားသည့် မြေနေရာများအား ခြံစည်းရိုးခတ်ထားခြင်းမရှိသောကြောင့် ရွာသားပိုင် ကျွဲနွားများ ဝင်ရောက်ကျက်စားမိသည့် အခါ ကုမ္ပဏီလုပ် သားများမှ ကျွဲနွားများခြေထောက်အား ဓါးဖြင့်ခုတ်ခြင်း၊ ယင်းသို့ ကျွဲနွားများ ဝင်ရောက်ခြင်းကြောင့် ရာဘာပင်များအား ပျင်စီးစေခြင်းဟုဆိုကာ ပိုင်ရှင်တောင်သူများအားပျက်စီးစေခြင်းဟုဆိုကာ ပိုင်ရှင်တောင်သူ များထံမှ လျော်ကြေးငွေအဆမတန် သိန်းဆယ်နှင့်ချီ ဒါဏ်ငွေရိုက်လျက်ရှိသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် T & C ကုမ္ပဏီမှ ၎င်းတို့လယ်ယာမြေအပေါ်လုပ်ကိုင် စိုက်ပျိုးလျက်ရှိသည့် လယ်သမားအချို့အား ပုဒ်မ ၄၄၇ အရတရားဆွဲဆိုခြင်းများလည်းရှိခဲ့သည်။

၂၀၁၃ ခုနှစ်မှ စပြီး နားဆိုင်းဒေသခံတောင်သူလယ်သမားများမှ ရှမ်းပြည်နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ထံသို့လည်းကောင်း၊ နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူး ထံတွင်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချူပ် နှင့် ရှမ်းပြည်နယ်အစိုးရများ အသီးသီးတို့ထံ အခက်အခဲများကို စာရေးတောင်းဆိုတင်ပြခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် ၂၀၁၅ ခုနှစ်တွင် နမ္မတူမြို့နယ် မြေစာရင်းဦးစီးမှူး ဦးစိုင်းထွန်းရွှေနှင့် အဖွဲ့မှ လယ်မြေသိမ်း ယူထားခြင်းခံရသူ တောင်သူလယ်သမားများနှင့် လာရောက်တွေ့ဆုံကာ မြေတစ်ဧက အတွက် လျော်ကြေးငွေ ကျပ် ၂ သိန်းအား ရှမ်းပြည်နယ်အစိုးရမှ ချမှတ်လိုက်သည့်အမိန့်အရ လက်ခံရယူကြရန်ပြောကြားခဲ့သည်။ ဒေသခံ တောင်သူများမှ ယင်းသက်သေ အမိန့်ချစာအား ပြရန်တောင်းသော်လည်း ယင်းတို့မှမပြနိုင်ခဲ့ပေ။ ထို့ကြောင့် ဒေသခံရွာသားများမှ လျော်ကြေးငွေအားလက်မခံလိုကြောင်းနှင့် မြေယာသာလျင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းနှင့် ဘဝရပ်တည်ရေးအတွက် အဓိကဖြစ်သဖြင့် လယ်ယာမြေနေရာကိုသာ ပြန်လည်ရရှိလိုကြောင်းပြောကြားခဲ့သည်။

သို့ပါ၍ နစ်နာရသူ နားဆိုင်းဒေသခံရွာသူရွာသားများနှင့် ကျန်ုပ်တို့ ရှမ်းတောင်သူ လယ်သမားများကွန်ယက်မှ ရှမ်းပြည်နယ်အစိုးရထံ ဤကိစ္စနှင့် စပ်လျဥ်းပြီး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုစာအားပေးပို့ခဲ့ပြီး၊ Top Conquer Company ကုမ္ပဏီမှ အောက်ဖော်ပြပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန်ကိုလည်း တောင်းဆိုလိုက်ပါသည်။

၁)  T & C ကုမ္ပဏီမှ သိမ်းဆည်းထားသောမြေများကို မူလ ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိသောတောင်သူလယ်သမား များလက်ဝယ်သို့ အမြန်ပြန်လည်ပေးအပ်ရန်

၂) သိမ်းဆည်းကာလ အတွင်း မစိုက်ပျိုးလိုက်ရသည့် သီးနှံများအတွက် ကုမ္ပဏီမှ ထိုက်တန်သောနစ်နာကြေးပေး လျော်ရန်

၃) ကုမ္ပဏီမှ ဒါဏ်ကြေးငွေအဖြစ် ပေးဆောင်စေခဲ့သည်များကို ပေးဆောင်ခဲ့ရသူ ရွာသားများထံ ပြန်လည်ပေး အပ်ရန်။   

အခြားအချက်အလက်များပိုမို သိရှိလိုလျှင်

This email address is being protected from spambots. You need JavaScript enabled to view it.,ကိုဆက်သွယ်နိုင်ပြီး

http://www.shanhumanrights.org အင်တာနက်စာမျက်နှာပေါ်၌လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်။ ။

နန်းဆိုင်စံ ( ၀၉၂ ၆၀၈၉၃၇၄၅ )                                    

စိုင်းယော် ( ၀၉၀ ၄၇၃၂ ၂၆၈၃ ) 

Leaflet >>> 1 /

PDF >>> Shan / Burmese / English 

Videos

More Videos
Watch the video